For faster navigation, this Iframe is preloading the Wikiwand page for ဗီယက်နမ်နိုင်ငံ၏ သမ္မတ.

ဗီယက်နမ်နိုင်ငံ၏ သမ္မတ

ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ ၏

သမ္မတ


Chủ tịch nước Cộng hòa xã hội chủ nghĩa Việt Nam
တာဝန်ထမ်းဆောင်ဆဲ ပုဂ္ဂိုလ်
Tô Lâm
အမျိုးအစားနိုင်ငံတော်အကြီးအကဲ
အဖွဲ့ဝင်
  • ဗီယက်နမ်ကွန်မြူနနစ်ပါတီဗဟိုကော်မတီ
  • လွှတ်တော်
  • အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ
စံအိမ်သမ္မတအိမ်တော်
အဆိုပြုသူအမျိုးသားလွှတ်တော်အမြဲတမ်းကော်မတီ
ခန့်အပ်သူအမျိုးသားလွှတ်တော်
သက်တမ်း၅နှစ်
ဖွဲ့စည်းပုံ အခြေခံဥပဒေဗီယက်နမ်နိုင်ငံ၏ အခြေခံဥပဒေ
စတင်ထမ်းဆောင်သူဟိုချီမင်း
ဖွဲ့စည်းခြင်း၂ စက်တင်ဘာ ၁၉၄၅; ၇၈ နှစ် အကြာက (၁၉၄၅-၀၉-02)
လက်ထောက်ဒုတိယသမ္မတ
လစာ၁၅,၇၃၀,၀၀၀ ဗီယက်နမ်ဒေါင် [၁]
ဝက်ဘ်ဆိုဒ်Official website (Vietnamese)

ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၏ နိုင်ငံတော်သမ္မတ (အင်္ဂလိပ်: President of the Socialist Republic of Vietnamဗီယက်နမ်: Chủ tịch nước Cộng hòa xã hội chủ nghĩa Việt Nam) သည် ဗီယက်နမ်နိုင်ငံ၏ နိုင်ငံတော်အကြီးအကဲဖြစ်သည်။

နိုင်ငံတော်သမ္မတကို ဗီယက်နမ် အမျိုးသားလွှတ်တော်က ရွေးချယ်တင်မြှောက်သည်။ဗီယက်နမ်နိုင်ငံသည် တစ်ပါတီစနစ်ကို ကျင့်သုံးသည့်နိုင်ငံ ဖြစ်သဖြင့် နိုင်ငံတော်သမ္မတသည် နိုင်ငံရေးစနစ်တွင် ယေဘူယျအားဖြင့် အဆင့် (၂)ခေါင်းဆောင်ဖြစ်သည်။နိုင်ငံတော်သမ္မတသည် အစိုးရအဖွဲ့အကြီးအကဲဖြစ်သော နိုင်ငံတော်ဝန်ကြီးချုပ်ကို တင်သွင်းကာ လွှတ်တော်၏ သဘောတူညီချက်ဖြင့် ခန့်အပ်သည်။နိုင်ငံတော်အကြီးအကဲဖြစ်သည့်အားလျော်စွာ နိုင်ငံတော်သမ္မတသည် ပြည်တွင်းရော ပြည်ပ၌ပါ ဗီယက်နမ်နိုင်ငံတော်ကို ကိုယ်စားပြုသည်။ထို့အပြင် နိုင်ငံတော်အစိုးရအဖွဲ့အတွင်း တည်ငြိမ်မှုရှိစေရန်နှင့် နိုင်ငံ၏အကျိုးစီးပွားများတွင် ညှိနှိုင်းဆောင်ရွက်ပေးကာ နိုင်ငံ၏နယ်မြေများနှင့် အချုပ်အခြာအာဏာကို ကာကွယ်စောင့်ရှောက်ရသည်။

နိုင်ငံတော်သမ္မတသည် အမျိုးသားလွှတ်တော်၏ အမတ်ဖြစ်ရမည်ဖြစ်ကာ အစဉ်အလာအရ ဗီယက်နမ်ကွန်မြူနစ်ပါတီ၏ ဗဟိုကော်မတီအဖွဲ့ဝင်ဖြစ်သည်။ဗဟိုကော်မတီက သမ္မတလောင်းများကို လွှတ်တော်ကော်မတီသို့ တင်သွင်းပြီး ထို့နောက် လွှတ်တော်အမတ်အားလုံးက မဲပေးရွေးချယ်ကြသည်။သမ္မတသည် ဒုတိယသမ္မတ၊ ဝန်ကြီးချုပ်၊ ဝန်ကြီးများကို လွှတ်တော်၏သဘောတူညီမှုဖြင့် ခန့်အပ်သည်။

