For faster navigation, this Iframe is preloading the Wikiwand page for မန္တလေးတိုင်းဒေသကြီး လွှတ်တော်.

မန္တလေးတိုင်းဒေသကြီး လွှတ်တော်

မန္တလေးတိုင်းဒေသကြီးလွှတ်တော်
ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော်
အမျိုးအစား
အမျိုးအစား
Unicameral
သမိုင်းကြောင်း
တည်ထောင်ခြင်း၃၁ ဇန်နဝါရီ ၂၀၁၁
ခေါင်းဆောင်များ
ဥက္ကဋ္ဌ
လစ်လပ်
၁ ဖေဖော်ဝါရီ ၂၀၂၁ ကတည်းက
ဒုဥက္ကဋ္ဌ
လစ်လပ်
၁ ဖေဖော်ဝါရီ ၂၀၂၁ ကတည်းက
ဖွဲ့စည်းပုံ
အမတ်ဦးရေ၇၆
ရွေးကောက်ခံ ၅၇ ဦး
တပ်မတော်သား ကိုယ်စားလှယ် ၁၉ ဦး
မန္တလေးတိုင်းဒေသကြီးလွှတ်တော် (၂၀၁၅)
နိုင်ငံရေး အုပ်စုများ
     အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (၄၈)*

     တပ်မတော်သား ကိုယ်စားလှယ် (၁၉)
     ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (၈)

     ဒီမိုကရက်တစ်ပါတီ (၁)
ရွေးကောက်ပွဲများ
နောက်ဆုံး ရွေးကောက်ပွဲ
၈ နိုဝင်ဘာ ၂၀၁၅
ဆွေးနွေးရာနေရာ
တိုင်းဒေသကြီးလွှတ်တော် ခန်းမ
မန္တလေးမြို့မန္တလေးတိုင်းဒေသကြီး
ဝက်ဘ်ဆိုဒ်
mandalayregionhluttaw.gov.mm
မှတ်ချက်များ
  • NLD မှ တိုင်းရင်းသားရေးရာ ဝန်ကြီး (ရှမ်း) တစ်ဦးအပါအဝင်

မန္တလေးတိုင်းဒေသကြီးလွှတ်တော် (အင်္ဂလိပ်: Mandalay Region Hluttaw) သည် မြန်မာနိုင်ငံ မန္တလေးတိုင်းဒေသကြီး၏ ဥပဒေပြုလွှတ်တော် တစ်ခုဖြစ်သည်။ လွှတ်တော်တစ်ရပ်တည်းရှိသော လွှတ်တော်အမျိုးအစားဖြစ်ပြီး အမတ်ဦးရေ ၇၆ ဦး (ရွေးကောက်ခံ ၅၇ ဦးနှင့် တပ်မတော်သား ကိုယ်စားလှယ် ၁၉ ဦး) ရှိသည်။

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့် လွှတ်တော်၏ မဲဆန္ဒနယ်အများစုကို အနိုင်ရရှိခဲ့သည်။[၁][၂]

အထွေထွေ ရွေးကောက်ပွဲ ရလဒ်များ (နိုဝင်ဘာ ၂၀၁၅)

[ပြင်ဆင်ရန်]
ပါတီ အမတ်နေရာ +/–
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၄၈ Increase၄၈
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) Decrease၄၇
ဒီမိုကရက်တစ်ပါတီ (DPM) Steady
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) Decrease

အကြီးအကဲများ

[ပြင်ဆင်ရန်]

ဥက္ကဋ္ဌများ စာရင်း

[ပြင်ဆင်ရန်]
ပုံ အမည်
(မွေးဖွား-ကွယ်လွန်)
သက်တမ်း ပါတီ
စတင် ပြီးဆုံး ရက်ပေါင်း
ဦးဝင်းမောင် ၃၁ ဇန်နဝါရီ ၂၀၁၁ ၂၉ ဇန်နဝါရီ ၂၀၁၆ ၁၈၂၄ USDP
ဦးအောင်ကျော်ဦး ၈ ဖေဖော်ဝါရီ ၂၀၁၆ ၃၁ ဇန်နဝါရီ ၂၀၂၁ ၁၈၁၉ NLD

