For faster navigation, this Iframe is preloading the Wikiwand page for ရခိုင်ပြည်နယ်.

ရခိုင်ပြည်နယ်

ရခိုင်ပြည်နယ်
အာရကန်
ပြည်နယ်
မြန်မာ transcription(s)
 • ရခိုင်ရခိုင်ပြည်နယ်
ရခိုင်ပြည်နယ်၏ အလံတော်
အလံတော်
ရခိုင်ပြည်နယ်၏ တံဆိပ်တုံး
စည်းတံဆိပ်
မြန်မာနိုင်ငံတွင်း တည်နေရာ
မြန်မာနိုင်ငံတွင်း တည်နေရာ
ကိုဩဒိနိတ်: 19°30′N 94°0′E / 19.500°N 94.000°E / 19.500; 94.000ကိုဩဒိနိတ်: 19°30′N 94°0′E / 19.500°N 94.000°E / 19.500; 94.000
နိုင်ငံ မြန်မာ
ဒေသအနောက်ကမ်းရိုးတန်း
မြို့တော်စစ်တွေမြို့
အစိုးရ
 • ဝန်ကြီးချုပ်​ဦးထိန်လင်း
 • အစိုးရရခိုင်ပြည်နယ် အစိုးရအဖွဲ့
 • ဥပဒေပြုလွှတ်တော်ရခိုင်ပြည်နယ် လွှတ်တော်
 • တရားလွှတ်တော်ရခိုင်ပြည်နယ် တရားလွှတ်တော်
ဧရိယာ
 • စုစုပေါင်း၃၆၇၇၈.၀ စတုရန်းကီလိုမီတာ (၁၄၂၀၀.၁ စတုရန်းမိုင်)
ဧရိယာအဆင့်
လူဦးရေ (၂၀၁၄)
 • စုစုပေါင်း၃,၁၈၈,၈၀၇[၁]
 • အဆင့်
Demographics
 • လူမျိုးများရခိုင်ကမန်မြိုခမီမြန်မာနှင့် ချင်း၊မရာမာကြီးနှင့်အခြား
 • ကိုးကွယ်မှုဗုဒ္ဓဘာသာအစ္စလာမ်ဘာသာဟိန္ဒူဘာသာ နှင့် အခြား
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+06:30)
ဝက်ဘ်ဆိုဒ်rakhinestate.gov.mm

ရခိုင်ပြည်နယ် သည် ရခိုင်လူမျိုးတို့ အစဉ်တစ်စိုက်‌နေထိုင်သော ပြည်နယ်ဖြစ်ပြီး မြန်မာနိုင်ငံ၏ အနောက်ပိုင်းတွင် တည်ရှိသည်။

သမိုင်း​​ကြောင်း

ရှေးအခါက ရခိုင်ဘုရင်များ အုပ်စိုးရာ တိုင်းပြည်နိုင်ငံ ဖြစ်ခဲ့၏။ အေဒီ ၁၅ ရာစုမှ ၁၇ ရာစုအတွင်း ရှေးရခိုင်ဘုရင်များသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းဒေသနှင့် အိန္ဒိယနိုင်ငံ တြိပူရဒေသတို့ကို လက်အောက်ခံ အဖြစ် သိမ်းသွင်းနိုင်ခဲ့သည်။ ရခိုင်ဘုရင်များ တန်ခိုး အထွတ်အထိပ်သို့ ရောက်ရှိစဉ် ရခိုင်ဘုရင့်နိုင်ငံ၏ အကျယ်အဝန်းသည် ယခု ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့တော်မှ မော်လမြိုင် ပင်လယ် ကမ်းရိုးတန်း တစ်လျှောက် ကျယ်ပြန့်ခဲ့သည်။ ရခိုင်လူမျိုးတို့၏ မူရင်း ရခိုင်ပြည် သည် ဘင်္ဂလားနယ်စပ် နတ်မြစ်ဝမှ မော်တင်စွန်း (ယခု ဧရာဝတီတိုင်းနယ်မြေ) အထိ ရှည်လျားသော ရခိုင်ကမ်းရိုးတန်းဒေသ ဖြစ်သည်။