သမ္မတသည် ဗီယက်နမ်ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ ကာကွယ်ရေးဦးစီးချုပ်လည်းဖြစ်ကာ ဗဟိုတပ်မတော်ကော်မရှင်၏ အတွင်းရေးမှူးလည်းဖြစ်သည်။ထို့အပြင် ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ အကြီးအကဲလည်းဖြစ်သည်။သမ္မတသည် ဗီယက်နမ် ပေါလစ်ဗျူရို အဖွဲ့ဝင်ဖြစ်သည်။၂၀၁၁ခုနှစ် စက်တင်ဘာမှစတင်ကာ တရားစီရင်မှုပြုပြင်ပြောင်းလဲရေးကော်မတီ၏ အကြီးအကဲလည်း ဖြစ်လာသည်။

သမ္မတ၏သက်တမ်းသည် ငါးနှစ်ဖြစ်ကာ သက်တမ်း (၃)ကြိမ် ထမ်းဆောင်နိုင်သည်။နိုင်ငံတော်သမ္မတသည် ရာထူးတာဝန်မှ စွမ်းဆောင်ရန် မတတ်နိုင်သည့်အခါတွင် ဒုတိယသမ္မတသည် ယာယီသမ္မတအဖြစ် ဆောင်ရွက်ရမည်ဖြစ်ကာ နိုင်ငံတော်သမ္မတ ပြန်လည်တာဝန်ထမ်းဆောင်နိုင်သည့်အချိန် (သို့မဟုတ်) နိုင်ငံတော်သမ္မတအသစ် ရွေးချယ်တင်မြှောက်ပြီးသည့်အချိန်အထိ ဆောင်ရွက်ရမည်ဖြစ်သည်။ လက်ရှိသမ္မတမှာ Võ Thị Ánh Xuân ဖြစ်ကာ ၂၀၂၃ခုနှစ် ဇန်နဝါရီလမှစ၍ ယာယီတာဝန်ထမ်းဆောင်နေသည်။

သမိုင်းကြောင်း

[ပြင်ဆင်ရန်]

၁၉၄၆ခုနှစ်တွင် အမျိုးသားလွှတ်တော်က ဟိုချီမင်းကို ပထမဆုံးသမ္မတအဖြစ် ခန့်အပ်ခဲ့သည်။၁၉၄၆ အခြေခံဥပဒေနှင့် ၁၉၅၉ အခြေခံဥပဒေများတွင် သတ်မှတ်ချက်အရ အမျိုးသားလွှတ်တော်သည် သမ္မတကို ခန့်အပ်နိုင် ဖြုတ်ချနိုင်သည်။သမ္မတသည် ဗီယက်နမ်နိုင်ငံ၏ ကိုယ်စားပြုမှုအဖြစ် ပြည်တွင်းရော ပြည်ပမှာပါ ကိုယ်စားပြုသည်။သမ္မတ၏ တာဝန်နှင့် ဝတ္တရားများသည် ၁၉၄၆အခြေခံဥပဒေနှင့် ၁၉၅၉အခြေခံဥပဒေများတွင် တူညီစွာ ပါရှိသည်။

၁၉၈၀ အခြေခံဥပဒေတွင်မူ သမ္မတနေရာကို နိုင်ငံတော်ကောင်စီဥက္ကဋ္ဌနေရာဖြင့် အစားထိုးခဲ့သည်။သမ္မတရုံးကို ဖျက်သိမ်းကာ နိုင်ငံတော်ကောင်စီရုံးဖြင့် အစားထိုးခဲ့သည်။နိုင်ငံတော်ကောင်စီ၏ အကြီးအကဲနေရာသည် ဆိုဗီယက်ပြည်ထောင်စုကို နမူနာယူထားသည်။နိုင်ငံတော်ကောင်စီသည် ဝန်ကြီးများကောင်စီကဲ့သို့ စုပေါင်း၍ ဆုံးဖြတ်ချက်ချသည်။နိုင်ငံတော်ကောင်စီနှင့် ဝန်ကြီးများကောင်စီ (၂)ခုသည် တိုင်းပြည်၏ အုပ်ချုပ်ရေးပိုင်းတွင် ပါဝင်ကြကာ ဤအဖွဲ့များ အင်အားကြီးမားလာခြင်းသည် ဥပဒေပြုရေးပိုင်းတွင် အားနည်းလာစေခဲ့သည်။နိုင်ငံတော်ကောင်စီ၏ တာဝန်ဝတ္တရား၊ လုပ်ပိုင်ခွင့်အာဏာများသည် အမျိုးသားလွှတ်တော်အမြဲတမ်းကော်မတီမှ ရယူထားသဖြင့် အမြဲတမ်းကော်မတီသည် အခြေခံဥပဒေအရ ၎င်း၏လုပ်ပိုင်ခွင့်များ သိသာစွာ ကျဆင်းခဲ့ရသည်။

