For faster navigation, this Iframe is preloading the Wikiwand page for အကွဲအပြဲဇာတ်လမ်း (စာအုပ်).

အကွဲအပြဲဇာတ်လမ်း (စာအုပ်)

ဤဆောင်းပါးသည် သဒ္ဒါ၊ သတ်ပုံ၊ ရေးဟန် စသည်တို့အတွက် ဝီကီစံညွှန်းနှင့်အညီ အရေးအသား တည်းဖြတ်ပေးရန် လိုအပ်နေသည်။ သင် တည်းဖြတ် နိုင်သည်။ လမ်းညွှန် ဖတ်ပါ။
  • စာအုပ်အမည်။ အကွဲအပြဲ ဇာတ်လမ်း
  • စာရေးသူ။ ဂါးဒီးယန်း ဦးစိန်ဝင်း
  • ထုတ်ဝေခုနှစ်။ ၁၉၈၉ ခု မတ်လ
  • အုပ်ရေ။ ၇၀၀၀
  • ထုတ်ဝေသူ။ ဦးကြည်ဝင်း (ဝင်းစာပေ)

ရှစ်လေးလုံး အရေးတော်ပုံကြီးကို စစ်တပ်က အကြမ်းဖက်ဖြိုခွဲ လိုက်ပြီးတဲ့နောက် ချက်ချင်းဆိုသလိုပဲ ဦးနေဝင်းက သူ့နောက်တော်ပါ စစ်ဗိုလ်ချုပ်တွေကို အာဏာလွှဲပေးလိုက်ပါတယ်။ ဒါကို အခေါ်အဝေါ်အားဖြင့် စစ်တပ်က အာဏာသိမ်းတယ်လို့ ပြောခဲ့ကြပါတယ်။ ဒါ အားလုံးသိတဲ့ကိစ္စပါ။

စစ်တပ်က အာဏာသိမ်းတယ်ပဲပြောပြော၊ ဦးနေဝင်းက အာဏာလွှဲပေးလိုက်တယ်ပဲပြောပြော စစ်တပ်က အာဏာရလာတဲ့အခါ သူတို့ဘာဖြစ်လို့ အာဏာသိမ်းရတယ်ဆိုတာ အကြောင်းပြဖို့လိုပါတယ်။ အကြောင်းအမျိုးမျိုးလည်း ပြခဲ့ကြပါတယ်။ အကြောင်းအမျိုးမျိုးပြတာမှ တနှစ် နှစ်နှစ်လောက် အချိန်ယူပြီး အကြောင်းပြခဲ့ကြတာမျိုးတောင်မှ မဟုတ်ပါဘူး။ ဆယ်စုနှစ် နှစ်ခုကျော်တဲ့အထိ အကြောင်းပြချက်တွေက အတောမသတ်ပါဘူး။ ဒီလို အကြောင်းပြတဲ့အခါ အဓိကအားဖြင့် ဘာကို အခြေခံပြီး ပြခဲ့သလဲဆိုတော့ အရပ်သားက စစ်သားလောက် တိုင်းပြည်အပေါ်မှာ စေတနာမရှိဘူး၊ စစ်သားက အရပ်သားထက် ပိုပြီး တိုင်းပြည်ကိုချစ်တယ်၊ စစ်သား အစိုးရက အရပ်သားအစိုးရထက် ညီညွတ်တယ်၊ စစ်သားက အရပ်သားထက်ပိုပြီး တိုင်းပြည်ကို အုပ်ချုပ်တတ်တယ်ဆိုတဲ့ အချက်တွေကို အခြေခံပြီးမှ အကြောင်းပြကြတာပါ။

ဒီလို စစ်ခေါင်းဆောင်တွေက စစ်သားနိုင်ငံရေးဂုဏ်ကို မြှင့်တင်ဖို့ ကြိုးစားနေတဲ့အချိန်မှာပဲ အရပ်သားတချို့ကလည်း အရပ်သား နိုင်ငံရေးရဲ့ အားနည်းချက်တွေကို ထောက်ပြဝေဖန်တဲ့စာအုပ်တွေ ရေးသားထုတ်ဝေလာကြပါတယ်။ ဒီစာအုပ်တွေကို ရေးသားထုတ်ဝကြေတဲ့သူတွေက စာအုပ်ထုတ်ဝေရခြင်းရဲ့ ရည်ရွယ်ချက်ကို ရှင်းပြကြတဲ့အခါ ယခင် အရပ်သားအစိုးရလက်ထက် အရပ်သား အစိုးရခေါင်းဆောင်တွေ မညီမညွတ်ဖြစ်ခဲ့ကြတာ၊ အာဏာယစ်မူးခဲ့ကြတာ၊ အာဏာအလွဲသုံးစား လုပ်ခဲ့ကြတာ အစရှိတဲ့ ဖောက်ပြန်မှားယွင်းတဲ့ လုပ်ရပ်တွေကို ပြည်သူတွေသိရအောင် သင်ခန်းစာယူဖို့ ရေးကြတာဖြစ်တယ်လို့ ရှင်းပြခဲ့ကြပါတယ်။