ရခိုင်ပြည်နယ်အလံ

ရခိုင်ပြည်နယ်အလံ
  1. ရခိုင်ပြည်နယ်အလံကို ရှေးခေတ်ကပင် အသုံးပြုခဲ့သော အောင်လံ၏ အခြေခံအမှတ်အသားကို မူတည်ခဲ့သည်၊၊
  2. အောင်လံအတိုင်းအတာမှာ ခေတ်အဆက်ဆက်က အသုံးပြုခဲ့သော အောင်လံ၊ ကောင်းရှည်ရေအတွက်နှင့် အခုခေတ်ကိုက်ညီအောင် အသုံးပြုနိုင်ဖို့အတွက် မူလအတိုင်းအတာကိုမှီပြီး အချိုးအစားအလိုက် ပြုပြင်ခဲ့ကြသည်။ မူလအတိုင်းအတာ အချိုးအစားမှာ အလျား ကိုးတောင် အနံ ခြောက်တောင် ဖြစ်သည်။
  3. အောင်လံ၏ အရောင်အဆင်းကို မူလရောင်စုံအတိုင်း အတည်ပြုခဲ့ကြသည်။ မူလရောင်စဉ် အဆင်းမှာ ဖြူရောင်ထက်ဝက်နှင့် အနီရောင်ထက်ဝက်ဖြစ်သည်။ အပေါ်ပိုင်းထက်ဝက်မှာ အဖြူရောင်ဖြစ်ပြီး အောက်ပိုင်းထက်ဝက်မှာ အနီရောင်ဖြစ်သည်။
  4. အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ အပေါ်ပိုင်းအဖြူရောင်သည် ရခိုင်အမျိုးသားတို့၏ ဖြူစင်ရေးစိတ်ဓာတ်ရှိခြင်း၊ အမျိုးသီလနှစ်ဌာနကို စောင့်ထိန်းခြင်း၊ ဖြူစင်ဖြောင့်မတ်ရေး စိတ်ရှိခြင်းနှင့် ဖြူစင်တည်ကြည်စောင့်ထိန်းအပ်ရေး ကိုယ်ကျင့်တရားရှိခြင်းများ ဖြစ်သည်။ အနီရောင်၏ သဘောမှာ ရဲရင့်တည်ကြည်ရေး သတ္တိနှင့် ခိုင်ခံ့တည်ကြည်ရေး ဇာတိသွေး၊ ဇာတိမာန် ရှိခြင်းများကို ဖော်ဆောင်သည်။

ရခိုင်ပြည်နယ်တံဆိပ်

ရခိုင်လူမျိုးများ သုံးစွဲခဲ့သော ဝေသာလီခေတ် ရခိုင်ဒင်္ဂါး၏ ပန်းဖက်ပုံကို အခြေခံဖော်ပြထားသည်။ ဝေသာလီခေတ် ရခိုင်ဒင်္ဂါးကို သတ်မှတ်ဖော်ပြရခြင်းမှာ ရခိုင်လူမျိုးများ၏ ပေါ်လွင်ထင်ရှားရေး၊ အနုပညာ ဓနဥစ္စာ ကြွယ်ဝခြင်းနှင့် ရှေးပဝေသဏီကပင် ယဉ်ကျေးမှုထွန်းကားခဲ့ခြင်းကို ရည်ညွှန်းဖော်ထုတ်လို၍ ဖြစ်သည်။ ထိုဝေသာလီခေတ် ဒင်္ဂါးကို သဇင်ပန်းခွေ နှစ်ခက်ဖြင့် ခြံရံထားသည်။ ရခိုင်ပြည်နယ် တံဆိပ်၏ အပေါ်ထိပ်တွင် ကြယ်ဖြူတစ်ပွင့်၊ အောက်ဘက်တွင် "ရခိုင်ပြည်နယ်"ဟု ရေးသားဖော်ပြထားပြီး သဇင်ပန်းခွေနှစ်ခက်ဖြင့် ခြံရံထားသည်။

