For faster navigation, this Iframe is preloading the Wikiwand page for အာဆီယံထိပ်သီးအစည်းအဝေး.

အာဆီယံထိပ်သီးအစည်းအဝေး

ASEAN Summit
အာဆီယံအဖွဲ့ဝင်များအား အစိမ်း​ရောင်ဖြင့် ပြသထားသည်။
အမျိုးစားသံတမန် ညီလာခံ
ကြိမ်နှုန်းနှစ်စဉ်
သက်ဝင်နှစ်ပေါင်း57
ဖွဲ့စည်းခဲ့ဖေဖော်ဝါရီ ၂၄၊ ၁၉၇၆ (၁၉၇၆-၀၂-၂၄)
မကြာသေးခင်က​မေ ၂၀၂၃

အာဆီယံ ထိပ်သီးအစည်းအဝေးသည် အာဆီယံနိုင်ငံ​များမှ နိုင်ငံတော်အကြီးအကဲများ သို့မဟုတ် အစိုးရအဖွဲ့အကြီးအကဲများ တက်​ရောက်ရသည့် စီးပွားရေး၊ နိုင်ငံရေး၊ လုံခြုံရေးနှင့် လူမှုဘဝတိုးတက်ရေးတို့အတွက် ဆွေးနွေးရန် နှစ်စဉ်ကျင်းပသော အစည်းအဝေးဖြစ်သည်။ ထို့အပြင် အခြား​သော နိုင်ငံတကာခေါင်းဆောင်များနှင့်လည်း အစည်းအဝေးပွဲများ တစ်ဆက်တည်း ကျင်းပကြသည်။ ကမ္ဘာ့အဆင့် ရလဒ်များ ထုတ်ပြန်မှုကြောင့် နိုင်ငံတကာ၏ လက်ခံမှုရရှိထားသော အစည်းအဝေးဖြစ်သည်။

လုပ်ပိုင်ခွင့်များ

[ပြင်ဆင်ရန်]
  • အာဆီယံ၏ မူဝါဒချမှတ်ပေးသည့် အမြင့်ဆုံး အဖွဲ့အစည်းဖြစ်ရမည်။
  • အာဆီယံ၏ ရည်မှန်းချက်များ လက်တွေ့အကောင်အထည်ဖော်ရေးနှင့် စပ်လျဉ်းသော အဓိကကျသည့် ကိစ္စရပ်များအပေါ်တွင်လည်းကောင်း၊ အသင်းဝင်နိုင်ငံများ၏ အကျိုးစီးပွားအတွက် အရေးကြီးသော ကိစးရပ်များအပေါ်တွင်လည်းကောင်း၊ အာဆီယံလုပ်ငန်းပေါင်းစပ်ညှိနှိုင်းရေးကောင်စီ၊ အာဆီယံအသိုက်အဝန်းကောင်စီ၊ အာဆီယံဝန်ကြီးအဆင့် ကဏ္ဍအလိုက် အဖွဲ့အစည်းများက တင်ပြလာသည့် ကိစ္စရပ်များအပေါ်တွင်လည်းကောင်း၊ ဆွေးနွေးခြင်း၊ မူဝါဒပိုင်းဆိုင်ရာ လမ်းညွှန်ခြင်းနှင့် ဆုံးဖြတ်ခြင်းပြုလုပ်ရမည်။
  • သက်ဆိုင်ရာကောင်စီအသီးသီးမှ သက်ဆိုင်ရာဝန်ကြီးများအား ယာယီဝန်ကြီးအဆင့်အစည်းအဝေးများ ကျင်းပရန် လမ်းညွှန်ခြင်းနှင့် အသိုက်အဝန်းကောင်စီတစ်ခုထက်မက ကျော်လွန်သက်ရောက်မှုရှိသည့် အာဆီယံနှင့် ပက်သက်သော အရေးကြီးသော ကိစ္စရပ်များကို အရေးယူဆောင်ရွက်ရန် ညွှန်ကြားရမည်။အဆိုပါအစည်းအဝေးများကျင်းပရန် လုပ်ထုံးလုပ်နည်းများကို အာဆီယံလုပ်ငန်းပေါင်းစပ်ညှိနှိုင်းရေးကောင်စီက ချမှတ်ပေးရမည်။
  • အာဆီယံနိုင်ငံများအပေါ် ထိခိုက်မှုရှိမည့် အရေးပေါ်အခြေအနေများကို ကိုင်တွယ်ဆောင်ရွက်ရန် သင့်လျော်သည့် အရေးယုဆောင်ရွက်မှုများ ပြုလုပ်ရမည်။
  • အာဆီယံပဋိညာဉ်စာတမ်းပါ အခန်း(၇) - ဆုံးဖြတ်ချက်ချမှတ်ခြင်း၊ အခန်း(၈) - အငြင်းပွားမှုများကို ဖြေရှင်းခြင်း တို့အပေါ် ဆုံးဖြတ်ပေးရမည်။
  • အာဆီယံဝန်ကြီးအဆင့် ကဏ္ဍအလိုက် အဖွဲ့အစည်းများနှင့် အခြားသောအာဆီယံအဖွဲ့အစည်းများ ခူထောင်ခြင်းနှင့် ဖျက်သိမ်းခြင်းအပေါ် ခွင့်ပြုချက်ပေးရမည်။
  • ဝန်ကြီးအဆင့်ရှိသော အထွေထွေအတွင်းရေးမှူးချုပ်ကို အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး၏ ထောက်ခံချက်အရ အကြီးအကဲများ၏ ယုံကြည်အားရနှစ်ခြိုက်မှုဖြင့် ခန့်အပ်ရမည်။