ကျနော်တို့ဟာ သမိုင်းကို သုံးသပ်ကြတာ ကောင်းပါတယ်။ ဒါဟာ သုံးသပ်မှု အဆိုးမဟုတ်ပါဘူး။ သုံးသပ်မှု အကောင်းဖြစ်ပါတယ်။ ဒါပေမယ့် အကျိုးသက်ရောက်မှုက ခုတ်ရာတခြား ရှရာတခြား ဖြစ်လာနိုင်တယ်ဆိုတာကိုလည်း သတိပြုသင့်ပါတယ်။ စနစ်နှစ်ခု ယှဉ်နေတဲ့အချိန် စနစ်တခုကို မကောင်းဘူးလို့ပြောရင် ကျန်တဲ့စနစ်က ကောင်းတယ်ဆိုတာမျိုး ဖြစ်သွားတတ်ပါတယ်။ ပိုပြီးဆိုးတာက တိုင်းပြည်အာဏာ လုယူထားတဲ့ စစ်သားတွေက စစ်သားနိုင်ငံရေး ကောင်းကြောင်းပြောနေတဲ့အချိန် အရပ်သားနိုင်ငံရေးမကောင်းကြောင်း စာအုပ်စာတမ်းထုတ်ဝေပြီး ပြောတဲ့သူအဖို့ စစ်သားအုပ်ချုပ်တဲ့ နိုင်ငံရေးကောင်းကြောင်း ဝင်ပြောသလို ဖြစ်သွားနိုင်တာကိုလည်း သတိပြုသင့်ပါတယ်။

ဒီလို အဖြစ်မျိုး ဖြစ်စေခဲ့တယ်လို့ ယူဆနိုင်ဖွယ်ရှိတဲ့ စာအုပ်တွေထဲမှာ အထင်ရှားဆုံးကတော့ ဂါးဒီးယန်း ဦးစိန်ဝင်း ရေးသား ထုတ်ဝေတဲ့ အကွဲအပြဲ ဇာတ်လမ်း စာအုပ်ပဲ ဖြစ်ပါတယ်။

အကွဲအပြဲဇာတ်လမ်း စာအုပ်ဟာ ၁၉၅၈ ခုနှစ် ဧပြီလမှ အောက်တိုဘာလအတွင်း အာဏာရ အရပ်သားအစိုးရ အဖွဲ့အတွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကို အဓိကထားရေးတဲ့ စာအုပ်ဖြစ်ပါတယ်။ တနည်းအားဖြင့်ပြောရရင် အဲဒီ ဧပြီနဲ့ အောက်တိုဘာလ ကြား ၇ လအတွင်း အာဏာရ အရပ်သားအစိုးရခေါင်းဆောင်များ အာဏာယစ်မူးကြပုံ၊ အာဏာအလွဲသုံးစားလုပ်ပုံ၊ အချင်းချင်း ရန်သူသဖွယ်သဘောထား ဆက်ဆံ အကြံအကောက်ထားကြပုံတွေကို ဖွင့်ချထားခြင်း ဖြစ်ပါတယ်။

ဒီနေရာမှာ အဲဒီတုန်းက အစိုးရအဖွဲ့ရဲ့ အခရာ ရာထူးရထားတဲ့ ဝန်ကြီးချုပ် ဦးနုကို တခြား အစိုးရခေါင်းဆောင်တွေထက် ပိုပြီး မီးမောင်းထိုး ရေးထားတာကိုလည်း တွေ့ရပါတယ်။ ဦးနုရဲ့ နိုင်ငံရေးလမ်းကြောင်း၊ ဦးနုရဲ့ စိတ်နေစိတ်ထား၊ ဦးနုရဲ့ ရာဇပလ္လင် ဖင်ကပ်ပါတဲ့ ကုသိုလ်ကံ၊ ဒီနေရာမှာ ဂါးဒီးယန်း ဦးစိန်ဝင်း ရေးတဲ့အရေးအသားအရပြောရရင်“မျက်မှောက် နိုင်ငံရေးသမိုင်းတွင် သူရဲကောင်းအဖြစ်လည်းကောင်း၊ လူဆိုးအဖြစ်လည်းကောင်း အရေးပါသော ကဏ္ဍများမှ ပါဝင်ခဲ့သည့် ပုဂ္ဂိုလ်ဖြစ်သည့် ဦးနု” ဆိုပြီး ဦးနုရဲ့ ပုဂ္ဂလ နိုင်ငံရေးသမိုင်းကြောင်းကို လွတ်လပ်ရေးကြိုးပမ်းစဉ် ကာလကတည်းက အစချီပြီးရေးထားတာ တွေ့ရပါတယ် (အကွဲအပြဲ ဇာတ်လမ်း၊ စာမျက်နှာ ၄ မှ စာမျက်နှာ ၁၉ အထိ)။