တည်နေရာနှင့် အကျယ်အဝန်း

ရခိုင်ပြည်နယ်‌သည် ရခိုင်ရိုးမတောင်တန်းနှင့် ဘင်္ဂလားပင်လယ်အော်အကြား ကမ်းမြှောင်ဒေသတွင်တည်ရှိသည်။ ရှေးရခိုင်လူမျိုးတို့၏ ယဉ်ကျေးမှု အမွေအနှစ်များ ပေါများသော ဒေသလည်းဖြစ်သည်။ မြန်မာနိုင်ငံ၏ အနောက်ပိုင်းတွင်တည်ရှိ ဧရာဝတီတိုင်းပဲခူးတိုင်းမကွေးတိုင်းချင်းပြည်နယ်ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ဘင်္ဂလားပင်လယ်အော်တို့ဖြင့် ဝန်းရံထားသည်။ မြောက်လတ္တီတွဒ် ၁၇ ဒီဂရီ ၃၀မိနစ် နှင့် ၂၁ ဒီဂရီ ၃၀မိနစ်ကြား၊ အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၁၀မိနစ် နှင့် ၉၄ ဒီဂရီ ၂၀မိနစ်ကြားတွင် တည်ရှိသည်။ ဧရိယာ စုစုပေါင်း ၁၄,၂၀ဝ စတုရန်းမိုင်ကျယ်ဝန်းသည်။

ပထဝီဝင်အနေအထား

​မြေမျက်နှာသွင်ပြင်

ရခိုင်ရိုးမတောင်တန်းသည် ပေ၃၀၀၀မြင့်ကာ ကမ်းရိုးတန်းနှင့်အပြိုင် သွယ်တန်းလာပြီး တောင်ဘက်သို့ နိမ့်ဆင်းသွားသည်။ စွန်တောင်သည် ရခိုင်ပြည်နယ်တွင် အမြင့်ဆုံးတောင်ထိပ်ဖြစ်သည်။ နတ်မြစ်၊ မယူမြစ်၊ကုလားတန်မြစ်၊ လေးမြို့မြစ်တို့ စီးဆင်းနေသည်။ ဖရုံကာကျွန်း၊ ရမ်းဗြဲကျွန်း၊ မာန်အောင်ကျွန်းများနှင့် ကျွန်းငယ်များစွာ တည်ရှိသည်။

ရာသီဥတု

ရခိုင်ပြည်နယ်သည် ကမ်းရိုးတန်းဒေသဖြစ်သောကြောင့် မုတ်သုံရာသီဥတုမျိုးရှိသည်။ အပူအအေးပြောင်းလဲမှုမပြင်းထန်ပေ။ ပျှမ်းမျှအပူချိန်မှာ အပူဆုံးဖြစ်သည့် မေလတွင် ၈၄° ဖာရင်ဟိုက် နှင့် အအေးဆုံးဖြစ်သည့် ဇန်နဝါရီလ ၇၀° ဖာရင်ဟိုက် ဖြစ်ကြသည်။ ပင်လယ်ကမ်းရိုးတန်းဒေသဖြစ်ခြင်း၊ ရခိုင်ရိုးမတောင်တန်းက မုတ်သုံမိုးများ ရွာသွန်းစေခြင်းတို့ကြောင့် မိုးများသည့် ဒေသဖြစ်သည်။ နှစ်စဉ်ပျှမ်းမျှ မိုးရေချိန်များမှာ သံတွဲမြို့တွင် ၂၂၁ လက်မ၊ ကျောက်ဖြုမြို့တွင် ၁၈၆ လက်မ၊ စစ်တွေမြို့တွင် ၂၀၃ လက်မ အသီးသီးရှိကြသည်။ ထို့ပြင် ဘင်္ဂလားပင်လယ်အော်အတွင်း ဖြစ်ပေါ်လေ့ရှိသည့် မုန်တိုင်းများဒဏ်များအဖြစ် နေအိမ်များ ပျက်စီးခြင်း နှင့် ရေကြီးခြင်းတို့ကိုလည်း မကြာခဏ ခံစားရတတ်သည်။ မုန်တိုင်းအများစုမှာ မိုးဦးနှင့် မိုးနှောင်းကာလများတွင် သာဖြစ်ပေါ်လေ့ရှိပြီး တခါတရံတွင်သာ မိုးလယ်ကာလများတွင် တိုက်ခတ်လေ့ရှိသည်။

စစ်တွေမြို့

အုပ်ချုပ်​ရေး

မြို့တော်

ရခိုင်ပြည်နယ်၏ မြို့တော်မှာ စစ်တွေမြို့ဖြစ်သည်။

အုပ်ချုပ်ရေး

၂၀၁၁ခုနှစ်မှစတင်၍ ဝန်ကြီးချုပ်အမှူးပြုသော ပြည်နယ်အစိုးရအဖွဲ့မှ အုပ်ချုပ်သည်။

ဥပဒေပြုရေး

၂၀၁၁ခုနှစ်မှစတင်ကာ ပြည်နယ်လွှတ်တော်ကို ရွေးကောက်ခံကိုယ်စားလှယ်များ၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းကာ စတင်ကျင်းပခဲ့သည်။

