For faster navigation, this Iframe is preloading the Wikiwand page for အရှေ့မြောက်တိုင်းစစ်ဌာနချုပ်.

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်

ဤ ဆောင်းပါးသည် စိစစ်အတည်ပြုနိုင်ရန်အတွက် နောက်ထပ်ကိုးကားချက်များ လိုအပ်နေသည်။ ကျေးဇူးပြု၍ ယုံကြည်စိတ်ချရသော ရင်းမြစ်များ ကိုးကားထည့်သွင်းခြင်းဖြင့် ဤဆောင်းပါးကို ပြည့်စုံတိုးတက်လာအောင် ကူညီပေးပါ။ အကိုးအကားရင်းမြစ် မပါရှိသော အကြောင်းအရာများသည် စိန်ခေါ်ခြင်းခံရပြီး ဖယ်ရှားခံရနိုင်သည်။ (စက်တင်ဘာ ၂၀၂၁)
အရှေ့မြောက်တိုင်းစစ်ဌာနချုပ်
ရမခ
အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တံဆိပ်
နိုင်ငံ မြန်မာ
တပ်မတော်
အမျိုးအစား
 တပ်မတော် (ကြည်း)
တပ်
အမျိုးအစား
တိုင်းစစ်ဌာနချုပ်
အခန်းကဏ္ဍနယ်မြေဒေသ ကာကွယ်ရေး၊ လုံခြုံရေး၊ စစ်ဆင်ရေး၊ နယ်မြေအတွင်းရှိ တပ်အားလုံး၏ ဦး/ရေး/ထောက်ဆိုင်ရာကိစ္စရပ်များ စီမံပေးခြင်း၊ ကြီးကြပ်ကွပ်ကဲခြင်း
အမည်ပြောင်နေဝန်းနီ
အုပ်ချုပ်သူများ
တိုင်းမှူးဗိုလ်ချုပ် စိုးတင့်
အဆောင်အယောင်များ
အလံတော်

အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (အတိုကောက် ရမခ) သည် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင်အခြေစိုက်သော တိုင်းစစ်ဌာနချုပ်တစ်ခုဖြစ်သည်။ ရမခ၏ အဓိကတာဝန်မှာ ရှမ်းပြည်နယ်မြောက်ပိုင်းနယ်မြေနှင့် ၎င်းနှင့်ထိစပ်နေသော နေရာဒေသများ၏ ကာကွယ်ရေး၊ လုံခြုံရေးနှင့် စစ်ဆင်ရေးဆိုင်ရာကိစ္စရပ်များအား အဓိကတာဝန်ယူဆောင်ရွက်ရသည်။ ထို့ပြင် တိုင်းစစ်ဌာနချုပ် နယ်မြေအတွင်းရှိ ၎င်း၏လက်အောက်ခံတပ်များနှင့် အခြားလက်ရုံး/ဝန်ထမ်းတပ်များ၏ စစ်ဦးစီး/ စစ်ရေး/ စစ်ထောက်ပိုင်းဆိုင်ရာ လုပ်ငန်းများကိုပါ ဖြေရှင်းဆောင်ရွက်ပေးခြင်းနှင့် အထက်ဌာနများမှ အမိန့်နှင့် ညွှန်ကြားချက်များအား ထပ်ဆင့် ညွှန်ကြားပေးခြင်းနှင့် ကြီးကြပ်ခြင်းတို့ကိုပါ ဆောင်ရွက်ရသည်။ ၂၀၂၄ ဖေဖော်ဝါရီလ ၃ရက်နေ့မှ လက်ရှိထိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးတာဝန်ထမ်းဆောင်နေသူမှာ ဗိုလ်ချုပ် စိုးတင့် (ကြည်း - ၂၁၅၉၅) (​တေဇ - ၁၆) ဖြစ်သည်။[၁]

