For faster navigation, this Iframe is preloading the Wikiwand page for ဘိန်း.

ဘိန်း

ဘိန်း
Opium poppy seed pod exuding latex from a cut
ရင်းမြစ်အပင်ဘိန်းပင်
အပင်၏အစိတ်အပိုင်းအစေး
မူရင်းဇာတိUncertain, possibly Asia Minor, or Spain, southern France and northwestern Africa[၁]
Active ingredients
  • Morphine
  • codeine
  • noscapine
  • papaverine
  • thebaine
အဓိကထုတ်လုပ်သူများ
အဓိက စားသုံးသူများWorldwide (#1: Europe)[၂]
လက်ကားဈေးUS$၃,၀၀၀ per kilogram (as of 2002)
လက်လီဈေးUS$၁၆,၀၀၀ per kilogram (as of 2002)
တရားဝင်မှုအခြေနေ
  • AU: S8 (Controlled drug)
  • CA: Schedule I
  • DE: Anlage III (Special prescription form required)
  • UK: Class A
  • US: Schedule II
  • UN: Narcotic Schedule I

ဘိန်းသည် ဘိန်းသီးမှ ရရှိသော အဆီဖြစ်သည်။ ဘိန်းပင်မှ ဖေဖော်ဝါရီလ ကုန်လောက်တွင် ပန်းများ ပွင့်၍ မိုးမကျမီ အသီးများကောင်းစွာ ကြီးရင့်ကြသည်။ ဘိန်းပင်သည် ပန်းပင်အရွယ် အပင်ငယ်ကလေးများ ဖြစ်သည်။ ပန်းပွင့်များမှာ ဆွတ်ဆွတ်ဖြူ၍ အသီးများမှာ အစိမ်းရောင်ဖြစ်သည်။ ဘိန်းပင်သည် စွတ်စိုသော ရာသီဥတုကို ခံနိုင်ရည်မရှိသည့်အတွက် ဘိန်းသီးများမှ ဘိန်းဆီကို မိုးမကျမီ ထုတ်ယူကြရသည်။


ဘိန်းဆီ ထုတ်ယူပုံမှာ ဘိန်းသီးများ၏ အခွံပေါ်၌ ခြစ်ကြောင်းကလေးများ ပြုလုပ်ပေးရ၍၊ ထိုခြစ်ကြောင်းများမှ ထွက်လာသော ပန်းရောင်ဖြစ်သည့် စေးကပ်ကပ် အဆီကို သိမ်းဆည်းယူရသည်။ ဘိန်းခင်း အလုပ် သမားတို့သည် ၂ ရက်ခြား ၃ ရက်ခြားတစ်ခါ ပင်တိုင်းစေ့ လိုက်ပြီးလျှင် ဘိန်းသီးများကို ခြစ်ပေးရ၍၊ ၂ ကြိမ် မှ ၆ ကြိမ်အထိ ထိုကဲ့သို့ခြားပြီး ခြစ်ပေးရသည်။

ဘိန်းသီးများမှရသော ဘိန်းဆီကို ခွက်ပြားကြီးများတွင်ထည့်၍ ရက်သတ္တ ၄ ပတ်ခန့်နေပူလှန်းပေးသောအခါ ရေခြောက်ခန်းသွားသည့်အတွက် ပျစ်ခဲလာသည်။ ထိုနောက် ပျစ်ခဲနေသော အဆီကို နယ်ပေးရ၍ အလုံးများ ပြုလုပ်ပြီးလျှင် ဘိန်းလုံးများကို လုံးဝ သွေ့ခြောက်သွားသည်အထိ နေပူတွင် ထပ်တလဲလဲ လှန်လှောပြီး လှန်းပေးရပြန်သည်။ သွေ့ခြောက်သွားသောအခါ ဘိန်းလုံးများကို သေတ္တာများတွင်ထည့်၍ ကာလအတော်ကြာအောင် သိမ်း ဆည်းထားလိုက်လေသည်။