အဲသလို ဦးနုရဲ့ ပုဂ္ဂလ နိုင်ငံရေးလမ်းကြောင်းကို တခမ်းတနား ရေးပြီးကာမှ “ဖဆပလ အတွင်း အစောပိုင်းကာလက အကွဲအပြဲများ” ဆိုတဲ့ခေါင်းစဉ်နဲ့ ဆက်ပြီးရေးပါတယ် (စာမျက်နှာ၂၀)။ ထိုစဉ်က အမျိုးသားတပ်ဦး ပါတီကြီးဖြစ်တဲ့ ဖဆပလ (ဖက်ဆစ် ဆန့်ကျင်ရေး ပြည်သူ့ လွတ်လပ်ရေး) အဖွဲ့ကြီးကို ဘုရင်ခံ “ဆာဟူး ဘတ်ရန့်စ်” က ဘုရင်ခံကောင်စီမှာ ပူးပေါင်းပါဝင်ဖို့ ဖိတ်ခေါ်လို့ ဘုရင်ခံကောင်စီ (ဝန်ကြီးအဖွဲ့) အဖွဲ့ဝင် ဝန်ကြီးများ ခန့်ထား လျာထားတဲ့အခါ ကွန်မြူနစ်ပါတီက ဦးသိန်းဖမြေင့် တယောက်တည်းသာ ဝန်ကြီးရာထူးရလို့ ကွန်မြူနစ်တွေ မကျေနပ်တဲ့အကြောင်း၊ နောက်တော့ ကွန်မြူနစ်တွေ ဖဆပလထဲက အထုတ်ခံရပြီး တောခိုကြတဲ့အကြောင်းဆိုပြီး တချိန်က အမျိုးသားတပ်ဦးပါတီကြီးထဲမှာ အင်အားတောင့်တင်းလှတဲ့ ကွန်မြူနစ်ပါတီ ပဲ့ထွက်သွားရတဲ့အဖြစ်အပျက်ကို အာဏာရ ဖဆပလ အဖွဲ့ကြီးရဲ့ ဗွေဆော်ဦး အကွဲအပြဲအဖြစ် အစချီပြီး ရေးပါတယ်။

အဲဒီနောက် ၁၉၄၈ ခု မေလ ၂၄ ရက်နေ့မှာ ကြေညာတဲ့ ဦးနုရဲ့ “လက်ဝဲညီညွတ်ရေး အစီစဉ်” အပေါ် ကွန်မြူနစ်လိုလားတဲ့ ရဲဘော်ဝါများက ဆန့်ကျင်ခဲ့ကြတာကို ဖဆပလ အဖွဲ့အတွင်း ဒုတိယ အကွဲအပြဲဇာတ်လမ်းဖြစ်တယ်လို့ ရေးပါတယ်။ ဒီတခါ အကွဲအပြဲဟာ ၁၉၅၀ ခုနှစ်ကာလအထိ ဆိုးဝါးတဲ့ အကွဲအပြဲ ဖြစ်လာဖို့ လမ်းခင်းလိုက်တယ်လို့ ရေးပါတယ်။