သမိုင်း

၁၉၆၁ခုနှစ်တွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ကို တောင်ကြီးမြို့တွင် စတင်ဖွဲ့စည်းခဲ့သည်။၁၉၇၀ ပြည့်လွန်နှစ်များတွင် ရှမ်းပြည်နယ်မြောက်ပိုင်းဒေသ၌ ဗမာပြည်ကွန်မြူနစ်ပါတီမှ အပြင်းအထန်လှုပ်ရှားလာသဖြင့် ၁၉၇၀ ပြည့်နှစ်၊ ဇွန်လတွင် မဟာဗျူဟာကွပ်ကဲမှုဌာနချုပ်ကို လားရှိုးမြို့တွင် ဖွင့်လှစ်ခဲ့သည်။ ရှမ်းပြည်နယ် (မြောက်ပိုင်း)အတွင်းရှိ တပ်များ၊ တပ်မတော်စစ်ဆင်ရေးများကို မဟာဗျူဟာကွပ်ကဲမှုဌာနချုပ်မှ တိုက်ရိုက်ကွပ်ကဲခဲ့သည်။ အင်အားကြီးထွားလာသော ဗမာပြည်ကွန်မြူနစ်ပါတီ၏ လှုပ်ရှားမှုများကို ပိုမိုထိရောက်စွာရင်ဆိုင်နိုင်ရန်အလို့ငှာ ၁၉၇၂၊ ဇူလိုင်လတွင် ရှမ်းပြည်နယ် (မြောက်ပိုင်း) အား ရပခကွပ်ကဲမှုအောက်မှ ခွဲထုတ်၍ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို လားရှိုးမြို့တွင် အခြေပြုကာ ထပ်မံဖွဲ့စည်းခဲ့သည်။ ထိုစဉ်ကတိုင်းမှူးမှာ ဗိုလ်မှူးကြီး အေးကိုဖြစ်သည်။[၂][၃]

ဖွဲ့စည်းပုံ

အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက်တွင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (၁)ခု၊ အခြေချ စစ်ဗျူဟာအဖွဲ့ (၃)ဖွဲ့၊ လှုပ်ရှား စစ်ဗျူဟာအဖွဲ့ (၂)ဖွဲ့ နှင့် ၎င်း စဗဟများ ကွပ်ကဲအောက်ရှိ ခြေလျင်/ ခြေမြန်တပ်ရင်း (၁၆)ရင်းရှိသည်။

ဤအပိုင်းကို တိုးချဲ့ရေးသားရန် လိုအပ်သည်။

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရုံး

  1. တိုင်းမှူးရုံး
  2. ဒုတိုင်းမှူးရုံး
  3. တိုင်းဦးစီးချုပ်ရုံး
    1. စစ်ဦးစီးမှူး(ဗိုလ်မှူးကြီး) ရုံး
      1. စစ်ဦးစီးမှူး(ပထမတန်း) ရုံး
        1. စစ်ဆင်ရေးဌာနခွဲ
        2. တာဝန် နှင့် လေ့ကျင့်ရေးဌာနခွဲ
      2. စစ်ဦးစီးမှူး(ပထမတန်း) (စစ်ဘက်ရေးရာလုံခြုံရေးဌာနခွဲ) ရုံး
      3. စစ်ဦးစီးမှူး(ပထမတန်း) (ပြည်သူ့စစ်ဌာနခွဲ) ရုံး
    2. ဦးစီးအရာရှိ(ဗိုလ်မှူးကြီး) (စစ်ရေးဌာန) ရုံး
      1. ဦးစီးအရာရှိ(ပထမတန်း) (ငွေစာရင်းဌာနခွဲ) ရုံး
      2. ဦးစီးအရာရှိ(ပထမတန်း) (မှတ်တမ်းဌာနခွဲ) ရုံး
    3. ဦးစီးအရာရှိ(ဗိုလ်မှူးကြီး) (စစ်ထောက်ဌာန) ရုံး
      1. ဦးစီးအရာရှိ(ပထမတန်း) (ဖြည့်တင်းရေးနှင့် ထိန်းသိမ်းရေးဌာနခွဲ) ရုံး
      2. ဦးစီးအရာရှိ(ပထမတန်း) (ထောက်ပံ့ရေးနှင့် ပို့ဆောင်ရေးဌာနခွဲ) ရုံး
  4. စခန်းရုံး

ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လောက်ကိုင်)

ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လောက်ကိုင်) အား ဒေသကွပ်ကဲမှုစစ်ဌာနချုပ်မှူး(လောက်ကိုင်)မှ ဦးစီးပြီး ၎င်း၏ ကွပ်ကဲမှုအောက်တွင် ခြေလျင်/ ခြေမြန်တပ်ရင်း (၉)ရင်းရှိသည်။

အခြေချ စစ်ဗျူဟာအဖွဲ့ (ကွတ်ခိုင်)

  1. ခလရ/ ခမရ - (၃)ရင်း

အခြေချ စစ်ဗျူဟာအဖွဲ့ (ကွမ်လုံ)

  1. ခလရ/ ခမရ - (၃)ရင်း

အခြေချ စစ်ဗျူဟာအဖွဲ့ (တန့်ယန်း)

  1. ခမရ ၅၂၃
  2. ခမရ ၃၂၆

ခလရ/ ခမရ - (၃)ရင်း

လှုပ်ရှား အမှတ်(၁)စစ်ဗျူဟာအဖွဲ့

  1. ခလရ/ ခမရ (၄)ရင်း

လှုပ်ရှား အမှတ်(၂)စစ်ဗျူဟာအဖွဲ့

  1. ခလရ/ ခမရ (၃)ရင်း

တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းရှိ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်များ

  1. အမှတ်(၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်

တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းရှိ ခြေလျင်တပ်မဟာဌာနချုပ်များ

