For faster navigation, this Iframe is preloading the Wikiwand page for ဧရာဝတီ လင်းပိုင်.

ဧရာဝတီ လင်းပိုင်

Orcaella brevirostris
ကမ္ဘောဒီးယားနိုင်ငံရှိ ဧရာဝတီလင်းပိုင်
သာမန်လူသားတစ်ယောက်နှင့် အရွယ်အစားနှိုင်းယှဉ်ပုံ
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Mammalia
မျိုးစဉ်: Artiodactyla
Infraorder: Cetacea
မျိုးရင်း: Delphinidae
မျိုးစု: Orcaella
မျိုးစိတ်:
O. brevirostris
ဒွိနာမ
Orcaella brevirostris
(Owen in Gray, 1866)[]
  ၂၀၁၇ ခုနှစ် ဧရာဝတီလင်းပိုင်များ ကျက်စားရာနယ်မြေ
Synonyms[]

ဧရာဝတီ လင်းပိုင် (Orcaella brevirostris) သည် အာရှတိုက်တောင်ပိုင်းနှင့် အရှေ့တောင်အာရှဒေသ၏ မြစ်ကြီးများဖြစ်သော ဧရာဝတီမြစ် ဂင်္ဂါမြစ် နှင့် မဲခေါင်မြစ် တို့အပြင် အင်ဒိုနီးရှားနိုင်ငံဘော်နီယိုကျွန်းပေါ်ရှိ မဟာခန်မြစ်ကြီးထဲတွင် တွေ့ရှိရသည့် လင်းပိုင်မျိုးစိတ်တစ်ခုပင်ဖြစ်သည်။ ဧရာဝတီမြစ်အတွင်း ဧရာဝတီလင်းပိုင်များ ကျက်စားနေထိုင်လေ့ရှိသော နေရာများမှာ ဗန်းမော်နှင့် မန္တလေးမြို့အကြားရှိ မြစ်ပိုင်းအတွင်းတွင် ဖြန့်ကြက်သွားလာ ပေါက်ဖွား ရှင်သန်လျက်ရှိသည်။ ဧရာဝတီ လင်းပိုင်သည် ရေနေ နို့တိုက်သတ္တဝါ တစ်မျိုးဖြစ်သည်။ ဧရာဝတီ လင်းပိုင်သည် အရှေ့တောင်အာရှ၏ ထင်ရှားသော ပြယုဂ် တစ်ခု ဖြစ်သည်။

ဧရာဝတီ လင်းပိုင်များကို ဧရာဝတီမြစ်ထဲတွင် စတင်တွေ့ရှိခဲ့၍ တစ်ကမ္ဘာလုံးတွင်ရှိသော ရေချိုလင်းပိုင် အားလုံးကို ဧရာဝတီ လင်းပိုင်ဟု စတွေ့သည့်သူက ခေါ်ဆိုခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင်တွေ့သော ငါးမျိုးစိတ်အသစ်တစ်ခု အနေနှင့် ကမ္ဘာတွင် မှတ်တမ်းပြုခဲ့ခြင်း ဖြစ်သည်။ လက်ရှိ ဧရာဝတီမြစ်ထဲတွင် မြန်မာနိုင်ငံ ငါးလုပ်ငန်းဌာနနှင့် World life conservation မှ ထိန်းသိမ်းထားသော အကောင် ၇၀ ခန့်ရှိနေသည်။ မင်းကွန်း၊ မန္တလေးမြောက်ဘက်ရှိ မြင်ဇွန်းရွာအနီးတွင် ရှေးနှစ်ပေါင်းများစွာက သူတို့၏ ဘိုးဘွား လက်ထက်ကတည်းက လင်းပိုင်များ၏ အကူအညီနှင့် ပူးပေါင်းပြီး ငါးဖမ်းလာခဲ့ကြသည်။

