For faster navigation, this Iframe is preloading the Wikiwand page for သော်၊ ဦး (ပန်းကန်စက်).

သော်၊ ဦး (ပန်းကန်စက်)

ပန်းကန်စက် ဦးသော်
မွေးဖွား(5-09-1893)စက်တင်ဘာ ၅၊ ၁၈၉၃
ပေါင်းတည်မြို့ပဲခူးတိုင်း
ကွယ်လွန်ဇွန် ၂၅၊ ၁၉၈၀(1980-06-25) (အသက် ၈၆)
ရန်ကုန်မြို့
နိုင်ငံလူမျိုးဗမာ
နိုင်ငံသား မြန်မာနိုင်ငံ
ပညာရေးတက္ကသိုလ်ကျောင်းသား
အလုပ်အကိုင်
  • ဒိုင်အာခီ (diarchy) ဥပဒေပြုကောင်စီဝင်အမတ်
  • ဆန်စက်ပိုင်ရှင်
  • ပန်းကန်စက်ပိုင်ရှင်
  • ဂျီစီဘီအေ လူကြီး
  • ဝိုင်အမ်ဘီအေ နာယက
  • မြို့မကျောင်းအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ
တက်ကြွလှုပ်ရှားနှစ်များ၁၉၂၁-၁၉၅၇
ကျော်ကြားမှုအရင်းခံမြန်မာနိုင်ငံ၏ပထမဆုံး ပန်းကန်စက် စတင်တည်ထောင်သူ၊ ပန်းကန်စက်ပိုင်ရှင်
ထင်ရှားသည့်
လုပ်ဆောင်မှု
မြန်မာနိုင်ငံ၏ အသက်အငယ်ဆုံး သမာဓိမြို့ဝန်၊ ၁၉၂၀ အမျိုးသားကျောင်းများ တည်ထောင်ဖွင့်လှစ်ရာတွင် ဦးဆောင်ပါဝင်ခဲ့သူ
အိမ်ထောင်ဖက်(များ)ဒေါ်လှခင်
သားသမီးသားသမီးမထွန်းကားချေ
မိဘများ
  • ဆန်စက်ပိုင်ရှင် သူဌေး ဦးဘိုးဆင့် (ဖခင်)
  • ဒေါ်သက် (မိခင်)
ဆွေမျိုးသားချင်း
မိသားစုဒေါ်တင်လှ (ညီမ)
ဦးမောင်မောင် (ညီ)
ရရှိသည့်ဆုများတိုင်းကျိုးပြည်ကျိုးဆောင်ဘွဲ့ (တီ၊ ပီ၊ အက်စ်)၊ နိုင်ငံ့ဂုဏ်ရည်ဘွဲ့ (ပထမဆင့်)

မြန်မာနိုင်ငံ၏ အသက်အငယ်ဆုံး သမာဓိမြို့ဝန်အဖြစ် ဆောင်ရွက်ခဲ့သည်။ ဂျီစီဘီအေ လူကြီး၊ ဝိုင်အမ်ဘီအေအသင်းချုပ် နာယက၊ မြို့မကျောင်းအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဒိုင်အာခီ (diarchy) ဥပဒေပြုကောင်စီဝင်အမတ်၊ ဥပဒေပြု မင်းတိုင်ပင်အမတ် ဖြစ်ခဲ့သည်။ ဆင်ဖြူရှင်မင်း နှင့် မဟာသီဟသူရ (ကောင်းတုံစာချုပ်) တို့၏ (၂) ဆက်မြောက်မြေးတော် တစ်ဦးအနေဖြင့် သာမန်မြန်မာပြည်သူများထက် အမျိုးသားရေးဇာတိမာန် လွန်စွာထက်သန်သူဖြစ်သည်။[] "မြန်မာ့ကြွေပန်းကန်အစ ဦးသော် က" ဟု သမိုင်းစာမျက်နှာတွင် ထင်ရှားသည်။ မြန်မာနိုင်ငံ၏ပထမဆုံးသော ပန်းကန်စက်ရုံတည်ထောင်သူနှင့်ပိုင်ရှင်ဖြစ်သည်။

ငယ်စဉ်ဘဝနှင့် မျိုးရိုး

[ပြင်ဆင်ရန်]

