For faster navigation, this Iframe is preloading the Wikiwand page for မေ ၂၀၁၅ နီပေါ ငလျင်.

မေ ၂၀၁၅ နီပေါ ငလျင်

မေ ၂၀၁၅ နီပေါ ငလျင်
မေ ၂၀၁၅ နီပေါ ငလျင် သည် နီပေါနိုင်ငံ တွင် တည်ရှိသည်
မေ ၂၀၁၅ နီပေါ ငလျင်
UTC အချိန်??
ရက်စွဲ *၁၂ မေ ၂၀၁၅ (၂၀၁၅-၀၅-၁၂)
မူလ အချိန် *၁၂:၃၅:၁၉ နီပေါစံတော်ချိန်
အတိုင်းအတာ၇.၃ Mw[]
အနက်၁၈.၅ km (၁၁.၅ mi)
အမျိုးအစားပြတ်ရွေ့ကြော တိုးထွက်ခြင်း[]
သက်ရောက်ဧရိယာ
Aftershocks၅.၇Mw (၂၀၁၅-၀၅-၁၆ ၁၁:၃၄:၁၀ (UTC) အချိန်)[][]
ထိခိုက်သေကြေမှုများ၂၁၈ ဦး သေဆုံး
၃,၅၀၀+ ဒဏ်ရာရ
Deprecated See documentation.

၂၀၁၅ ခုနှစ် မေလ ၁၂ ရက်နေ့ နီပေါစံတော်ချိန် ၁၂:၃၅ နာရီတွင် ပြင်းအား ၇.၃ မဂ္ဂနီကျူ့ရှိ ငလျင်ကြီးတစ်ခုသည် နီပေါနိုင်ငံ ဆင်ဒူပါချုပ်ခရိုင် ကိုဒါရီရွာ၏ အရှေ့တောင်ဘက် ၁၈ ကီလိုမီတာ (၁၁ မိုင်) အကွာ၊ မြေအနက် ၁၈.၅ ကီလိုမီတာ (၁၁.၅ မိုင်) ကိုဗဟိုပြု၍ လှုပ်ခတ်သွားခဲ့သည်။ ငလျင်ဗဟိုချက်မှာ ဒိုလာခါခရိုင်နှင့် ဆင်ဒူပါချုပ်ခရိုင် နယ်နမိတ်တွင် ဖြစ်သည်။ ယခုငလျင်သည် ဧပြီ ၂၅ ရက်တွင် လှုပ်ခတ်ခဲ့သော ၇.၈ မဂ္ဂနီကျူ့ရှိ ငလျင်ကြီးနှင့် ပြတ်ရွေ့ကြော တစ်ခုတည်းပင်ဖြစ်ပြီး ယခင်လှုပ်ခတ်ခဲ့သောနေရာ၏ အရှေ့ဘက်တွင် ဖြစ်ပွားခဲ့သည်။[] ထို့အတွက်ကြောင့် ၂၅ ဧပြီငလျင်၏ နောက်ဆက်တွဲငလျင်တစ်ခုအဖြစ် ယူဆနိုင်သည်။[] တုန်ခါမှုကို အိန္ဒိယနိုင်ငံရှိ ဘီဟာပြည်နယ်ဥတ္တရပဒေသပြည်နယ်၊ အနောက်ဘင်္ဂလားပြည်နယ်များနှင့် အခြား အိန္ဒိယပြည်နယ်များတွင်ပါ သိရှိခံစားခဲ့ကြသည်။[] ငလျင်ဗဟိုချက်နှင့် ၂,၄၀၀ ကီလိုမီတာအကွာတွင်ရှိသော ချန်နိုင်းမြို့အထိပါ ငလျင်တုန်ခါမှုကို ခံစားခဲ့ရသည်။[][]

မိနစ်အနည်းငယ်ကြာပြီးနောက် ခတ္တမန္ဒူမြို့ အရှေ့ဘက်ရှိ ရမ္မချက်မြို့ကို ဗဟိုပြု၍ ၆.၃ မဂ္ဂနီကျူ့ရှိ နောက်ထပ်ငလျင်တစ်ခု ထပ်မံလှုပ်ခတ်သွားခဲ့သည်။ ငလျင်လှုပ်ခါမှုကို ဘင်္ဂလားဒေ့ရှ်တရုတ်နှင့် အိန္ဒိယနိုင်ငံရှိ ပြည်နယ်အတော်များများတွင် သိရှိခံစားခဲ့ကြသည်။[] ငလျင်လှုပ်ရာနေရာနှင့် ၁,၀၀၀ ကီလိုမီတာအကွာတွင်ရှိသော အိန္ဒိယနိုင်ငံ၏ မြို့တော် နယူးဒေလီမြို့အထိ တုန်ခါမှုကို ခံစားခဲ့ရသည်။[၁၀]