ဘိန်းသည် ဆေးဝါးဘက်၌ အလွန်အဖိုးတန် အသုံးဝင်သော ပစ္စည်းဖြစ်သော်လည်း၊ ဘိန်းစားသူ ဘိန်းရှူသူများတွက် အကြီးအကျယ် တိတ်တိတ်ပုန်း ဘိန်းကုန်ကူးမှုများ ရှိခဲ့လေသည်။ ဘိန်းကုန်ကူးသည့် ကိစ္စကို လက်ဝါးကြီးအုပ်လိုမှုကြောင့် ရှေးက ပြည်ထောင်းချင်းချင်း စစ်မက်များပင် ဖြစ်ပွားခဲ့ရဖူးလေသည်။ ဘိန်းသည် လူကို အကျင့်စာရိတ္တများ ပျက်ပြားစေခြင်း၊ စိတ်ဓာတ်ညံ့ဖျင်းစေခြင်း၊ ကျန်းမာရေးချို့တဲ့စေခြင်းစသော ဆိုးကျိုး များကို ပေးတတ်သဖြင့် နိုင်ငံတိုင်းရှိ အစိုးရများက ဘိန်းရောင်းဝယ် သုံးစွဲရေးကို ဥပဒေများဖြင့် ကြပ်မတ်ကာ ကွယ်ထားကြရသည်။ အထူးသဖြင့် တရုတ်နိုင်ငံတွင် ယခင်က ဘိန်းစားသူ ဘိန်းရှူသူ အလွန်ပေါများသည့် အတွက် ဥပဒေဖြင့် ပြင်းထန်စွာ အရေးယူ ပိတ်ပင်ခဲ့ရပေသည်။ ဤသို့အစိုးရ အသီးအသီးက အရေး ယူလျက် ရှိသော်လည်း တိတ်တိတ်ပုန်း ဘိန်းကုန်ကူးသူများနှင့် တိတ်တိတ်ပုန်း ဘိန်းစားသူ ဘိန်းရှူသူများကား ကမ္ဘာအနှံ့တွင် ရှိမြဲရှိကြသေး၏။ သို့သော် ဘိန်းဖြတ်ဆေးရုံများတွင် ကုသပျောက်ကင်းသူများလည်း အများပင် ရှိပေသည်။

ဘိန်းသည် အလွဲသုံးစား ပြုသူတို့ကိုအကျိုးယုတ်စေ နိုင်သည် မှန်သော်လည်း၊ ဆေးဖက်တွင်မူ လူတို့၏ ရောဂါ ဝေဒနာ သက်သာရေးအတွက် အထူးပင် အသုံးဝင်သည်။ ဆေးဖက်တွင် အသုံးပြုပုံမှာ ဘိန်းမှ ဖော်စပ်ရရှိသော အိုပီယိတ်ခေါ် ဆေးတစ်မျိုးကို အိပ်မပျော် နိုင်လောက်အောင် ဝေဒနာ ပြင်းထန်နေသော လူနာတို့၏ ကိုယ်တွင်းသို့ထိုးသွင်း ပေးရသည်။ ထိုအခါ ဘိန်းအရှိန်ကြောင့် ခံစားနေရသည့် ဝေဒနာသက်သာပြီးလျှင် လူနာမှာ ကောင်းစွာ အိပ်ပျော် သွားတော့သည်။

ကမ္ဘာတွင် ဘိန်းကို အကြီးအကျယ် စိုက်ပျိုးသော နိုင်ငံများမှာ အိန္ဒိယ၊ အီရန်၊ တူရကီ၊ မက်ဆီဒိုးနီးယား၊ ဗူလဂေးရီးယား၊ အီဂျစ်၊ အာရှမိုင်းနားနှင့် တရုတ်နိုင်ငံတို့ ဖြစ်ကြသည်။ ဘိန်းခင်းများကို မစိုက်ပျိုးမီ ကောင်းမွန်စွာ ပြုပြင်ပေးရ၍ အိန္ဒိယနိုင်ငံ ဂင်္ဂါမြစ်ရိုးတစ်လျှောက်တွင် အလွန်ကျယ်ဝန်းသော မြေပြန့်ပေါ်၌ စိုက်ပျိုးထားသော ဘိန်းခင်းကြီးများကို တွေ့နိုင်ပေသည်။[၃]