ဖဆပလ အဖွဲ့ကြီးရဲ့ တတိယအကွဲအပြဲကိုတော့ ကွန်မြူနစ်များ၊ ရဲဘော်ဝါများ ဖဆပလမှ ခွဲထွက်တောခိုသွားကြပြီးနောက် အဖွဲ့ကြီးအတွင်း တဖွဲ့တည်း အင်အားအများဆုံး ကျန်နေခဲ့တဲ့ ဆိုရှယ်လစ်ပါတီအတွင်း ဆိုရှယ်နီနဲ့ ဆိုရှယ်ဖြူဆိုပြီး ကွဲပြဲခဲ့တာကို ရေးပါတယ်။ ကိုရီးယားကျွန်းဆွယ်မှာ ဖြစ်ပွားတဲ့ အရေးအခင်းအပေါ် ဖဆပလ အစိုးရရဲ့ ရပ်တည်ချက်မူဝါဒကို သခင်လှကျွေ၊ သခင်လွင်နဲ့ သခင်ချစ်မောင် (နောင်အခါ ဝိဒူရ သခင်ချစ်မောင်အဖြစ် ထင်ရှားသူ) တို့က ကန့်ကွက်ခဲ့ကြရာက အဲဒီပုဂ္ဂိုလ် ၃ ဦးစလုံး ဖဆပလ အဖွဲ့ချုပ်အတွင်းက ထုတ်ပယ်ခံရတဲ့အကြောင်း၊ ထုတ်ပယ်ခံရသူတွေက ဗမာပြည် အလုပ်သမားနှင့် လယ်သမားပါတီ ဆိုပြီး ပါတီခွဲတခု ထောင်ပြီး အင်အားတောင့်တင်းတဲ့ အတိုက်အခံပါတီ ဖြစ်လာတဲ့အကြောင်း ရေးပါတယ်။ ဒီအကွဲအပြဲဟာ ဖဆပလ အဖွဲ့ကြီး နောက်ဆုံး ငှက်ဆိုးထိုးသံအဖြစ် နောက်ဆုံး အကွဲအပြဲဖြစ်တဲ့အကြောင်း ဖဆပလ အဖွဲ့ကြီး အပြီးသတ် ဇာတ်သိမ်းဖို့ တွန်းပို့လိုက်တဲ့ အကွဲအပြဲဖြစ်တဲ့အကြောင်း ရေးပါတယ်။

အနှစ်ချုပ်မယ်ဆိုရင်တော့ ဂါးဒီယန်း ဦးစိန်ဝင်းရေးတဲ့ အကွဲအပြဲဇာတ်လမ်း ဆိုတာဟာ တချိန်က တိုင်းပြည် လွတ်လပ်ရေး ရအောင် လူထုကို ဦးဆောင်ကြိုးပမ်းခဲ့ပြီး လွတ်လပ်ရေးရတဲ့အခါ အာဏာရ ပါတီကြီးဖြစ်လာတဲ့ ဖဆပလ အဖွဲ့ကြီးရဲ့ အကွဲအပြဲ ဇာတ်လမ်းဖြစ်ပါတယ်။

အထူးမီးမောင်းထိုးပြတဲ့ အဖြစ်အပျက်တွေကတော့ ၁၉၅၀ ခုနှစ်နောက်ပိုင်း ဦးနုနဲ့ ဦးကျော်ငြိမ်းတို့ ခေါင်းဆောင်တဲ့ အဖွဲ့နှစ်ဖွဲ့ အုပ်စုနှစ်စုကြား အာဏာခွဲဝေမှုနဲ့ ပတ်သက်တဲ့ မညီညွတ်မှုများ၊ အကွက်ဆင်မှုများ၊ ဂိုဏ်းဂဏတိုက်ပွဲများ၊ ၁၉၅၈ ခု ဧပြီလနဲ့ အောက်တိုဘာလအတွင်း ဖြစ်ပျက်ခဲ့သည်များကို အသေးစိပ် မီးမောင်းထိုး ရေးတာ တွေ့ရပါတယ်။

ဒီအထဲမှာ ပိုပြီး စိတ်ဝင်စားဖို့ကောင်းတာက အဲဒီအချိန်တုန်းက စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး နေဝင်းနဲ့တပ်မတော်က အဲဒီအဖြစ် အပျက်တွေ၊ အဲဒီ အကွဲအပြဲတွေကို ဘယ်လိုသဘောထား၊ ဘယ်လိုရပ်တည်ခဲ့သလဲဆိုတဲ့ အချက်ကို ရေးထားတာကတော့ စိတ်ဝင်စားဖို့ကောင်းပါတယ်။

ဂါးဒီးယန်း ဦးစိန်ဝင်းရဲ့ ရေးသားချက်အရဆိုရင် ဗိုလ်ချုပ်ကြီးနေဝင်းဟာ ဦးနုခေါင်းဆောင်တဲ့အုပ်စုနဲ့ ဦးကျော်ငြိမ်း ခေါင်းဆောင်ခဲ့တဲ့ အုပ်စု ၂ အုပ်စုအနက် ဘယ်အုပ်စုဘက်ကိုမှ မပါဝင်ခဲ့တဲ့သဘော ရေးတာတွေ့ရပါတယ်။ အထူးသဖြင့် “တပ်မတော်နှင့် နိုင်ငံရေး” ဆိုတဲ့ ခေါင်းစဉ်နဲ့ရေးတဲ့ အခန်းမှာ “ဇွန်လ ၂၃ ရက်နေ့တွင် မင်္ဂလာဒုံ၌ တပ်မှူးများ၏ ညီလာခံကို နိုင်ငံရေးအကျပ်အတည်း ဖြစ်ပွားနေစဉ်အတွင်း ကျင်းပခဲ့သည်။ စစ်ဦးစီးချုပ်ဖြစ်သူ ဗိုလ်ချုပ်ကြီးနေဝင်းက တပ်မတော်၏ ဒီမိုကရေစီအပေါ် အပြည့်အဝ ယုံကြည်မှုနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစားလိုက်နာမှုတို့ဖြင့် ကြားနေသည့်ကိစ္စကို အခိုင်အမာ ပြောဆိုခဲ့သည်...” လို့ ရေးပါတယ် (စာမျက်နှာ ၁၄၇)။

