ငါန်းမြာကြီးမြို့
ငါန်းမြာကြီးမြို့သည် မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်တွင် ပါဝင်သော မြို့ဖြစ်သည်။ သမိုင်းဝင် ရွာကြီးတစ်ရွာဖြစ်ခဲ့ပြီး ယခု မြို့အဆင့် ဖြစ်သည် ။ [၁]ငါန်းမြာဆေးရွက်ကြီးမှာ နာမည်ကျော်ကြားသည်။ စည်ပင်သာယာဈေး ၊ တိုက်နယ်ဆေးရုံ၊ အထက်တန်းကျောင်းများ ရှိသည်။ ရပ်ကွက်ကြီး ၁၁ ခုဖြင့် ဖွဲ့စည်းထားသည်။ အိမ်ခြေ ၁၂၀၀ ကျော် ရှိသည်။ ရွာလယ် မြစကြာ စာကြည့်တိုက်မှာ ထင်ရှားသည်။[၂]
တည်နေရာ
[ပြင်ဆင်ရန်]ငါန်းမြာကြီးမြို့သည် မြောက်ဘက်တွင် ငါန်းဇွန်မြို့၊တောင်ဘက်တွင် ဆီမီးခုံမြို့၊ အရှေ့တောင်ဘက်တွင် မြို့သာစက်မှုဥယျာဉ်မြို့တော်၊ အနောက်ဘက်တွင် ဧရာဝတီမြစ်ခြား၍ စစ်ကိုင်းခရိုင် မြောင်မြို့နှင့် ထိစပ်နေသည်။
သမိုင်း
[ပြင်ဆင်ရန်]သမိုင်းဝင်ရွာ ငါန်းမြာ သည် ယခင်က ငါန်းဇွန်မြို့နှင့်အတူ စစ်ကိုင်းတိုင်းအတွင်းကဖြစ်သည်။ ယခုအခါ မန္တလေးတိုင်း မြင်းခြံခရိုင်အတွင်း ထည့်သွင်းဖွဲ့စည်းထားသည်။ စာပေလောကတွင် ထင်ရှားသည့် ကဗျာတပုဒ်ဖြစ်သည့် လူဦးမင်း (မြန်မာသက္ကရာဇ် ၁၁၆၂-၁၂၃၃) ရေးစပ်သည့် ကဗျာတွင်
‘တံတားဦးက ကွမ်းနုဝါ၊ ငါန်းမြာ က ဆေး။ ကိုင်း ထုံးဖြူ ပြည် ရှားနဲ့၊ သာဝါးလို့ထွေး။’
ဟူ၍ အဆိုပါခေတ်က မြန်မာနိုင်ငံ ဈေးကွက်တွင် ထင်ရှားသော ထုတ်ကုန် ငါန်းမြာ ဆေးရွက်ကြီးအကြောင်းကို ထည့်သွင်း ရေးစပ်ထားသည်ကို တွေ့ရသည်။[၃]
ငါန်းမြာနယ် ဆေးရွက်ကြီးမှာ မင်းပေါက်စိုးပေါက်ဖြစ်ခဲ့ကာ စီပင်ဖွံ့ဖြိုးခဲ့သည့် လက္ခဏာအဖြစ် ရှေးဟောင်း သာသနိက အဆောက်အဦအများအပြားကို ငါန်းမြာ နှင့် အနီးဝန်းကျင်ရွာများတွင် အနေရာအနှံ့ ေေ့နိုင်ပါသည်။[၄]
စီးပွားရေး
[ပြင်ဆင်ရန်]ရှေး အစဉ်အဆက်ကတည်းက ငါန်းမြာ အပါအဝင် ဒေသတဝိုက်ရွာများ၏ စီးပွားရေးမှာ ဗမာဆေးရွက်ကြီးထုတ်လုပ်သည့် လုပ်ငန်းဖြစ်သည်။ ကျွန်းေးဖြစ်သည်။
ယခုအခါ ပြောင်း ကို ပိုမိုစိုက်ပျိုးလာကြသည်။
ကိုးကား
[ပြင်ဆင်ရန်]
မြို့တော် : မန္တလေးမြို့ မြို့နယ်ပေါင်း : (၂၈) မြို့နယ် | ||
မဟာအောင်မြေခရိုင် (၄) မြို့နယ် | ||
အောင်မြေသာစံခရိုင် (၃) မြို့နယ် | ||
အမရပူရခရိုင် (၁) မြို့နယ် | ||
ပြင်ဦးလွင်ခရိုင် (၁) မြို့နယ် | ||
သပိတ်ကျင်းခရိုင် (၃) မြို့နယ် | ||
ကျောက်ဆည်ခရိုင် (၃) မြို့နယ် | ||
တံတားဦးခရိုင် (၂) မြို့နယ် | ||
မြင်းခြံခရိုင် (၃) မြို့နယ် | ||
ညောင်ဦးခရိုင် (၂) မြို့နယ် | ||
ရမည်းသင်းခရိုင် (၂) မြို့နယ် | ||
မိတ္ထီလာခရိုင် (၄) မြို့နယ် | ||
မြို့များ |
|
ပြည်နယ်များ | ||
---|---|---|
တိုင်းဒေသကြီးများ | ||
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ | ||
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း | ||
ပြည်ထောင်စုနယ်မြေ |
Text is available under the CC BY-SA 4.0 license; additional terms may apply.
Images, videos and audio are available under their respective licenses.