For faster navigation, this Iframe is preloading the Wikiwand page for အထွေထွေ ရွေးကောက်ပွဲ၊ ၁၉၂၂.

အထွေထွေ ရွေးကောက်ပွဲ၊ ၁၉၂၂

၁၉၂၂ မြန်မာအထွေထွေရွေးကောက်ပွဲ

၂၁ နိုဝင်ဘာ ၁၉၂၂ ၁၉၂၅ →

ဥပဒေပြုကောင်စီနေရာ ၁၀၃ နေရာအနက် ၈၀ နေရာ
မဲပေးသူဦးရေ၆.၉%
ဤဆောင်းပါးသည်
မြန်မာနိုင်ငံ၏
နိုင်ငံရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ

တစိတ်တဒေသ ဖြစ်သည်
 မြန်မာနိုင်ငံ မုခ်ဝ

၁၉၂၂ ခု နိုဝင်ဘာလ ၂၁ ရက်နေ့တွင် မြန်မာနိုင်ငံဒိုင်အာခီစနစ်အရ ဥပဒေပြုကောင်စီအတွက် ရွေးကောက်ပွဲကို ကျင်းပခဲ့ရာ ပထမဆုံးသော ရွေးကောက်ပွဲလည်း ဖြစ်သည်။[၁][၂]

စနစ်

ဥပဒေပြုကောင်စီကို အဖွဲ့ဝင် ၁၀၃ ဦးဖြင့် ဖွဲ့စည်းထားရှိရာ ဘုရင်ခံမှ တိုက်ရိုက်ခန့်အပ်သူ ၂၁ ဦး၊ ရာထူးအရ ပါဝင်ရသူ ဘုရင်ခံ၏ အမှုဆောင်ကောင်စီ (Executive Council of the Governor) မှ အဖွဲ့ဝင် ၂ ဦးနှင့် ရွေးကောက်တင်မြှောက်ခံရသူ ၈၀ ဦး ဖြစ်ပါသည်။ ရွေးကောက်တင်မြှောက်သူ ၈၀ ဦးတွင်လည်း မဲဆန္ဒနယ်များမှ ရွေးကောက်တင်မြှောက်ခံရသူ ၅၈ ဦးသာ ရှိပြီး အဆိုပါ မဲဆန္ဒနယ်များမှာ မြန်မာနိုင်ငံ၏ ပြည်မနှင့် ရခိုင်ဒေသသာ ပါဝင်ပါသည်။ အခြားတောင်တန်းဒေသများမှာ ဘုရင်ခံ၏ တိုက်ရိုက်အုပ်ချုပ်မှု အောက်တွင်ရှိပါသည်။ ကျန် ၂၂ ဦး မှာ အိန္ဒိယလူမျိုး ၈ဦး၊ ကရင် ၅ဦး၊ ဥရောပတိုက်သား ၁ဦး၊ အင်္ဂလိုအင်ဒီးယန်း ၁ဦး၊ စီးပွားရေးအဖွဲ့များဖြစ်သော ဗမာစီးပွားရေးအဖွဲ့ (Burma Chamber of Commerce)မှ ၂ ဦး၊ ဗမာ့စီးပွားရေးအဖွဲ့ (Burmese Chamber of Commerce)မှ ၁ဦး၊ တရုတ်စီးပွားရေးအဖွဲ့ (Chinese Chamber of Commerce)မှ ၁ဦး၊ အိန္ဒိယစီးပွားရေးအဖွဲ့ (Indian Chamber of Commerce)မှ ၁ဦး၊ ရန်ကုန်ကုန်သွယ်ရေးအသင်း (Rangoon Trades Association)မှ ၁ဦးနှင့် ရန်ကုန်တက္ကသိုလ်မှ ၁ဦး ပါဝင်ပါသည်။