ဘိန်း (ဘိန်းပင်မျက်ရည်၊ achrymapapaveris) သည် ခြောက်သွေ့သော အစေးဖြစ်ပြီး၊ ဘိန်းပင်များ (Papaversomniferum) မှ ရရှိသည်။ ဘိန်းတွင် မော်ဖင်းဓာတ် (ဘိန်းပါသည့် နိုက်ထရိုဂျင် အော်ဂဲနစ်ဒြပ်ပေါင်း) ၁၂ ရာခိုင်နှုန်း အထိပါဝင်ပြီး၊ ဓာတုဗေဒနည်းဖြင့် အဖန်ဖန်လုပ်ဆောင်ခြင်းဖြင့်၊ တရားမဝင်မူးယစ်ဆေး ရောင်းဝယ်ရေးအတွက် ဟီးရိုးအင်းကို ထုတ်လုပ်ပေးသည်။ အစေးတွင် ကိုဒိန်းနှင့် မူးယစ်ပစ္စည်း မပါသည့် နိုက်ထရိုဂျင် ဩဂဲနစ်ဒြပ်ပေါင်းများ ဖြစ်ကြသော ပါပါဗာရင်း၊ သီဘိန်းနှင့် နော်စ်ကပင်းတို့ ပါဝင်သည်။ အစေးကို မရင့်မှည့်သေးသော ဘိန်းသီး(အသီး)အား ခြစ်ခြင်း (သို့မဟုတ် “အစင်းကြောင်းများ” လုပ်ခြင်း)ဖြင့် ၊ အစေးထွက်လာ ပြီး၊ စေးထန်းထန်း အညိုရောင်အစေးများကို အခြောက်ခံခြင်းမှရရှိသည်။ မီကိုနီယမ် (Meconium) သည် ဘိန်းပင်၏ အခြားအစိတ်အပိုင်းများ သို့မဟုတ် ဘိန်းပင်များ၏ မတူညီမျိုးကွဲများမှ ပြုလုပ်ရရှိသည့် ပစ္စည်းများနှင့် ဆက်စပ်နေ သည်ဟု သမိုင်းအရ ရည်ညွှန်းထားသည်။

ခေတ်သစ်ဘိန်းထုတ်လုပ်မှု

ခေတ်သစ် ဘိန်းထုတ်လုပ်မှုသည် ထုတ်လုပ်မှု နှစ်တစ်ထောင်၏ အမြင့်ဆုံး တိုးတက်ဖွံ့ဖြိုးမှု အဆင့်သို့ ရောက်ရှိနေပြီး၊ ယင်းတို့အထဲတွင် အပင်၏မော်ဖင်းဓာတ်ပါဝင်မှု၊ ထုတ်ယူမှုနှင့် အဆင့်ဆင့်ပြုပြင်မှု နည်းပညာများနှင့် သုံးစွဲမှုနည်းပညာများ သည်ပို၍အစွမ်းထက်မှု ဖြစ်လာစေသည်။ အစားအစာ၊ မေ့ဆေးနှင့် ရိုးရာဓလေ့ ကိစ္စရပ်များအတွက် ဘိန်းပင်စိုက်ပျိုးမှုသည် အနည်းဆုံး ကျောက်ခေတ်နှောင်းပိုင်း ကာလများမှ စတင်ခဲ့သည်။ ဆူမာရီးယန်း၊ အက်ဆီးရီးယန်း၊ အီဂျစ်ရှင်း၊ မီနိုအန်း၊ ဂရိ၊ ရောမ၊ ပါရှင်းနှင့် အာရပ်အင်ပိုင်ယာများနိုင်ငံများ၊ တစ်နိုင်ငံချင်းသည် ဘိန်းသုံးစွဲမှုကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ခဲ့ကြသည်။

