For faster navigation, this Iframe is preloading the Wikiwand page for လော့စ်အိန်ဂျယ်လိစ်မြို့.

လော့စ်အိန်ဂျယ်လိစ်မြို့

လော့အိန်ဂျယ်လိစ်
မြို့တော်
Los Angeles skyline viewed from Echo Park
Hollywood Sign
Hollywood Boulevard
Los Angeles City Hall
Theme Building at Los Angeles International Airport
Vincent Thomas Bridge
Venice Beach
ထိပ်မှစ၍ လက်ယာရစ်: အက်ကိုးဥယျာဉ်မှ မြင်ရသော လော့စ်အိန်ဂျယ်လိစ် မြို့လယ်ခေါင်၊ ဟောလီးဝုဒ် ဘော်လီဘတ်၊ သင်းမ် အဆောက်အဦး၊ လော့စ်အိန်ဂျယ်လိစ် အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ ဗင်းနစ် ကမ်းခြေ၊ ဗင်းဆင့် သောမတ်စ် တံတား၊ လော့စ်အိန်ဂျယ်လိစ် မြို့တော်ခန်းမ၊ ဟောလိဝုဒ် ဆိုင်းဘုတ်
Flag of လော့အိန်ဂျယ်လိစ်
အလံ
Official seal of (({official_name))}
စည်းတံဆိပ်
တင်စားခေါ်ဝေါ်သည့်အမည်များ: "အယ်လ်အေ"၊ "နတ်သမီးတို့၏ မြို့တော်"၊ "နတ်သမီးမြို့"၊[၁] "လိမ္မော်သီးကြီး"[၂][၃] "လာလာလန်း"၊ "တင်ဆဲလ်တောင်း"[၄] ပန်းများနှင့် နေရောင်ခြည်ဖြာသော မြို့ [၅]
ကယ်လီဖိုးနီးယား ပြည်နယ်အတွင်းမှ လော့စ်အိန်ဂျယ်လိစ် ကောင်တီ၏ နေရာပြပုံ
ကယ်လီဖိုးနီးယား ပြည်နယ်အတွင်းမှ လော့စ်အိန်ဂျယ်လိစ် ကောင်တီ၏ နေရာပြပုံ
ပြည်နယ်ကယ်လီဖိုးနီးယား
ကောင်တီလော့စ်အိန်ဂျယ်လိစ် ကောင်တီ
အုပ်ချုပ်ရေး
 • အမျိုးအစားမြို့တော်ဝန် ကောင်ဆယ်လ်

လော့အိန်ဂျယ်လိစ် (IPA: /lɑˈsændʒələs/, စပိန်ဘာသာစကားဖြင့် IPA: /los ˈaŋxeles/ ) သည် ကယ်လီဖိုးနီးယားပြည်နယ်တွင် အကြီးဆုံးမြို့ဖြစ်ပြီး အမေရိကန်ပြည်ထောင်စုတွင် ဒုတိယမြောက် အကြီးဆုံးမြို့ ဖြစ်သည်။ လော့စ်အိန်ဂျယ်လိစ် မြစ်ပေါ်တွင် တည်ရှိပြီး အမေရိကန် အနောက်ပိုင်းတွင် အကြီးဆုံးမြို့ ဖြစ်သည်။ အမြဲမကြာခဏ ဆိုသလိုပင် အတိုကောက် L.A ဟု ခေါ်ဆိုလေ့ရှိကြပြီး နတ်သမီးတို့၏မြို့တော် ဟုလည်း ခေါ်ဆိုလေ့ရှိသည်။ လော့စ်အိန်ဂျယ်လိစ်မြို့တွင် ခန့်မှန်းခြေအားဖြင့် လူဦးရေ ၃.၈ သန်းခန့်ရှိပြီး ကယ်လီဖိုးနီးယားတောင်ပိုင်းတွင် ၄၉၈.၃ စတုရန်းမိုင် (၁၂၉၀.၆ စတုရန်းကီလိုမီတာ) အကျယ်အဝန်းဖြင့် ဖြန့်ကျက်ထားသည်။ ထိုမျှသာမက လော့အိန်ဂျယ်လိစ် မြို့ပြဧရိယာတွင် နေထိုင်သူ စုစုပေါင်း ၁၂.၉ သန်းခန့်ရှိသည်။ ထိုသူများမှာ ကမ္ဘာအရပ်ရပ်မှ ပြောင်းရွှေ့လာကြသူများဖြစ်ပြီး ဘာသာစကား ၂၂၄ မျိုးကို ပြောဆိုကြသည်။ လော့စ်အိန်ဂျယ်လိစ်သည် အမေရိကန်ပြည်ထောင်စုတွင် လူဦးရေအများဆုံးနှင့် ယဉ်ကျေးမှု အမျိုးအစား အစုံဆုံး ကောင်တီတစ်ခုဖြစ်သည့် လော့စ်အိန်ဂျယ်လိစ်ကောင်တီ၏ အုပ်ချုပ်ရေးမြို့ဖြစ်သည်။ လော့အိန်ဂျယ်လိစ်တွင် နေထိုင်သူများကို အိန်ဂျယ်လီနို (English: "Angelenos" IPA: /ændʒəˈlinoʊz/) ဟု ခေါ်ဝေါ်ကြသည်။