ရွေးကောက်ပွဲစနစ်မှာ အနိုင်ရသူအကုန်ယူစနစ် (FPTP) ဖြစ်သည်။ သီးခြားသတ်မှတ်ချက်များနှင့်အတူ ၁၈နှစ်ပြည့်ပြီးသူများ မဲပေးနိုင်သည်။[၃] သို့သော် မဲပေးနိုင်ရန်အတွက် အခွန်အတုတ်များကို ပေးဆောင်ရသဖြင့် အခြေခံလူတန်းစားများက မကျေနပ်ခဲ့ကြပေ။[၂] အခွန်ကောက်ခံမှုအပေါ် အခြေခံသော ကျေးလက်ဒေသ မဲဆန္ဒနယ် ၄၄ နယ် သတ်မှတ်ခဲ့သည်။ အထက်မြန်မာပြည်တွင် သဿမေဓခွန် ပေးဆောင်နိုင်သောလူများ မဲပေးနိုင်ပြီး အောက်မြန်မာနိုင်ငံတွင် လူခွန်တော် ပေးဆောင်နိုင်သော လူများသာ မဲပေးနိုင်သည်။ အဆိုပါ သတ်မှတ်ချက်ကြောင့် နိုင်ငံ့လူဦးရေ ၁၂ သန်းအနက် မဲဆန္ဒရှင် ၁.၈ သန်း (၁၇၆၇၂၂၇ဦး) ခန့်သာ ရှိခဲ့ပြီး လယ်သမားအများအပြား မဲပေးခွင့် ဆုံးရှုံးခဲ့သည်။ မြို့ ၈ မြို့ရှိ မြို့ပြ မဲဆန္ဒနယ်များတွင်လည်း မြေခွန်တော် သတ်မှတ်ချက်များဖြင့် ဆောင်ရွက်ခဲ့သည်။

ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်လိုသူများသည် အသက် ၂၅ နှစ်ပြည့်ပြီးဖြစ်ရမည်။[၃]

ယှဉ်ပြိုင်ကြခြင်း

ရွေးကောက်ပွဲတွင် သာမန်သူများ (Moderate) နှင့် အမျိုးသားရေးသမားများ ပါဝင်ခဲ့ကြသည်။ သာမန်သူများသည် ဗြိသျှအုပ်ချုပ်ရေးအတိုင်း ဆောင်ရွက်လိုခဲ့ကြပြီး အမျိုးသားရေးသမားများသည် အိန္ဒိယပြည်မှ ခွဲထွက်၍ ဟုမ္မရူး (home rule) ခေါ် ကိုယ်ပိုင်အုပ်ချုပ်ရေးကို လိုလားခဲ့ကြသည်။[၂] ဂျီစီဘီအေ ခေါ် မြန်မာအသင်းချုပ်ကြီးသည် ထိုရွေးကောက်ပွဲကို ဆန့်ကျင်သပိတ်မှောက်ခဲ့သော်လည်း ဦးဘဘေဦးဆောင်သည့် ၂၁ ဦး ဂျီစီဘီအေကမူ နေရှင်နယ်လစ်ပါတီအမည်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ဂျေအေမောင်ကြီးက ရွှေတောင်ကြားပါတီဖြင့် ဝင်ရောက် ယှဉ်ပြိုင်သည်။ တစ်သီးပုဂ္ဂလများလည်း ဝင်ရောက် ယှဉ်ပြိုင်ကြသည်။ ရွေးကောက်ရာတွင် မြန်မာတို့မှာ လူဦးရေ ၃သောင်းအတွက် လွှတ်တော်အမတ် ၁ဦးကျ ရရှိပြီး ဥရောပကုန်သည်များ အတွက်မူ လူ ၁၀၀တွင် အမတ် ၁ဦးရရှိကြသည်။ ၁၉၂၂ ဇူလိုင် ၁၃ရက်တွင် ရွေးကောက်ပွဲဝင်ရန် အမတ်လောင်း လျှောက်လွှာတင်ရန် စတင်ကြေညာသည်။

ရွေးကောက်မည့် နေရာ ၈၀ တွင် ၂၄ နေရာအတွက် ယှဉ်ပြိုင်ခြင်းမရှိခဲ့ပေ။ ကျန်နေရာများအတွက် ယှဉ်ပြိုင်သူ ၁၆၂ ဦး ရှိခဲ့သည်။[၁]