သမိုင်း​ကြောင်း

[ပြင်ဆင်ရန်]

ပထမဆုံးအစည်းအဝေးကို ၁၉၇၆ ဖေဖော်ဝါရီတွင် အင်ဒိုနီးရှားနိုင်ငံ ဘာလီ၌ ကျင်းပခဲ့သည်။ ဤပွဲတွင် အာဆီယံ၏ ပြင်ပနိုင်ငံများနှင့် ဆက်ဆံရေးအသွင်ကို ပြသခဲ့သည်။ ချစ်ကြည်ရေးနှင့် ပူးပေါင်းရေးစာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည်။

အာဆီယံ အလှည့်ကျဥက္ကဋ္ဌ

[ပြင်ဆင်ရန်]

အာဆီယံထိပ်သီးအစည်းအ​ဝေးမှာ အာဆီယံ၏ မူ​ဝါဒ​ရေးရာ အဆင့်မြင့်အစည်းအ​ဝေးတစ်ခုဖြစ်သည်။ထိုအစည်းအ​​ဝေးသို့ နိုင်ငံ​တော်​ခေါင်း​ဆောင်များ၊ အစိုးရအဖွဲ့​ခေါင်း​ဆောင်များ တက်​ရောက်ကြသည်။အာဆီယံအလှည့်ကျဥက္ကဋ္ဌမှာ နိုင်ငံ၏ အင်္ဂလိပ်စကားလုံး​ပေါ်တွင် အစဉ်လိုက် အလှည့်ကျ တာဝန်ယူရသည်။အလှည့်ကျဥက္ကဋ္ဌသည် ပြက္ခဒိန်တစ်နှစ်စာတာဝန်ယူရပြီး ထိပ်သီးအစည်းအ​ဝေးအပါအဝင် ဆက်စပ်အစည်းအ​ဝေးများကို လက်ခံကျင်းပရသည်။[၁] ၂၀၂၃ခုနှစ်အတွက် အာဆီယံအလှည့်ကျဥက္ကဋ္ဌမှာ အင်ဒိုနီးရှားနိုင်ငံ သမ္မတဖြစ်သည်။ ​အောက်ပါတို့မှာ အာဆီယံနိုင်ငံများမှ နိုင်ငံ​တော်​အကြီးအကဲများ၊ အစိုးရ​အကြီးအကဲများဖြစ်သည်။

      အာဆီယံအလှည့်ကျဥက္ကဋ္ဌ

ASEAN Summit

အဖွဲ့ဝင်နိုင်ငံ ကိုယ်စားလှယ် အဖွဲ့ဝင်နိုင်ငံ ကိုယ်စားလှယ် အဖွဲ့ဝင်နိုင်ငံ ကိုယ်စားလှယ်
အရှေ့တောင်အာရှနိုင်ငံများအသင်း
အထွေထွေအတွင်းရေးမှူးချုပ်
Kao Kim Hourn
( ကမ္ဘောဒီးယား)
ဘရူနိုင်းနိုင်ငံ