ဒါပေမယ့်လည်း ဟိုစဉ်တုန်းက တပ်မတော်ဟာ ဦးကျော်ငြိမ်းတို့ဘက်က ပါဝင်ပတ်သက်ခဲ့တဲ့ကိစ္စများက အဲဒီခေတ်ကို မီလိုက်သူ ဘယ်သူမဆို သိတဲ့အချက်ဖြစ်ပါတယ်။ အထူးသဖြင့် အဲဒီတုန်းက အိမ်စောင့်အစိုးရက ပြုလုပ်ပေးတဲ့ ရွေးကောက်ပွဲမှာ တပ်မတော်ဟာ ဦးကျော်ငြိမ်းနဲ့ ဦးဗဆွေတို့အုပ်စု (ဆွငြေိမ်းအုပ်စု-တည်မြဲ) ဘက်ကို ရပ်ကွက်တွေအတွင်းနဲ့ ကျေးရွာတချို့မှာ ပြောင် ခြိမ်းခြောက် မဲထည့်ခိုင်းခဲ့တဲ့ သာဓကတွေ ရှိခဲ့ပါတယ်။

ဟိုစဉ်တုန်းက တပ်မတော်ရဲ့ ဦးစီးခေါင်းကိုင်ဖြစ်တဲ့ ဗိုလ်ချုပ်ကြီးနေဝင်းဟာ ဒီမိုကရေစီကို တကယ် သက်ဝင်ယုံကြည်သူဖြစ်တယ်ဆိုတဲ့ အဓိပ္ပာယ်သက်ရောက်စေတဲ့ ဒီရေးသားချက်ကတော့ သံသယဖြစ်စရာပါ။ ဘာပြုလို့လဲဆိုတော့ မဆလ အစိုးရ သက်တမ်း ၂၆ နှစ်တာကာလ အတွေ့အကြုံများအရ ဆိုရင် ဗိုလ်ချုပ်ကြီးနေဝင်းဟာ အာဏာရှင်စနစ်ကို အုတ်မြစ်ချသူ မျက်မှောက် မြန်မာ့သမိုင်းကို အမည်းစက် စွန်းထင်းစေခဲ့သူဖြစ်တယ်ဆိုတာ လူတိုင်းသိနေလို့ ဖြစ်ပါတယ်။

ဒီစာအုပ်ရဲ့နောက်ဆုံး စိတ်ဝင်စားဖို့ကောင်းတဲ့အချက် ရှိပါသေးတယ်။ တိုင်းပြည်အာဏာကို ဗိုလ်ချုပ်ကြီးနေဝင်းထံ လွှဲပြောင်း ပေးရေးအတွက် ထိုစဉ်က ဝန်ကြီးချုပ် ဦးနုနဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးနေဝင်းတို့ အပြန်အလှန် ပေးကြသည့် စာ ၂ စောင်ပဲ ဖြစ်ပါတယ်။

  • * * * * *

ရှစ်လေးလုံး အရေးတော်ပုံ ကျဆုံးပြီးစအချိန် ပြည်သူတွေက အရေးတော်ပုံကြီး ကျဆုံးရတာကို ပူပူနွေးနွေး ခံစားနေရတဲ့အချိန် ဂါးဒီယန်း ဦးစိန်ဝင်းရဲ့ အကွဲအပြဲဇာတ်လမ်း စာအုပ်ထွက်လာတော့ နိုင်ငံရေးအသိုင်းအဝိုင်းမှာ တော်တော်လေး ဂယက်ရိုက်ပါတယ်။ အထူးသဖြင့် စစ်သားနိုင်ငံရေးကို စိတ်အနာကြီးနာပြီး နိုင်ငံ့ဝန်ထမ်းဖြစ်တဲ့ စစ်သားတွေ နိုင်ငံရေးထဲ ဝင်စွက်ခွင့်မရှိတဲ့ အရပ်သားနိုင်ငံရေးပြန်ဖြစ်လာဖို့ သွေးမြေကျတောင်းဆိုခဲ့ကြတဲ့ ပြည်သူတွေအဖို့ အရပ်သားနိုင်ငံရေးရဲ့ အားနည်းချက်တွေကို ထောက်ပြတဲ့စာအုပ်၊ တနည်းအားဖြင့် အရပ်သားနိုင်ငံရေး မကောင်းကြောင်း ဖွင့်ချတဲ့စာအုပ်အပေါ် လူထုက စိတ်မချမ်းသာ ဖြစ်ခဲ့တာကတော့ အမှန်ပါပဲ။

