For faster navigation, this Iframe is preloading the Wikiwand page for မြန်မာနိုင်ငံရှိ လူအခွင့်အရေး.

မြန်မာနိုင်ငံရှိ လူအခွင့်အရေး

ဤ ဆောင်းပါးသည် မည်သည့် ကျမ်းညွှန်း (သို့) အကိုးအကား ကိုမှ ရည်ညွှန်းထားခြင်းမရှိပေ။ ကျေးဇူးပြုပြီး စိတ်ချယုံကြည်နိုင်လောက်သော အချက်အလက်ရင်းမြစ် များကို ကိုးကားရည်ညွှန်း၍ ဤဆောင်းပါးကို မွမ်းမံ ပေးပါ။ အကိုးအကားမပါသော အချက်အလက်များသည် စောဒကတက်ခြင်းခံရနိုင်ပြီး ဖယ်ရှားခြင်းပါခံရမည်ဖြစ်သည်။
The neutrality of this article is disputed. Please see the discussion on the talk page.ဤဆောင်းပါး၏ ဘက်မလိုက်မှုသည် အငြင်းပွားဖွယ် ဖြစ်နေသည်။ ဆွေးနွေးချက်ကို ဆွေးနွေးချက်စာမျက်နှာတွင် ကြည့်ပါ။ Please do not remove this message until conditions to do so are met. အငြင်းပွားမှု ဖြေရှင်းပြီးသည့်တိုင်အောင် ကျေးဇူးပြု၍ ဤစာမျက်နှာကို မရွှေ့ပါနှင့်။ (ဤတမ်းပလိတ်စာသားကို မည်သို့ ဖယ်ရှားမည်ဆိုသည်ကို လေ့လာရန်)
ဤဆောင်းပါးသည်
မြန်မာနိုင်ငံ၏
နိုင်ငံရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ

တစိတ်တဒေသ ဖြစ်သည်
 မြန်မာနိုင်ငံ မုခ်ဝ

မြန်မာနိုင်ငံ၏ စစ်အစိုးရအုပ်ချုပ်မှုသည် ယေဘုယျအားဖြင့် ကမ္ဘာပေါ်ရှိ အဆိုးဝါးဆုံး နှင့် အချုပ်ချယ်ဆုံး အစိုးရတစ်ခုအဖြစ် တကမ္ဘာလုံးမှ လက်ခံထားကြသည်။ နိုင်ငံတကာ မိသားစု နှင့် လူ့အခွင့်အရေးအဖွဲ့အစည်းများမှလည်း မြန်မာနိုင်ငံကို စဉ်ဆက်မပျက် စိုးရိမ်ကြောင့်ကြခဲ့ကြသည်။

ကမ္ဘာပေါ်တွင် လွတ်လပ်မှု ၂ဝဝ၄ ခေါ်သည့် လွတ်လပ်ခွင့် အိမ်၏ အစီရင်ခံစာတွင် 'စစ်အစိုးရသည် အမိန့်ဒီကရီအရ အုပ်ချုပ်ပျီးတရားစီရင်ရေးကို ကြိုးကိုင်ခြင်း၊ အခြေခံအခွင့်အရေးများကို ဖိနှိပ်ချုပ်ချယ်ခြင်း၊ လူ.အခွင့်အရေးများကို အတားအဆီးမဲ့ ချိုး ဖေါက်ခြင်းတို့ကို ကျူးလွန်လျက် ရှိသည်။ 'တပ်မတော် အရာရှိများသည် ဝန်ကြီး နေရာများကို ရယူထား ကြသည်။ ဝန်ကြီးဌာနအားလုံးတွင် လက်ရှိနှင့် အငြိမ်းစား တပ်မတော် အရာရှိကြီးများက ထိပ်ပိုင်း ဝန်ကြီး နေရာများကို ရယူထား ကြသည်။ အထက်ပိုင်းရာထူးများနှင့် အောက်ခြေရာထူးများတွင် တရားဝင်လာဘ်စား ခြစါးမှုမှာ ကျယ်ပြန့် စွာတွေ့ရှိရသည်' ဟု ဖော်ပြထားသည်။