လင်းပိုင်များသည် တံငါသည်လှေများကို သိ၏။ သစ်သားချောင်းလေးနှင့် လှေကို ခေါက်လိုက်လျှင် လင်းပိုင်များသည် အနားကို ကပ်လာကြသည်။ ဧရာဝတီမြစ်ထဲတွင် လွတ်လွတ်လပ်လပ် သွားနေသော လင်းပိုင်များသည် တံငါသည်များနှင့် ပူးပေါင်းပြီး ငါးဖမ်းပေးလေ့ရှိကြသည်။ လင်းပိုင်များသည် ငါးရှိသော နေရာများကို သွား၍ အမြီးလေးနှင့် အချက်ပြလိုက်တာနှင့် တံငါသည်များက ကွန်ပစ်၍ ငါးဖမ်းကြသည်။ []

ဧရာဝတီ လင်းပိုင်များ ထိန်းသိမ်းရေးနားလည်မှု စာချွန်လွှာ (MOU)တစ်ရပ်ကို ၂၀၀၇-ခုနှစ်၊ ဖေဖော်ဝါရီလဆန်းတွင် ငါးလုပ်ငန်း ဦးစီးဌာနနှင့် သားငှက်ထိန်းသိမ်းရေးအဖွဲ့ (WCS)တို့ လက်မှတ်ရေးထိုးခဲ့ကာ ဧရာဝတီလင်းပိုင်များကျက်စားရာ မတ္တရာမြို့နယ် မြေစွန်းကျေးရွာ၌ အသိပညာပေးလုပ်ငန်းများ စတင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။ ထို့ပြင် ၂၀၀၇-ခုနှစ်၊ ဒီဇင်ဘာလ အတွင်း၌ မင်းကွန်းနှင့် ကျောက်မြောင်းမြို့အကြား ၇၂ ကီလိုမီတာကို ဧရာဝတီလင်းပိုင် ထိန်းသိမ်းဧရိယာအဖြစ် သတ်မှတ်ခဲ့သည်။ ထို့အတူ ဧရာဝတီမြစ်အတွင်းရှိ ဧရာဝတီလင်းပိုင်များ မြစ်အတွင်းဖြန့်ကြက် နေထိုင်မှုကို အပြည့်အဝသိရှိနိုင်ရန် ၂၀၀၂-ခုနှစ်၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလများက ပထမဆုံးအကြိမ် လေ့လာမှုပြုလုပ်ခဲ့ရာ ဗန်းမော်နှင့် မင်းကွန်း ကြား၌ လင်းပိုင် (၃၇) ကောင် တွေ့ခဲ့ကြောင်း၊ မှတ်တမ်းပြုနိုင်ခဲ့ပြီး ၂၀၀၃-ခုနှစ်၊ ဒီဇင်ဘာလတွင် မန္တလေးနှင့် ဗန်းမော်ကြား ဧရာဝတီမြစ်ကြောင်း အတိုင်း အစုန်အဆန် လေ့လာမှုများ ပြုလုပ်ခဲ့ရာ လင်းပိုင် (၅၉) ကောင်၊ ၂၀၀၄-ခုနှစ်၊ ဒီဇင်ဘာလတွင် (၇၂) ကောင်ရှိကြောင်း မှတ်တမ်းများအရ သိရသည်။

မန္တလေးမြို့အနီးတွင် ဧရာဝတီမြစ်အတွင်း၌ ရှားပါးမျိုးတုံးတော့မည် ဖြစ်သော ဧရာဝတီလင်းပိုင်များ မှီတင်းနေထိုင်နေကြသည်။ Orcaella brevirostris ဟု သိပ္ပံအမည်ပေးထားသော လင်းပိုင်များသည် ကမ္ဘာပေါ်တွင် ၄-မျိုးသာ ကျန်ရှိတော့သည့် ရေချိုလင်းပိုင်ငါးများအနက်မှ ရှားပါးမျိုးနွယ်ဝင် ဖြစ်သည်။ သို့သော်လည်း လွန်ခဲ့သည့် ရာစုနှစ်အတွင်း ဧရာဝတီမြစ်အတွင်း နေထိုင်ကြသည့် ရေချိုလင်းပိုင်ငါး အရေအတွက် ၆၀% အထိ လျော့ကျသွားခဲ့သည်။ ယခုအချိန်တွင် ရရှိနိုင် သမျှသော အကောင်းဆုံး ခန့်မှန်းထားသည့် ဧရာဝတီလင်းပိုင်ငါး အရေအတွက်မှာ ၅၉ ကောင်သာ ဖြစ်သည်။