ရလဒ်

ဦးဘဘေဦးဆောင်သည့် ၂၁ ဦးပါတီသည် အသိုင်းအဝိုင်းမဟုတ် ၅၈ နေရာအနက် ၂၈ နေရာကို အနိုင်ရရှိခဲ့သည်။[၄] ရွှေတောင်ကြားပါတီသည် ၁၅ နေရာအနိုင်ရရှိခဲ့ပြီး ကျန်နေရာများကို တစ်သီးပုဂ္ဂလများမှ အနိုင်ရရှိခဲ့သည်။[၅] မဲပေးသူဦးရေမှာ ၆.၉၂% သာရှိသောကြောင့် အလွန်နည်းပါးခဲ့သည်။[၂] ဆန္ဒမဲပေးမှု နည်းရခြင်းမှာ GCBA အသင်း၏ ရွေးကောက်ပွဲ သပိတ်မှောက်ရန် လှုံ့ဆော်မှုများနှင့် ခေတ်ကာလအရ မဲဆန္ဒရှင်တို့၏ ရွေးကောက်ပွဲအပေါ်  စိတ်ဝင်စားမှု နည်းပါး ခြင်းကြောင့် ဖြစ်ပါသည်။

နောက်ဆက်တွဲ

ဗြိတိသျှဘုရင်ခံ ဆာ ဟာကုတ် ဘတ္တလာသည် ပါတီစုံအစိုးရကို ဖွဲ့စည်းပေးခဲ့သည်။ ၂၁ ဦးပါတီမှ ဦးမောင်ကြီးကို ပညာရေး၊ ဒေသခံအစိုးရနှင့် လူထုကျန်းမာရေးဝန်ကြီးအဖြစ်လည်းကောင်း၊ ရွှေတောင်ကြားပါတီမှ ဂျေအေ မောင်ကြီးကို စိုက်ပျိုးရေး၊ အခွန်ထိန်းချုပ်ရေးနှင့် တောဒေသဝန်ကြီး အဖြစ်လည်းကောင်း၊ ဦးမောင်ကင်းကို အိမ်ရာရေးဝန်ကြီးအဖြစ်လည်းကောင်း ခန့်အပ်ခဲ့သည်။[၆][၇]

ဦးမောင်ကင်းသည် ၁၉၂၄ ခုနှစ်၌ ကွယ်လွန်သွားသောအခါ ဦးမေအုန်မှ အစားထိုးခဲ့သည်။ ဂျေအေ မောင်ကြီးသည် တရားသူကြီးဖြစ်လာခဲ့သောအခါတွင် ဦးပုမှ အစားထိုးခဲ့သည်။[၆]

ကိုးကား

  1. ၁.၀ ၁.၁ "News in Brief", The Times, 23 November 1922, p9, Issue 43196
  2. ၂.၀ ၂.၁ ၂.၂ ၂.၃ The Ghost of Elections Past[လင့်ခ်သေ] Irrawaddy Media, 31 May 2010
  3. ၃.၀ ၃.၁ "New Constitution For Burma. Wide Franchise", The Times, 31 May 1922. p9, Issue 43045
  4. Haruhiro Fukui (1985) Political parties of Asia and the Pacific, Greenwood Press, p151
  5. Nirmal Chandra Sen (1945) A peep into Burma politics, Kitabistan
  6. ၆.၀ ၆.၁ John F Cady (1958) A history of modern Burma, Cornell University Press, p246
  7. Maung Htin Aung (1967) A history of Burma, Columbia University Press, p288
{{bottomLinkPreText}} {{bottomLinkText}}
အထွေထွေ ရွေးကောက်ပွဲ၊ ၁၉၂၂
Listen to this article

This browser is not supported by Wikiwand :(
Wikiwand requires a browser with modern capabilities in order to provide you with the best reading experience.
Please download and use one of the following browsers:

This article was just edited, click to reload
This article has been deleted on Wikipedia (Why?)

Back to homepage

Please click Add in the dialog above
Please click Allow in the top-left corner,
then click Install Now in the dialog
Please click Open in the download dialog,
then click Install
Please click the "Downloads" icon in the Safari toolbar, open the first download in the list,
then click Install
{{::$root.activation.text}}

Install Wikiwand

Install on Chrome Install on Firefox
Don't forget to rate us

Tell your friends about Wikiwand!

Gmail Facebook Twitter Link

Enjoying Wikiwand?

Tell your friends and spread the love:
Share on Gmail Share on Facebook Share on Twitter Share on Buffer

Our magic isn't perfect

You can help our automatic cover photo selection by reporting an unsuitable photo.

This photo is visually disturbing This photo is not a good choice

Thank you for helping!


Your input will affect cover photo selection, along with input from other users.

X

Get ready for Wikiwand 2.0 🎉! the new version arrives on September 1st! Don't want to wait?