တရားစီရင်ရေး

ရခိုင်ပြည်နယ် တရားလွှတ်တော်ကို တရားသူကြီးချုပ် (၁)ဦး၊ တရားသူကြီး (၂)ဦးဖြင့် ဖွဲ့စည်းထားသည်။ ပြည်နယ်တရားလွှတ်တော်အောက်တွင် ခရိုင်တရားရုံး (၅)ရုံး၊ မြို့နယ်တရားရုံး (၁၇)ရုံးရှိသည်။

ခရိုင်၊ မြို့နယ်၊ မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကျေးရွာများ

ခရိုင်များ

ရခိုင်ပြည်နယ်၏ ခရိုင်များ
  1. စစ်တွေခရိုင်
  2. မောင်တောခရိုင်
  3. ကျောက်ဖြူခရိုင်
  4. သံတွဲခရိုင်
  5. မြောက်ဦးခရိုင်
  6. အမ်းခရိုင်
  7. တောင်ကုတ်ခရိုင်

မြို့နယ်များ

စစ်တွေခရိုင် စစ်တွေမြို့နယ် • ပုဏ္ဏားကျွန်းမြို့နယ် • ပေါက်တောမြို့နယ် • ရသေ့တောင်မြို့နယ်
မောင်တောခရိုင် မောင်တောမြို့နယ် • ဘူးသီးတောင်မြို့နယ်
ကျောက်ဖြူခရိုင် ကျောက်ဖြူမြို့နယ် • ရမ်းဗြဲမြို့နယ်
အမ်းခရိုင် အမ်းမြို့နယ်
တောင်ကုတ်ခရိုင် တောင်ကုတ်မြို့နယ် • မာန်အောင်မြို့နယ်
သံတွဲခရိုင် သံတွဲမြို့နယ် • ဂွမြို့နယ်
မြောက်ဦးခရိုင် မြောက်ဦးမြို့နယ် • ကျောက်တော်မြို့နယ် • မင်းပြားမြို့နယ် • မြေပုံမြို့နယ်

မြို့များ

မောင်တောမြို့နယ်တွင် မောင်တောမြို့၊ တောင်ပြိုလက်ဝဲမြို့၊ ခမောင်းဆိပ်မြို့နှင့် မြင်းလွှတ်မြို့တို့ ပါဝင်

အမ်းမြို့နယ် ပါဝင်သော မြို့များမှာ အမ်းမြို့နှင့် တပ်တောင်မြို့တို့ ပါဝင်

တောင်ကုတ်မြို့နယ်တွင် တောင်ကုတ်မြို့၊ မအီမြို့ နှင့် တန်းလွဲရာမမြို့တို့ ပါဝင်ပြီး

ဂွမြို့နယ်တွင် ဂွမြို့နှင့် ကျိန္တလီမြို့တို့ ပါဝင်ပြီး


ရခိုင်ပြည်နယ်တွင် ခရိုင် (၇)ခု၊ မြို့နယ် (၁၇) မြို့နယ်၊ မြို့ (၂၆) မြို့၊ ရပ်ကွက် (၁၇၀)၊ ကျေးရွာအုပ်စု (၁၀၃၅)။ ရွာပေါင်း (၃၇၃၈) ရှိသည်။ [၂]

လူဦးရေ

သမိုင်းတစ်လျှောက် လူဦးရေများ
ခုနှစ်လူဦးရေ±%
၁၉၇၃ ၁၇၁၂၈၃၈—    
၁၉၈၃ ၂၀၄၅၅၅၉+19.4%
၂၀၁၄ ၃၁၈၈၈၀၇+55.9%
Source: ၂၀၁၄ သန်းခေါင်စာရင်း[၁]

