For faster navigation, this Iframe is preloading the Wikiwand page for အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်လီမိတက်.

အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်လီမိတက်

အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်လီမိတက်
Asia Green Development Bank
(AGD)
အမျိုးအစားအများနှင့်သက်ဆိုင်သော
လုပ်ငန်းဘဏ်
တည်ထောင်သည့်နှစ်၁၆ ဩဂုတ် ၂၀၁၀
ဌာနချုပ်ရန်ကုန် မြန်မာ
အရေးပါ ပုဂ္ဂိုလ်များဦးတေဇ
အလုပ်သမားဦးရေ၂၃၀၀[၁] (၂၀၁၄)
ဝက်ဘ်ဆိုက်agdbank.com

အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ် (Asia Green Development Bank) သည် ၂၀၁၀ ခုနှစ် ဩဂုတ်လတွင် နိုင်ငံတော်မှ ခွင့်ပြုပေးခဲ့သော ပုဂ္ဂလိကဘဏ် ၄ ခုမှ တစ်ခုဖြစ်သည်။ နေပြည်တော် ရုံးချုပ်မှာ အမှတ် (၁၆၈)၊ သီရိရတနာ အဆင့်မြင့် ဈေး၊ ဇမ္ဗူသီရိမြို့နယ်နေပြည်တော်တွင် တည်ရှိပြီး၊ ရန်ကုန်ရုံးချုပ်မှာ အမှတ်(၅၁၉) ပြည်လမ်းကမာရွတ်မြို့နယ်ရန်ကုန်မြို့တွင် တည်ရှိသည်။ မြန်မာနိုင်ငံ၌ စတော့အိတ်ချိန်းတည်ထောင်ပြီးပါက ၂၀၁၅ တွင် အများပိုင်ကုမ္ပဏီအဖြစ် ပြောင်းလဲမည်ဟု ကြေညာခဲ့သည်။[၂] ဘဏ်ကို ထူးစီးပွားရေးလုပ်ငန်းစုက ဦးတေဇမှ တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ရှယ်ယာ၏ ၁၅ ရာခိုင်နှုန်းကို ယခင်အာဏာရှင်ဟောင်းတစ်ဦးဖြစ်ခဲ့သူ ဦးနေဝင်း၏ မြေးများဖြစ်သော ဦးကျော်နေဝင်းကို ရောင်းချခဲ့သည်။ [၃]

ဘဏ်အကြောင်း အနှစ်ချုပ်

အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်၏ ပထမဦးဆုံးဘဏ်ခွဲကို ဩဂုတ်လ ၆ ရက် ၂၀၁၀ ခုနှစ်တွင် နေပြည်တော်၌ အောင်မြင်စွာ ဖွင့်လှစ်ခဲ့သည်။ ယခုအခါ ဘဏ်ခွဲငယ် အပါအဝင် ဘဏ်ခွဲပေါင်း ၅၅ ဘဏ်ကို မြန်မာနိုင်ငံ အနှံ့အပြား ဖွင့်လှစ်ပြီး ဝန်ဆောင်မှုပေးလျက်ရှိသည်။

အချိန်အတို ကာလအတွင်းမှာပင် အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ် အနေဖြင့် နိုင်ငံတကာဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင်၊ ငွေလဲလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင် တို့ကို ရရှိခဲ့ပြီး နိုင်ငံခြားဘဏ်လုပ်ငန်း ဌာန(၁)ခု၊ ငွေလဲကောင်တာ (၄၅)ခုဖွင့်လှစ်ထားပြီး ဖြစ်သည်။

အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်သည် ဝန်ထမ်းပေါင်း ၂၀၀၀ ကျော် ဖြင့် မြန်မာနိုင်ငံတဝှမ်းလုံး၌ ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများကို တိုးချဲ့လုပ်ကိုင်လျက် ရှိသည်။ နောက်ထပ် ဘဏ်ခွဲ ပေါင်းများစွာကိုလည်း ထပ်မံဖွင့်လှစ်ရန် စီစဉ်လျက်ရှိသည်။