ဘရူနိုင်းဒါရုစလမ်နိုင်ငံ

ဆူတန်
ဟန်ဆာနယ် ဘိုကီးယက်
ကမ္ဘောဒီးယားနိုင်ငံ

ကမ္ဘောဒီးယားဘုရင့်နိုင်ငံ

ဝန်ကြီးချုပ်
ဟွန်မာနက်
အင်ဒိုနီးရှားနိုင်ငံ

အင်ဒိုနီးရှားသမ္မတနိုင်ငံ

သမ္မတ
ဂျိုကို ဝီဒိုဒို
လာအိုနိုင်ငံ

လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ

ဝန်ကြီးချုပ်
Sonexay Siphandone
မလေးရှားနိုင်ငံ

မလေးရှားဖက်ဒရယ်နိုင်ငံ

ဝန်ကြီးချုပ်
အန်နဝါ အီဘရာဟင်
မြန်မာနိုင်ငံ

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်

ဝန်ကြီးချုပ်
မင်းအောင်လှိုင်
ဖိလစ်ပိုင်နိုင်ငံ

ဖိလစ်ပိုင်သမ္မတနိုင်ငံ

သမ္မတ
ဘွန်ဘွန်မားကို့စ်
စင်ကာပူနိုင်ငံ

စင်ကာပူသမ္မတနိုင်ငံ

ဝန်ကြီးချုပ်
လီရှန်လုံး
ထိုင်းနိုင်ငံ

ထိုင်းဘုရင့်နိုင်ငံ

ဝန်ကြီးချုပ်
ဆေထာ ထဝီဆင်
ဗီယက်နမ်နိုင်ငံ

ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ

ဝန်ကြီးချုပ်
ဖန်မင့်ချင်

ကျင်းပခဲ့သည့်အစည်းအ​ဝေးပွဲများ

[ပြင်ဆင်ရန်]
ထိပ်သီးအစည်းအဝေးများ
အကြိမ် နေ့စွဲ နိုင်ငံ ကျင်းပရာမြို့(များ) ဥက္ကဋ္ဌ
၂၃-၂၄ ဖေဖော်ဝါရီ ၁၉၇၆  အင်ဒိုနီးရှား ဘာလီမြို့ သမ္မတ ဆူဟာတို
၄-၅ ဩဂုတ် ၁၉၇၇  မလေးရှား ကွာလာလမ်ပူမြို့ ဝန်ကြီးချုပ် ဟူစိန်ဟွန်း
၁၄-၁၅ ဒီဇင်ဘာ ၁၉၈၇  ဖိလစ်ပိုင် မနီလာမြို့တော် သမ္မတ အာကီနို
၂၇-၂၉ ဇန်နဝါရီ ၁၉၉၂  စင်ကာပူ စင်ကာပူ ဝန်ကြီးချုပ် ဂိုချုပ်တောင်
၁၄-၁၅ ဒီဇင်ဘာ ၁၉၉၅  ထိုင်း ဘန်ကောက်မြို့ ဝန်ကြီးချုပ် ဘန်ဟန် ဆီပါအာချာ
၁၅-၁၆ ဒီဇင်ဘာ ၁၉၉၈  ဗီယက်နမ် ဟနွိုင်းမြို့ ဝန်ကြီးချုပ် ဖန်ဗန်ခိုင်
၅-၆ နိုဝင်ဘာ ၂၀၀၁  ဘရူနိုင်း ဘန်ဒါဆရီဘဂါဝမ်မြို့ ဆူတန် ဟန်ဆာနယ် ဘိုကီယာ
၄-၅ နိုဝင်ဘာ ၂၀၀၂  ကမ္ဘောဒီးယား ဖနွမ်းပင်မြို့ ဝန်ကြီးချုပ် ဟွန်ဆန်
၇-၈ အောက်တိုဘာ ၂၀၀၃  အင်ဒိုနီးရှား ဘာလီမြို့ သမ္မတ မဂ္ဂဝတီ ဆူခါနော်ပူထရီ
