For faster navigation, this Iframe is preloading the Wikiwand page for စူပါ မာရီယို ညီအစ်ကို ရုပ်ရှင်.

စူပါ မာရီယို ညီအစ်ကို ရုပ်ရှင်

စူပါ မာရီယို ညီအစ်ကို ရုပ်ရှင်
The Super Mario Bros. Movie
အခြေခံအချက်အလက်
ဒါရိုက်တာ
ထုတ်လုပ်သူ
စာရေးသူMatthew Fogel
အခြေခံထားသည်မှာနစ်တန်းဒိုး[မှတ်စု ၁]
မာရီယို
သရုပ်ဆောင်
ဂီတမှူးBrian Tyler[မှတ်စု ၂]
တည်းဖြတ်Eric Osmond
ထုတ်လုပ်ရေး
ကုမ္ပဏီ
ကြာမြင့်ချိန်
၉၂ မိနစ်[]
နိုင်ငံအမေရိကန်ပြည်ထောင်စု[]
ဘာသာစကားအင်္ဂလိပ်
အမျိုးအစားခွဲခြင်းနှင့် ဖြန့်ဖြူးခြင်း
ဖြန့်ချိသည့်နေ့
  • ဧပြီ ၅၊ ၂၀၂၃ (၂၀၂၃-၀၄-၀၅) (အမေရိကန်ပြည်ထောင်စု)
ထုတ်ဝေသူUniversal Pictures
ကုန်ကျငွေ$100 million[]
ရောင်းရငွေ$1.323 billion[][]

စူပါ မာရီယို ညီအစ်ကိုများ ရုပ်ရှင် (အင်္ဂလိပ်: The Super Mario Bros. Movie) သည် ၂၀၂၃ ခုနှစ်တွင် ထွက်ရှိသော အမေရိကန် ကွန်ပြူတာအထူးပြုလုပ်ချက်-ကာတွန်း၊ စွန့်စားခန်း နှင့် ဟာသ အမျိုးအစား ရုပ်ရှင်ဇာတ်ကား တစ်ကားဖြစ်သည်။ ဒါရိုက်တာ Aaron Horvath နဲ့ Michael Jelenic တို့မှ ရိုက်ကူးထားခြင်းဖြစ်သည်။ Chris Meledandri နှင့် Shigeru Miyamoto တို့မှ ထုတ်လုပ်ဖြန့်ချိခဲ့သည်။

ယူနီဗာဆယ် ရုပ်ရှင်ထုတ်လုပ်ရေး (Universal Pictures) မှ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၅ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စုနှင့် ယူနိုက်တက်ကင်းဒမ်းတို့၌ စတင်၍ ရုံတင်ပြသခဲ့သည်။

ဇာတ်လမ်းအကြောင်းအရာ

[ပြင်ဆင်ရန်]

အီတလီ-အမေရိကန် လူမျိုးဖြစ်သော မာရီယို နှင့် လူဝီးဂျီ ညီအစ်ကိုနှစ်ဦးသည် ဘရွတ်ကလင်း ရပ်ကွက်တွင် ရေပိုက်ပြင်လုပ်ငန်းတစ်ခုကို စတင်ခဲ့ကြသည်။ ၎င်းလုပ်ရပ်အပေါ် အလုပ်ရှင်ဟောင်း စပိုက်၏ လှောင်ပြောင်မှုကို ခံခဲ့ရသည့်အပြင် ဖခင်ဖြစ်သူကလည်း သဘောမတူခဲ့ပေ။ ထို့နောက် သတင်းကြေညာမှုတွင် ပင်မရေပိုက်လိုင်း ပေါက်မှုအကြောင်းပါလာခဲ့ပြီး မာရီယိုနှင့် လူဝီဂျီတို့သည် ၎င်းကိုပြုပြင်ရန် မြေအောက်သို့ ဆင်းသွားခဲ့ရာ Warp Pipe ထဲသို့ စုပ်ယူခံရပြီး တစ်နေရာဆီ ကွဲသွားကြသည်။