နိုင်ငံတော်ကောင်စီဝင်များကို အမျိုးသားလွှတ်တော်မှ ရွေးချယ်ကာ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများ၊ အထွေထွေအတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ ပါဝင်သည်။နိုင်ငံတော်ကောင်စီဝင်များသည် ဝန်ကြီးများကောင်စီတွင် တစ်ပြိုင်နက် ထမ်းဆောင်ခွင့်မရှိပေ။နိုင်ငံတော်ကောင်စီဥက္ကဋ္ဌသည် အမျိုးသားကာကွယ်ရေးကောင်စီ (နောင်တွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ)တွင် ဥက္ကဋ္ဌဖြစ်ကာ ဗီယက်နမ်ပြည်သူ့ကာကွယ်ရေးတပ်မတော်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖြစ်သည်။နိုင်ငံတော်ကောင်စီသည် ဝန်ကြီးများကောင်စီအပါအဝင်၊ အခြားသောပြည်သူ့ကောင်စီများ၏ လုပ်ငန်းများကို ကြီးကြပ်ပေးသည်။နိုင်ငံတော်ကောင်စီဥက္ကဋ္ဌနေရာအား ၁၉၉၂အခြေခံဥပဒေတွင် ဖျက်သိမ်းခဲ့ကာ သမ္မတနေရာဖြင့် ပြန်လည်အစားထိုးခဲ့သည်။

သမ္မတရာထူး၏ အရေးပါမှုသည် ဗီယက်နမ်သမိုင်းကြောင်းတွင် တည်ငြိမ်မှုမရှိခဲ့ပေ။ဥပမာ - ပထမဆုံးသမ္မတ ဟိုချီမင်းသည် ဗီယက်နမ်၏အဆင့်မြင့်ဆုံးသော ပေါလစ်ဗျူရိုတွင် အဆင့်(၁)ဖြစ်ခဲ့သော်လည်း ၎င်းကိုဆက်ခံသည့် သမ္မတ Tôn Đức Thắng သည် လုပ်ပိုင်ခွင့်အနည်းငယ်သာရှိသော အဆောင်အယောင်သမ္မတ ဖြစ်ခဲ့သည်။သမ္မတသည် နိုင်ငံတော်အကြီးအကဲအနေဖြင့်သာ တည်ရှိခဲ့မှုသည် ၁၉၈၀အခြေခံဥပဒေအရ ခန့်အပ်ခံရသော Trường Chinh လက်ထက်တွင် ထင်ရှားလာသည်။သူသည် ပေါလစ်ဗျူရိုတွင် ပါတီအတွင်းရေးမှူး လီဒန်း၏နောက် အဆင့်(၂)တွင်သာ ရှိခဲ့သည်။၂၀၀၆ခုနှစ်တွင် သမ္မတဖြစ်လာသည့် ငုယင်မင်ထရပ် လက်ထက်တွင်မူ အဆင့်(၄)ဖြစ်သည်။လက်ရှိသမ္မတ ငုယင်စွမ်းဖုသည် အဆင့်(၂)ဖြစ်သည်။

တာဝန်နှင့် လုပ်ပိုင်ခွင့်

[ပြင်ဆင်ရန်]

ဗီယက်နမ်နိုင်ငံသမ္မတ၏ တာဝန်နှင့် အခွင့်အာဏာများသည် ယခုနှစ်များအတွင်း ပြောင်းလဲလာခဲ့သည်။ဥပမာအားဖြင့် ပထမဆုံးသမ္မတ ဟိုချီမင်းလက်ထက်က သမ္မတသည် ပါတီခေါင်းဆောင်ဖြစ်ကာ ဗီယက်နမ်၏အဆင့်မြင့်ဆုံး အဖွဲ့ဖြစ်သော ပေါလစ်ဗျူရိုတွင် အဆင့်(၁)ဖြစ်သည်။ဒုတိယမြောက်သမ္မတ တန်ဒက်သင်းလက်ထက်တွင် ပါတီအထွေထွေအတွင်းရေးမှူး လီဒန်းက အရေးပါလာကာ သမ္မတမှာ ပြရုပ်ဖြစ်သည်။