ငယ်ရွယ်၍ တက်ကြွသော အတတ်ပညာပိုင်းဆိုင်ရာတွင် ထူးချွန်သော ဘဏ်လုပ်ငန်း ကျွမ်းကျင်သူများအပြင်၊ ဘဏ်လုပ်ငန်းဆိုင်ရာ ဝါရင့်ပုဂ္ဂိုလ်များ၊ ကွန်ပျူတာ ပရိုဂရမ်မာများ၊ စက်ပစ္စည်းပိုင်းဆိုင်ရာ နှင့် ကွန်ပျူတာ ကွန်ယက်ဆက်သွယ်မှုများတွင် ကျွမ်းကျင်သူများ၊ စီမံခန့်ခွဲမှုကျွမ်းကျင်သူများ၊ ဘဏ္ဍာရေးဆိုင်ရာ ကျွမ်းကျင်သူများ၊ ဈေးကွက်ရှာဖွေရာတွင် ကျွမ်းကျင်သူများ၊ လူ့စွမ်းအား အရင်းအမြစ်ဆိုင်ရာ ကျွမ်းကျင်သူများ ပါဝင်သောစွမ်းအားစုတို့ဖြင့် ဘဏ်၏အနာဂတ်ကို တိုးတက်အောင် ဖော်ဆောင်လျက်ရှိသည်။

အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်သည် ငွေကြေးဆိုင်ရာဝန်ဆောင်မှုများ ဖြစ်သည့် ပြည်တွင်း ငွေလွှဲလုပ်ငန်း၊ ပြည်ပငွေလွှဲလုပ်ငန်း၊ ငွေလဲလှယ်မှု လုပ်ငန်း၊ ငွေစုဘဏ်လုပ်ငန်း၊ စာရင်းရှင်အပ်ငွေ၊ စာရင်းသေအပ်ငွေ၊ ငွေချေးလုပ်ငန်း၊ အငှားဝယ်စနစ်လုပ်ငန်း၊ ဘဏ်အာမခံလက်မှတ် ထုတ်ပေးခြင်း၊ အွန်လိုင်းပေါ်မှ ငွေပေးချေမှုများ၊ ကုန်သွယ်မှုဆိုင်ရာ ငွေကြေးထောက်ပံ့မှု အစရှိသည်တို့ကို ဝန်ဆောင်မှု ပေးလျက်ရှိသည်။ အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ် သည် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ချမှတ်ထားသော စည်းမျဉ်း စည်းကမ်းများကို လိုက်နာ၍ ဘဏ်လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။

ဝန်ဆောင်မှုများ

  • အပ်နှံငွေ
    • စာရင်းရှင် အပ်ငွေ – CURRENT ACCOUNT
    • ငွေစုဘဏ် အပ်ငွေ – SAVINGS DEPOSIT ACCOUNT
    • စာရင်းသေ အပ်ငွေ – FIXED DEPOSIT ACCOUNT
  • ပြည်တွင်း ငွေလွှဲလုပ်ငန်း
  • အရစ်ကျ အငှားဝယ် စနစ်
  • ချေးငွေ
  • အင်တာနက်မှ အခွန်အခများ ပေးဆောင်ခြင်း
  • Online တွင် အရောင်းအဝယ်လုပ်ကြခြင်း
  • Tele-Banking ဝန်ဆောင်မှု
  • e-Banking System (Mobile Banking & Internet Banking)

ကိုးကား

  1. "The Myanmar Times Bank Survey 2014"၊ Myanmar Times၊ 15 July 2014။ 8 February 2015 တွင် ပြန်စစ်ပြီး 
  2. Aye Thidar Kyaw။ "Asia Green Development Bank planning to go public"၊ Myanmar Times၊ 28 January 2013။ 8 February 2015 တွင် ပြန်စစ်ပြီး။ Archived from the original on 29 October 2014။ 
  3. Aung Shin။ "Change in owners as U Tay Za said to exit AGD Bank"၊ Myanmar Times၊ 21 July 2014။ 8 February 2015 တွင် ပြန်စစ်ပြီး 
{{bottomLinkPreText}} {{bottomLinkText}}
အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်လီမိတက်
Listen to this article

This browser is not supported by Wikiwand :(
Wikiwand requires a browser with modern capabilities in order to provide you with the best reading experience.
Please download and use one of the following browsers:

This article was just edited, click to reload
This article has been deleted on Wikipedia (Why?)

Back to homepage

Please click Add in the dialog above
Please click Allow in the top-left corner,
then click Install Now in the dialog
Please click Open in the download dialog,
then click Install
Please click the "Downloads" icon in the Safari toolbar, open the first download in the list,
then click Install
{{::$root.activation.text}}

Install Wikiwand

Install on Chrome Install on Firefox
Don't forget to rate us

Tell your friends about Wikiwand!

Gmail Facebook Twitter Link

Enjoying Wikiwand?

Tell your friends and spread the love:
Share on Gmail Share on Facebook Share on Twitter Share on Buffer

Our magic isn't perfect

You can help our automatic cover photo selection by reporting an unsuitable photo.

This photo is visually disturbing This photo is not a good choice

Thank you for helping!


Your input will affect cover photo selection, along with input from other users.

X

Get ready for Wikiwand 2.0 🎉! the new version arrives on September 1st! Don't want to wait?