ဒုတိယ ဥက္ကဋ္ဌများ

[ပြင်ဆင်ရန်]
ပုံ အမည်
(မွေးဖွား-ကွယ်လွန်)
သက်တမ်း ပါတီ
စတင် ပြီးဆုံး ရက်ပေါင်း
ဦးအောင်ဌေးကျော် ၃၁ ဇန်နဝါရီ ၂၀၁၁ ၂၉ ဇန်နဝါရီ ၂၀၁၆ ၁၈၂၄ USDP
ဒေါက်တာခင်မောင်ဌေး ၈ ဖေဖော်ဝါရီ ၂၀၁၆ ၃၁ ဇန်နဝါရီ ၂၀၂၁ ၁၈၁၉ NLD

လွှတ်တော်အကြောင်း

[ပြင်ဆင်ရန်]

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်၏အချုပ်အခြာအာဏာကို ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး ဟူ၍ ပိုင်းခြားကျင့်သုံးလျက်ရှိပြီး ဥပဒေပြုရေး အာဏာကို ကျင့်သုံးရာ၌ ပြည်ထောင်စုလွှတ်တော်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်များအား ခွဲဝေအပ်နှင်း ထားသည်။ ပထမအကြိမ် မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကို (၃၁.၁.၂၀၁၁) တွင် စတင်ကျင်းပခဲ့ပြီး ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကို (၈.၂.၂၀၁၆) တွင် စတင်ကျင်းပခဲ့သည်။

တည်နေရာအကျယ်အဝန်း

[ပြင်ဆင်ရန်]

မန္တလေးတိုင်းဒေသကြီးလွှတ်တော်သည် အကျယ်အဝန်းအနေဖြင့် ၅.၀၀ ဧက ဖြစ်ပြီး မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်၊ ၉ လမ်း၊ ၇၀-၇၃လမ်းကြားတွင် တည်ရှိသည်။ ပထမအကြိမ်လွှတ်တော်ကို ၂၄လမ်းနှင့် ၆၅လမ်းထောင့်ရှိ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင် ကျင်းပခဲ့သည်။ ယခုလက်ရှိ လွှတ်တော်ရုံးအသစ်ကို ဒုတိယအကြိမ်သက်တမ်းမှ စတင်အသုံးပြုလျက်ရှိသည်။

၂၀၂၁ခုနှစ် ​ဖေ​ဖော်ဝါရီလအတွင်းက ​တွေ့ရစဉ်

တိုင်းဒေသကြီးလွှတ်တော် ဖွဲစည်းခြင်း

[ပြင်ဆင်ရန်]

မန္တလေးတိုင်းဒေသကြီးလွှတ်တော်ကို မြို့နယ်(၁)မြို့နယ်လျှင် (၂)ဦးကျစီ ရွေးကောက် တင်မြှောက်သည့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၅၆)ဦး၊ နိုင်ငံတော်ရှိ လူဦးရေ စုစုပေါင်း၏ (ဝ.၁) ရာခိုင်နှုန်းနှင့် အထက်ရှိကြောင်း သက်ဆိုင်ရာက သတ်မှတ်ထားသော ရှမ်းတိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်(၁)ဦး၊ လွှတ်တော် ကိုယ်စားလှယ်စုစုပေါင်း၏ သုံးပုံတစ်ပုံနှင့်ညီမျှသော တပ်မတော်သားတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် (၁၉)ဦး၊ စုစုပေါင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် (၇၆)ဦးဖြင့် ဖွဲ့စည်းထားသည်။ လက်ရှိ ဒုတိယအကြိမ်အတွက် လွှတ်တော်ကိုယ်စားလှယ်(၅၇)ဦးမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(၄၉)ဦး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(၇)ဦး၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ) (၁)ဦးတို့ဖြစ်၍ မန္တလေးတိုင်း ဒေသကြီးလွှတ်တော် ကိုယ်စားလှယ်စုစုပေါင်း (၇၆)ဦး ဖြစ်သည်။