၂ဝဝ၄ ခုနှစ်က လူ.အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ.၏ အာရှဆိုင်ရာ ဒါရိုက်တာ ဘရက်အဒမ်၏ မိန့်ခွန်းတစ်ခုတွင် မြန်မာနိုင်ငံ၏ လူ.အခွင့်အရေး မှာ များစွာမှ ဆိုးဆိုးရွားရွား အခြေအနေတွင် ရှိနေကြောင်း ဖော်ပြပြီး 'မြန်မာနိုင်ငံသည် ကျောင်းသုံး ပြဋ္ဌာန်းစာအုပ်ပါ ရဲဖြင့် အကြွင်းမဲ့ အာဏာသုံး၍ အုပ်ချုပ်သော နိုင်ငံအဖြစ် ဖော်ပြထားသည်။ အစိုးရ သတင်း ပေးနှင့် သူလျှိုများသည် နေရာတကာတွင် ရှိသည်။ သာမန် မြန်မာပြည်သူတစ်ဦးသည် နိုင်ငံခြါးသားများနှင့် အပေါ်ယံမျှသာ ပြောဆိုရဲကြသည်။ နောက်ပိုင်းတွင် ခေါ်ယူမေး မြန်းစစ်ဆေးခံရမှာကိုလည်း ကောင်း၊ ထို့ထက်ပိုဆိုး သော အဖြစ် ရင်ဆိုင်ရမှာကိုလည်း ကောင်း ကြောက်ကြသည်။ လွတ်လပ်စွာ ပြောဆိုခွင့်၊ စုဝေးခွင့်နှင့် အသင်းအပင်း ဖွဲ.ခွင့်များ မရှိပေ'။

ပုဂ္ဂိုလ်ရေးလွတ်လပ်မှု

အဓမ္မလုပ်အား ပေး ခြင်း

နိုင်ငံတကာ လွတ်လပ်သည့် အလုပ်သမားများ၏ သမဂ္ဂများအဖွဲ.၏ အဆိုအရ စစ်အစိုးရသည် ထောင်ပေါင်းများစွာသော ယောက်ျား၊ မိန်းမ၊ ကလေးများနှင့် သက်ကြီးရွယ်အိုများအား မိမိတို့ဆန္ဒမပါဘဲ လုပ်အား ပေး စေသည်။ ငြင်းဆန်သူများသည် ညှင်းပန်းနှိပ်စက်ခြင်း၊ မုဒိမ်းကျင့် ခြင်းနှင့်သတ်ဖြတ်ခြင်းများ ခံရသည်။

နိုင်ငံတကာ အလုပ်သမားသမဂ္ဂ ကြီးက ၁၉၆ဝ ပြည့်လွန်နှစ်များမှစ၍ အခမဲ့ လုပ်အား ပေးခိုင်းသည့် အလေ့အထရပ်တန့်ပစ်ရန် ဆက်တိုက်ပန်ကြားခဲ့ သည်။ ၂ဝဝဝ ပြည့်နှစ် ဇွန်တွင် အိုင်အယ်လ်အို အစည်းအဝေးကြီးက စစ်အစိုးရအား အဓမ္မလုပ်အား ပေးမှု အထောက်အကူမဖြစ်စေရန် စစ်အစိုးရနှင့် အဆက်အသွယ်များ ရပ်တန့်ကြရန် ဆုံး ဖြတ်ချက်ချမှတ်ခဲ့သည်။

လွတ်လပ်စွာပြောဆိုခွင့်နှင့် နိုင်ငံရေးလွတ်လပ်ခွင့်

၂ဝဝ၄ ခုနှစ်က နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်၏ အစီရင်ခံစာတွင် ၁၉၈၉ နှင့် ၂ဝဝ၄ ခုနှစ်အတွင်း နိုင်ငံရေးအကျဉ်းသား ၁၃ဝဝ ကျော် ထဲတွင် အပါအဝင်ဖြစ်သည့် လူ ၂ဝဝ ကျော်သည် တရားမျှတမှုမရှိဘဲ ရုံးတင်စစ်ဆေးပြီး ထောင်ချခံရသည်ဟု ဖော်ပြပါရှိသည်။ အကျဉ်းသားများအနက် အမျိုးသား ဒီမိုကရေစီအဖွဲ.ချုပ်၏ ခေါင်း ဆောင်များ ဖြစ်ကြသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးတင်ဦးတို့သည် 'နိုင်ငံတကာဥပဒေအရ ပြစ်မှုဟုမယူဆသည့် ငြိမ်းချမ်းစွာ လုပ်ဆောင်ချက်များအတွက် သူတို့၏ လွတ်လပ်ခွင့်များကို ငြင်းပယ်ခံထားရသည်' ဟူ၍ ဖော်ပြသည်။