မာရီယိုသည် မက်မွန် မင်းသမီး အုပ်ချုပ်သော မှို တိုင်းပြည်သို့ ရောက်ရှိသွားပြီး၊ လူဝီဂျီ မှာမူ မကောင်းဆိုးဝါး ကူးပါးများ၏ ဘုရင် ဘောင်ဆာ အုပ်ချုပ်သော အနက်ရောင်နယ်မြေသို့ ရောက်ရှိသွားခဲ့သည်။ ဘောင်ဆာသည် မက်မွန် မင်းသမီးကို လက်ထပ်ရန် ကြိုးပမ်းရာ၌ သူမ၏ အငြင်းခံရပါက စူပါကြယ်ကို အသုံးပြု၍ မှို တိုင်းပြည်ကို ဖျက်ဆီးပစ်ရန် ကြံရွယ်ထားသည်။ မက်မွန် မင်းသမီး၏အချစ်အတွက် သူ၏ပြိုင်ဘက်အဖြစ် သတ်မှတ်ထားသော မာရီယိုကို ခြိမ်းခြောက်ရန် အစ်ကိုဖြစ်သူ လူဝီဂျီကို အကျဉ်းချခဲ့သည်။ မာရီယိုသည် သူ့အား မက်မွန် မင်းသမီးဆီသို့ ခေါ်ဆောင်သွားပေးမည့် တုတ်ဒ်နှင့် လမ်းခရီး၌ တွေ့ဆုံခဲ့သည်။ မက်မွန် မင်းသမီးသည် ဘောင်ဆာနှင့် ယှဉ်ပြိုင်ရန် ပရိုင်းမိတ် ကောင်းဂျ် နှင့် မဟာမိတ်ဖွဲ့၍ မာရီယို နှင့် တုတ်ဒ် ကို သူမနှင့်အတူ လိုက်ပါနိုင်ရေး စီစဉ်သည်။ တုတ်ဒ် သည် သူမကို ကလေးဘဝကတည်းက ခေါ်ဆောင်လာခဲ့သူဖြစ်ပြီး ၎င်းနောက် သူမအား မှို တိုင်းပြည်၏ ခေါင်းဆောင်အဖြစ် တင်မြောက်ခဲ့ကြကြောင်း မာရီယိုအား ပြောပြသည်။ တောတွင်း တိုင်းပြည်၏ ဘုရင် ခရန်ကီ ကောင်းဂျ်သည် သူ့အနေဖြင့် သားဖြစ်သူ ဒွန်ကီး ကောင်းဂျ်နှင့် မာရီယိုတို့ တိုက်ခိုက်ယှဉ်ပြိုင်စေ၍ မာရီယို အနိုင်ရမှသာ အကူအညီပေးမည်ဖြစ်ကြောင်း တောင်းဆိုခဲ့သည်။ ဒွန်ကီး ကောင်းဂျ်တွင် ကြီးမားသော ခွန်အားရှိသော်လည်း မာရီယိုသည် ပိုမိုမြန်ဆန်မှုရှိပြီး ကြောင်ဝတ်စုံကို အသုံးပြု၍ အနိုင်ယူနိုင်ခဲ့သည်။