ဘိန်းကို ထိုအချိန်က အလွယ်တကူ ရရှိခဲ့ပြီး၊ နာကျင်မှု သက်သာစေရန် အစွမ်းထက်သည့် ဂုဏ်သတ္တိရှိ၍၊ ကြာရှည်သော ခွဲစိတ်မှု ကိစ္စရပ်များတွင် အသုံးပြုရန်၊ ရှေးခေတ် ခွဲစိတ်ဆရာဝန်များအား ခွင့်ပြုခဲ့သည်။ ဘိန်းကို ရှေးခေတ်က အများစု လေးစားလောက်သော ဆေးပညာ ကျမ်းစာအုပ်များတွင် ဖော်ပြထားပြီး အီဘာပါပီရပ်စ်နှင့် ဒိုင်အိုစကိုရိုက်၊ ဂဲလင့်နှင့် အေဗွီဆင်းနားတို့၏ ရေးစာများတွင်လည်း အပါအဝင်ဖြစ်သည်။ မော်ဖင်းနောက် ပေါ်လာသည့် ဆေးများမပေါ်သေးမှီ၊ မပြုပြင်ရသေးသော ဘိန်းကို ဆေးဘက်တွင် ကျယ်ကျယ်ပြန့်ပြန့် သုံးလာခဲ့သည်မှာ အမေရိကန်ပြည်တွင်းစစ် တစ်လျှောက်အထိ ဆက်တိုက်ဖြစ်လာခဲ့သည်။

တရုတ်ပြည်သို့ဘိန်းဝင်ရောက်လာပုံ

မော်ဖင်းနှင့် နောက်ပေါ်သည့် ဆေးများကို တိတိကျကျ ထိန်းချုပ်ထားသည့်ဆေး အချိန်အဆတိုင်း ထိုးသွင်းနိုင်ခဲ့သည်။ တရုတ်ပြည်တွင် ၁၅ ရာစုနှစ်မှစပြီး၊ ဘိန်းကို အပန်းဖြေသဘောဖြင့် သုံးစွဲလာခဲ့သော်လည်း၊ ပစ္စည်းရှားပါး မှုနှင့် ဈေးကြီးမှုတို့ကြောင့် အကန့်အသတ်ရှိခဲ့သည်။ ဆေးရှုရန်အတွက် ဆေးရွက်ကြီးနှင့် ရော၍သုံးစွဲခဲ့သည့် ၁၇ ရာစုနှစ်တွင် ဘိန်းကူးသန်းရောင်းဝယ်မှုသည် ပိုမို၍ ပုံမှန်ဖြစ်လာပြီး၊ ဘိန်းစွဲမှုကိုပါ ပထမဦးဆုံး သိမြင်မှတ်သား လာခဲ့သည်။ ဘိန်းပိတ်ပင်တားမြစ်မှုကို တရုတ်ပြည်တွင် ၁၇၂၉ မှ စတင်ခဲ့ပြီးနောက်ပိုင်း၊ နှစ်ပေါင်းနှစ်ရာ နီးပါးအတွင်း ဘိန်းသုံးစွဲမှုမှာ တိုးတက်မြင့်မားလာခဲ့သည်။ တရုတ်ပြည်သည် ဗြိတိသျှနှင့် ကုန်သွယ်မှုပြုရာတွင် ငွေပေးငွေယူရှင်းတမ်း ၌ ပိုငွေပြခဲ့ပြီး၊ ဗြိတိသျှတို့ ၏ ငွေဒင်္ဂါများကို လျော့နည်းလာစေသည်အထိ ဖြစ်ပေါ်ခဲ့သည်။ ထို့ကြောင့် ဗြိတိသျှသည် တရုတ်ပြည်ဘိန်းသုံးစွဲမှုကို အားပေးခြင်းဖြင့်၊ ၎င်း၏ကုန်သွယ်ရေး ချိန်ခွင်လျှာညီမျှစေရန်အတွက် ဗြိတိသျှထိန်းချုပ်မှု အောက်တွင်ရှိသော အိန္ဒိယပြည်နယ်များမှ တစ်ဆင့် တရုတ်ပြည်သို့ဘိန်းများ တင်သွင်းဖြန့်ဝေခဲ့သည်။

တရုတ်ပြည်ဘုရင်သည် ပြည်တွင်း၌ ဘိန်းများစီးဝင်နေမှုကို ရပ်တန့်ရန်အတွက်၊ ဘိန်းအမြောက်အမြားကို ဖမ်းဆီးသိမ်းပိုက်လိုက်သဖြင့် ၊ ဘိန်းစစ်ပွဲများ ၁၈၃၉ တွင် တစ်ကြိမ် နှင့် ၁၈၅၈ တွင် တစ်ကြိမ်၊ နှစ်ကြိမ်ဖြစ်ပွားရသည်အထိ ဖြစ်ပေါ်စေခဲ့ပြီး၊ ထိုစစ်ပွဲတွင် ဗြိတိသျှမှ တရုတ်ပြည်အပေါ် အင်အားသုံး၍ တစ်တိုင်းပြည်လုံးသို့ ဘိန်းများကို ကူးသန်းရောင်းဝယ်စေခဲ့သည်။