၂၀၁၄ သန်းခေါင်စာရင်းအရ ရခိုင်ပြည်နယ်တွင် လူဦးရေ ၃.၁သန်း နေထိုင်ကြသည်။ ရခိုင်ပြည်နယ်တွင် မဦးရေသည် ကျားဦးရေထက် အနည်းငယ် ပိုများသည်။ လူဦးရေသိပ်သည်းဆမှာ တစ်စတုရန်းကီလိုမီတာတွင် ၈၆.၇ဦးဖြစ်သည်။ ရခိုင်ပြည်နယ်တွင် လူ၁၀၀လျှင် ၈၃ဦးသည် ကျေးလက်တွင် နေထိုင်ကြသည်။


ဘာသာတရား

ရခိုင်ပြည်နယ်တွင်အကြီးဆုံးဘာသာတရားသည်ထေရဝါဒဗုဒ္ဓဘာသာဖြစ်ပြီးရခိုင်ပြည်နယ်လူဦးရေ၏၈၀%ကိုးကွယ်သည်။အစ္စလာမ်ဘာသာမှာဒုတိယလူဦးရေအများဆုံးဘာသာဖြစ်ပြီး၁၈%ကိုးကွယ်ကြသည်။ထို့ပြင်ခရစ်ယာန်၁.၄%၊ဟိန္ဒူ၀.၅%၊နတ်ကိုးကွယ်၀.၁%၊ဘာသာမဲ့သို့မဟုတ် အခြား၀.၀%တို့ကိုလည်းကိုးကွယ်ကြသည်။ရခိုင်ပြည်နယ်တွင်အစ္စလာမ်ဘာသာကိုကမန်လူမျိုးများကအဓိကကိုးကွယ်ကြသည်။

လမ်းပန်းဆက်သွယ်ရေး

ရခိုင်ပြည်နယ်၏ကုန်းလမ်းဆက်သွယ်ရေးမှာလွန်စွာ ဖွံ့ဖြိုးတိုးတက်မှုနောက်ကျသည်။ ကုန်းလမ်းဆက်သွယ်ရေးမှာ ဖွံ့ဖြိုးတိုးတက်မှုနောက်ကျ၍ လေကြောင်းလမ်းနှင့် ရေလမ်းတို့ကိုသာ အဓိကအားထားကြရသည်။ စစ်တွေ၊ သံတွဲ၊ ကျောက်ဖြူ၊ အမ်း နှင့် မာန်အောင် တို့တွင် လေယာဉ်ကွင်းရှိသည်။ စစ်တွေ-ရန်ကုန် ကားလမ်းမှာနှစ်လမ်းသွားကွန်ဂရစ်လမ်းကျဉ်းဖြစ်ပြီးမိုးရာသီရောက်လျှင်ကားဘီးများချော်သည်၊ ကျောက်ဖြူ-ရန်ကုန် ကားလမ်းမှာလည်းထိုနည်းတူဖြစ်သည်။ လမ်းပန်းဆက်သွယ်ရေးသည် တစ်နှစ်ထက်တစ်နှစ် အနည်းငယ်စီ တိုးတက်လာလျက် ရှိသည်ဆိုသော်လည်း တခြားပြည်နယ် တိုင်းဒေသကြီးနဲ့ယှဉ်လျှင် ဖွံ့ဖြိုးတိုးတက်မှုလွန်စွာနောက်ကျနေဆဲဖြစ်သည်။