ပန်းကန်စက် ဦးသော် ကို ၁၈၉၃ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်နေ့တွင် ပေါင်းတည်မြို့ ၌ မွေးဖွားသည်။ အဖ ဆန်စက်ပိုင်ရှင် သူဌေး ဦးဘိုးဆင့်၊ အမိ ဒေါ်သက် ဖြစ်သည်။ မွေးချင်း သုံးယောက် (ဦးသော်၊ ဒေါ်တင်လှနှင့် ဦးမောင်မောင်) တို့တွင် ဦးသော်သည် အကြီးဆုံးသားဖြစ်သည်။

မြန်မာ့သမိုင်းတွင်ထင်ရှားသော ဆင်ဖြူရှင်မင်းနှင့်မြန်မာစစ်သူကြီး မင်းကြီးမဟာသီဟသူရ[]တို့၏ (၂) ဆက်မြောက် မြေးတော်ဖြစ်သည်။[][note ၁] (ဝန်ကြီး မဟာသီဟသူရ နှင့် ဆင်ဖြူရှင်မင်းသည် ခမည်းခမက် တော်စပ်သည့်အပြင် မယားညီအစ်ကိုလည်းတော်စပ်သည်။ ဆင်ဖြူရှင်၏မိဖုရားခေါင်ကြီး မယ်လှ (သီရိအတုလ မဟာရတနာ ပဒုမ္မာဒေဝီ) နှင့် မဟာသီဟသူရ၏ဇနီး မယ်တလိုင်းတို့သည် ညီအစ်မအရင်းများဖြစ်ကြသည်။)[][][][] စဉ့်ကူးမင်းနှင့် ပထမ မြောက်နန်းမိဖုရားကြီး သီရိမဟာမင်္ဂလာဒေဝီ တို့၏ မြေးတော် ဘိုးရွှေကွန်၏သားတော် ဦးဘိုးဆင့်(ပန်းကန်စက်ဦးသော် ၏ဖခင်) ရေးသားခဲ့သည့် ကိုယ်ရေးအတ္ထုပ္ပတ္တိ ဘဝဖြစ်ရပ်မှတ်တမ်း၊ ဦးဘိုးဆင့်၏မြေးအရင်းဖြစ်သူ စာပြုအရာရှိ ဦးနေဝင်း B.A (History) ၁၉၇၁ ခုနှစ်တွင် ရေးသားပြုစုခဲ့သည့် Family pedigree chart (Genealogy research paper) မှတ်တမ်းတို့တွင်လည်းရေးသားဖော်ပြထားခဲ့သည်။

၁၉၀၀ ပြည့်နှစ်တွင် စတင် ပညာသင်သည်။ ၁၉၁၂ ခုနှစ်၌ ပြည်မြို့ အစိုးရ အထက်တန်းကျောင်းမှ မက်ထရစ်စာမေးပွဲအောင်သည်။ ကျောင်းသားဘဝ ငယ်စဉ်ကပင် မိဘများ၏ ဆန်စပါး ရောင်းဝယ်ရေးနှင့် ဆန်စက်လုပ်ငန်းများကို ကူညီ လုပ်ကိုင်ပေးခဲ့သည်။

၁၉၇၀ ပြည့်နှစ် အမျိုးသားနေ့ရွှေရတုသဘင် ညစာစားပွဲကျင်းပရေးဦးစီးကော်မတီ နာယကကြီး ဂျီစီဘီအေခေါင်းဆောင် ပန်းကန်စက်ဦးသော်အား တော်လှန်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးနေဝင်း က လာရောက်နှုတ်ဆက်နေစဉ်

စီးပွားရေးလုပ်ဆောင်ခြင်း

[ပြင်ဆင်ရန်]

၁၉၁၃ ခုနှစ်တွင် စီးပွားရေး လောကသို့ ဝင်ရောက်သည်။ ယင်းနှစ်မှာပင် ဒေါ်လှခင်နှင့် လက်ထပ်သည်။ ပေါင်းတည်၊ ဇီးကုန်း၊ ရွှေတောင်၊ နတ်တလင်း၊ ဟင်္သာတရှိ ဖခင်၏ ဆန်စက်များကို စီမံအုပ်ချုပ် ရသည်။ အိမ်ထောင်ကျပြီးနောက် ဟင်္သာတ ဆန်စက်ကို သီးခြားတာဝန်ယူ ဆောင်ရွက်သည်။ ပထမကမ္ဘာစစ် အတွင်း ၁၉၁၄ ခုနှစ်တွင် အမ်ဒင် အမည်ရှိ ဂျာမန်ကရူဇာစစ်သင်္ဘောတစ်စင်း (The cruise of the Emden) သည်လည်း သမုဒ္ဒရာ ပင်လယ်ပြင်တစ်လျောက် လှည့်လည်သွားလာကာ ဒေါ်လာ တစ်ကုဋေခန့် တန်ဖိုးရှိသော သင်္ဘောများနှင့် အိန္ဒိယသမုဒ္ဒရာ ဘင်္ဂလားပင်လယ်အော်တွင် သင်္ဘောများကို နှစ်မြှုပ်ဖျက်ဆီးခဲ့၏။[][]

