ဒရယ်ငယ်
ဒရယ်ငယ် | |
---|---|
Blackbuck antelope of India | |
သိပ္ပံနည်းကျ အမျိုးစားခွဲခြားခြင်း | |
လောက: | Animalia |
မျိုးပေါင်းစု: | Chordata |
မျိုးပေါင်း: | Mammalia |
မျိုးစဉ်: | Artiodactyla |
Infraorder: | Pecora |
မျိုးရင်း: | Bovidae |
အုပ်စုများ ပါဝင်သည် | |
Cladistically included but traditionally excluded taxa | |
ဆိတ်သမင် (အင်္ဂလိပ်: Antelope, lit. 'အန်းတဲလုပ်') ဆိုသည်မှာ စားမြုံ့ပြန်တတ်ပြီး ခွာရှိသော နို့တိုက်သတ္တဝါဖြစ်သည်။ ဒရယ်ငယ်သည် "ဘိုဗီဒီး (Bovidae)" မျိုးရင်းထဲတွင်ပါသော ၎င်း၏မျိုးရင်းခွဲများမှ တိရစ္ဆာန်များကိုစုစည်း၍ ခေါ်ဝေါ်သော လူအသုံးများသည့် တိရစ္ဆာန်ဆိုင်ရာ အမည်နာမဖြစ်သည်။
၎င်းတိရစ္ဆာန်များသည် ၎င်းတို့အချင်းချင်းထက် ဆိတ်များ သို့မဟုတ် နွားများနှင့် ပို၍အလားသဏ္ဌန်တူကြသည်။ ဆိတ်သမင်မျိုးစိတ် အများအပြားရှိပြီး အလွန်သေးငယ်သော တော်ဝင်ဆိတ်သမင် မှသည် နွားသိုးနှင့်တူသော အီလန်တောဆိတ် အမျိုးအစားထိ အန်းတဲလုပ် အမျိုးမျိုး ရှိကြသည်။
အန်းတဲလုပ် ဆိတ်သမင်အဖိုအား ၎င်းတို့၏ ဦးချိုများကို ကြည့်ခြင်းဖြင့်သိနိုင်ပြီး ထိုချိုများမှာ သမင်ဦးချိုများနှင့် မတူဘဲ တစ်နှစ်တစ်ခါလဲရခြင်းမရှိဘဲ တသက်လုံး အမြဲတမ်းဖြစ်သည်။ အန်းတဲလုပ်အများစု၏ ဦးချိုများသည် အနည်းကော့၍ ရှည်လျားပြီး တချို့မျိုးစိတ်များသည် လိမ်ရှုပ်နေသော ပုံသဏ္ဌာန်မျိုးလည်းရှိသည်။
ကိုးကား
[ပြင်ဆင်ရန်]Text is available under the CC BY-SA 4.0 license; additional terms may apply.
Images, videos and audio are available under their respective licenses.