စာပေ၊ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့

စာပေ

ရခိုင် စာပေသည် ဓညဝတီခေတ် (အေဒီ တစ်ရာစု) ခန့်ကပင် စတင် ထွန်းကားခဲ့ကြောင်း၊ အထောက်အထားတွေ့ရသည်။ ဓညဝတီ မြို့ဟောင်းအနီးမှ တောင်ပေါက်ကြီးကျောက်စာတွင် အသောကခေတ်က အသုံးပြုခဲ့သော ဗြဟ္မီအရေးအသားဖြင့် ရေးထိုးထားသည်ကိုတွေ့ရသည်။ ထို့အပြင် ဗြဟ္မီအက္ခရာ အရေးသား စာတန်းပါ ဗိုက်ပူဘုရား ကျောက်စာသည်လည်း ဓည၀တီခေတ် ရခိုင်စာပေ ထွန်းကားမှု၏ သက်သေ ပင် ဖြစ်သည်။ ဝေသာလီခေတ် (အေဒီ လေးရာစုမှ ဆယ်ရာစု) တွင် ရခိုင်စာပေ ထွန်းကားမှုသည် ကျယ်ပြန့်ခဲ့သည်။ အေဒီ ခြောက်ရာစု ဂုပ္ပတ အက္ခရာ ဖြင့် ရေးထိုးထားသော ယေဓမ္မာ ရခိုင်ကျောက်စာများစွာကို ဤခေတ်တွင် တွေ့ရသည်။ ဝေသာလီခေတ်၏ အထင်ရှားဆုံး ကျောက်စာမှာ အေဒီ ၇၂၉ တွင် ရေးထိုးသော အာနန္ဒစန္ဒြမင်း ကျောက်စာဖြစ်သည်။ ထိုကျောက်စာတွင် ရခိုင် မင်းဆက်များကို ဂါထာ ၆၅ ဂါထာဖြင့် ရေးထိုးထားသည်။ ထိုသို့ မင်းစဉ်မင်းဆက်များကို အစအဆုံးမှတ်တမ်း တင်ထားသည့် ကျောက်စာမျိုးမှာ မြန်မာပြည်တွင်သာမက အိန္ဒိယပြည်တွင်ပါ အစောဆုံးဟု သိရသည်။ ဝေသာလီခေတ်တွင် ကျောက်စာများသာမက မော်ကွန်းလင်္ကာ၊ သျွှန်းလိုက်ရတု၊ စသည့် ရတုကဗျာများ ထွန်းကားခဲ့သည်။ အမတ်ကြီး မေဓပညာရေးသားသည့် မေဓပညာ မော်ကွန်းလင်္ကာမှာ ဝေသာလီခေတ် လက်ရာဟု ထင်ရှားသည်။ လေးမြို့ခေတ် (အေဒီ ၁၁ ရာစု ၁၅ ရာစု) တွင် ကျောက်စာအရေးအသားများများနှင့် အတူ ကဗျာစာပေများလည်း ထွန်းကားသည်။ ဗျည်း ၃၃ လုံးလင်္ကာမှာ လေးမြို့ခေတ်တွင် ပေါ်ထွန်းခဲ့ခြင်းဖြစ်ပြီး၊ မြန်မာစာပေတွင် ထင်ရှားသည့် လောကသာရပျို့ကို ရခိုင်သူမြတ်က လေးမြို့ခေတ်တွင် ရေးသားခဲ့ခြင်း ဖြစ်သည်။ လေးမြို့ခေတ် ရခိုင်ကျောက်စာများအနက် လောင်းကြက်တောင်မော် ကျောက်စာနှင့် မဟာထီး မီးကျောင်းရုပ် ကျောက်စာတို့မှာ ထင်ရှားသည်။ လောင်းကြက်တောင်မောင် ကျောက်စာသည် အလျား ပေ ၃၀ ရှိပြီး မြန်မာပြည်တွင် အကြီးဆုံး ကျောက်စာ ဖြစ်သည်။ မြောက်ဦးခေတ်တွင် ရေးစပ်သီကုံးခဲ့သော ဘဒူမင်းညို၏ ရခိုင်မင်းသမီးဧချင်း၊ နန်းတွင်းမိညို၏ ကိုယ်ရည်သွေးရတုနှင့် စာဆို ဥက္ကာပျံ၏ ၁၂ လ ရာသီ ရတုတို့မှာ ထင်ရှားသည်။

မြောက်ဦးခေတ် ရခိုင်စာဆိုတော် ဥက္ကာပျံ၏-

အောက်အာကာဗွီ၊ ဝါယောထွီ၍
ရီထက်ကားမြီ၊ မြီထက်လီနှင့်
ပထဝီဟု၊ ထူထု နှစ်သိန်း၊
လေးသောင်းကိန်းထက်၊ ရံသိန်းစကြာ၀ဠာ
ညီစွာဝန်းလည်၊ ကျောက်တိတည်ကား

ဟူသည့် မိုးဖွဲ့ရတုသည် ရခိုင်ဘာသာစကား၊ ရခိုင်သံ၊ ရခိုင်ကာရန် ဖြင့် ရေးဖွဲ့ထားသည့် ရခိုင်စာပေ ၏ အကောင်းဆုံး သာဓက ပြယုဂ် ဖြစ်သည်။