၁၀ ၂၉-၃၀ နိုဝင်ဘာ ၂၀၀၄  လာအို ဗီယင်ကျန်းမြို့ ဝန်ကြီးချုပ် ဘိုဟန် ဗော်ရာချစ်
၁၁ ၁၂-၁၄ ဒီဇင်ဘာ ၂၀၀၅  မလေးရှား ကွာလာလမ်ပူမြို့ ဝန်ကြီးချုပ် အဗူဒေါ အမတ် ဘော်ဒဝီ
၁၂ ၁၁-၁၄ ဇန်နဝါရီ ၂၀၀၇1  ဖိလစ်ပိုင်2 မန်ဒေါင်း သမ္မတ ဂလော်ရီယာ မကာပယ်ကယ် အာရိုယို
၁၃ ၁၈-၂၂ နိုဝင်ဘာ ၂၀၀၇  စင်ကာပူ စင်ကာပူမြို့ ဝန်ကြီးချုပ် လီရှန်လုံး
၁၄3 ၂၇ ဖေဖော်ဝါရီ- ၁ မတ် ၂၀၀၉  ထိုင်း ချမ်အမ်းမြို့ & ဟွာဟင်းမြို့ ဝန်ကြီးချုပ် အဘီစစ် ဝိဇ္ဇာဇီဝ
၁၀-၁၁ ဧပြီ ၂၀၀၉ ပတ္တယားမြို့
၁၅ ၁၃-၂၅ အောက်တိုဘာ ၂၀၁၀ ချမ်အမ်းမြို့ & ဟွာဟင်းမြို့
၁၆ ၈-၉ ဧပြီ ၂၀၁၀  ဗီယက်နမ် ဟနွိုင်းမြို့ ဝန်ကြီးချုပ် ငုယင်တန်ဒန်း
၁၇ ၂၈-၃၁ အောက်တိုဘာ ၂၀၁၀
၁၈ ၇-၈ မေ ၂၀၁၁  အင်ဒိုနီးရှား4 ဂျကာတာမြို့ သမ္မတ ဆူဆီလို ဘမ်ဘန် ယော့ဟွိုင်နို
၁၉ ၁၄- ၁၉ နိုဝင်ဘာ ၂၀၁၁ ဘာလီမြို့
၂၀ ၃-၄ ဧပြီ ၂၀၁၂  ကမ္ဘောဒီးယား ဖနွမ်းပင်မြို့ ဝန်ကြီးချုပ် ဟွန်ဆန်
၂၁ ၁၇-၂၀ နိုဝင်ဘာ ၂၀၁၂
၂၂ ၂၄-၁၅ ဧပြီ ၂၀၁၃  ဘရူနိုင်း ဘန်ဒါဆရီဘဂါဝမ်မြို့ ဆူတန် ဟန်ဆာနယ် ဘိုကီယာ
၂၃ ၉-၁၀ အောက်တိုဘာ ၂၀၁၃
၂၄ ၁၀-၁၁ မေ ၂၀၁၄  မြန်မာ နေပြည်တော်မြို့ သမ္မတ ဦးသိန်းစိန်
၂၅ ၁၀-၁၂ နိုဝင်ဘာ ၂၀၁၄
၂၆ ၂၆-၂၇ ဧပြီ ၂၀၁၅  မလေးရှား ကွာလာလမ်ပူမြို့ & လမ်ကဝီမြို့ ဝန်ကြီးချုပ် နာဂျစ် ရာဇက်
၂၇ ၁၈-၂၂ နိုဝင်ဘာ ၂၀၁၅ ကွာလာလမ်ပူမြို့
၂၈ ၆-၈ စက်တင်ဘာ ၂၀၁၆  လာအို ဗီယင်ကျန်းမြို့ ဝန်ကြီးချုပ် သွန်လွန် ဆီဆိုလစ်
၂၉
၃၀ ၂၈-၂၉ ဧပြီ ၂၀၁၇  ဖိလစ်ပိုင် ပါစီ သမ္မတ ရော်ဒရီဂို ဒူတာတေး
၃၁ ၁၀- ၁၄ နိုဝင်ဘာ ၂၀၁၇
၃၂ ၂၅-၂၈ ဧပြီ ၂၀၁၈  စင်ကာပူ စင်ကာပူမြို့ ဝန်ကြီးချုပ် လီရှန်လုံး
၃၃ ၁၁-၁၅ နိုဝင်ဘာ ၂၀၁၈
၃၄ ၂၀-၂၃ ဇွန် ၂၀၁၉  ထိုင်း ဘန်ကောက်မြို့ ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ
၃၅ ၃၁ အောက်တိုဘာ- ၄ နိုဝင်ဘာ ၂၀၁၉
၃၆ ၂၆ ဇွန် ၂၀၂၀  ဗီယက်နမ် ဟနွိုင်းမြို့ ဝန်ကြီးချုပ်