လက်ရှိတွင်သမ္မတမှာ နိုင်ငံတော်အကြီးအကဲဖြစ်ကာ ၎င်း၏အဓိကလုပ်ငန်းစဉ်မှာ ပြည်တွင်း/ပြည်ပ၌ ဗီယက်နမ်နိုင်ငံကို ကိုယ်စားပြုရမည်ဖြစ်သည်။သမ္မတကို လွှတ်တော်မှရွေးချယ်သည့် အားလျော်စွာ သမ္မတသည် လွှတ်တော်ကို အစီရင်ခံရသည်။သမ္မတတစ်ဦး၏သက်တမ်းမှာ (၅)နှစ်ဖြစ်ကာ လွှတ်တော်၏သက်တမ်းအလိုက်ဖြစ်သည်။သမ္မတသည် လွှတ်တော်က နောက်ထပ်သမ္မတအသစ် ရွေးကောက်တင်မြှောက်သည်အထိ တာဝန်ထမ်းဆောင်ရသည်။သမ္မတသည် အောက်ပါတို့ကို လုပ်ဆောင်နိုင်သည်။

  • ဥပဒေ၊ ဒီဂရီများနှင့် ဖွဲ့စည်းပုံများကို ပြင်ဆင်ထုတ်ပြန်နိုင်သည်။
  • ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဥပဒေများကို ဆန့်ကျင်သည်ဟု ယူဆပါက ဝန်ကြီးချုပ်နှင့် ဒုတိယဝန်ကြီးချုပ်များ၏ တင်ပြချက်များကို ဆိုင်းငံ့ခြင်း၊ ပယ်ဖျက်ခြင်းများ လုပ်နိုင်သည်။
  • တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖြစ်ကာ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ အကြီးအကဲဖြစ်သည်။
  • အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကို လိုအပ်သလို ခေါ်ယူနိုင်သည်။
  • ဗီယက်နမ်နိုင်ငံ၏ အချုပ်အခြာအာဏာကို ကာကွယ်ပြီးနယ်မြေများ တည်တံ့ခိုင်မြဲစေရေး ဆောင်ရွက်ရမည်။
  • ဒုတိယသမ္မတ၊ ဝန်ကြီးချုပ်၊ တရားသူကြီးချုပ်၊ ကြီးကြပ်ရေးနှင့်ထိန်းချုပ်ရေးဗဟိုပြည်သူ့ရုံးအကြီးအကဲတို့၏ အမည်စာရင်းကို လွှတ်တော်သို့ တင်သွင်းခြင်း၊ ထုတ်ပယ်ရန်အတွက် တင်သွင်းခြင်းတို့ ပြုလုပ်နိုင်သည်။
  • သမ္မတသည်ဗီယက်နမ်အစိုးရ၏အစည်းအဝေးများကို ဦး ဆောင်ပိုင်ခွင့်ရှိသည်
  • သမ္မတရုံးမှ အကြီးအကဲများနှင့် ဝန်ထမ်းများကို ခန့်နိုင်ဖြုတ်နိုင်သည်။
  • ဒုတိယဝန်ကြီးချုပ်၊ ဝန်ကြီးများနှင့် အစိုးရအဖွဲ့ဝင်များကို ဖြုတ်နိုင်ခန့်နိုင်သည်။
  • စစ်ပွဲကြေညာခြင်း၊ လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်း ဆောင်ရွက်နိုင်သည်။
  • အရေးပေါ်အခြေအနေ ကြေညာနိုင်သည်။
  • ဒုတိယတရားသူကြီးချုပ်၊ ဗဟိုတရားရုံးတရားသူကြီးများ၊ ကြီးကြပ်ရေးနှင့်ထိန်းချုပ်ရေးဗဟိုပြည်သူ့ရုံး ဒုတိယအကြီးအကဲတို့အား ခန့်နိုင်ဖြုတ်နိုင်သည်။

သက်တမ်း

[ပြင်ဆင်ရန်]

သမ္မတသည် (၅)နှစ်သက်တမ်း တာဝန်ထမ်းဆောင်နိုင်သည်။တာဝန်ထမ်းဆောင်ဆဲသမ္မတသည် နောက်တက်လာမည့်သမ္မတ စတင်တာဝန်ထမ်းဆောင်ချိန်အထိ တာဝန်ထမ်းဆောင်နိုင်မည် ဖြစ်သည်။သမ္မတတစ်ဦးသည် သမ္မတအဖြစ် ကျမ်းကျိန်ရာတွင် လွှတ်တော်၌ အောက်ပါတို့ကို ရွတ်ဆိုရသည်။

In my capacity as President of the Socialist Republic of Vietnam, I swear complete allegiance to the country, people, and constitution; to fulfill the tasks assigned by the State, and people[၂]