ယဉ်ကျေးမှု

ရိုးရာဓလေ့

ပညာ​ရေး

တက္ကသိုလ်နှင့် ကောလိပ်များ

စီးပွား​ရေး

ဒေသထွက်ကုန်များ

ရခိုင်ကမ်းလွန်တွင် သဘာဝ ဓာတ်ငွေ့ထွက်ပြီး Shell၊ Total၊ Daewoo၊ Woodside အစရှိသည် နိုင်ငံခြားကုမ္ပဏီများက လုပ်ကိုင်လျက်ရှိသည်။ [၃] ရခိုင်ပြည်နယ်သည် မြန်မာတနိုင်ငံလုံး၏ စွမ်းအင်တူဖော်ထုတ်လုပ်မှုမှရရှိသော အခွန်ဘဏ္ဍငွေ၏ အရင်းအမြစ်ဖြစ်သော်လည်း ဆင်းရဲမွဲတေမှု နှုန်း ၄၁.၆ ရာခိုင်နှုန်းဖြင့် မြန်မာနိုင်ငံ၏ဒုတိယအဆင်းရဲဆုံးပြည်နယ်ဖြစ်သည်။[၄]

ဆန်စပါးစိုက်ပျိုးရေး၊ ပင်လယ်ငါးဖမ်းလုပ်ငန်း နှင့် ဝါး၊ ဓနိ အစရှိသည့် သစ်တောထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းများရှိသည်။ ဒေသထွက်ကုန်များကို အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံ နှင့် မြန်မာနိုင်ငံအနှံ တင်ပို့ရောင်းချသည်။

တွင်းထွက်

ရခိုင်ကမ်းလွန်တွင် နာမည်ကျော် မြန်မာ့သဘာဝဓာတ်ငွေ့သိုက်များ ရှိသည်။ ရမ်းဗြဲကျွန်းနှင့် မိုးစည်ကျွန်းတို့တွင် ရေနံအနည်းငယ်ထွက်သည်။ တောင်ကုတ်မြို့နယ် နေပူတောင်မှ စကျင်ကျောက် ထွက်သည်။

စိတ်ဝင်စားဖွယ် နေရာများ

ရခိုင်ပြည်နယ်ရှိ ကျွန်းများ

ကိုးကား

  1. ၁.၀ ၁.၁ Census Report။ The 2014 Myanmar Population and Housing Census။ 2။ Naypyitaw: Ministry of Immigration and Population။ May 2015။ p. 17။
  2. နေပြည်တော် တိုင်းဒေသကြီး နှင့် ပြည်နယ်များရှိ ခရိုင်၊ မြို့နယ်၊ မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကျေးရွာ ဦးရေ စာရင်းချုပ် (၁၆. ၂. ၂၀၁၆)
  3. မော်ကွန်းတင်ပြီးမိတ္တူ။ 11 March 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 6 September 2020 တွင် ပြန်စစ်ပြီး။
  4. မော်ကွန်းတင်ပြီးမိတ္တူ။ 19 February 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 6 September 2020 တွင် ပြန်စစ်ပြီး။
  5. ရခိုင်ပြည်နယ် ဖြစ်စဉ်သမိုင်း
  6. D.P.S. MYANMAR GUIDE MAP. 2000.
  7. http://mizzimaburmese.com/article/9015း


{{bottomLinkPreText}} {{bottomLinkText}}
ရခိုင်ပြည်နယ်
Listen to this article

This browser is not supported by Wikiwand :(
Wikiwand requires a browser with modern capabilities in order to provide you with the best reading experience.
Please download and use one of the following browsers:

This article was just edited, click to reload
This article has been deleted on Wikipedia (Why?)

Back to homepage

Please click Add in the dialog above
Please click Allow in the top-left corner,
then click Install Now in the dialog
Please click Open in the download dialog,
then click Install
Please click the "Downloads" icon in the Safari toolbar, open the first download in the list,
then click Install
{{::$root.activation.text}}

Install Wikiwand

Install on Chrome Install on Firefox
Don't forget to rate us

Tell your friends about Wikiwand!

Gmail Facebook Twitter Link

Enjoying Wikiwand?

Tell your friends and spread the love:
Share on Gmail Share on Facebook Share on Twitter Share on Buffer

Our magic isn't perfect

You can help our automatic cover photo selection by reporting an unsuitable photo.

This photo is visually disturbing This photo is not a good choice

Thank you for helping!


Your input will affect cover photo selection, along with input from other users.

X

Get ready for Wikiwand 2.0 🎉! the new version arrives on September 1st! Don't want to wait?