For faster navigation, this Iframe is preloading the Wikiwand page for ဂရိကမ္ဘာဦးနတ်ဘုရားများ.

ဂရိကမ္ဘာဦးနတ်ဘုရားများ

ဂရိဒဏ္ဍာရီတွင် ကမ္ဘာဦးနတ်ဘုရားများ ဆိုသည်မှာ ခေးယော့စ် ခေါ် ဟင်းလင်ပြင်မှ ဖြစ်လာသော ပထမဆုံး နတ်ဒေဝါများဖြစ်သည်။ ဟီးဆီးယဒ်အလိုအရ ထိုနတ်ဘုရားများမှာ ဂိုင်ယာ (ကမ္ဘာမြေ)၊ တားတာရပ်စ် (ငရဲဘုံ)၊ အဲရော့စ် (တပ်မက်မှု တနည်း အချစ်)၊ အဲရာဘာ့စ် (အမှောင်ထု)၊ ဟဲမရာ (နေ့)၊ နစ် (ည) တို့ဖြစ်ကြသည်။

ဟီးဆီးယဒ်၏ ကမ္ဘာဦးနတ်မျိုးနွယ်များ

[ပြင်ဆင်ရန်]

ဟီးဆီးယဒ်၏ သီယိုဂန်နီကဗျာသည် ဘီစီ (၇၀၀) ဝန်းကျင်ခန့်ကဖြစ်ပြီး ယင်း၌ ပထမဆုံးနတ်မျိုးဆက်များကို ဖော်ပြထားသည်။

ပထမဆုံးအနေဖြင့် လေးမျိုးကို ပြသထားရာ ၎င်းတို့မှာ :

  • ခေးယော့စ်
  • ကမ္ဘာမြေ
  • တားတာရပ်စ်
  • အဲရော့စ် တို့ဖြစ်ကြသည်။[]

ထို့နောက် ဆက်လက်ပြဆိုသည်မှာ

  • အဲရာဘာ့စ် ခေါ် အမှောင်ထု နှင့် ည ခေါ် နစ် (ခေးယော့စ်မှ မွေးဖွား)
  • အီးသာ ခေါ် အလင်း နှင့် ဟဲမရာ ခေါ် နေ့ (ညနှင့် အမှောင်ထုတို့မှ မွေးဖွား)
  • ယူရေးနပ်စ် ခေါ် ကောင်းကင် နှင့် ပွန်းတပ်စ် ခေါ် သမုဒ္ဒရာ (ကမ္ဘာမြေမှ မွေးဖွား) တို့ဖြစ်ကြသည်။

အခြားသော ရင်းမြစ်စာပေများတွင် ဤကမ္ဘာဦးနတ်များနှင့်ပတ်သက်၍ မတူညီသော ပုံစံ၊ အမည်နာမများဖြင့် ဖော်ပြမှုရှိသည်။

ခေးယော့စ်

[ပြင်ဆင်ရန်]

ဂရိဒဏ္ဍာရီ၌ ဟီးဆီးယဒ်၏ ဖန်တီးခြင်းဒဏ္ဍာရီမူအချို့တွင် ခေးယော့စ်ကို ပထမဆုံးတည်ရှိခဲ့သော ပုဂ္ဂိုလ်တစ်ဦးအဖြစ် ဖော်ပြသည်။ ထို့ကြောင့် ခေးယော့စ်ကို နတ်ဘုရားတစ်ပါးအဖြစ် နားလည်နိုင်သကဲ့သို့ ကောင်းကင်ဘုံ (heaven) နှင့် ကမ္ဘာမြေကြားရှိ အရာတစ်ခုအနေဖြင့်လည်း အခြားသော ရင်းမြစ်များအရ ထိုသို့ နားလည်နိုင်ပေသည်။[] အချို့ရင်းမြစ်များက ခေးယော့စ်ကို အဲရော့စ်၊ နစ်တို့နှင့်အတူ စတင်ဖြစ်ခဲ့သောသူ ဟု ဖော်ပြကာ[] အခြားသောရင်းမြစ်များကမူ ခေးယော့စ်သည် စကြဝဠာ၌ ပထမဆုံး၊ တစ်ခုတည်းသော အရာဟုလည်း ရေးသားကြသည်။

ဂိုင်ယာ

[ပြင်ဆင်ရန်]

သီယိုဂန်နီအရ ဂိုင်ယာသည် ခေးယော့စ်မှ ဖြစ်ပေါ်ဖွဲ့စည်းသွားသော ပထမဆုံးအရာများထဲက တစ်ခုဖြစ်သည်။ မေထုန်မှုမပြုဘဲ ကောင်းကင်၊ တောင်တန်း၊ ပင်လယ်များကို မွေးဖွားခဲ့သည်။ ကောင်းကင်သည် နောက်ပိုင်းတွင် ဂိုင်ယာ၏ ယောက်ျားဖြစ်လာခဲ့လေသည်။[]