ပျက်စီးမှုများနှင့် ထိခိုက်သေဆုံးမှုများ

[ပြင်ဆင်ရန်]
USGS ShakeMap
ငလျင်ကြောင့် ကာလကတ္တားမြို့တွင် ရုံးများရှိဝန်ထမ်းများ ဘေးလွတ်ရာထွက်ခွာကြစဉ်
နိုင်ငံအလိုက် ထိခိုက်သေဆုံးမှုများ
နိုင်ငံ သေဆုံး ဒဏ်ရာရ ရည်ညွှန်း
 နီပေါ ၁၅၃ ၃,၂၅၇ [၁၁]
 အိန္ဒိယ ၆၂ ~၂၀၀ [၁၁]
 ဘင်္ဂလားဒေ့ရှ် ~၁၅၀ [၁၁]
 တရုတ် [၁၁]
စုစုပေါင်း ၂၁၈ ၃,၅၀၀+

ဧပြီ ၂၅ ငလျင်အပြီး နောက်ဆက်တွဲငလျင်များကြောင့် လူများကို စိုးရိမ်ထိတ်လန့်နေခဲ့ပြီး လူအများစုမှာ ကွင်းပြင်များတွင်သာ နေထိုင်လျက်ရှိသည်။[၁၂] "ပထမဆုံး စက္ကန့်ပိုင်းတွေက လုံးဝကို ငြိမ်သက်နေမိပါတယ်။ ငါးစက္ကန့်လောက်နေတော့ လူအားလုံး ကြောက်လန့်တကြား အော်ဟစ်ကြပါတော့တယ်" ဟု မျက်မြင်သက်သေတစ်ဦးက ပြောကြားခဲ့သည်။ "ဒါက တကယ်၊ တကယ်ကို ပြင်းထန်ပါတယ်။ လှုပ်တာရပ်သွားတာတောင်မှ လူတွေက အော်နေကြတုန်းပဲ။"[၁၃] လှုပ်ခါမှုကြောင့် မြေပြိုမှုများဖြစ်ပေါ်ခဲ့ကာ ပထမငလျင်လှုပ်စဉ်က မပျက်စီးပဲကျန်နေသော အဆောက်အအုံအချို့ကို ပျက်စီးစေခဲ့သည်။[၁၃]

နီပေါနိုင်ငံတွင် အနည်းဆုံး လူ ၁၁၇ ဦးခန့် သေဆုံးခဲ့ပြီး ၂,၅၀၀ နီးပါးဒဏ်ရာရရှိခဲ့ကြသည်။ အများစုမှာ အရှေ့မြောက်ဘက်ပိုင်း တောင်တန်းဒေသများမှဖြစ်ကြသည်။[၁၄][၁၅] မေလ ၁၅ ရက်နေ့အထိ လူပေါင်း ၁,၇၀၀ ခန့်မှာ ထိခိုက်ဒဏ်ရာရမှုများအတွက် ဆေးကုသမှုများ ခံယူနေရဆဲဖြစ်သည်။[၁၅] နိုင်ငံ၏ ၇၅ ခရိုင်အနက် ၃၂ ခရိုင်တွင် ငလျင်ဒဏ် ခံစားခဲ့ရသည်။ ခတ္တမန္ဒူမြို့၏ လမ်းများပေါ်တွင် အဆောက်အအုံများမှ ထွက်ပြေးလာခဲ့သော လူများနှင့် လျင်မြန်စွာ ပြည့်နှက်သွားခဲ့သည်။ ငလျင်လှုပ်ပြီး နာရီအနည်းငယ်အကြာတွင် အဆောက်အအုံတွင်းနေထိုင်ရန် စိုးရိမ်မှုများကြောင့် မြို့ရှိကွင်းပြင်များတွင် ယာယီတဲများ ပြည့်နှက်သွားခဲ့သည်။ ဆင်ဒူပါချုပ်ခရိုင်မှာ ထိခိုက်ပျက်စီးမှု အများဆုံးဖြစ်သည်။ ငလျင်နှစ်ခုကြောင့် လူနေအိမ်များ ၉၅% ခန့် ပျက်စီးခဲ့သည်။[၁၅] ဧဝရတ်တောင်အနီးတဝိုက် နေရာဒေသများတွင်လည်း အပျက်အစီးများ ဖြစ်ပေါ်ခဲ့သည်။[၁၃]