၁၈၆၀ ခုနှစ်နောက်ပိုင်း၊ ဘိန်းသုံးစွဲမှုသည် ပြည်တွင်း ဘိန်းထုတ်လုပ်မှုကျယ်ပြန့်တိုးတက်လာခြင်းအတူ ဆက်လက်ရှိနေခဲ့ပြီး၊ ၁၉၀၅တွင် ပုံမှန်ဘိန်းသုံးစွဲသူများသည် အမျိုး သားလူဦးရေ၏ လေးပုံတစ်ပုံကျော်သည်အထိ ရှိလာခဲ့သည်။ အခြားနိုင်ငံများတွင် စိတ်ပြေလက်ပျောက် သို့မဟုတ် စွဲလမ်းမှုကြောင့် ဘိန်းသုံးစွဲခြင်းသည် ဆယ့်ကိုးရာစုနှစ် နှောင်းပိုင်းအရောက်တွင် အနည်းအကျဉ်းမျှလောက်သာ ကျန်ရှိတော့သည်။ အမြင်နှစ်မျိုးထွက်စေသော စာပေတစ်ခုမှ မှတ်သားထားရှိခဲ့သည်မှာ၊ တစ်ခါတစ်ရံ ဘိန်းကို ချီးမွှမ်းခန်းဖွင့်ထားသည်။


လက်ရှိဘိန်းအခြေအနေ

ဘိန်း၏ ကမ္ဘာနှင့် အဝန်းစည်းမျဉ်းစည်းကမ်းသည် တရုတ်အခြေချလာရောက်နေထိုင်သူများနှင့် ကာလီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုရှိ ဘိန်းခန်းများ၏ သိက္ခာမဲ့အမှတ်အသားနှင့်အတူ စတင်လာခဲ့ပြီး၊ ၁၈၇၀ခုနှစ်များတွင် မြို့နယ်ရုံးများအဆင့်မှ ၁၉၀၉ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ ဘိန်းကော်မရှင်ဖွဲ့စည်းရသည်အထိ လျင်မြန်စွာဖြစ်ပေါ်လာခဲ့ သည်။ ဤကာလအတွင်း စာပေတွင် ဘိန်း၏ရုပ်ပုံလွှာသည် ညစ်ပေစုတ်ပြတ်ခြင်းနှင့် ရက်စက်ကြမ်းကြုတ်ခြင်းများအဖြစ် ဖြစ်ပေါ်လာခဲ့သည်။ ဗြိတိသျှဘိန်းကုန်သွယ်မှုကို တရုတ်ပြည်တွင်းထုတ်လုပ်မှုမှ မသမာသောနည်းများ ဖြင့် အကြီးအကျယ် နေရာလုယူခဲ့ပြီးနောက် သန့်စင်ပြီး မော်ဖင်းနှင့် ဟီးရိုးအင်းတို့သည် ဆေးထိုးရန်အတွက် ကျယ်ပြန့်စွာ ရရှိလာစေခဲ့ပြီး ဘိန်းပါသည့် မူပိုင်ဆေးများသည် လူအများကြိုက်နှစ်သက်ခြင်း ၏အထွတ်အထိပ်သို့ ရောက်ရှိလာခဲ့သည်။ ဘိန်းကို နှစ်ဆယ်ရာစုနှစ်၏ အစောပိုင်းကာလများအတွင်း နိုင်ငံအများစုတွင် ပိတ်ပင်တားမြစ်ခဲ့ကြပြီး တရားမဝင် စိတ်အပန်းပြေစရာ မူးယစ်ဆေးအတွက် ဘွေဆော်ဦးပစ္စည်းအဖြစ် ဘိန်းထုတ်လုပ်မှု၏ ခေတ်သစ်ပုံစံ သို့မဟုတ် တရားဝင် ဆေးစာဖြင့်သာ သုံးရမည့်ဆေးများဟု တင်းတင်းကြပ်ကြပ် စည်းကမ်းသတ်မှတ်ရခြင်း များအထိ ဖြစ်ပေါ်စေခဲ့သည်။