ဒီတုန်းက အရပ်သားနိုင်ငံရေးနဲ့ စစ်သားနိုင်ငံရေးဆိုတဲ့ စနစ် ၂ ခု ရှိလာရာမှာ မီဒီယာသမားတွေဟာ ဘယ်နိုင်ငံရေးဘက်က ရပ်တည်သင့်သလဲဆိုတဲ့ မျှော်လင့်ချက်နဲ့ စောင့်ကြည့်နေတဲ့ လူထုရဲ့မျှော်လင့်ချက်ဟာ ဒီစာအုပ်တွေကြောင့် ဝေဝေဝါးဝါး ဖြစ်ခဲ့ရတယ်လို့ ဆိုနိုင်ပါတယ်။ တဘက်က ပြန်ကြည့်ပြန်ရင်လည်း ဒီစာအုပ်မျိုးတွေဟာ စစ်သားနိုင်ငံရေးသမားတွေအတွက် အားတက်စေ၊ ကျေနပ်စေတဲ့ စာအုပ်ဖြစ်စေခဲ့တယ်လို့လည်း ပြောနိုင်ပါတယ်။ ဒါကြောင့်မို့လည်း ထိုစဉ်တုန်းက ဒီစာအုပ်ဟာ ဂယက်ရိုက်ခဲ့တာပါ။

အမှန်စင်စစ်တော့ ဒီစာအုပ်ဟာ ပထမတုန်းက အင်္ဂလိပ်ဘာသာနဲ့ ၁၉၅၉ ခု မတ်လအတွင်းက (ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ အိမ်စောင့် အစိုးရလက်ထက်) ထုတ်ဝေခဲ့တဲ့စာအုပ် ဖြစ်ပါတယ်။ အဲဒီနှစ် ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလ ဂါးဒီယန်းသတင်းစာမှာ နေ့စဉ်ဖော်ပြခဲ့တဲ့ ဆောင်းပါးတွေကို ပေါင်းစည်းထုတ်ဝေတာပါ။ အရပ်သားအစိုးရဖြစ်တဲ့ ပထစ အစိုးရက တိုင်းပြည်ကို နိုင်နင်းအောင် မအုပ်ချုပ်နိုင်လို့ စစ်တပ်ကို အာဏာလွှဲပေးရတဲ့ ၁၉၅၈ ခုနှစ် ဗိုလ်ချုပ်ကြီးနေဝင်း စစ်အစိုးရလက်ထက်မှာ ထုတ်ဝေခဲ့တဲ့ စာအုပ်ဖြစ်ပါတယ်။ အင်္ဂလိပ်ဘာသာနဲ့ ထုတ်ဝေခဲ့တာပါ။ အာဏာလွှဲပြောင်းပေးခဲ့ရတဲ့ အရပ်သားအစိုးရရဲ့ အားနည်းချက်တွေကို ထောက်ပြဝေဖန်တဲ့စာအုပ်ကို စစ်အစိုးရလက်ထက်မှာ ရေးခဲ့တာပါ။ တနည်းအားဖြင့်ပြောရရင် စစ်အစိုးရလက်ထက်မှာ အရပ်သားအစိုးရ အားနည်းချက်တွေကို ရေးတာဖြစ်လို့ ဒီ်တုန်းက စစ်အစိုးရက ကျေနပ်စေခဲ့တဲ့ စာအုပ်လို့ ပြောနိုင်ပါတယ်။

အဲဒီနောက် ၁၉၈၈ ခုနှစ် နောက်ထပ် စစ်အစိုးရတက်လာတဲ့အခါ တခါ အရပ်သားအစိုးရ အားနည်းချက်တွေကို ဖွင့်ချရေးသားတဲ့ ဒီစာအုပ်ကိုပဲ “အကွဲအပြဲ ဇာတ်လမ်း” ဆိုပြီး မြန်မာဘာသာနဲ့ နောက်တကြိမ် ထုတ်ဝေလိုက်တဲ့အတွက် ထိုစဉ်တုန်းက ဂါးဒီးယန်း ဦးစိန်ဝင်း ဘာလဲ၊ ဘယ်လဲ ဆိုတဲ့ မေးခွန်း အမေးခံရလောက်အောင် ဂယက်ရိုက်ခဲ့တဲ့ စာအုပ်ဖြစ်ပါတယ်။

