ပွင့်ဖြူမြို့
ပွင့်ဖြူမြို့ | |
---|---|
မြန်မာနိုင်ငံရှိ မြို့များ | |
ပွင့်ဖြူမြို့နယ် ရှိ စန္ဒကူးနံ့သာကျောင်းတော်ရာဘုရား | |
မြို့တည်နေရာပြ မြန်မာနိုင်ငံမြေပုံ | |
ကိုဩဒိနိတ်: 20°22′N 94°40′E / 20.367°N 94.667°E | |
နိုင်ငံအမည် | မြန်မာ |
တိုင်းဒေသကြီး | မကွေး |
ခရိုင် | မင်းဘူး |
လတ္တီကျု | (၂၀)ဒီဂရီ၊ (၂၂)မိနစ် |
လောင်ဂျီကျု | (၉၄)ဒီဂရီ၊ (၄၀)မိနစ် |
မြို့နယ်ရုံးစိုက်ရာမြို့ | ပွင့်ဖြူမြို့ |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+ ၆ နာရီ ၃၀ မိနစ်) |
ပွင့်ဖြူမြို့ သည် မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၏ ရုံးစိုက်ရာမြို့ ဖြစ်၍ မုန်းမြစ် လက်ျာဘက်ကမ်းပေါ်တွင် တည်ရှိသည်။ မင်းဘူး - ဆိပ်ဖြူ ကားလမ်းပေါ်တွင် တည်ရှိ၍ မင်းဘူးမြို့၏ မြောက်ဘက် (၂၄)မိုင်ဝေးသည်။ မြို့၏ အကျယ်အဝန်းမှာ အရှေ့မှအနောက်သို့ (၄)ဖာလုံ၊ တောင်မှမြောက်သို့ (၃)ဖာလုံခန့်ရှိသည်။ ပွင့်ဖြူမြို့နယ်၏ လူဦးရေမှာ ၁၉၅၆ခုနှစ် ခန့်မှန်းခြေ သန်းကောင်စာရင်းအရ ၉၃၁၃၄ ယောက်ဖြစ်၍ အများအားဖြင့် ဗုဒ္ဓဝါဒီ မြန်မာများသာ ဖြစ်သည်။ မြို့နယ်၏ အဓိကလုပ်ငန်းမှာ လယ်ယာစိုက်ပျိုးရေး ဖြစ်၍ မုန်းမြစ်မှ ဆည်မြောင်းများ သွယ်ဖောက်ရေသွင်း၍ စိုက်ပျိုးကြသည်။ လယ်ဧကပေါင်း (၈,၃၀၀)ကျော်တို့ကို ရေပေးသွင်းလျက် ရှိသည်။ ဆည်ရေသောက် လယ်မြေများမှ စပါး အများဆုံးထွက်သည်။ ဆည်ရေမရသောမြေများကို ယာအဖြစ် အသုံးပြု၍ နှမ်း၊ ပဲ၊ ပြောင်း၊ ဆေး တို့ကို စိုက်ပျိုးသည်။ ပွင့်ဖြူမြို့ဟု ခေါ်တွင်ရခြင်းမှာ ဤမြို့နေရာ၌ ဖိုခနောက်ဆိုင် တည်ရှိခဲ့သော ကွေ့ရွာ၊ သရက်ကျင်းနှင့် သနပ်ကုန်းစသော ရွာကြီး သုံးရွာ ပေါင်းစပ်ပြီးနောက် မြို့ ဖြစ်လာရာတွင် ယင်းဒေသ၌ရှိသော လက်ပံပင်ကြီးတစ်ပင်သည် အဖြူပွင့်များသာ ဖူးပွင့်သည်ကို စွဲ၍ ခေါ်တွင်ကြောင်း ဆိုကြသည်။ ပွင့်ဖြူမြို့သည် မုန်းမြစ်မှရေကို အလွယ်တကူ ရရှိနိုင်သည့်အတွက် သစ်ပင်၊ ဝါးပင်တို့ဖြင့် စိုပြည်စိမ်းလန်းနေသည်။ မင်းဘူးခရိုင်အတွင်းရှိ အခြားမြို့များနှင့် နှိုင်းယှဉ်လျှင် ပွင့်ဖြူမြို့သည် မြို့ကလေးမျှသာ ဖြစ်သော်လည်း ဆန်စပါးအများဆုံးထွက်၍ လူဦးရေများသော မြို့ ဖြစ်သည်။
ကူးသန်းရောင်ဝယ်ရေးအတွက် မင်းဘူး - ဆိပ်ဖြူ ကားလမ်းကြီးကိုလည်းကောင်း၊ မုန်းမြစ်ကိုလည်းကောင်း အားထားရသည်။ မြို့၏ အရှေ့တောင်ဘက်တွင် ရွှေဘုံသာ၊ သက်တော်ရှည် နှင့် သက်တော်ရ ဟူ၍ တန်ခိုးကြီးဘုရား သုံးဆူ ရှိသည့်အနက် ရွှေဘုံသာဘုရားသည် အထင်ရှားဆုံး ဖြစ်သည်။ မုန်းမြစ်သည် ရွှေဘုံသာဘုရားခြေတော်ရင်းသို့ ဦးတိုက်စီးဆင်းလာပြီးမှ တစ်ဘက်သို့ကွေ့၍ စီးဆင်းသွားသည်။ ပွင့်ဖြူမြို့၏တောင်ဘက်တစ်မိုင်ခန့်အကွာတွင် အလောင်းစည်သူမင်းကြီးတည်ထားခဲ့သော ရွှေပန်းမြိုင်ဘုရား ရှိသည်။ ထိုဘုရားများတွင် ဘုရားပွဲတော်များ နှစ်စဉ်ကျင်းပလေ့ ရှိသည်။ [၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၇)၊ စာမျက်နှာ (၁၇၄)။
