For faster navigation, this Iframe is preloading the Wikiwand page for ကြံ့သူတော်.

ကြံ့သူတော်

ဤကြံ့သူတော် တိရစ္ဆာန်သည် သီးခြားကိုယ်ပိုင်မျိုးရင်းမှဖြစ်သည်။ ကြံ့မျိုးရင်းဝင်မဟုတ်ပါ။
ကြံ့သူတော်
မျိုးရိုးခွဲခြားခြင်း
လောက:
Animalia
မျိုးပေါင်းစု:
Chordata
မျိုးပေါင်း:
မျိုးစဉ်:
Perissodactyla
မျိုးရင်း:
Tapiridae
မျိုးစု:
Tapirus
ဒွိနာမ
Tapirus indicus
ကြံ့သူတော်
Temporal range: 33–0 Ma
PreЄ
Є
O
S
D
C
P
T
K
Pg
N
Oligocene–Holocene
South American tapir
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Mammalia
မျိုးစဉ်: Perissodactyla
Superfamily: Tapiroidea
မျိုးရင်း: Tapiridae
Brünnich, 1772
Genera
  • Acrocodia
  • Tapirus
  • Eotapirus
  • Miotapirus
  • Nexuotapirus
  • Paratapirus
  • Plesiotapirus
  • Protapirus
  • Tapiravus

ကြံ့သူတော်သည် အရွယ်အစားကြီးမားသော အသီးအရွက်စားသတ္တဝါ ဖြစ်သည်။ ဝက်နှင့် ပုံပန်းသဏ္ဌာန်ချင်း ဆင်တူ သည်။ တိုပြီး လှုပ်ယိမ်းနိုင်သော နှာတံ ရှိသည်။ ကြံ့သူတော်ကို တရရှူးဟုလည်း ခေါ်ကြသည်။ ကြံ့သူတော်များကို တောင်အမေရိကတိုက်ဗဟိုအမေရိကနှင့် အရှေ့တောင်အာရှတို့ရှိ သစ်တောများနှင့် တောအုပ်များတွင် တွေ့ရလေသည်။ မျိုးစိတ်ငါးမျိုး ရှိပြီး အားလုံးသည် တာပီရီဒေးမျိုးရင်းတွင် ပါဝင်လေသည်။ ယင်းတို့မှာ ဘရာဇီးကြံ့သူတော်၊ မလေးကြံ့သူတော်၊ ဗဟိုအမေရိကကြံ့သူတော်၊ ကာဘိုမာနီကြံ့သူတော်နှင့် တောင်ကြံ့သူတော်တို့ ဖြစ်သည်။ ကြံ့သူတော်များ၏ အနီးစပ်ဆုံးဆွေမျိုးများမှာ ခွာမစုံသောစားမြုံ့ပြန်နို့တိုက်သတ္တဝါများဖြစ်ပြီး မြင်းမြည်းမြင်းကျားနှင့် ကြံ့များ ဖြစ်သည်။

သွင်ပြင်လက္ခဏာ

[ပြင်ဆင်ရန်]

ကြံ့သူတော်သည် ဆင်လည်းမမည်၊ ဝက်လည်းမကျ ဖြစ် သောကြောင့်၊ ပုံပန်းသဏ္ဌာန်မှာ အတော်ပင် အချိုးမကျချေ။ ယင်းတွင် နှာမောင်းတစ်ခုပါရှိရာ၊ ထိုနှာမောင်းမှာ အတိုစား ဖြစ်သဖြင့်၊ ခပ်လှမ်းလှမ်းမှ ကြည့်လျှင် ကြံ့သူတော်သည် ဦးချို မပါသော ကြံ့နှင့် ဆင်တူသည်။ ကြံ့သူတော်၏ကိုယ်တွင် ချော မွတ်သော အမွေးတိုများ ဖုံးလွှမ်းလျက်ရှိ၏။ အာရှတိုက်ရှိ ကြံ့ သူတော်မျိုးတွင် ခြေလက်နှင့် ကိုယ်ရှေ့ပိုင်းတို့သည် အနက် သို့မဟုတ် အညိုရင့်ရောင်ရှိ၍၊ ကိုယ်ဘေးနှင့် နောက်ပိုင်းတို့၌ ဖြူညစ်ညစ်အရောင်ရှိသည်။ အမေရိကတိုက်ရှိ ကြံ့သူတော်များ၌ တစ်ကိုယ်လုံးပင် အညိုရောင် သို့မဟုတ် အနက်ရောင် ရှိကြ သည်။ တောင်အမေရိကတိုက် ဘရာဇီးနိုင်ငံရှိ ကြံ့သူတော်မျိုးမှာ တောထူထပ်သောဒေသများတွင်သာ နေလေ့ရှိသည်။ အန်းဒီးတောင်တန်း၌ တွေ့ရသောအမျိုးမှာ ပေ ၇ဝဝဝ၊ ၈ဝဝဝ ကျော် မြင့်သော ကုန်းမြင့်ဒေသများ၌ နေလေ့ ရှိသည်။ အမေရိကတိုက် အလယ်ပိုင်း၌လည်း လူသိနည်းသော ကြံ့သူတော် တစ်မျိုးရှိသေးသည်။

အစားအစာ

[ပြင်ဆင်ရန်]