မောင်သော်အသေခံမည်

[ပြင်ဆင်ရန်]

Steel Brothers ဆန်ရောင်းဝယ်ရေးကုမ္ပဏီ၊ အိန္ဒိယဆန်ကုန်သည်ကြီးများနှင့် ဖခင်ဦးဘိုးဆင့်တို့ ချုပ်ဆိုထားသော စာချုပ်များရှိသော်လည်း ပထမကမ္ဘာစစ်ကာလ အိန္ဒိယသမုဒ္ဒရာ ဘင်္ဂလားပင်လယ်အော် ကိုဖြတ်ကာ ဆန်တင်ပို့ခြင်းသည် အသက်အန္တရာယ်များကြောင်း မိတ်ဆွေများက တားမြစ်ကြသည်။ ပထမစစ်ကာလ ပင်လယ်ပြင်တွင် စစ်ပွဲများဖြစ်နေသောကြောင့် ဥပဒေအရ စာချုပ်ပါ ကတိဖောက်ဖျက်ရာ မရောက်ကြောင်း ရှေ့နေများကလည်း အကြံပြုကြသည်။ သို့ရာတွင် ဦးဘိုးဆင့်က 'မင်းမှာသစ္စာ-လူမှာကတိ' ဆိုရိုးအတိုင်း စာချုပ်ပါကတိကို မိမိကစပြီး မဖောက်ဖျက်လိုကြောင်း၊ မြန်မာတွေကတိမတည်ဘူးဟူ၍လည်း လူမျိုးခြားများ၏ပြစ်တင်ဝေဖန်ပြောဆိုခြင်းလည်းမခံချင်ကြောင်း ပြောပြီး ကိုယ်တိုင်သွားပို့ရန်ပြင်ဆင်ခိုက် အသက် (၂၁) နှစ် အရွယ်သာရှိသော သားဖြစ်သူ ဦးသော်က "သေစရာရှိလျှင် မောင်သော်အသေခံပါမည် ဖေဖေအသေခံစရာမလို" ဟုပြောကာ ပထမကမ္ဘာစစ်အတွင်း ၁၉၁၄ ခုနှစ်တွင် ဂျပန်သင်္ဘောအား စင်းလုံးငှား၍ အိန္ဒိယသမုဒ္ဒရာကိုဖြတ်ပြီး အိန္ဒိယနိုင်ငံသို့ သူကိုယ်တိုင် ဦးဆောင်ကာ ဆန်တင်ပို့ရောင်းချခဲ့သည်။ အိန္ဒိယသမုဒ္ဒရာ ဘင်္ဂလားပင်လယ်အော် ဖြတ်ပြီး ပထမကမ္ဘာစစ်အတွင်း ပထမဦးဆုံးစွန့်စားသွားရောက်ခဲ့သော အသက်အငယ်ဆုံး ဗမာလူမျိုး ဆန်ကုန်သည်ကြီးတစ်ဦးဟု ထိုစဉ်က နေ့စဉ်ထုတ်သတင်းစာများတွင် ဓာတ်ပုံနှင့်တကွ ရေးသားချီးကျူးခြင်းခံရသည်။[]

၁၉၁၅ ခုနှစ်တွင် ဇီးကုန်းဆန်စက်ကို တာဝန်ယူ အုပ်ချုပ်သည်။ ပြုတ်ဆန်ကို စမ်းသပ်တင်ပို့ရာ အောင်မြင်ခဲ့သည်။ အိန္ဒိယသို့ ဆန်တင်ပို့ရောင်းချသည့်လုပ်ငန်းကိုလည်း ဆက်လက်ဆောင်ရွက်သည်။ ကာလကတ္တားမြို့ အထိ သွားရောက်ပညာသင်ကြားခဲ့ဖူးသူဖြစ်ရာ အင်္ဂလိပ်စာကို ကောင်းစွာတတ်ကျွမ်းသူ ဖြစ်သည်။