အိန္ဒိယနိုင်ငံတွင် လူများ နေအိမ်နှင့် အလုပ်နေရာများမှ စွန့်ခွာထွက်ပြေးလာမှုများကြောင့် ဒေလီမြေအောက်ရထားလိုင်းများ ခတ္တရပ်တန့်သွားခဲ့ရသည်။[၁၂] ငလျင်ကြောင့် အိန္ဒိယနိုင်ငံတွင် အနည်းဆုံး လူ ၁၇ ဦးခန့် သေဆုံးခဲ့သည်။ ဘီဟာပြည်နယ်တွင် ၁၆ ဦးနှင့် ဥတ္တရပဒေသပြည်နယ်တွင် တစ်ဦး သေဆုံးခဲ့သည်။

တရုတ်နိုင်ငံ၊ တိဗက်ဒေသတွင် ကားကို ကျောက်တုံးများထိမှန်ခဲ့မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်။[၁၃]

ဗဟိုနီပေါတွင် ကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်နေသော အမေရိကန် မရင်းတပ်သား ခြောက်ဦးနှင့် နီပေါစစ်သား နှစ်ဦး လိုက်ပါလာသည့် အမေရိကန်စစ်တပ်၏ ရဟတ်ယာဉ် UH-1 Huey တစ်စီးမှာ ပေျာက်ဆုံးလျက်ရှိသည်။[၁၆] မေလ ၁၄ ရက်နေ့တွင် ဂေါ်သာလီဒေသတွင် လောင်ကျွမ်းပျက်စီးနေသော ရဟတ်ယာဉ် အပျက်အစီးများကို တွေ့ရှိခဲ့ကြသည်။[၁၇] ပျက်ကျရာနေရာမှ ရုပ်အလောင်း သုံးခုကိုလည်း တွေ့ရှိခဲ့ရသည်။[၁၅] မေလ ၁၆ ရက်နေ့တွင် ရုပ်အလောင်း စုစုပေါင်း ရှစ်ခု ကို ရှာဖွေတွေ့ရှိခဲ့သည်။ ပင်တဂွန် ပြောရေးဆိုခွင့်ရှိသူ စတိဗ် ဝါရန် က ရဟတ်ယာဉ် ပျက်ကျရခြင်း အကြောင်းရင်းကို မသိရှိရသေးသော်လည်း အနားရှိ အိန္ဒိယရဟတ်ယာဉ်မှ လောင်စာပြဿနာအကြောင်း ရေဒီယိုပြောကြားချက်ကို ကြားရခဲ့ကြောင်း ပြောဆိုခဲ့သည်။[၁၈]

ကယ်ဆယ်ရေးလုပ်ငန်းများ

[ပြင်ဆင်ရန်]
နီပေါနိုင်ငံသားများ ယာယီတဲများတွင် နေထိုင်နေကြစဉ်

နီပေါနိုင်ငံစစ်တပ်မှ အိန္ဒိယနိုင်ငံ စစ်တပ်နှင့် ပူးပေါင်းကာ အကူအညီပေးရေးဖြစ်သော Sankat Mochan စစ်ဆင်ရေးကို ဆက်လက်လုပ်ဆောင်လျက်ရှိသည်။ ခိုကိုးရာမဲ့ဖြစ်နေသူများကို ကယ်ဆယ်ခြင်း၊ အကူအညီပစ္စည်းများ တန်နှင့်ချီကာ ပေးအပ်ခြင်းများကို ဆောင်ရွက်နေသည်။[၁၉]