ငုယင်စွမ်းဖု

၃၇ ၁၁ - ၁၅ နိုဝင်ဘာ ၂၀၂၀
၃၈⁶ ၂၆ - ၂၈ ​အောက်တိုဘာ ၂၀၂၁  ဘရူနိုင်း ဘန်ဒါဆရီဘဂါဝမ်မြို့ ဆူတန် ဟန်ဆာနယ် ဘိုကီယာ
၃၉
၄၀⁶ ၁၀ - ၁၃ နိုဝင်ဘာ ၂၀၂၂  ကမ္ဘောဒီးယား ဖနွမ်းပင်မြို့ ဝန်ကြီးချုပ် ဟွန်ဆန်
၄၁
၄၂⁷ ၉ - ၁၁ ​မေ ၂၀၂၃  အင်ဒိုနီးရှား လဘန်းဘာဂျိုမြို့ သမ္မတ ဂျိုကို ဝီဒိုဒို
၄၃ ၅ -၇ စက်တင်ဘာ ၂၀၂၃
၄၄ ၂၀၂၄  လာအို
၄၅ ၂၀၂၄
1 မူလက ၁၀-၁၄ ဒီဇင်ဘာ ၂၀၀၆တွင် ကျင်းပရန်စီစဉ်ထား​သော်လည်း တိုင်ဖွန်းမုန်တိုင်း​ကြောင့် ရက်ရွှေ့လိုက်ရသည်။
2 မူလက အလှည့်ကျဥက္ကဋ္ဌအဖြစ် မြန်မာကို ​ရွေးချယ်ထား​သော်လည်း အ​မေရိကန်နှင့် ဥ​ရောပသမဂ္ဂတို့၏ ကြီးမားသည့် ဖိအားများ​ကြောင့် ဖိလစ်ပိုင်မှ အလှည့်​ကျော်ခဲ့သည်။
3ထိပ်သီးအစည်းအ​ဝေးမှာ အပိုင်း၂ပိုင်းခွဲ၍ ကျင်းပခဲ့သည်။ပထမအပိုင်းကို ၂၀၀၈ထိုင်းနိုင်ငံ​ရေးအကျပ်အတည်းများ​ကြောင့် ၁၂-၁၇ ဒီဇင်ဘာ ၂၀၀၈မှ ရက်​ရွှေ့ခဲ့သည်။ဆန္ဒပြသူများမှာ အစည်းအ​ဝေးကျင်းပရာ​နေရာအထိ ဝင်​ရောက်လာသဖြင့် ဒုတိယအပိုင်းကိုဧပြီလ ၁၁ရက်​နေ့တွင် ဖျက်သိမ်းလိုက်ရသည်။
4အင်ဒိုနီးရှားသည် အာရှ-ပစိဖိတ်စီးပွား​ရေးပူး​ပေါင်း​ဆောင်ရွက်​ရေးအစည်းအ​ဝေး၊ ဂျီ-၂၀ ထိပ်သီးအစည်းအ​ဝေးတို့နှင့်အတူ အာဆီယံထိပ်သီးအစည်းအ​ဝေးကိုပါကျင်းပရန်အတွက် ဘရူနိုင်းနိုင်ငံနှင့် ကျင်းပရန်အလှည့် လဲလှယ်ခဲ့သည်။သို့​သော် ​နောက်ပိုင်းတွင် ဂျီ-၂၀အစည်းအ​ဝေးကို ရုရှားမှ ကျင်းပခွင့်ရခဲ့သည်။
5ကိုရိုနာဗိုင်းရပ်စ်​ကြောင့် အစည်းအ​ဝေးကို video conferencing စနစ်ဖြင့်သာ ကျင်းပခဲ့သည်။
6၂၀၂၁ အာဏာသိမ်းမှု​​ကြောင့် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား အစည်းအဝေးသို့ ဖိတ်ကြားခြင်းမရှိပဲ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ညွှန်ချုပ်တစ်ဦးကိုသာ ဖိတ်ကြားခဲ့သည်။ သို့သော် မြန်မာအစိုးရဘက်မှ ရာထူးအဆင့်တူပုဂ္ဂိုလ်သာ တက်ရောက်ရန် ဆန္ဒရှိသဖြင့် အစည်းအဝေးသို့ မြန်မာနိုင်ငံမှ တက်ရောက်ခြင်းမရှိပေ။[၂]
7မြန်မာနိုင်ငံဘက်မှ မည်သူမျှမတက်​ရောက်ခဲ့။ ၂၀၂၃ခုနှစ် ​မေလအတွင်း ​ရွေး​ကောက်ပွဲကျင်းပရန်ရှိသည့် ထိုင်းနိုင်ငံဘက်ကလည်း ဝန်ကြီးချုပ် တက်​ရောက်ခြင်းမရှိခဲ့​​ပေ။