ထို့နောက်တွင် မာရီယို၊ မက်မွန် မင်းသမီး၊ တုတ်ဒ် နှင့် ကောင်းဂျ်တို့သည် မှို တိုင်းပြည်သို့ ပြန်လည်မောင်းနှင်ရန် အထူးပြုလုပ်ထားသော karts ကားများကို အသုံးပြုပါသော်လည်း သက်တံ တံတားတွင် ဘောင်ဆာ စစ်တပ်၏ တိုက်ခိုက်ခြင်းကို ခံရသည်။ တိုက်ပွဲတွင် အပြာရောင်အခွံပါ ကူးပါး ဗိုလ်ချုပ်သည် လမ်း၏တစ်စိတ်တစ်ပိုင်းကို ဖျက်ဆီးပြီး အခြား ကောင်းဂျ်များကို ဖမ်းမိချိန်တွင် မာရီယိုနှင့် ဒွန်ကီ ကောင်းဂျ်မှာမူ ပင်လယ်ထဲသို့ ကျသွားသည်။ မက်မွန် မင်းသမီး နှင့် တုတ်ဒ်တို့ အသက်ရှင်လွတ်မြောက်ပြီး သူတို့တိုင်းပြည်ရှိ ပြည်သူများကို ထွက်ခွာနိုင်ရေး သတိပေးရန်အတွက် မှို တိုင်းပြည်သို့ ပြန်လာခဲ့ကြသည်။ ထို့နောက် များမကြာမီတွင် ဘောင်ဆာသည် သူ၏ပျံသန်းရွေ့လျားနိုင်သော ရဲတိုက်ဖြင့် မှို တိုင်းပြည်သို့ ရောက်ရှိလာပြီး တုတ်ဒ်အား နှိပ်စက်၍ မက်မွန် မင်းသမီးအား သူနှင့် လက်ဆက်ရန်တောင်းဆိုရာ မင်းသမီးမှ စိတ်မပါပဲ လက်ခံလိုက်ရသည်။ တစ်ချိန်တည်းတွင် မာရီယိုနှင့် ဒွန်ကီ ကောင်းဂျ်တို့သည် ပင်လယ်ထဲသို့ ပြုတ်ကျ၍ လွတ်မြောက်ခဲ့သော်လည်း ငါးရှဉ့်ကဲ့သို့သော မော်ရေးတစ်ကောင်၏ မျိုချခြင်းကို ခံခဲ့ရသည်။ နှစ်ယောက်စလုံးသည် ဖခင်၏ အထင်ကြီးမှုကိုရချင်နေသာ သူများဖြစ်၍ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုရလာပြီးနောက် နှစ်ယောက်စလုံး မော်ရေး၏ ဝမ်းဗိုက်ထဲမှ ဒုံးပျံဖြင့် လွတ်မြောက်အောင်ကြိုးပမ်း၍ ဘောင်ဆာနှင့် မင်းသမီးတို့၏မင်္ဂလာပွဲဆီသို့ ဦးတည်ထွက်ခွာလာကြသည်။

မင်္ဂလာဆောင်ပွဲတွင် ဘောင်ဆာက သူ၏ အကျဉ်းသားများကို ချော်ရည်ထဲသို့ ပစ်ချပြီး သတ်ပစ်ရန် စီစဉ်ထားလေသည်။ တုတ်ဒ်သည် ဘောင်ဆာကို အေးခဲစေရန်အတွက် အသုံးပြုရန် မက်မွန် မင်းသမီး၏ ပန်းစည်းထဲသို့ ရေခဲပန်းကို ခိုးထည့်နိုင်ခဲ့သည်။ မာရီယိုနှင့် ဒွန်ကီ ကောင်းဂျ်တို့လည်း ရောက်ရှိလာပြီး အကျဉ်းသားများနှင့် လူဝီဂျီကို လွှတ်ပေးခဲ့သည်။ ဘောင်ဆာ စိတ်ဆိုးပြီး သူ့ကိုယ်သူ အေးခဲမှုမှ လွတ်မြောက်အောင်ပြုလုပ်၍ ဗုံးဖောက်ခွဲသူ ဘေးလ်အား မှို တိုင်းပြည်ကို ဖျက်ဆီးပစ်ရန် အမိန့်ပေးလေသည်။ မာရီယိုသည် ဗုံးဖောက်ခွဲသူ ဘေးလ်ကို Warp Pipe ထဲသို့ ခေါ်ဆောင်သွားနိုင်ခဲ့ပြီး ဘောင်ဆာ ရဲတိုက်နှင့် လူအားလုံးကို ဘရွတ်ကလင်းသို့ ရောက်ရှိအောင် စုပ်ယူနိုင်စွမ်းရှိသော လေဟာနယ်တစ်ခုကို ဖန်တီးမိခဲ့သည်။ ဘရွတ်ကလင်းသို့ ပြန်လည်ရောက်ရှိသွားသောအခါ မာရီယို နှင့် လူဝီဂျီ တို့သည် ဘောင်ဆာနှင့်တိုက်ခိုက်ကြပြီး ၎င်းတို့ကိုမယုံကြည်နိုင်လောက်အောင်ဖြစ်စေသော စူပါကြယ်ကို ရယူနိုင်ခဲ့ပြီး ကူးပါးများကို အနိုင်ယူခဲ့သည်။ ထို့နောက် မက်မွန် မင်းသမီးမှ အပြာရောင် မှိုကိုသုံး၍ ဘောင်ဆာကို သေးငယ်ကျဉ်းကျုံ့လိုက်ပြီး အကျဉ်းချထားလိုက်သည်။ မာရီယို နှင့် လူဝီဂျီတို့အား ၎င်းတို့၏မိဘများနှင့် စပိုက် အပါအဝင် ဘရွတ်ကလင်းမှ လူများက သူရဲကောင်းများအဖြစ် ဂုဏ်ပြုကြလေသည်။ ဇာတ်လမ်းအဆုံးတွင် ညီအစ်ကိုများသည် မှို တိုင်းပြည်တွင် နေထိုင်သွားကြလေသည်။