လွတ်လပ်ရေးရပြီးနောက် ၁၉၈၈ ခုနှစ်အထိ အဲဒီ အနှစ် ၄၀ ဝန်းကျင်ကာလအတွင်းမှာ သွားလေသူ အစိုးရဆိုတာ ပထစ အရပ်သား အစိုးရတခုတည်း မဟုတ်ပါဘူး။ မဆလ အစိုးရလည်း ရှိပါတယ်။ လွတ်လပ်ရေးရပြီး နောက်ပိုင်းမှာ ကတိမ်းကပါးနဲ့ ပြုတ်ကျခဲ့တဲ့အစိုးရ ၂ ခုရှိတဲ့သဘောပါပဲ။ ဒီလို ပြုတ်ကျတဲ့ အစိုးရ ၂ ခုရှိတဲ့အနက် ဦးနေဝင်း ခေါင်းဆောင်တဲ့ တပါတီ အာဏာရှင်အစိုးရ အကွဲအပြဲကျတော့ မရေးဘဲ ဟိုးလွန်ခဲ့တဲ့ နှစ်သုံးဆယ်နီးပါးက ပထစ အရပ်သားအစိုးရ အားနည်းချက် စာအုပ်ကိုမှ တကြိမ်မက နှစ်ကြိမ်မြောက်အထိ ထုတ်ဝေလာတာဟာ ဘာကြောင့်လဲ။

အထူးသဖြင့် အရပ်သားအစိုးရ အားနည်းချက်တွေကို စစ်အစိုးရ နှစ်ခုဖြစ်တဲ့ ၁၉၅၈ ခု ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ အိမ်စောင့် အစိုးရ လက်ထက်နဲ့ ၁၉၈၈ ခု စစ်အစိုးရ လက်ထက်တွေကျမှ တိုက်တိုက်ဆိုင်ဆိုင် ထုတ်ဝေလိုက်တာဟာ ဘာကြောင့်လဲ။ ဒီလိုမေးခွန်းတွေကြောင့်လည်းပဲ ဂါးဒီးယန်း ဦးစိန်ဝင်းရဲ့ အကွဲအပြဲဇာတ်လမ်း စာအုပ်ဟာ ဂယက်ရိုက်ခဲ့တာပါ။

ဆင်ခြေပေးလို့ ရတယ်ထင်တဲ့အချက် တချက်တော့ရှိပါတယ်။ ၁၉၈၈ ခု စစ်အစိုးရလက်ထက်မှာ ဟိုး ပထစ အရပ်သား အစိုးရအကြောင်းပဲ ရေးခွင့်ရှိပြီး ၂၆ နှစ်တာ တိုင်းပြည်ကို အုပ်ချုပ်သွားခဲ့တဲ့ စစ်တပ်ကို အမာခံထားတဲ့ တပါတီအာဏာရှင် အစိုးရအကြောင်းက ရေးခွင့်မရှိလို့ဆိုပြီး ဆင်ခြေပေးလို့ရတာရှိတယ်လို့ ပြောကောင်းပြောနိုင်ပါတယ်။ ဒါဆိုရင်လည်း ၂ ခုစလုံး ဆိုးတဲ့အစိုးရတွဖြေစ်တာမို့ တခုရေးခွင့်ရလို့ တခုပဲရေးတာဆိုရင် ကျန်တဲ့တခုက ကောင်းတဲ့အစိုးရလို့ကော စာဖတ်သူတွေက ထင်စရာမရှိပေဘူးလား။ ဆိုးဝါးတဲ့အစိုးရ ၂ ခုအနက် တခုပဲရေးခွင့်ရရင် ရည်ရွယ်ချက်က တလွဲဖြစ်သွားနိုင်တာမို့ ၂ ခုစလုံးအကြောင်း မရေးဘဲ ထားရင်ကော ပို မကောင်းပေဘူးလား။

ကျနော်တို့ မငြင်းနိုင်တဲ့ အချက်တော့ ရှိပါတယ်။ အရပ်သား အစိုးရလက်ထက်မှာ အာဏာလက်ကိုင် အစိုးရခေါင်းဆောင်များ အာဏာယစ်မူးခဲ့ကြ၊ အဏာအလွဲသုံးစားလုပ်ခဲ့ကြ၊ နောက်ဆုံး နိုင်ငံရေးခွက်စောင်းခုတ်ကြ၊ ရန်သူလိုဖြစ်ခဲ့ကြလို့ တိုင်းပြည် နစ်နာခဲ့ရတဲ့အချက်ကို မငြင်းနိုင်ပါ။ ဒါကြောင့်မို့လည်း ဂါးဒီးယန်း ဦးစိန်ဝင်းရဲ့ အကွဲအပြဲဇာတ်လမ်း စာအုပ်ဟာ ဘယ်လို ရည်ရွယ်ချက်နဲ့ပဲရေးရေး၊ ဘယ်လိုအကျိုးသက်ရောက်မှုပဲ ရှိခဲ့ရှိခဲ့ လူတိုင်းဖတ်သင့်တဲ့ စာအုပ်ဖြစ်တယ်ဆိုတာကိုတော့ ကျနော်တို့ ဝန်ခံကြရမှာဖြစ်ပါတယ်။