ဘန်​ကောက်မြို့တွင်ကျင်းပ​သော ၅ကြိမ်​မြောက်အစည်းအ​ဝေးမှစတင်၍ ပုံမှန်အစည်းအ​ဝေးများအတွင်း ပုံမှန်မဟုတ်သည့်အစည်းအ​ဝေးများပါကျင်းပရန် ဆုံးဖြတ်ခဲ့ကြသည်။

ASEAN Summit for Public Relations (APRS).
# Dates Country City
၄ - ၇ ​ဖေ​ဖော်ဝါရီ ၂၀၁၅  အင်ဒိုနီးရှား Batam

အာဆီယံအ​ပေါင်း အစည်းအ​ဝေးများ

[ပြင်ဆင်ရန်]

အာဆီယံ အပေါင်း ၃ အစည်းအဝေးအဖြစ် အာဆီယံနှင့် ရည်မှန်းချက်တူနိုင်ငံများဖြစ်သည့် တရုတ်နိုင်ငံဂျပန်နိုင်ငံနှင့် ကိုရီးယားသမ္မတနိုင်ငံတို့နှင့်လည်း (တွေ့ဆုံဆွေးနွေးရေးမိတ်ဖက်နိုင်ငံ) နှစ်စဉ်ကျင်းပသည်။

  • အာဆီယံခေါင်းဆောင်များသည် ဒေသတွင်းအဖွဲ့အစည်း အစည်းအဝေး ကျင်းပခြင်း
  • အာဆီယံဒေသတွင်းဖိုရမ်များကို နိုင်ငံခြားရေးဝန်ကြီးများနှင့်အတူ ကျင်းပခြင်း
  • တွေ့ဆုံဆွေးနွေးရေး မိတ်ဖက်နိုင်ငံ ၃နိုင်ငံမှ ခေါင်းဆောင်များနှင့် ဆွေးနွေးခြင်း
  • နောက်ထပ် တွေ့ဆုံဆွေးနွေးရေး မိတ်ဖက်နိုင်ငံ ၂ နိုင်ငံ (ဩစတေးလျ၊ နယူးဇီလန်) တို့နှင့် ကျင်းပခြင်း

ကိုးကား

[ပြင်ဆင်ရန်]
{{bottomLinkPreText}} {{bottomLinkText}}
အာဆီယံထိပ်သီးအစည်းအဝေး
Listen to this article

This browser is not supported by Wikiwand :(
Wikiwand requires a browser with modern capabilities in order to provide you with the best reading experience.
Please download and use one of the following browsers:

This article was just edited, click to reload
This article has been deleted on Wikipedia (Why?)

Back to homepage

Please click Add in the dialog above
Please click Allow in the top-left corner,
then click Install Now in the dialog
Please click Open in the download dialog,
then click Install
Please click the "Downloads" icon in the Safari toolbar, open the first download in the list,
then click Install
{{::$root.activation.text}}

Install Wikiwand

Install on Chrome Install on Firefox
Don't forget to rate us

Tell your friends about Wikiwand!

Gmail Facebook Twitter Link

Enjoying Wikiwand?

Tell your friends and spread the love:
Share on Gmail Share on Facebook Share on Twitter Share on Buffer

Our magic isn't perfect

You can help our automatic cover photo selection by reporting an unsuitable photo.

This photo is visually disturbing This photo is not a good choice

Thank you for helping!


Your input will affect cover photo selection, along with input from other users.

X

Get ready for Wikiwand 2.0 🎉! the new version arrives on September 1st! Don't want to wait?