ဤလင်းပိုင်ငါးများသည် ၂ မီတာမှ ၂.၇၅ မီတာအထိ အလျားရှိကြပြီး၊ အပြာနက်မှောင်အရောင်နှင့် မီးခိုးရောင်အရင့် အရောင်ရှိကြသည်။ ဤလင်းပိုင်ငါးများသည် လူများနှင့် ရင်းနှီးစွာ ပေါင်းသင်း၍ ပူးပေါင်းဆက်ဆံမှု ရှိကြပြီး၊ ဤအချက် မှာ လူနှင့် တိရစ္ဆာန်များ ဆက်ဆံရေးအတွက် လေ့လာမှုပြုရန် အထူးအခွင့်ကောင်း ဖြစ်သည်။ ငါးများ ရွှေ့ပြောင်းသွားလာမှု ပုံစံပြောင်းလာခြင်း၊ ရေ အရည်အသွေးကျဆင်းလာခြင်း၊ မြစ်ကြောင်းရေစီးများ ပြောင်းလဲခြင်းကြောင့် ၎င်းရေသတ္တဝါများ အရေအတွက်လည်း ကျဆင်းလာနေပါသည်။ ဧရာဝတီမြစ်မေခမေလိခ မြစ်များတွင် ဆည်များ တည်ဆောက်မည်ဆိုပါက မူလကတည်းက ရှားပါးမျိုးနွယ်ဝင်ဖြစ်နေသော ဧရာဝတီလင်းပိုင်ငါးများ ရှားပါးပျောက်ကွယ်စေရန် ခြိမ်းခြောက်မှုကြီး ဖြစ်နေစေသည်။

ထိန်းသိမ်းရေး ကင်းလှည့်အစီအစဉ်

[ပြင်ဆင်ရန်]
ကမ္ဘောဒီးယားနိုင်ငံ အပိုင်း မဲခေါင်မြစ်အတွင်း တွေ့ရှိရသော ဧရာဝတီ လင်းပိုင်

ငါးလုပ်ငန်း ဦးစီးဌာနနှင့် သားငှက် ထိန်းသိမ်းရေးအဖွဲ့ (WCS) တို့ ပူး ပေါင်းဆောင်ရွက်သည့် ဧရာဝတီ လင်းပိုင်ထိန်းသိမ်းရေး ပညာပေး ကင်းလှည့်အစီအစဉ် ၂၀၀၉-၁၀ ခုနှစ် ကို စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်း အကြား ဧရာဝတီမြစ် အစိတ်အပိုင်း၊ မင်းကွန်းနှင့် ကျောက်မြောင်းမြို့ အကြား ၇၄ ကီလိုမီတာအကွာအဝေး၊ ဧရာဝတီလင်းပိုင်ထိန်းသိမ်း စောင့်ရှောက်ရေးနယ်မြေတွင် စက်တင်ဘာ၌ ပြန်လည်စတင်နေပြီဖြစ်သည်။

ဇူလိုင်နှင့် ဩဂုတ်လတွင် ခရီးစဉ်၌ အသုံးပြုသော လှေ၊ မော်တော်များ ကြံ့ခိုင်ရေးဆောင်ရွက်ခြင်း၊ ခရီးစဉ် အတွက် ကြိုတင်ပြင်ဆင်ခြင်းစသည် တို့ကို ပြုလုပ်ကြပြီး အဆိုပါအစီအစဉ်ကို နှစ်စဉ် စက်တင်ဘာလမှ ဇွန်လ အထိ တစ်လလျှင်နှစ်ကြိမ်၊ တစ်ကြိမ်လျှင် တစ်ပတ်ခန့် ထိန်းသိမ်းရေးနယ်မြေတွင် လုပ်ငန်းစဉ်များကို ဆောင်ရွက်ကြခြင်းဖြစ်သည်။