ဖရီးဒမ်း ဟောက်စ် အစီရင်ခံစာက ဆက်လက်၍ ပြည်သူများ၏ ပိုင်နက်အိုးအိမ်များကို စိတ်ထင်တိုင်းရှာဖေွ မေွှနှောက်ခြင်း၊ စာတိုက်မှ စာများကို ဖေါက် ဖတ်ခြင်း၊ တယ်လီဖုန်း စကား ပြောသည်ကို ခိုးနါး ထောင်ခြင်း၊ တယ်လီဖုန်း၊ ဖက်စ်စက်၊ ကွန်ပျူတာစက်များ၊ မိုဒမ်များနှင့် ဆော့ဖ်ဝဲများ ပိုင်ဆိုင်မှု တို့ကို ပြစ်ဒဏ်ချမှတ်ခြင်းများ ပြုလုပ်သည်။

နိုင်ငံတော်မှ ကြီး ကြပ်သော ညှင်းပန်းနှိပ်စက်မှုနှင့် မုဒိမ်းမှု

၂ဝဝ၂ ခုနှစ်က ရှမ်းလူ့အခွင့်အရေး ဖောင်ဒေးရှင်းနှင့် ရှမ်းအမျိုးသမီးများလှုပ်ရှားမှု ကွန်ရက်တို့၏ အစီရင်ခံစာဖြစ်သည့် မုဒိမ်းကျင့်ခွင့်လိုင်စင် အစီရင်ခံစာတွင် ရှမ်း ပြည်တွင် ၁၉၉၆ နှင့် ၂ဝဝ၁ ခုနှစ်များအကြား မြန်မာတပ်သားများက အမျိုးသမီးနှင့် မိန်းကလေး ၆၂၅ ယောက်အပေါ် ကျူးလွန် ခဲ့သော မုဒိမ်းမှုနှင့် အခြားလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုပေါင်း ၁၇၃ မှုအား အသေးစိတ်ဖော်ထုတ်ထားသည်။ စာတမ်း ပြုစုသူများက ဤအရေအတွက်သည် အဖြစ်မှန်ထက် လျော့နည်းစရာသာ ရှိသည်ဟု ဆိုသည်။ အစီရင်ခံစာအရ 'မြန်မာ့တပ်မတော်သည် ရှမ်းတိုင်းရင်းသားများအား ကြောက်ရွံ့ချောက်ချားစေပြီး ဖိနှိပ်သိမ်းသွင်းရန် မိမိ၏စစ်သားများအား စနစ်တကျနှင့် ကျယ်ပြန့်စွာ လွတ်လွပ်လပ်လပ် မုဒိမ်းကျင့်သည်ကို ခွင့်ပြုထား ခြင်း ဖြစ်သည်' ဟု ဖော်ပြ အစီရင်ခံစာက ပုံဖော်သည်မှာ လိင်ဆိုင်ရာ အကြမ်းဖက်မှုသည် ကြမ်း ကြုတ်ရက်စက်သည့် စစ်ရာဇဝတ်ဖြစ်ပြီးလူသားမျိုးနွယ်အပေါ် ရာဇဝတ်ပြစ်မှု ကျူးလွန်ခြင်း ဖြစ်သည်။ ထိုရာဇဝတ်မှုများ ရှမ်း ပြည်နယ်တွင် တကယ်ဖြစ်ခဲ့ပြီး ဆက်၍လည်း ဖြစ်နေကြောင်း အစီရင်ခံစာက ဖော်ပြထားသည်။ အစီရင်ခံစာက ရှမ်း ပြည်တွင် အရပ်သား ပြည်သူများအပေါ် တွင်လိင်ဆိုင်ရာရက်စက်ကြမ်း ကြုတ်မှုကို 'စစ်လက်နက်တစ်ခုသဖွယ်' အသုံး ပြုမှုကို တရားဝင်လျစ်လျူရှုထား ကြောင်း သာဓကများ ဖော်ပြထားသည်။ ဆက်လက်၍ အစီရင်ခံစာက ၂၅ ရာခိုင်နှုန်း သော မုဒိမ်းမှုများတွင် သေကျေမှုရှိပြီး ဒေသခံများ မြင်ရစေရန် အလောင်းများအား တမင် ပြသထားသည်။ ၆၁ ရာခိုင်နှုန်း သော ဖြစ်ရပ်များတွင် တပ်မတော်စခန်းများအတွင်း အုပ်စုဖြင့် ကျူးလွန်ကြပြီး အချို့ကိစ္စများတွင် အမျိုးသမီးများအား ၄ လခန့်ထိန်းသိမ်းကာ ထပ်ခါတလဲလဲ မုဒိမ်းကျင့်ခြင်းကို ပြုလုပ်ကြသည်။