လော့စ်အိန်ဂျယ်လိစ်မြို့သည် ရာသီဥတုကောင်းမွန်သောကြောင့် ထင်ရှားသည်။ မြေထဲပင်လယ် ရာသီဥတုမျိုးဖြစ်သည်။ ထိုထက် လော့စ်အိန်ဂျယ်လိစ်မြို့သည် အမေရိကန်ရုပ်ရှင်လောက၏ အချက်အချာဒေသဖြစ်သည်။ လော့စ်အိန်ဂျယ်လိစ်မြို့၏ ဆင်ခြေဖုံးရပ်ကွက်များ၌ ရုပ်ရှင်လုပ်ငန်းများ ထွန်းကားပေရာ အထူးထင်ရှားသည်မှာ ဟောလီဝုဒ် ရုပ်ရှင်မြို့တော်ဖြစ်သည်။ လော့စ်အိန်ဂျယ်လိစ်မြို့သည် ၄၅၂ စတုရန်းမိုင်ခန့်ကျယ်ပြန့်၏။ လော့စ်အိန်ဂျယ်လိစ်မြို့ရှိ အဆောက်အအုံများ ၏ ဗိသုကာလက်ရာတို့သည် ခေတ်အမျိုးမျိုး ဟန်အမျိုးမျိုးကို သရုပ်ဖော် လျက်ရှိသည်။ မြို့တော်ခန်းမကြီးသည် ၄၆၄ ပေမျှမြင့်၍ စာတိုက်မှာ ၁၈ ထပ်မျှမြင့်သည်။ ဗရင်ဂျီ ကသီဒရယ် ဘုရားရှိခိုးကျောင်း၏ နာရီစင်သည် ၁၉၅ ပေမြင့်သည်။ တက္ကသိုလ်ကျောင်း၊ ပြတိုက်များအပြင် ဘုရားရှိခိုး ကျောင်း ၆ဝဝ ကျော်ရှိသည်။ မြို့၏များသောအပိုင်းမှာ လူနေရပ်ကွက်ဖြစ်၍ အိမ်ပုံစံများသည် ရှေးစပိန်လက်ရာများမကင်းပေ။ လော့စ်အိန်ဂျယ်လိစ်မြို့ပေါ် တွင် ဥယျာဉ်နှင့်တောင်များစွာရှိသည်။ လော့စ်အိန်ဂျယ်လိစ်မြို့နှင် ကပ်လျက်ရှိသော ပါစာဒီနာ၊ ဗားဗင့်ဂလင်းဒေး၊ စန်တာမော်နီကာ၊ ဘာဗလီဟေးလ်နှင့် လောင်းဘိရှ် တို့ အားလုံးပါဝင်သည်ကို မဟာလော့စ်အိန်ဂျယ်လိစ်မြို့ ဟုခေါ်သည်။ ဘာဗလီဟေးလ်တစ်ဝိုက်တွင် ရုပ်ရှင်လောကမှ ပညာသည်များနေထိုင်ကြသည်။ မဟာ လော့စ်အိန်ဂျယ်လိစ်မြို့သည် အမေရိကန်ပြည်ထောင်စု၏ ပစိဖိတ်ကမ်းခြေတွင် စက်မှုလက်မှုလုပ်ငန်း ထွန်းကားသောမြို့ကြီးဖြစ်သည်။ လော့စ်အိန်ဂျယ်လိစ်မြို့တွင် ပြုလုပ်သောလုပ်ငန်းများမှာ လေယာဉ်ပျံ တည်ဆောက်ခြင်း၊ ရေနံချက်ခြင်း၊ ရုပ်ရှင်ထုတ်လုပ်ခြင်း၊ မော်တော်ကား တပ်ဆင်ခြင်း၊ အစားအသောက်စည်သွတ်ခြင်း၊ မော်တော်ကားတာယာပြုလုပ် ခြင်းစသည်တို့ဖြစ်၏။ လော့စိန်းဂျလီးမှထွက်သော ရေနံသည် ကယ်လီဖိုးနီးယားပြည်နယ်တစ်ခုလုံးမှထွက်သောရေနံ၏ သုံးပုံတစ်ပုံဖြစ်သည်။ စန်ဂျို့စ်ကွင် ချိုင့်ဝှမ်းမှ ပိုက်လုံးများဖြင့်သွယ်ယူလာသော ရေနံတို့ကို လော့စ်အိန်ဂျယ်လိစ်မြို့ တွင်ချက်သည်။ လော့စ်အိန်ဂျယ်လိစ်မြို့ တွင်ရှိသော စန်ပီဒရိုဆိပ်ကမ်းသည် ပစိ ဖိတ်ကမ်းခြေတွင် ဒုတိယလိုက်သောဆပ်ကမ်းဖြစ်သည်။ လော့စ်အိန်ဂျယ်လိစ်မြို့ တွင် သုံးစွဲသောဓာတ်အားနှင့်ရေကို မိုင် ၂ဝဝ ခန့်ကွာဝေးသော ကော်လိုရာဒိုမြစ်ပေါ်ရှိ ရေကာတာများမှရရှိသည်။ လော့စိန်းဂျလီးမြို့၌ နေထိုင်သောလူဦးရေအနက် မက္ကဆီကန် လူမျိုး၊ ဂျပန်၊ တရုတ်နှင့် ဖီလီပီနိုလူမျိုးများစွာရှိ၍ ယင်းတို့အတွက် သီးခြားရပ်ကွက်များ ပင်ရှိသည်။ ကမ္ဘာတွင် မက္ကဆီကန်တို့၏ ပဉ္စမလိုက်သောမြို့ဟူ၍ ခေါ်နိုင် လောက်အောင်ပင် မက္ကဆီကန်လူမျိုးတို့ စုဝေးနေထိုင်ရာအရပ်ဖြစ်ပေသည်။ လော့စိန်းဂျလီးမြို့ကို စပိန်လူမျိုးတို့ကစတင်တွေ့ရှိ၍ ၁၇၈၁ ခုနှစ်တွင် လူနေအိမ်ခြေတည်ကာနေထိုင်ခဲ့သည်။ မက္ကဆီကိုပိုင် ကာလီဖိုးနီး ယား၏ မြို့တော်လည်း ဖြစ်သည့်အခါဖြစ်ခဲ့သည်။ ၁၈၄၇ ခုနှစ်တွင် အမေရိ ကန်ပြည်ထောင်စု၏ရေတပ်က သိမ်းပိုက်သည်။ ၁၈၅ဝ ပြည့်နှစ်တွင် မြို့ တည်စာချုပ်ကိုရရှိသည်။ လော့စ်အိန်ဂျယ်လိစ်ဟူသောအမည်မှာ စပိန်အမည်ဖြစ် သော အယ်ပွက်ဗလိုဒါနျူအက်စထရာ ဆီနော်ရာ လာရိန်နာဒါ လော့စ်အိန်ဂျယ်လိစ် ဒါပေါ်စီအွန်စူလာကို အတိုကောက်ခေါ်ဝေါ်သောအမည်ဖြစ်သည်။ အမည်၏အဓိပ္ပာယ်မှာ ပေါ်စီအွန်စူလာကောင်းကင်တမန်တို့၏အရှင် ကျွန်ုပ်တို့သခင်မ၏မြို့တော်ဟူ၍ ဖြစ်လေသည်။[၆]

