အာကာသယာဉ်
အာကာသယာဉ် ဆိုသည်မှာ အာကာသအတွင်း ပျံသန်းသွားလာရန် ရည်ရွယ်၍ ဆောက်လုပ်ထားသော စက်သို့မဟုတ် ယာဉ်တစ်မျိုးကို ခေါ်ခြင်းဖြစ်သည်။ အာကာသယာဉ်များကို ဆက်သွယ်ရေး၊ ကမ္ဘာမြေပြင် လေ့လာခြင်း၊ မိုးလေဝသ ခန့်မှန်းခြင်း၊ လမ်းကြောင်းရှာခြင်း၊ ဂြိုဟ်များအား စူးစမ်းလေ့လာခြင်းနှင့် အာကာသ ခရီးသွားလုပ်ငန်း စသည့် ရည်ရွယ်ချက် အမျိုးမျိုး အတွက် အသုံးပြု ကြသည်။ အာကာသယာဉ်နှင့် အာကာသ ခရီးသွားခြင်းတို့ကို သိပ္ပံဝတ္ထုများတွင် အမြဲလိုလို တွေ့ရတတ်သည်။
ဆပ်အော်ဘစ်တယ် အာကာသ ခရီးစဉ်တွင် အာကာသယာဉ်သည် အာကာသတွင်းသို့ ဝင်ရောက်ပြီး ကမ္ဘာကို တပတ်ပြည့်အောင် မပတ်ဘဲ မြေမျက်နှာပြင် ပေါ်သို့ ပြန်လည် ဆင်းသက်သည်။ အော်ဘစ်တယ် အာကာသ ခရီးစဉ်တွင်မူ အာကာသယာဉ်သည် ကမ္ဘာနှင့် အနီးဆုံး ပတ်လမ်း သို့မဟုတ် အခြား အာကာသအတွင်းရှိ အရာဝတ္ထုများ၏ ပတ်လည်တွင် လှည့်ပတ် သွားလာလေ့ ရှိသည်။ လူသားများ လိုက်ပါစီးနှင်းသော ခရီးစဉ်အတွက် ဆောက်လုပ်ထားသော အာကာသာယာဉ်များတွင် လူသားများအား အာကာသယာဉ်မှူး သို့မဟုတ် ခရီးသည် အနေနှင့် သယ်ဆောင် သွားလေ့ ရှိကြပြီး စက်ရုပ်များဖြင့် ထိန်းချုပ်သော အာကာသယာဉ်များ တွင် အလိုအလျောက် စနစ် သို့မဟုတ် အဝေးထိန်း စနစ်ဖြင့် ထိန်းချုပ် မောင်းနှင် ကြသည်။ သိပ္ပံပညာ သုတေသန အတွက် အသုံးပြုသော စက်ရုပ်သုံး အာကာသယာဉ်များကို အာကာသ စူးစမ်းလေ့လာရေးယာဉ်များ ဟု ခေါ်ကြသည်။ ဂြိုဟ်များ၏ ပတ်လမ်းအတွင်း လှည့်ပတ်သွားနေသော စက်ရုပ်သုံး အာကာသယာဉ်များကိုမူ ဂြိုဟ်တုများ ဟု ခေါ်ကြသည်။ ပိုင်အိုးနီးယား ၁၀ နှင့် ၁၁၊ ဗွိုင်ရေဂျာ ၁၊ ၂ နှင့် နယူးဟော်ရီဇုန် အပါအဝင် အနည်းငယ်မျှသော ကြယ်များကို စူးစမ်းလေ့လာရေးရန် လွှတ်တင်ထားသော ယာဉ် အချို့သာ နေအဖွဲ့အစည်းမှ အပြင်သို့ ထွက်မည့် လမ်းကြောင်း အတွင်းတွင် ရှိနေကြသည်။
စနစ်ခွဲများ
[ပြင်ဆင်ရန်]အာကာသယာဉ်စနစ်တွင် ၎င်းတို့၏ ခရီးစဉ် ရည်ရွယ်ချက် အပေါ်မူတည်၍ စနစ်ခွဲပေါင်း မြောက်မြားစွာ ပါရှိကြသည်။ အာကာသယာဉ် စနစ်ခွဲများတွင် အာကာသအတွင်း သွားလာမည့် ယာဉ်နှင့် အတူ အရပ်မျက်နှာ ဆုံးဖြတ်ခြင်းနှင့် ထိန်းချုပ်ခြင်း စနစ် (ADAC,ADC သို့ ACS ဟု အမျိုးမျိုး ခေါ်ကြသည်)၊ လမ်းကြောင်းပြစနစ်၊ လမ်းကြောင်းရှာနှင့် ထိန်းချုပ် စနစ် ( GNC သို့ GN&C)၊ ဆက်သွယ်ရေးစနစ် (Comms) ၊ အမိန့်ပေးခြင်းနှင့် အချက်အလက် ကိုင်တွယ်ချင်း (CDH သို့ C&DH)၊ စွမ်းအားပေးစနစ် (EPS)၊ အပူချိန် ထိန်းချုပ်စနစ် (TCS) ၊ တွန်းကန် မောင်းနှင်စနစ် နှင့် ကိုယ်ထည်တို့ ပါဝင်ကြသည်။ ယာဉ်နှင့်အတူ ပစ္စည်းကိရိယာများကို ပုံမှန်အားဖြင့် တွဲချိတ်ထားလေ့ ရှိသည်။