ဧရာဝတီ လင်းပိုင်ထိန်းသိမ်းရေး ပညာပေးကင်းလှည့်အစီအစဉ်၌ ထိန်းသိမ်းရေးနယ်မြေအတွင်းရှိ ကျေးရွာ များတွင် ဧရာဝတီလင်းပိုင်နှင့် ပတ်သက်သော ပညာပေးလုပ်ငန်းများ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများ၊ ငါးလုပ်ငန်းဦးစီးဌာနမှ ချမှတ်ထားသော မူဝါဒများအကောင်အထည်ဖော်ခြင်း လုပ်ငန်းများ၊ ငါးသုတေသန လုပ်ငန်းများ၊ တရားမဝင်ငါးဖမ်းနည်း များဖြစ်သည့် ရှော့တိုက်ခြင်း၊ မိုင်းခွဲခြင်း၊ အဆိပ်ချခြင်းများကို နေ့ညကင်းလှည့်ခြင်း၊ ဧရာဝတီလင်းပိုင် သဘာဝလေ့လာခြင်း စသည်တို့ကို ဆောင်ရွက်သည်။

ဧရာဝတီလင်းပိုင် သဘာဝလေ့လာခြင်း (Behavior Budget) တွင် အစာရှာခြင်း (Feeding) ၊ ခရီးသွားခြင်း (Travelling)၊ အနားယူခြင်း (Resting)၊ ပေါင်းသင်းဆက်ဆံခြင်း (Socializing) တို့ပါဝင်ပြီး ဧရာဝတီ လင်းပိုင်အုပ်နှင့် မီတာ ၅ဝ အကွာ အဝေးရှိ လေ့လာရေးမော်တော်ပေါ်မှ နေ၍ နှစ်နာရီခန့် တောက်လျှောက် ကြည့်ရှုလေ့လာ မှတ်တမ်းတင်ကြခြင်း ဖြစ်သည်။

မန္တလေး-ဗန်းမော် ကြားတွင် ဧရာဝတီလင်းပိုင် ၇၂ ကောင်ခန့်ရှိပြီး ထိန်းသိမ်းရေးနယ်မြေ၌ လင်းပိုင် ၁၆ မှ ၁၈ ကောင်ခန့်ရှိရာ မန္တလေး-ဗန်းမော် ကြားရှိ လင်းပိုင်အရေအတွက်၏ ၂၄ ရာခိုင်နှုန်းခန့်ဖြစ်သည်။

၂၀၀၂ ခုနှစ်မှစတင်၍ ဧရာဝတီ လင်းပိုင်နှင့် ပတ်သက်သော လေ့လာမှုများကိုစတင်ခဲ့ပြီး မင်းကွန်းနှင့် ကျောက်မြောင်းမြို့ ကြားဒေသတွင် လင်းပိုင် ၂၄ ရာခိုင်နှုန်းခန့်ရှိခြင်း၊ လူနှင့်လင်းပိုင် ပူးပေါင်း၍ ငါးဖမ်းသည့် ဓလေ့စရိုက်ရှိခြင်းတို့ကြောင့် ထိန်းသိမ်းရေးနယ်မြေအဖြစ် ၂၀၀၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်တွင် သတ်မှတ်ခဲ့သည်။