လက်ရှိတွင် တရားမဝင်ဘိန်းထုတ်လုပ်မှု လွှမ်းမိုးထားသည့် အာဖဂန်နစ္စတန်နိုင်ငံသည် ၂၀ဝဝ ခုနှစ်တွင် တာလီဘန်များမှ ထုတ်လုပ်မှုကို ပိတ်ပင်ခဲ့စဉ်အချိန်တွင် သုတ်သင်ရှင်းလင်းခဲ့သော်လည်း ၂၀ဝ၁ ခုနှစ် တာလီဘန် ကျဆုံးချိန်ကတည်းက နှင့် အာဖဂန်နစ္စတန် စစ်ပွဲလမ်းကြောင်းအပေါ်တွင် ဘိန်းထုတ်လုပ်မှု တစ်ဖြည်းဖြည်း တိုးမြှင့်လာခဲ့ သည်။၂၀ဝ၆ ခုနှစ် တစ်ကမ္ဘာလုံး၏ဘိန်းထုတ်လုပ်မှုသည် မက်ထရစ်တန် ၆၆၁၀ ဖြင့် ၁၉၀၆ခုနှစ် ထုတ်လုပ်မှု၏ငါးပုံတစ် ပုံနီးပါးမျှရှိသည်။ တရားမဝင်သုံးစွဲမှုအတွက် ဘိန်းကို ရံဖန်ရံခါ ဟီးရိုးအင်းအဖြစ်သို့ ဟြေင်းလဲပစ်သည်။ ဟီးရိုးအင်းသည် ဝန်ကျဉ်းပြီး မှောင်ခိုရောင်းဝယ်ရန် လွယ်ကူစေသည်။ ဟီးရိုးအင်း၏ အစွမ်းထက်မှုကို ထပ်ဆင့်ပွားစေခြင်းဖြင့် ခန့်မှန်းခြေအားဖြင့်မော်ဖင်းသတ္တိနှစ်ဆရှိသည်အထိ ပြုလုပ်နိုင်သည်။ ဟီးရိုးအင်းကို သွေးကြောသွင်းခြင်း ၊ နှာခေါင်းအစက်ချခြင်း နှင့် အငွေ့ပျံစေခြင်းတို့ဖြင့်လည်း သုံးစွဲနိုင်သည်။


ကိုးကား

  1. Professor Arthur C. Gibson။ The Pernicious Opium Poppy။ University of California, Los Angeles။ 27 June 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 21 November 2021 တွင် ပြန်စစ်ပြီး။
  2. The Global Heroin Market (October 2014)။
  3. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၈)

ပြင်ပလင့်ခ်များ

{{bottomLinkPreText}} {{bottomLinkText}}
ဘိန်း
Listen to this article

This browser is not supported by Wikiwand :(
Wikiwand requires a browser with modern capabilities in order to provide you with the best reading experience.
Please download and use one of the following browsers:

This article was just edited, click to reload
This article has been deleted on Wikipedia (Why?)

Back to homepage

Please click Add in the dialog above
Please click Allow in the top-left corner,
then click Install Now in the dialog
Please click Open in the download dialog,
then click Install
Please click the "Downloads" icon in the Safari toolbar, open the first download in the list,
then click Install
{{::$root.activation.text}}

Install Wikiwand

Install on Chrome Install on Firefox
Don't forget to rate us

Tell your friends about Wikiwand!

Gmail Facebook Twitter Link

Enjoying Wikiwand?

Tell your friends and spread the love:
Share on Gmail Share on Facebook Share on Twitter Share on Buffer

Our magic isn't perfect

You can help our automatic cover photo selection by reporting an unsuitable photo.

This photo is visually disturbing This photo is not a good choice

Thank you for helping!


Your input will affect cover photo selection, along with input from other users.

X

Get ready for Wikiwand 2.0 🎉! the new version arrives on September 1st! Don't want to wait?