၂ဝဝ၃ ခုနှစ် 'လုံခြုံသောနေရာမရှိ၊ ဗမါ့တပ်မတော်နှင့် တိုင်းရင်းသူအမျိုးသမီးများအား မုဒိမ်းကျင့်ခြင်း' ဟူသည့် ဒုက္ခသည် နိုင်ငံတကာအဖွဲ.၏ အစီရင်ခံစာက မုဒိမ်းကျင့်ခြင်းကို မြန်မာတပ်မတော်က လူနည်းစု တိုင်းရင်းသားငါးမျိုးမှ အမျိုးသမီးများအပေါ် ကျယ်ပြန့်စွာ ကျင့်သုံး သည်ကို တွေ့ရှိရကြောင်း မှတ်တမ်းတင်ထားသည်။

လူ့အခွင့်အရေးအဖွဲ့ဖြစ်သည့် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်က နိုင်ငံရေးအကျဉ်းသားအပါအဝင် အကျဉ်းကျများအား ညှင်းပန်းနှိပ်စက် ခြင်းကိစ္စများကိုပါ အစီရင်ခံထားသည်။

၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းမှုဖြစ်စဉ်တွင်မူ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့သူများကို ရက်စက်စွာ နှိမ်နင်းခဲ့မှုကြောင့် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်နေ့တွင် အမေရိကန်နှင့် ဩစတြေးလျနိုင်ငံက မြန်မာနိုင်ငံသို့ ခရီးသွားရန် မသင့်ဟု ထုတ်ပြန်ခဲ့သည်။

ကလေးများအခွင့်အရေး

လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့၏ အဆိုအရ[၁] စစ်တပ်ထဲသို့ ကလေးများ ဝင်စေခြင်းနှင့် ပြန်ပေးဆွဲခြင်းများသည် အဆန်းတကြယ် မဟုတ်တော့ပေ။ နိုင်ငံ၏ တပ်ဖွဲဝင် ၃၅ဝ,ဝဝဝ မှ ၄ဝဝ,ဝဝဝ အနက်မှ ခန့်မှန်း ခြေ ၇ဝ,ဝဝဝ ခန့်မှာ ကလေးစစ်သားများ ဖြစ်သည်။ ကလေး လုပ်အား ပေးခိုင်း စေခြင်း သတင်းများလည်း ထွက်ပေါ်လျက်ရှိသည်။

ကလေးစစ်သားများ

တပ်မတော်တွင်သာမက မြန်မာအစိုးရဆန့်ကျင်ရေး လက်နက်ကိုင်လှုပ်ရှားမှုများတွင် ကလေးစစ်သားများသည် အရေးပါသော နေရာမှ ပါဝင်ခဲ့သည်။ ကလေးများအား စစ်တပ်တွင်းသို့ ဒေါ်လာ ၄၀ ခန့်နှင့် ဆန်တစ်အိတ် သို့မဟုတ် ဆီတစ်ပုံးဖြင့် ရောင်းချခံနေရကြောင်း ၂၀၁၂ ခုနှစ် ဇွန်လတွင် The Independent က ဖော်ပြခဲ့သည်။[၂] ကလေးများနှင့် လက်နက်ကိုင်ပဋိပက္ခများဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်ဖြစ်သူ Radhika Coomaraswamy သည် ၂၀၁၂ ခုနှစ် ဇူလိုင် ၅ ရက်နေ့တွင် မြန်မာအစိုးရနှင့် တွေ့ဆုံခဲ့ကာ ပြောင်းလဲရေးအတွက် အချက်ပြမှုအဖြစ် ဆောင်ရွက်ရန်လုပ်ငန်းစဉ်ကို အစိုးရမှ လက်မှတ်ရေးထိုးနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ပြောဆိုခဲ့သည်။[၃]