ခရိုင်:မင်းဘူးခရိုင် မြို့: ပွင့်ဖြူမြို့ | |
ကနီကျေးရွာအုပ်စု | |
ကန်ဆွယ်ကျေးရွာအုပ်စု | |
ကပြည့်ကျေးရွာအုပ်စု | |
ကျစ်ကိုင်းကျေးရွာအုပ်စု | |
ကျွဲတံခါးကျေးရွာအုပ်စု | |
ကျွဲတိကျေးရွာအုပ်စု | |
ကျောင်းကုန်းကျေးရွာအုပ်စု | |
ကျောင်းတော်ရာ (၁)ကျေးရွာအုပ်စု | |
ကြူဝန်းကျေးရွာအုပ်စု | |
ကံသာကြီးကျေးရွာအုပ်စု | |
ကုန်းဇောင်းကျေးရွာအုပ်စု | |
ကုလားဟောင်းကျေးရွာအုပ်စု | |
ချောင်းဆုံကျေးရွာအုပ်စု | |
ဆင်လူးမြောက်ကျေးရွာအုပ်စု | |
ဆည်တော်ကျေးရွာအုပ်စု | |
ဆည်မုန်းကျေးရွာအုပ်စု | |
ဇီးကိုင်းကျေးရွာအုပ်စု | |
ဇီးတောကျေးရွာအုပ်စု | |
ညောင်ခြုံကျေးရွာအုပ်စု | |
ညောင်ပင်ကျေးရွာအုပ်စု | |
တောင်အင်းရွာသစ်ကျေးရွာအုပ်စု | |
ထနောင်းကုန်းကျေးရွာအုပ်စု | |
နန်းတော်ကျွန်းကျေးရွာအုပ်စု | |
နဘဲကုန်းကျေးရွာအုပ်စု | |
ပြည်လုံးကျော်ကျေးရွာအုပ်စု | |
ပေတောကျေးရွာအုပ်စု | |
ပေါက်ကုန်းကျေးရွာအုပ်စု | |
ဖလံကျင်းကျေးရွာအုပ်စု | |
ဖလံတောကျေးရွာအုပ်စု | |
မင်းမြေကျေးရွာအုပ်စု | |
မဒဲကျေးရွာအုပ်စု | |
မုန်းဇလဲကျေးရွာအုပ်စု | |
မုန်းမြင့်ကျေးရွာအုပ်စု | |
မဲဇလီကျေးရွာအုပ်စု | |
ရွှေလှေကျေးရွာအုပ်စု | |
ရွာခိုင်ကျေးရွာအုပ်စု | |
ရွာသစ်ကုန်းကျေးရွာအုပ်စု | |
ရေပုတ်ကြီးကျေးရွာအုပ်စု | |
ရေပုတ်ကလေးကျေးရွာအုပ်စု | |
လက်ခုပ်ကျေးရွာအုပ်စု | |
လက်ပနွယ်ကျေးရွာအုပ်စု | |
လယ်ကိုင်းကျေးရွာအုပ်စု | |
လယ်လှကုန်းကျေးရွာအုပ်စု | |
သံကိုင်းကျေးရွာအုပ်စု | |
သမန်းရင်းကျေးရွာအုပ်စု | |
သရက်တောကျေးရွာအုပ်စု | |
သရက်အုပ်ကျေးရွာအုပ်စု | |
အင်းဒေါင်းကျေးရွာအုပ်စု | |
အနောက်ကိုင်းကျေးရွာအုပ်စု | |
အနောက်လေးအိမ်ကျေးရွာအုပ်စု | |
အရှေ့လေးအိမ်ကျေးရွာအုပ်စု | |
ဥယျာဉ်ကျစ်ကျေးရွာအုပ်စု |
မြို့တော်: မကွေးမြို့။ မြို့နယ်ပေါင်း: (၂၅) မြို့နယ်။ | ||
ခရိုင်ရုံးစိုက်ရာမြို့များ | ||
မကွေးခရိုင်(၆) မြို့နယ် | ||
မင်းဘူးခရိုင်(၅) မြို့နယ် | ||
ပခုက္ကူခရိုင်(၅) မြို့နယ် | ||
ဂန့်ဂေါခရိုင်(၃) မြို့နယ် | ||
သရက်ခရိုင်(၆) မြို့နယ် | ||
မြို့များ |
|
Text is available under the CC BY-SA 4.0 license; additional terms may apply.
Images, videos and audio are available under their respective licenses.