မြန်မာ့ဂုဏ်ဆောင် ရေနေ နို့တိုက်သတ္တဝါဖြစ်သည့် ဧရာဝတီလင်းပိုင်များ ထိန်းသိမ်းခြင်းနှင့် သုတေသန လုပ်ငန်းများကို ဖော်ဆောင်နိုင်ရန်၊ ဧရာဝတီလင်းပိုင်နှင့် ရေလုပ်သားတို့ အကျိုးတူ ပူးပေါင်း ငါးဖမ်းသည့် ရိုးရာ အလေ့အထကို ဆက်လက်ထိန်းသိမ်းရန်၊ ဧရာဝတီလင်းပိုင်နှင့် ငါးမျိုးပြုန်းတီးမှုကို ဖြစ်ပေါ်စေသော တရားမဝင် ငါးဖမ်းဆီးခြင်းများ (လျှပ်စစ်ရှော့တိုက်ခြင်း၊ မိုင်းခွဲခြင်း၊ အဆိပ်ချခြင်း) နှင့် မြစ်ချောင်းများအတွင်း ရွှေတူးဖော်မှုများ ပပျောက်စေရန် ဧရာဝတီလင်းပိုင် မျိုးမသုဉ်းစေရေးအတွက် ပြည်သူများက ဝိုင်းဝန်းပူးပေါင်း ကာကွယ်လာစေရန် စသည့် ရည်ရွယ်ချက်များဖြင့် ထိန်းသိမ်းရေးနယ်မြေကို သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။

ထိန်းသိမ်းရေးနယ်မြေဖြစ်သည့် မင်းကွန်းနှင့် ကျောက်မြောင်းမြို့ အကြားသို့ မန္တလေးမြို့မှ စက်တပ် ရေယာဉ်ဖြင့် ဆန်တက်၍လည်းကောင်း၊ မန္တလေးမှ စဉ့်ကူးမြို့သို့ ကားဖြင့် သွားရောက်ပြီး စက်တပ်ရေယာဉ်ဖြင့် စုန်ဆင်း၍လည်းကောင်း သွားရောက် လေ့လာနိုင်သည်။

မြန်မာနိုင်ငံတစ်နိုင်ငံတည်းတွင်သာ ရှိသော ဧရာဝတီလင်းပိုင်နှင့် လက်ပစ်ကွန် ရေလုပ်သားတို့ ပူးပေါင်း ငါးဖမ်းဆီးသည့် သဘာဝဓလေ့စရိုက် နှင့် ဧရာဝတီလင်းပိုင်များကို နိုင်ငံခြား ခရီးသွားဧည့်သည်များ လာရောက် ကြည့်ရှုလေ့လာကြကြောင်း သိရသည်။

ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး နယ်မြေသတ်မှတ်ပြီး နယ်မြေအတွင်း၌ ထိန်းသိမ်းရေးပညာပေး ကင်းလှည့် အစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်ခြင်း၊ ဧရာဝတီလင်းပိုင်များ ကျက်စားသည့် မန္တလေး-ဗန်းမော် ကြား ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ၌ တစ်နှစ်တစ်ကြိမ် ကင်းလှည့်စစ်ဆေးခြင်းဖြင့် ဧရာဝတီ လင်းပိုင်များ နေထိုင် ကျက်စားသည့် နယ်မြေဧရိယာများ တိုးပွားလာခြင်း၊ လင်းပိုင်များအပေါ် ကျရောက်နေသည့် အန္တရာယ်များ လျော့ကျခြင်း၊ လင်းပိုင်များ၏ အုပ်စုပမာဏ တိုးပွားလာခြင်း၊ လင်းပိုင်နှင့် အတူငါးဖမ်းဆီးကြသည့် လက်ပစ်ကွန် ရေလုပ်သားများ ငါးဖမ်းဆီးနိုင်သည့် နယ်မြေဧရိယာ ကျယ်ဝန်းလာပြီး ရေလုပ်သားဦးရေ တိုးပွားလာခြင်း၊ လင်းပိုင်နှင့်အတူ ငါးဖမ်းဆီးသည့် လုပ်ငန်းဖွံ့ဖြိုးတိုးတက်ခြင်း၊ ဒေသတွင်းရှိ ပြည်သူ လူထုထိန်းသိမ်းစောင့်ရှောက်မှုဆိုင်ရာ အသိပညာများ တိုးပွားလာပြီး၊ လုပ်ငန်းများတွင် ပူးပေါင်း ပါဝင်လာခြင်း၊ လင်းပိုင်နှင့် ငါးဖမ်းဆီးသည့် လုပ်ငန်းများကို ကမ္ဘာလှည့်ခရီးသည်များ လာရောက်ကြည့်ရှုကြ သဖြင့် ဧရိယာနယ်မြေအခွန်အခများ ရရှိခြင်း၊ ရေလုပ်သားများနှင့် ဒေသခံကျေးရွာများ ဖွံ့ဖြိုးစည်ပင်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိပေမည်။