၂၀၁၂ ခုနှစ် စက်တင်ဘာလတွင် တပ်မတော်သည် ကလေးစစ်သား ၄၂ ဦးကို ပြန်လည်လွှတ်ပေးခဲ့ပြီး အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့သည် အစိုးရကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးခဲ့ကြသလို ကချင်လွတ်မြောက်ရေးတပ်မတော်နှင့်လည်း တွေ့ဆုံခဲ့ကာ ကလေးစစ်သားများ ထပ်မံလွှတ်ပေးနိုင်ရန် ဆွေးနွေးခဲ့ကြသည်။[၄] အမေရိကန် ကိုယ်စားလှယ် ဆမန်သာ ပါဝါ သည် ၂၀၁၂ ခုနှစ် အောက်တိုဘာလတွင် အစိုးရနှင့် တွေ့ဆုံပြီး ကလေးစစ်သားများအရေးကို အရေးပေးဆွေးနွေးခဲ့သော်လည်း အစိုးရ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များအပေါ် မှတ်ချက် မပေးခဲ့ပေ။[၅]

၂၀၁၂ ခုနှစ် နောက်ပိုင်းတွင် ကလေးများအား စစ်တပ်ထဲသို့ ဝင်စေခြင်းနှင့် ပြန်ပေးဆွဲခြင်းများလည်းမရှိတော့ပဲ အသက်၁၈နှစ်မပြည့်သေးသော သူများကိုမိဘထံသို့ ပြန်လည်အပ်နှံကာ အခြေခံပညာနှင့် အသက်မွေးဝမ်းကျောင်းပညာရပ်များကို သင်ကြားစေသည်။


ကိုးကား

  1. "My Gun Was as Tall as Me" : Child Soldiers in Burma, Human Rights Watch, October 2002, ISBN 1-56432-279-3
  2. "Two Burmese children a week conscripted into military, UN-verified accounts of child soldiers undermine junta's assurances on democratic reforms" Archived 4 February 2017 at the Wayback Machine., Jerome Taylor, The Independent, 19 June 2012
  3. "Press Conference on Action Plan to End Recruitment of Child Soldiers in Myanmar", United Nations (New York), 5 July 2012
  4. "ILO in Talks with Kachins over Child Soldiers", Lawi Weng, The Irrawaddy, 5 September 2012
  5. Samantha Power။ Supporting Human Rights in Burma | The White House။ Whitehouse.gov။ 20 November 2012 တွင် ပြန်စစ်ပြီး။
{{bottomLinkPreText}} {{bottomLinkText}}
မြန်မာနိုင်ငံရှိ လူအခွင့်အရေး
Listen to this article

This browser is not supported by Wikiwand :(
Wikiwand requires a browser with modern capabilities in order to provide you with the best reading experience.
Please download and use one of the following browsers:

This article was just edited, click to reload
This article has been deleted on Wikipedia (Why?)

Back to homepage

Please click Add in the dialog above
Please click Allow in the top-left corner,
then click Install Now in the dialog
Please click Open in the download dialog,
then click Install
Please click the "Downloads" icon in the Safari toolbar, open the first download in the list,
then click Install
{{::$root.activation.text}}

Install Wikiwand

Install on Chrome Install on Firefox
Don't forget to rate us

Tell your friends about Wikiwand!

Gmail Facebook Twitter Link

Enjoying Wikiwand?

Tell your friends and spread the love:
Share on Gmail Share on Facebook Share on Twitter Share on Buffer

Our magic isn't perfect

You can help our automatic cover photo selection by reporting an unsuitable photo.

This photo is visually disturbing This photo is not a good choice

Thank you for helping!


Your input will affect cover photo selection, along with input from other users.

X

Get ready for Wikiwand 2.0 🎉! the new version arrives on September 1st! Don't want to wait?