  1. အမှတ်(၁၆)ခြေလျင်တပ်မဟာဌာနချုပ်

အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးတာဝန်ထမ်းဆောင်ခဲ့သူများ

  1. ဗိုလ်မှူးကြီး အေးကို (ကြည်း - ၆၁၃၃) (၁၁-၇-၁၉၇၂ မှ ၈-၃-၁၉၇၄)
  2. ဗိုလ်မှူးကြီး တင်စိန် (ကြည်း - ၆၁၈၁) (၈-၃-၁၉၇၄ မှ ၅-၄-၁၉၇၆)
  3. ဗိုလ်မှူးကြီး လှဦး (ကြည်း - ၆၂၁၄) (၅-၄-၁၉၇၆ မှ ၂၄-၁၁-၁၉၇၇)
  4. ဗိုလ်မှူးကြီး မင်းနောင် (ကြည်း - ၆၁၂၉) (၂၄-၁၁-၁၉၇၇ မှ ၈-၄-၁၉၇၈)
  5. ဗိုလ်မှူးကြီး အေးစန် (ကြည်း - ၆၁၄၄) (၈-၄-၁၉၇၈ မှ ၁-၉-၁၉၈၀)
  6. ဗိုလ်မှူးကြီး မြင့်လွင် (ကြည်း - ၆၆၀၈) (၁-၉-၁၉၈၀ မှ ၁၉-၈-၁၉၈၁)
  7. ဗိုလ်မှူးကြီး ချစ်ဆွေ (ကြည်း - ၆၄၆၃) (ဗသက - ၈) (၁၉-၈-၁၉၈၁ မှ ၂၈-၃-၁၉၈၃)
  8. ဗိုလ်မှူးချုပ် စိန်အောင် (ကြည်း - ၆၇၄၀) (ဗသက - ၁၀) (၂၈-၃-၁၉၈၃ မှ ၄-၁၁-၁၉၈၅)
  9. ဗိုလ်မှူးကြီး ထွန်း‌ရွှေ (ကြည်း - ၇၅၀၅)
  10. ဗိုလ်မှူးကြီး မောင်အေး (ကြည်း - ၇၈၇၅) (စတသ - ၁)
  11. ဗိုလ်ချုပ် မောင်သင့် (ကြည်း - ၇၆၀၀) (ဗသက - ၁၈)
  12. ဗိုလ်ချုပ် အေးကျော်
  13. ဗိုလ်ချုပ် တင်ငွေ
  14. ဗိုလ်ချုပ် သီဟသူရ တင်အောင်မြင့်ဦး (ကြည်း - ၁၁၇၁၅) (စတသ - ၁၂)
  15. ဗိုလ်ချုပ် မြင့်လှိုင် (ကြည်း - ) (စတသ - ၁၇)
  16. ဗိုလ်ချုပ် အောင်သန်းထွဋ် (ကြည်း - ၁၄၇၅၁) (စတသ - ၂၀)
  17. ဗိုလ်ချုပ် အောင်ကျော်ဇော (ကြည်း - ၁၇၄၄၄) (စတသ - ၂၄)
  18. ဗိုလ်ချုပ် အောင်စိုး (ကြည်း - ၁၈၈၈၆) (စတသ - ၂၃)
  19. ဗိုလ်ချုပ် ဖုန်းမြတ် (ကြည်း - ၂၀၃၂၄) (ဗသက - ၇၃)
  20. ဗိုလ်ချုပ် ခင်လှိုင် (ကြည်း - ၂၂၃၈၃) (​တေဇ - ၁၇)
  21. ဗိုလ်ချုပ် အောင်ဇော်အေး (ကြည်း - ၂၀၁၇၅) (စတသ - ၂၈)
  22. ဗိုလ်ချုပ် လှမိုး (ကြည်း - ၂၉၃၅၃) (စတသ - ၃၉)
  23. ဗိုလ်ချုပ် နိုင်နိုင်ဦး (ကြည်း - ၂၅၀၈၉) (စတသ - ၃၅) (ယခု - ဒုတိယဗိုလ်ချုပ်ကြီး)
  24. ဗိုလ်ချုပ် စိုးတင့် (ကြည်း - ၂၁၅၉၅) (​တေဇ - ၁၆)

ကိုးကား

  1. "အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဒိုင်း ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲပြုလုပ်"။ 
  2. ကိုဝင်း(အမရပူရ)။ အကွဲအပြဲနှင့် မသဲမကွဲမြန်မာပြည်
  3. မြဝင်း။ တပ်မတော်ခေါင်းဆောင်များသမိုင်းအကျဉ်း (၁၉၄၁-၁၉၉၈)
  4. https://burmese.shannews.org/archives/40617

နောက်ထပ်ကြည့်ရန်

{{bottomLinkPreText}} {{bottomLinkText}}
အရှေ့မြောက်တိုင်းစစ်ဌာနချုပ်
Listen to this article

This browser is not supported by Wikiwand :(
Wikiwand requires a browser with modern capabilities in order to provide you with the best reading experience.
Please download and use one of the following browsers:

This article was just edited, click to reload
This article has been deleted on Wikipedia (Why?)

Back to homepage

Please click Add in the dialog above
Please click Allow in the top-left corner,
then click Install Now in the dialog
Please click Open in the download dialog,
then click Install
Please click the "Downloads" icon in the Safari toolbar, open the first download in the list,
then click Install
{{::$root.activation.text}}

Install Wikiwand

Install on Chrome Install on Firefox
Don't forget to rate us

Tell your friends about Wikiwand!

Gmail Facebook Twitter Link

Enjoying Wikiwand?

Tell your friends and spread the love:
Share on Gmail Share on Facebook Share on Twitter Share on Buffer

Our magic isn't perfect

You can help our automatic cover photo selection by reporting an unsuitable photo.

This photo is visually disturbing This photo is not a good choice

Thank you for helping!


Your input will affect cover photo selection, along with input from other users.

X

Get ready for Wikiwand 2.0 🎉! the new version arrives on September 1st! Don't want to wait?