ကျနော်တို့ မျှော်လင့်မိတဲ့အချက်လည်း ရှိပါတယ်။ အရပ်သားအစိုးရထက် ပိုပြီး တိုင်းပြည်ကို ဒုက္ခပေးခဲ့တဲ့ ဦးနေဝင်းရဲ့ တပါတီ အာဏာရှင်အစိုးရလက်ထက်နဲ့ နောက်တက်လာတဲ့ စစ်အစိုးရလက်ထက် စစ်သားတွေ စစ်ဗိုလ်ချုပ်တွေ တိုင်းပြည်အပေါ်ထား ရှိတဲ့စေတနာ အာဏာကျင့်သုံးပုံ အာဏာခွဲဝေပုံ ဘယ်လောက်အထိ ရုပ်ပျက်ဆင်းပျက် နိုင်လှတဲ့ ဇာတ်လမ်းတွေကိုလည်း သက်ရှိ ထင်ရှားရှိနေဆဲဖြစ်တဲ့ သတင်းစာဆရာကြီး ဂါးဒီးယန်း ဦးစိန်ဝင်း ထပ်မံရေးသားလာဦးမလားဆိုတဲ့ မျှော်လင့်ချက်တော့ ကျနော်တို့မှာ ရှိပါတယ်။

ပြင်သစ်နိုင်ငံ ပါရီမြို့မှာ အခြေစိုက်တဲ့ အပြည်ပြည်ဆိုင်ရာ သတင်းစာ ထုတ်ဝေသူများ အဖွဲ့ချုပ်ကပေးတဲ့ ရွှေကလောင်ဆု ရရှိထားသူ၊ အရပ်သားအစိုးရ အကွဲအပြဲဇာတ်လမ်းများကို ခရေစေ့တွင်းကျ ရေးနိုင်စွမ်းသူ နာမည်ကျော် သတင်းစာဆရာကြီး ဂါးဒီးယန်း ဦးစိန်ဝင်းဟာ မီဒီယာသမားပီပီ စစ်အစိုးရ အဆက်ဆက်ရဲ့ နောက်ထပ် အကွဲအပြဲဇာတ်လမ်း စာအုပ်များကိုလည်း မလွဲမသွေ ဆက်လက် ရေးသားလာဦးလိမ့်မယ်လို့တော့ ကျနော်တို့ အစဉ်တစို်က် မျှော်လင့်နေဆဲ ဖြစ်ပါကြောင်း ။ []

ကိုးကား

[ပြင်ဆင်ရန်]
  1. အကွဲအပြဲ ဇတ်လမ်း (ငြိမ်းဝေ)။ 21 January 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၀၇ ၊ ၂၀၁၂ တွင် ပြန်စစ်ပြီး။မတ်လ ၂၀၁၂ တွင် ပြန်စစ်ပြီး။
{{bottomLinkPreText}} {{bottomLinkText}}
အကွဲအပြဲဇာတ်လမ်း (စာအုပ်)
Listen to this article

This browser is not supported by Wikiwand :(
Wikiwand requires a browser with modern capabilities in order to provide you with the best reading experience.
Please download and use one of the following browsers:

This article was just edited, click to reload
This article has been deleted on Wikipedia (Why?)

Back to homepage

Please click Add in the dialog above
Please click Allow in the top-left corner,
then click Install Now in the dialog
Please click Open in the download dialog,
then click Install
Please click the "Downloads" icon in the Safari toolbar, open the first download in the list,
then click Install
{{::$root.activation.text}}

Install Wikiwand

Install on Chrome Install on Firefox
Don't forget to rate us

Tell your friends about Wikiwand!

Gmail Facebook Twitter Link

Enjoying Wikiwand?

Tell your friends and spread the love:
Share on Gmail Share on Facebook Share on Twitter Share on Buffer

Our magic isn't perfect

You can help our automatic cover photo selection by reporting an unsuitable photo.

This photo is visually disturbing This photo is not a good choice

Thank you for helping!


Your input will affect cover photo selection, along with input from other users.

X

Get ready for Wikiwand 2.0 🎉! the new version arrives on September 1st! Don't want to wait?