အသံ သရုပ်ဆောင်များ

[ပြင်ဆင်ရန်]
  1. Super Mario Bros. သည် Takashi Tezuka နှင့် Shigeru Miyamoto တို့မှ ဒီဇိုင်းထုတ်ပုံဖော်ရေးဆွဲကာ Miyamoto မှ စီစဉ်ညွှန်ကြားထုတ်လုပ်ခဲ့ပြီး Nintendo R&D4 မှ ဖန်တီး၍ နစ်တန်းဒိုး မှ ဖြန့်ချိခဲ့ခြင်းဖြစ်သည်။
  2. Koji Kondo ဖန်တီးခဲ့သော မူရင်း နစ်တန်းဒိုး နောက်ခံတေးဂီတ

ကိုးကား

[ပြင်ဆင်ရန်]
  1. The Super Mario Bros. Movie (February 16, 2023)။ February 16, 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ February 16, 2023 တွင် ပြန်စစ်ပြီး။
  2. Grierson၊ Tim။ The Super Mario Bros. Movie: Review။ April 5, 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ April 5, 2023 တွင် ပြန်စစ်ပြီး။
  3. Rubin၊ Rebecca။ "Box Office: 'Super Mario Bros. Movie' Scores Huge $31.7 Million, 'Air' Lands $3.2 Million on Opening Day"၊ Variety၊ April 6, 2023။ 
  4. The Super Mario Bros. Movie (2023)။ Nash Information Services, LLC။ June 13, 2023 တွင် ပြန်စစ်ပြီး။
  5. The Super Mario Bros. Movie (2023)။ April 5, 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ June 13, 2023 တွင် ပြန်စစ်ပြီး။

ပြင်ပလင့်များ

[ပြင်ဆင်ရန်]
{{bottomLinkPreText}} {{bottomLinkText}}
စူပါ မာရီယို ညီအစ်ကို ရုပ်ရှင်
Listen to this article

This browser is not supported by Wikiwand :(
Wikiwand requires a browser with modern capabilities in order to provide you with the best reading experience.
Please download and use one of the following browsers:

This article was just edited, click to reload
This article has been deleted on Wikipedia (Why?)

Back to homepage

Please click Add in the dialog above
Please click Allow in the top-left corner,
then click Install Now in the dialog
Please click Open in the download dialog,
then click Install
Please click the "Downloads" icon in the Safari toolbar, open the first download in the list,
then click Install
{{::$root.activation.text}}

Install Wikiwand

Install on Chrome Install on Firefox
Don't forget to rate us

Tell your friends about Wikiwand!

Gmail Facebook Twitter Link

Enjoying Wikiwand?

Tell your friends and spread the love:
Share on Gmail Share on Facebook Share on Twitter Share on Buffer

Our magic isn't perfect

You can help our automatic cover photo selection by reporting an unsuitable photo.

This photo is visually disturbing This photo is not a good choice

Thank you for helping!


Your input will affect cover photo selection, along with input from other users.

X

Get ready for Wikiwand 2.0 🎉! the new version arrives on September 1st! Don't want to wait?