ရွှေလင်းယုန်
ရွှေလင်းယုန် | |
---|---|
မျိုးရိုးခွဲခြားခြင်း | |
လောက: | Animalia |
မျိုးပေါင်းစု: | Chordata |
မျိုးပေါင်း: | Aves |
Clade: | Accipitrimorphae |
မျိုးစဉ်: | Accipitriformes |
မျိုးရင်း: | Accipitridae |
မျိုးရင်းသေး: | Aquilinae |
မျိုးစု: | Aquila |
မျိုးစိတ်: | A. chrysaetos
|
ဒွိနာမ | |
Aquila chrysaetos (လင်းနီးယပ်၊ ၁၇၅၈)[၂]
| |
အစိမ်းနုရောင် = သားပေါက်ချိန်၌သာ အပြာရောင် = ဆောင်းရာသီ၌သာ | |
Synonyms | |
Falco chrysaëtos လင်းနီးယပ်၊ ၁၇၅၈ |
ရွှေလင်းယုန်သည် မြောက်ကမ္ဘာခြမ်းတွင်နေထိုင်သော လင်းယုန်ငှက်တစ်မျိုးဖြစ်သည်။ ကမ္ဘာတဝှမ်း နေရာအနှံ့အပြား၌ တွေ့ရှိရသော လင်းယုန်မျိုးစိတ်လည်းဖြစ်သည်။ အခြားသော လင်းယုန်ငှက်အားလုံးကဲ့သို့ပင် ရွှေလင်းယုန်သည်လည်း အက်ဆစ်ပီတြီဒီး မျိုးရင်းဝင်ပင်ဖြစ်သည်။ ၎င်းသည် မြောက်ကမ္ဘာခြမ်းရှိ လူသိများကျော်ကြားသော သားရဲငှက်များထဲမှ တစ်မျိုးဖြစ်သည်။
ရွှေလင်းယုန်များ၏ အမွေးအတောင်သည် အညိုရင့်ရောင်ရှိပြီး လည်ကုပ်တွင် ရွှေညိုရောင်အမွေးအတောင်များရှိသည်။ ရွှေလင်းယုန် မျိုးစိတ်၏ အရွယ်မရောက်သေးသော လင်းယုန်ငယ်များတွင် များသောအားဖြင့် အမြီးပေါ်၌ အဖြူရောင်ပါရှိပြီး တောင်ပံပေါ်တွင်လည်း အဖြူရောင် အမှတ်အသားများပါရှိတတ်သည်။
ရွှေလင်းယုန်များသည် ၎င်းတို့၏ သွက်လက်မှု၊ အရှိန်အဟုန်တို့နှင့် ကြီးမားချွန်ထက်သည့် ခြေသည်းအတက်များကို ပေါင်းစပ်ကာ သားကောင်အမျိုးမျိုးကို အမဲလိုက်ဖမ်းယူနိုင်စွမ်းရှိကြသည်။ ရွှေလင်းယုန်များ အစာအာဟာရအလို့ငှါ အမဲလိုက်လေ့ရှိသည့် အဓိကအစာဖြစ်သော သားကောင်များမှာ ယုန်များ၊ ရှဉ့်များဖြစ်ကြပြီး အခြားသော အလတ်စားနှင့် အငယ်စား နို့တိုက်သတ္တဝါများနှင့် ကျောရိုးရှိသတ္တဝါများကိုလည်း အမဲလိုက်လေ့ရှိသည်။[၄]
ကိုးကား
[ပြင်ဆင်ရန်]- ↑ Aquila chrysaetos Linnaeus 1758 (golden eagle) (PBDB)။
- ↑ ၂.၀ ၂.၁ Aquila chrysaetos။ IUCN Red List of Threatened Species. Version 2010.4။ နိုင်ငံတကာ သဘာဝထိန်းသိမ်းစောင့်ရှောက်ရေး အသင်း (2009)။ 27 December 2010 တွင် ပြန်စစ်ပြီး။
- ↑ Appendices | CITES။ 2022-01-14 တွင် ပြန်စစ်ပြီး။
- ↑ Watson, Jeff (2010)။ The Golden Eagle။ A&C Black။ ISBN 978-1-4081-1420-9။
Text is available under the CC BY-SA 4.0 license; additional terms may apply.
Images, videos and audio are available under their respective licenses.