ဆက်ခံပိုင်ခွင့်

[ပြင်ဆင်ရန်]

သမ္မတတစ်ဦးသည် ၎င်း၏တာဝန်ကို ဆက်လက်ထမ်းဆောင်နိုင်ခြင်းမရှိပါက အခြေခံဥပဒေ ပုဒ်မ (၉၃)အရ ဒုတိယသမ္မတ၊ ဝန်ကြီးချုပ်၊ ဝန်ကြီးများသည် အောက်ပါဝါစဉ်အရ ဆက်ခံ၍ ယာယီသမ္မတ လုပ်ပိုင်ခွင့်ရှိသည်။

  • ဒုတိယသမ္မတ
  • ဝန်ကြီးချုပ်
  • အမျိုးသားကာကွယ်ရေးဝန်ကြီး
  • ပြည်သူ့လုံခြုံရေးဝန်ကြီး
  • နိုင်ငံခြားရေးဝန်ကြီး
  • ပြည်ထဲရေးဝန်ကြီး
  • တရားရေးဝန်ကြီး
  • ဘဏ္ဍာရေးဝန်ကြီး
  • ပို့ဆောင်ရေးဝန်ကြီး
  • ဆောက်လုပ်ရေးဝန်ကြီး
  • ပညာရေးနှင့် လေ့ကျင့်ရေးဝန်ကြီး
  • စိုက်ပျိုးရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး
  • စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီး
  • စီမံကိန်းနှင့် ရင်းနှီးမြှပ်နှံမှုဝန်ကြီး
  • သိပ္ပံနှင့် နည်းပညာဝန်ကြီး
  • သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီး
  • ပြန်ကြားရေးနှင့် ဆက်သွယ်ရေးဝန်ကြီး
  • အစိုးရစစ်ဆေးရေးခေါင်းဆောင်များ
  • ဗဟိုဘဏ်ဥက္ကဋ္ဌ
  • လူနည်းစုတိုင်းရင်းသားများရေးရာကော်မတီ ခေါင်းဆောင်များ
  • အလုပ်သမား၊ မသန်စွမ်းသူများနှင့် လူမှုရေးဝန်ကြီး
  • ယဉ်ကျေးမှု၊ အားကစားနှင့် ခရီးသွားလာရေးဝန်ကြီး
  • ကျန်းမာရေးဝန်ကြီး

ရပိုင်ခွင့်

[ပြင်ဆင်ရန်]

သမ္မတအိမ်တော်သည် ဟနွိုင်းမြို့တွင် တည်ရှိသဘ်။အိမ်တော်ကို ၁၉၀၀ပြည့်နှစ်မှ ၁၉၀၆ခုနှစ်အတွင်း တည်ဆောက်ခဲ့ကာ ပြင်သစ်ဘုရင်ခံချုပ်များအတွက် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။နိုင်ငံတော်သမ္မတသည် အမေရိကန်ဒေါ်လာ ၈၃၂၀ကို လစာအဖြစ် ရရှိသည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. News၊ V. T. C. (13 August 2016)။ Lương của Chủ tịch nước, Thủ tướng, Chủ tịch Quốc hội là bao nhiêu? - VTC News
  2. Staff writer။ the president takes the following oath before the National Congress ။ 13th National Congress of the Communist Party of Vietnam။
{{bottomLinkPreText}} {{bottomLinkText}}
ဗီယက်နမ်နိုင်ငံ၏ သမ္မတ
Listen to this article

This browser is not supported by Wikiwand :(
Wikiwand requires a browser with modern capabilities in order to provide you with the best reading experience.
Please download and use one of the following browsers:

This article was just edited, click to reload
This article has been deleted on Wikipedia (Why?)

Back to homepage

Please click Add in the dialog above
Please click Allow in the top-left corner,
then click Install Now in the dialog
Please click Open in the download dialog,
then click Install
Please click the "Downloads" icon in the Safari toolbar, open the first download in the list,
then click Install
{{::$root.activation.text}}

Install Wikiwand

Install on Chrome Install on Firefox
Don't forget to rate us

Tell your friends about Wikiwand!

Gmail Facebook Twitter Link

Enjoying Wikiwand?

Tell your friends and spread the love:
Share on Gmail Share on Facebook Share on Twitter Share on Buffer

Our magic isn't perfect

You can help our automatic cover photo selection by reporting an unsuitable photo.

This photo is visually disturbing This photo is not a good choice

Thank you for helping!


Your input will affect cover photo selection, along with input from other users.

X

Get ready for Wikiwand 2.0 🎉! the new version arrives on September 1st! Don't want to wait?