နစ် (အသံထွက် /နစ်ခ်စ်/) သည် "ည" ဖြစ်၍ မွိုင်ရိုင်း ခေါ် ကံကြမ္မာ ၏ မိခင်ဖြစ်၏ ။ အခြားသော သားသမီးများစွာလည်း ရှိသည်။ သီယိုဂန်နီကဗျာ၌ နစ်ကို အနက်ရောင်တောင်ပံဖြင့်ဟုဆိုကာ ပုံပြင်တစ်ပုဒ်၌ သူမသည် အဲရာဘာ့စ်တွင် ဥတစ်လုံးဥ၍ ထိုမှတဆင့် အဲရော့စ်ခေါ် ချစ်ခြင်းဖြစ်ပေါ်လာခဲ့သည်။[]

အဲရော့စ်

[ပြင်ဆင်ရန်]

အဲရော့စ် သည် ဂရိဒဏ္ဍာရီ၌ အချစ်နတ်ဘုရားဖြစ်၏ ။ ဟီးဆီးယဒ်မူအရ အဲရော့သ်သည် နတ်ဘုရားအားလုံးတွင် အချောမောဆုံးဖြစ်ပြီး နတ်ဘုရာူများ၊ လူသားများ၏ စိတ်နှင့် အတွေးများကို အောင်နိုင်၏ ဟုဆိုထားသည်။[]


တားတာရပ်စ်

[ပြင်ဆင်ရန်]

ဟီးဆီးယဒ်က တားတားရပ်စ်ကို ကမ္ဘာဦးနတ်ဘုရားတစ်ပ့အဖြစ်သော်လည်း အဝီစိကဲ့သို့ တွင်းနက်ကြီးအဖြစ်သော်လည်းကောင်း ဖော်ပြခဲ့သည်။ တားတာရပ်စ်သည် တိုက်တန်များကို ချုပ်နှောင်ခဲ့သည့်နေရာဖြစ်၍ ထောင်အဖြစ်လည်း ယူဆနိုင်သည်။ သို့သော် နေ့၊ ည၊ အိပ်စက်ခြင်း၊ သေခြင်း တို့နေထိုင်ရာအဖြစ်လည်း ယူဆကြ၏ ။ မြေအောက်ကမ္ဘာ၏ အလွန်နက်သော၊ ဝေးကွာသောနေရာအဖြစ်လည်း စဉ်းစားနိုင်ပေသည်။ ဟီးဆီးယဒ်ကပင် တိုက်တန်များထိုနေရာသို့ ကျရောက်ရန် ဆယ်ရက်ကြာမြင့်သည်ဟု ဖော်ပြခဲ့၏ ။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. The Theogony of Hesiod။ 2016-01-21 တွင် ပြန်စစ်ပြီး။
  2. ၂.၀ ၂.၁ Bussanich, John (July 1983). "A Theoretical Interpretation of Hesiod's Chaos". Classical Philology 78 (3): 212–219. doi:10.1086/366783. 
  3. Gotshalk၊ Richard (2000)။ Homer and Hesiod, Myth and Philosophy။ Lanham, Maryland: University Press of America။ p. 196။
  4. Dietrich, B.C. (1997). "Aspects of Myth and Religion". Classical Association of South Africa 20: 59–71. 
  5. Van Kooten၊ George (2005)။ Creation of Heaven and Earth။ Brill။ pp. 77–89။
  6. Johnson, David (Spring-Summer 1999). "Hesiod's Description of Tartarus ("Theogony" 721-819)". Phoenix 53 (1/2): 8–28. doi:10.2307/1088120. 
{{bottomLinkPreText}} {{bottomLinkText}}
ဂရိကမ္ဘာဦးနတ်ဘုရားများ
Listen to this article

This browser is not supported by Wikiwand :(
Wikiwand requires a browser with modern capabilities in order to provide you with the best reading experience.
Please download and use one of the following browsers:

This article was just edited, click to reload
This article has been deleted on Wikipedia (Why?)

Back to homepage

Please click Add in the dialog above
Please click Allow in the top-left corner,
then click Install Now in the dialog
Please click Open in the download dialog,
then click Install
Please click the "Downloads" icon in the Safari toolbar, open the first download in the list,
then click Install
{{::$root.activation.text}}

Install Wikiwand

Install on Chrome Install on Firefox
Don't forget to rate us

Tell your friends about Wikiwand!

Gmail Facebook Twitter Link

Enjoying Wikiwand?

Tell your friends and spread the love:
Share on Gmail Share on Facebook Share on Twitter Share on Buffer

Our magic isn't perfect

You can help our automatic cover photo selection by reporting an unsuitable photo.

This photo is visually disturbing This photo is not a good choice

Thank you for helping!


Your input will affect cover photo selection, along with input from other users.

X

Get ready for Wikiwand 2.0 🎉! the new version arrives on September 1st! Don't want to wait?