ကိုးကား

[ပြင်ဆင်ရန်]
  1. ၁.၀ ၁.၁ ၁.၂ ၁.၃ M7.3 - 18km SE of Kodari, Nepal။ USGS Earthquake Hazards Program။
  2. ၂.၀ ၂.၁ ၂.၂ Fresh earthquake kills scores in Nepal and IndiaYahoo News (12 May 2015)။ 13 May 2015 တွင် ပြန်စစ်ပြီး။
  3. Greg Botelho and Jethro Mullen, CNN (12 May 2015)။ Another Nepal earthquake: Deaths in 3 nations - CNN.comCNN။ 13 May 2015 တွင် ပြန်စစ်ပြီး။
  4. M5.7 - 24km N of Ramechhap, Nepalusgs.gov။ 17 May 2015 တွင် ပြန်စစ်ပြီး။
  5. Mild tremors in Bihar as 5.7 magnitude earthquake hits NepalThe Indian Express (16 May 2015)။ 17 May 2015 တွင် ပြန်စစ်ပြီး။
  6. "7.3 Magnitude Earthquake hits North India including Bihar"၊ news.biharprabha.com၊ 12 May 2015။ 12 May 2015 တွင် ပြန်စစ်ပြီး 
  7. "Mild tremors in Chennai too"၊ The Hindu၊ 12 May 2015။ 
  8. "Ttremors felt in Chennai"၊ Times of India၊ 12 May 2015။ 
  9. Nepal earthquake, magnitude 7.3, strikes near Everest။ BBC News (12 May 2015)။
  10. "Nepal Earthquake on 12 May 2015: Magnitude, Epicenter, Damages and Relief Operations"၊ news.biharprabha.com၊ 12 May 2015။ 12 May 2015 တွင် ပြန်စစ်ပြီး 
  11. ၁၁.၀ ၁၁.၁ ၁၁.၂ ၁၁.၃ Deadly Nepal Gorkha/Kodari earthquakes – 771,000 students affected – 8,871 people dead & list of names။ 24 December 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 20 May 2015 တွင် ပြန်စစ်ပြီး။
  12. ၁၂.၀ ၁၂.၁ "LIVE: 42 killed, over 1000 injured in Nepal earthquake; toll in India rises to 17"၊ The Indian Express၊ 12 May 2015။ 12 May 2015 တွင် ပြန်စစ်ပြီး 
  13. ၁၃.၀ ၁၃.၁ ၁၃.၂ ၁၃.၃ Greg Botelho။ "Dozens dead after another major earthquake centered in Nepal"၊ CNN၊ 13 May 2015။ 13 May 2015 တွင် ပြန်စစ်ပြီး 
  14. Manesh Shrestha။ "Death toll from this week's Nepal earthquake rises above 125"၊ CNN၊ 14 May 2015။ 14 May 2015 တွင် ပြန်စစ်ပြီး 
  15. ၁၅.၀ ၁၅.၁ ၁၅.၂ ၁၅.၃ Manesh Shrestha။ "Nepal's latest earthquake: Death toll climbs above 100"၊ CNN၊ 15 May 2015။ 15 May 2015 တွင် ပြန်စစ်ပြီး 
  16. Matthew Weaver။ Nepal earthquake: US helicopter reported missing as dozens reported dead – livethe Guardian။ 13 May 2015 တွင် ပြန်စစ်ပြီး။
  17. Minister: 3 bodies found with wreckage of missing U.S. helicopter in Nepal။ CNN။ 13 May 2015 တွင် ပြန်စစ်ပြီး။
  18. Nepal earthquake: Eight bodies recovered at US helicopter crash siteBBC News။ 17 May 2015 တွင် ပြန်စစ်ပြီး။
  19. "Operation Maitri by Indian Army continues after 12 May Earthquake"၊ news.biharprabha.com၊ 12 May 2015။ 12 May 2015 တွင် ပြန်စစ်ပြီး 
{{bottomLinkPreText}} {{bottomLinkText}}
မေ ၂၀၁၅ နီပေါ ငလျင်
Listen to this article

This browser is not supported by Wikiwand :(
Wikiwand requires a browser with modern capabilities in order to provide you with the best reading experience.
Please download and use one of the following browsers:

This article was just edited, click to reload
This article has been deleted on Wikipedia (Why?)

Back to homepage

Please click Add in the dialog above
Please click Allow in the top-left corner,
then click Install Now in the dialog
Please click Open in the download dialog,
then click Install
Please click the "Downloads" icon in the Safari toolbar, open the first download in the list,
then click Install
{{::$root.activation.text}}

Install Wikiwand

Install on Chrome Install on Firefox
Don't forget to rate us

Tell your friends about Wikiwand!

Gmail Facebook Twitter Link

Enjoying Wikiwand?

Tell your friends and spread the love:
Share on Gmail Share on Facebook Share on Twitter Share on Buffer

Our magic isn't perfect

You can help our automatic cover photo selection by reporting an unsuitable photo.

This photo is visually disturbing This photo is not a good choice

Thank you for helping!


Your input will affect cover photo selection, along with input from other users.

X

Get ready for Wikiwand 2.0 🎉! the new version arrives on September 1st! Don't want to wait?