ကြံ့သူတော်တို့၏ အဓိကအစာမှာ သစ်ရွက်နုနှင့် သစ်သီး သစ်ဖုများ ဖြစ်သည်။ ကြံ့သူတော်သည် ရှေးကျသော တိရစ္ဆာန် ဖြစ်၏။ ယင်းတို့သည် တစ်ခါက မြောက်ကမ္ဘာလုံးခြမ်းတွင် အနှံ့အပြားနေထိုင်ခဲ့ကြဘူးသည်။ ထို့နောက်မှ အမေရိကတိုက် နှင့် မလေးရှားကျွန်းဆွယ် အစွန်အဖျားဒေသတို့သို့ အပျံ့အနှံ့ ရောက်ရှိ သွားကြခြင်း ဖြစ်လေသည်။

အလေ့စရိုက်

[ပြင်ဆင်ရန်]

ကြံ့သူတော်သည် ကြောက်တတ်သော တိရစ္ဆာန်မျိုး ဖြစ်၍ တောနက်ကြီးများထဲ၌ တစ်ကောင်ချင်း အေးအေးဆေး ဆေး နေတတ်သည်။ နွေးသော ရာသီဥတုကို ကြိုက်နှစ်သက်သဖြင့် ယင်းတို့ကို ကမ္ဘာဟောင်းကမ္ဘာသစ်ရှိ ပူအိုက်သောဒေသများတွင် တွေ့ရလေ့ရှိသည်။ ယင်းတို့ကို မလေးရှားကျွန်းဆွယ်၊ အမေရိကတိုက်အလယ်ပိုင်းနှင့် တောင်အမေရိကတိုက်တွင် အတွေ့ရများ လေသည်။ ကမ္ဘာဟောင်းရှိ ကြံ့သူတော်တို့သည် ကမ္ဘာသစ်ရှိ ကြံ့သူတော်များထက် ပိုမိုကြီးမားကြသည်။ မလေးရှားကျွန်းဆွယ်ရှိ ကြံ့သူတော်သည် အလျား ၈ ပေခန့်ရှိ၍ ပခုံးအထိ အမြင့်မှာ ၃ ပေ ၃ လက်မမျှ မြင့်၏။ မြန်မာနိုင်ငံ၌၊ ထားဝယ်နယ်၊ မြိတ်နယ်ဖက်တွင် ကြံ့သူတော်များကို တွေ့ရသည်။

ကြံ့သူတော်တို့သည် တစ်ကြိမ်လျှင် တစ်ကောင်ကျသာ မွေးလေ့ရှိသည်။ အရွယ်မရောက်သေးသော ကြံ့သူတော် ကလေး များတွင် အနက်ရောင်ရှိသော ကိုယ်ပေါ်၌ အဝါနှင့်အဖြူအစင်း ကျားများ ပါရှိလေသည်။ ကြံ့သူတော်တို့သည် အကြောက် အလန့်ကြီးသည်မှာ မှန်သော်လည်း၊ ကြံ့သူတော်သားအုပ်မ တို့ကား၊ မိမိတို့၏သားငယ်များကို အသက်ပေး၍ ကာကွယ် စောင့်ရှောက်လေ့ရှိကြသည်။ [၁]

ရှင်သန်ဆဲ မျိုးစိတ်များ

[ပြင်ဆင်ရန်]
!Image Scientific name Common name Distribution Notes
Tapirus bairdii(Gill, 1865) Baird's tapir (also called the Central American tapir) Mexico, Central America and northwestern South America Includes Kabomani tapir(Tapirus kabomani).
Tapirus terrestris(Linnaeus, 1758) South American tapir(also called the Brazilian tapir or lowland tapir) Venezuela, Colombia, and the Guianas in the north to Brazil, Argentina, and Paraguay in the south, to Bolivia, Peru, and Ecuador in the West.
Tapirus pinchaque(Roulin, 1829) Mountain tapir (also called the woolly tapir) Eastern and Central Cordilleras mountains in Colombia, Ecuador, and the far north of Peru.
Tapirus indicusDesmarest, 1819 Malayan tapir (also called the Asian tapir, Oriental tapir or Indian tapir) Indonesia, Malaysia, Myanmar, and Thailand May be placed in Acrocodia

ကိုးကား

[ပြင်ဆင်ရန်]
  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)



{{bottomLinkPreText}} {{bottomLinkText}}
ကြံ့သူတော်
Listen to this article

This browser is not supported by Wikiwand :(
Wikiwand requires a browser with modern capabilities in order to provide you with the best reading experience.
Please download and use one of the following browsers:

This article was just edited, click to reload
This article has been deleted on Wikipedia (Why?)

Back to homepage

Please click Add in the dialog above
Please click Allow in the top-left corner,
then click Install Now in the dialog
Please click Open in the download dialog,
then click Install
Please click the "Downloads" icon in the Safari toolbar, open the first download in the list,
then click Install
{{::$root.activation.text}}

Install Wikiwand

Install on Chrome Install on Firefox
Don't forget to rate us

Tell your friends about Wikiwand!

Gmail Facebook Twitter Link

Enjoying Wikiwand?

Tell your friends and spread the love:
Share on Gmail Share on Facebook Share on Twitter Share on Buffer

Our magic isn't perfect

You can help our automatic cover photo selection by reporting an unsuitable photo.

This photo is visually disturbing This photo is not a good choice

Thank you for helping!


Your input will affect cover photo selection, along with input from other users.

X

Get ready for Wikiwand 2.0 🎉! the new version arrives on September 1st! Don't want to wait?