- အသက်ရှင်သန်ရေး အထောက်အကူစနစ်
- လူသားတို့ စီးနင်းလိုက်ပါမည့် အာကာသယာဉ်များတွင် အာကာသယာဉ်မှူးတို့ အတွက် အသက်ရှင်သန်ရေး အထောက်အကူ စနစ်သည် မဖြစ်မနေ လိုအပ်သည်။
- အရပ်မျက်နှာ ထိန်းချုပ်ခြင်း
- အာကာသယဉ်များ အနေနှင့် အာကာသအတွင်း သွားလိုသော အရပ်မျက်နှာကို သိရှိပြီး သွားလာနိုင်ရန်နှင့် ပြင်ပမှ သက်ရောက်လာသော အားနှင့် အားစုံတွဲတို့ကို တုံ့ပြန်နိုင်ရန် အတွက် အရပ်မျက်နှာ ထိန်းချုပ်ခြင်း စနစ် လိုအပ်သည်။ အရပ်မျက်နှာ ချုပ်ထိန်းခြင်း စနစ်ခွဲတွင် အာရုံခံကိရိယာများနှင့် ထိန်းချုပ်လှုပ်ရှားသည့် ကိရိယာများ အပြင် ထိုအရာများကို လိုအပ်သလို ထိန်းချုပ်နိုင်မည့် အယ်ဂေါ်ရစ်သမ် ခေါ် အစီအစဉ်များလည်း ပါဝင်သည်။ အရပ်မျက်နှာ ထိန်းချုပ်ခြင်း စနစ်ခွဲသည် နေကို ဦးတည်ခြင်းဖြင့် နေရောင်ခြည် စွမ်းအားကို အာကာသယာဉ်တွင် ပြန်လည် ဖြည့်တင်းပေးခြင်း၊ ကမ္ဘာသို့ ဦးတည်ခြင်းဖြင့် မြေပြင်စခန်းနှင့် ဆက်သွယ်မှု ရရှိစေခြင်းစသည့် သိပ္ပံဆိုင်ရာ ရည်ရွယ်ချက်များကို ပြီးမြောက်အောင်မြင်စေသည်။
ကိုးကား
[ပြင်ဆင်ရန်]အထွေထွေ အာကာသယာဉ် | |||||||||
---|---|---|---|---|---|---|---|---|---|
စနစ်ခွဲများ | ကမ္ဘာမြေ စူးစမ်းရေး ဂြိုဟ်တု (ထောက်လှမ်းရေး ဂြိုဟ်တု - မိုးလေဝါသ ဂြိုဟ်တု) - အာကာသ စူးစမ်းရှာဖွေခြင်း - အာကာသ ခရီးသွားလုပ်ငန်း - ဂြိုဟ်တု လမ်းညွှန်မြေပုံစနစ် - အာကာသ သုတေသန - လဟာပြင် တည်ဆောက်ပုံ - လဟာပြင် နယ်မြေချဲ့ထွင်ခြင်း | ||||||||
လူသားပါဝင်သော အာကာသယာဉ် |
| ||||||||
အာကာသယာဉ် | Launch vehicle - အာကာသလွန်းပျံယာဉ် - စက်ရုပ် အာကာသယာဉ် - Spacecraft propulsion - ဂြိုဟ်တု - ဒုံးပျံ - အာကာသ တယ်လီစကုပ် - Space probe - Spacecraft propulsion - Spaceplane | ||||||||
ဦးတည်ရာများ | Sub-orbital · Orbital (Geosynchronous orbit, Geocentric orbit) · အတွင်းဂြိုဟ် အာကာသပျံသန်းခြင်း · ကြယ်တာရာ ခရီးစဉ် · ဂယ်လက်ဆီကြား ခရီးစဉ် | ||||||||
အာကာသသို့ ပစ်လွှတ်ခြင်း | Expendable and Reusable systems · လွတ်မြောက်အလျင် · Direct ascent · Non-rocket spacelaunch · Spaceport · Launch pad | ||||||||
အာကာသ အေဂျင်စီများ | |||||||||
အခြား | Private spaceflight · အာကာသ ရာသီဥတု · Lagrangian point · Space and survival |
Text is available under the CC BY-SA 4.0 license; additional terms may apply.
Images, videos and audio are available under their respective licenses.