ကိုးကား

  1. Smith၊ Jack။ "A Teflon Metropolis Where No Nicknames Stick"၊ Los Angeles Times၊ October 12, 1989၊ စာ- 1။ October 1, 2011 တွင် ပြန်စစ်ပြီး။ Archived from the original on 13 December 2011။ 
  2. U.S. City Monikers, Tagline Guru website, accessed January 5, 2008
  3. [၁], VOA, accessed June 26, 2014
  4. "Tinseltown" is in reference to the glitz and glamour of the entertainment industry in Los Angeles. More specifically, "Tinseltown" refers to world-famous Hollywood.
  5. Motto ought to be boffo Archived 2 July 2021 at the Wayback Machine., Irvine World News, February 22, 2004. accessed August 11, 2014
  6. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)
{{bottomLinkPreText}} {{bottomLinkText}}
လော့စ်အိန်ဂျယ်လိစ်မြို့
Listen to this article

This browser is not supported by Wikiwand :(
Wikiwand requires a browser with modern capabilities in order to provide you with the best reading experience.
Please download and use one of the following browsers:

This article was just edited, click to reload
This article has been deleted on Wikipedia (Why?)

Back to homepage

Please click Add in the dialog above
Please click Allow in the top-left corner,
then click Install Now in the dialog
Please click Open in the download dialog,
then click Install
Please click the "Downloads" icon in the Safari toolbar, open the first download in the list,
then click Install
{{::$root.activation.text}}

Install Wikiwand

Install on Chrome Install on Firefox
Don't forget to rate us

Tell your friends about Wikiwand!

Gmail Facebook Twitter Link

Enjoying Wikiwand?

Tell your friends and spread the love:
Share on Gmail Share on Facebook Share on Twitter Share on Buffer

Our magic isn't perfect

You can help our automatic cover photo selection by reporting an unsuitable photo.

This photo is visually disturbing This photo is not a good choice

Thank you for helping!


Your input will affect cover photo selection, along with input from other users.

X

Get ready for Wikiwand 2.0 🎉! the new version arrives on September 1st! Don't want to wait?