ပေါက်ဖွားနေထိုင်ရာဒေသများ

[ပြင်ဆင်ရန်]

ဧရာဝတီလင်းပိုင်များကို မြန်မာနိုင်ငံတွင် ဧရာဝတီမြစ်ကြောင်း၊ ရခိုင်ကမ်းမြောင်ဒေသ၊ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသနှင့် မြိတ်ကျွန်းစုတို့တွင် တွေ့ရသည်။

ကမ္ဘာတွင် ဩစတြေးလျတိုက် မြောက်ပိုင်း၊ နယူးဂီနီ၊ ဖိလစ်ပိုင်ဘင်္ဂလားပင်လယ်အော်အိန္ဒိယအရှေ့မြောက်ဒေသ၊ ဂင်္ဂါမြစ်အင်ဒိုနီးရှား မဟာခမ်မြစ်၊ ဘင်္ဂလားဒေ့ရှ် ဗြဟ္မပုတ္တရမြစ်၊ လာအိုကမ္ဘောဒီးယားဗီယက်နမ်တို့ရှိ မဲခေါင်မြစ်ကြောင်း တစ်လျှောက်တို့ တွင်လည်း တွေ့ရသည်။ []

ဧရာဝတီလင်းပိုင်တို့ကို တောင်အာရှနှင့် အရှေ့တောင်အာရှတို့၏ ကမ်းရိုးတန်းဒေသများတွင်လည်ကောင်း၊ မြစ်ကြီး (၃) စင်းဖြစ်သော မဲခေါင်မြစ်၊ မြန်မာနိုင်ငံရှိ ဧရာဝတီမြစ်နှင့် အင်ဒိုနီးရှားနိုင်ငံ ဘော်နီယိုကျွန်းရှိ မဟာခမ်မြစ်တို့တွင်လည်းကောင်း တွေ့နိုင်သည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. "Orcaella brevirostris" (2017). IUCN Red List of Threatened Species 2017. IUCN. 
  2. ၂.၀ ၂.၁ Perrin, W. (2010)။ Orcaella brevirostris (Owen in Gray, 1866)World Cetacea Database။ World Register of Marine Species။ 2012-05-11 တွင် ပြန်စစ်ပြီး။
  3. လွင်မိုးခရီးသွားနေသည်မှ ကောက်နှုတ်သည်။
  4. မြန်မာတိုင်း (အတွဲ ၂၂၊ အမှတ် ၄၃၂ (၁၈. ၉.၀၉)
{{bottomLinkPreText}} {{bottomLinkText}}
ဧရာဝတီ လင်းပိုင်
Listen to this article

This browser is not supported by Wikiwand :(
Wikiwand requires a browser with modern capabilities in order to provide you with the best reading experience.
Please download and use one of the following browsers:

This article was just edited, click to reload
This article has been deleted on Wikipedia (Why?)

Back to homepage

Please click Add in the dialog above
Please click Allow in the top-left corner,
then click Install Now in the dialog
Please click Open in the download dialog,
then click Install
Please click the "Downloads" icon in the Safari toolbar, open the first download in the list,
then click Install
{{::$root.activation.text}}

Install Wikiwand

Install on Chrome Install on Firefox
Don't forget to rate us

Tell your friends about Wikiwand!

Gmail Facebook Twitter Link

Enjoying Wikiwand?

Tell your friends and spread the love:
Share on Gmail Share on Facebook Share on Twitter Share on Buffer

Our magic isn't perfect

You can help our automatic cover photo selection by reporting an unsuitable photo.

This photo is visually disturbing This photo is not a good choice

Thank you for helping!


Your input will affect cover photo selection, along with input from other users.

X

Get ready for Wikiwand 2.0 🎉! the new version arrives on September 1st! Don't want to wait?