အာကာသ တယ်လီစကုပ်
အာကာသ တယ်လီစကုပ် သည် အပြင်ဘက် အာကာသ၌ တပ်ဆင်ထားသော တယ်လီစကုပ်ဖြစ်ပြီး ဝေးကွာသည့်အရပ်မှဂြိုဟ်များ၊ ဂလက်ဆီများနှင့် အခြားသော နက္ခတ္တဆိုင်ရာ အရာဝတ္ထုများကို လေ့လာရန်ဖြစ်သည်။ အာကာသ တယ်လီစကုပ်များသည် မြေပြင်အခြေစိုက် တယ်လီစကုပ်များတွင် ကြုံတွေ့ရသော ပြဿနာအတော်များများကို ရှောင်လွဲနိုင်သည်။ အလင်းညစ်ညမ်းခြင်း၊ လျှပ်စစ်သံလိုက် ကြားဖြတ်နှောက်ယှက်ခြင်းစသည်တို့ကို အာကာသ တယ်လီစကုပ်များက မကြုံတွေ့ရပေ။ ထို့အပြင် ခရမ်းလွန်ရောင်ခြည် ကြိမ်နှုန်းများ၊ အိတ်ဇ်ရေးနှင့် ဂါမာရောင်ခြည်များသည် ကမ္ဘာ့လေထု၏ ပိတ်ဆို့ခြင်းကို ခံရသောကြောင့် အာကာသ၌သာ လေ့လာနိုင်သည်။[၁] ၁၉၄၆ ခုနှစ်တွင် Lyman Spitzer ဆိုသူက အဆိုပြုခဲ့ပြီး ပထမဆုံး အလုပ်ဖြစ်သော အာကာသ တယ်လီစကုပ်မှာ အမေရိကန်တို့၏ Orbiting Astronomical Observatory ဖြစ်သည်။ ကမ္ဘာမြေ၏ ရာသီဥတု လေ့လာရေးအတွက် ကမ္ဘာမြေသို့ ချိန်ထားသော အချို့အာကာသ တယ်လီစကုပ်များလည်း ရှိကြသည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ Chaisson၊ Eric; McMillan, Steve (2002)။ Astronomy Today, Fourth Edition။ Prentice Hall။
အထွေထွေ အာကာသယာဉ် | |||||||||
---|---|---|---|---|---|---|---|---|---|
စနစ်ခွဲများ | ကမ္ဘာမြေ စူးစမ်းရေး ဂြိုဟ်တု (ထောက်လှမ်းရေး ဂြိုဟ်တု - မိုးလေဝါသ ဂြိုဟ်တု) - အာကာသ စူးစမ်းရှာဖွေခြင်း - အာကာသ ခရီးသွားလုပ်ငန်း - ဂြိုဟ်တု လမ်းညွှန်မြေပုံစနစ် - အာကာသ သုတေသန - လဟာပြင် တည်ဆောက်ပုံ - လဟာပြင် နယ်မြေချဲ့ထွင်ခြင်း | ||||||||
လူသားပါဝင်သော အာကာသယာဉ် |
| ||||||||
အာကာသယာဉ် | Launch vehicle - အာကာသလွန်းပျံယာဉ် - စက်ရုပ် အာကာသယာဉ် - Spacecraft propulsion - ဂြိုဟ်တု - ဒုံးပျံ - အာကာသ တယ်လီစကုပ် - Space probe - Spacecraft propulsion - Spaceplane | ||||||||
ဦးတည်ရာများ | Sub-orbital · Orbital (Geosynchronous orbit, Geocentric orbit) · အတွင်းဂြိုဟ် အာကာသပျံသန်းခြင်း · ကြယ်တာရာ ခရီးစဉ် · ဂယ်လက်ဆီကြား ခရီးစဉ် | ||||||||
အာကာသသို့ ပစ်လွှတ်ခြင်း | Expendable and Reusable systems · လွတ်မြောက်အလျင် · Direct ascent · Non-rocket spacelaunch · Spaceport · Launch pad | ||||||||
အာကာသ အေဂျင်စီများ | |||||||||
အခြား | Private spaceflight · အာကာသ ရာသီဥတု · Lagrangian point · Space and survival |
Text is available under the CC BY-SA 4.0 license; additional terms may apply.
Images, videos and audio are available under their respective licenses.