တိုင်းဒေသကြီးလွှတ်တော် သက်တမ်း

[ပြင်ဆင်ရန်]

မန္တလေးတိုင်းဒေသကြီးလွှတ်တော်၏ သက်တမ်းမှာ ပြည်သူ့လွှတ်တော် သက်တမ်း နှင့်အညီ (၅)နှစ်ဖြစ်သည်။ ပြည်သူ့လွှတ်တော်၏ သက်တမ်းကုန်ဆုံးသောနေ့တွင် လွှတ်တော်၏ သက်တမ်းသည်လည်း ကုန်ဆုံးသည်။[၃]

တိုင်းဒေသကြီးလွှတ်တော်ရုံး

[ပြင်ဆင်ရန်]

မန္တလေးတိုင်းဒေသကြီးလွှတ်တော်ရုံးကို ၂၀၁၁ခုနှစ် ဇန်နဝါရီလ ၃ရက်နေ့မှစ၍ တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနလက်အောက်တွင် ဖွဲ့စည်းခဲ့သည်။၂၀၁၇ခုနှစ် ဧပြီလ ၁ရက်နေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်ရုံးများပါဝင်သည့် ပြည်ထောင်စုလွှတ်တော်ရုံးပြင်ဆင်ဖွဲ့စည်းခဲ့ပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနလက်အောက်မှ လွှတ်တော်ရုံးဝန်ထမ်းများအား လွှဲပြောင်းဖွဲ့စည်းခဲ့သည်။[၄]

အခြားကြည့်ရန်

[ပြင်ဆင်ရန်]

ကိုးကား

[ပြင်ဆင်ရန်]
  1. Myanmar Times - Election Winners
  2. Myanmar Times - State/Region Hluttaw Results: Graphics။ 5 August 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 28 November 2015 တွင် ပြန်စစ်ပြီး။
  3. "လွှတ်တော်အကြောင်း"၊ မန္တလေးတိုင်းဒေသကြီးလွှတ်တော်။ Archived from the original on 2 October 2020။ 
  4. ကနောင်အင်စတီကျူ။ မန်းတောင်ရိပ်ကလွှတ်တော်

ပြင်ပလင့်ခ်များ

[ပြင်ဆင်ရန်]
{{bottomLinkPreText}} {{bottomLinkText}}
မန္တလေးတိုင်းဒေသကြီး လွှတ်တော်
Listen to this article

This browser is not supported by Wikiwand :(
Wikiwand requires a browser with modern capabilities in order to provide you with the best reading experience.
Please download and use one of the following browsers:

This article was just edited, click to reload
This article has been deleted on Wikipedia (Why?)

Back to homepage

Please click Add in the dialog above
Please click Allow in the top-left corner,
then click Install Now in the dialog
Please click Open in the download dialog,
then click Install
Please click the "Downloads" icon in the Safari toolbar, open the first download in the list,
then click Install
{{::$root.activation.text}}

Install Wikiwand

Install on Chrome Install on Firefox
Don't forget to rate us

Tell your friends about Wikiwand!

Gmail Facebook Twitter Link

Enjoying Wikiwand?

Tell your friends and spread the love:
Share on Gmail Share on Facebook Share on Twitter Share on Buffer

Our magic isn't perfect

You can help our automatic cover photo selection by reporting an unsuitable photo.

This photo is visually disturbing This photo is not a good choice

Thank you for helping!


Your input will affect cover photo selection, along with input from other users.

X

Get ready for Wikiwand 2.0 🎉! the new version arrives on September 1st! Don't want to wait?