ပန်းကန်စက်လုပ်ငန်း

[ပြင်ဆင်ရန်]

ကာလကတ္တားတွင် ဝန်မင်း ဦးဘတူ၊ ဒေါက်တာသိန်းမောင်၊ ကာလကတ္တား ပန်းကန်စက်ပိုင်ရှင် မဟာရာဇာစော်ဘွား ကာဆင်ဗဇား တို့နှင့် ရင်းနှီးခင်မင်ရာမှ ပန်းကန်စက် လုပ်ငန်းကို စိတ်ဝင်စားလာသည်။ သမားရိုးကျ ဆန်ကုန်သည် စီးပွားရေး လုပ်ငန်းမှ စက်မှုလက်မှု လုပ်ငန်းရှင် အဖြစ် စွန့်စား ဆောင်ရွက်ရန် ဖခင် ဦးဘိုးဆင့်ထံ ခွင့်ပြုချက် တောင်းခဲ့သည်။ ဖခင်၏ငွေငါးသိန်း (ထိုခေတ်က ရွှေတစ်ကျပ်သားကို မြန်မာကျပ် ၁၀ ကျော်သာရှိ) ခွင့်ပြုချက်ဖြင့် ဇီးကုန်းမြို့ မှ ကိုဖိုးမြိုင်ကို ကာလကတ္တားသို့ ပို့၍ မဟာရာဇာ ၏ ပန်းကန်စက်တွင် သုံးနှစ် ပညာသင်စေခဲ့သည်။ လစဉ် စရိတ်ငွေ ၂၅ဝ ကျပ် ထောက်ပံ့ခဲ့ ရသည်။ သူ့ကျွန်ဘဝရောက်နေသောကာလဖြစ်၍ မြန်မာတစ်မျိုးသားလုံး စိတ်အားငယ်နေချိန် (age of depression) ဖြစ်နေရာမှ ကြိုးစားလျှင် ဘာမဆိုဖြစ်နိုင်ကြောင်း၊ မိမိလုပ်မည့်ပန်းကန်စက် စက်မှုလုပ်ငန်းမှာ မြန်မာ့စက်မှုလက်မှု၏ရှေ့ပြေးပထမဖြစ်ပါကြောင်း၊ မြန်မာပိုင်စက်မှုလက်မှုကို မိမိကစတင်ပြီး တည်ထောင်မည်ဖြစ်ကြောင်း၊ ရိုးသားမှု၊ ကြိုးစားမှု၊ ဇွဲတို့သာလိုပါကြောင်း ပြောကြားခဲ့သည်။[]

၁၉၂၀ ပြည့်နှစ်တွင် ရန်ကုန်မြို့ သမိုင်းနှင့် ကြို့ကုန်းကြားတွင် မြေ ၁ဝ ဧက ဝယ်ယူ၍ ပန်းကန်စက် လုပ်ငန်း စတင်ခဲ့သည်။ တနှစ် အတွင်း ငွေ ငါးသောင်းခန့် ဆုံးရှုံးခဲ့သည်။ ၁၉၃၃ ခုနှစ်တွင် ရန်ကုန်သို့ ပြောင်းရွှေ့ နေထိုင်ကာ ပန်းကန်စက် လုပ်ငန်းကို ကိုယ်တိုင် ကြီးကြပ်သည်။ ပန်းကန်စက် လုပ်ငန်း အတွက် မြေစေး စမ်းသပ်သည့် လုပ်ငန်းကို ဦးဖိုးမြိုင်၊ လုပ်သား ငါးယောက်တို့နှင့်အတူ ကြိုးစား လုပ်ဆောင်သည်။ ၁၉၂၃ ခုနှစ်တွင် ဖခင် ဦးဘိုးဆင့်နှင့် အတူ ကာလကတ္တားသို့ ထပ်မံ သွားရောက်ပြီး ပန်းကန်စက် လုပ်ငန်းကို လေ့လာသည်။ ထို့နောက် အိန္ဒိယမှ စက်ပညာရှင် မစ်စတာဒတ်ကို ငှားရမ်း၍ သမိုင်းပန်းကန်စက်ကို စတင်သည်။ ဂျာမန် စက်ပစ္စည်းများကို မှာယူ၍ တည်ဆောက်ရာ ၁၉၂၅ ခုနှစ်၊ မတ်လတွင် ပြီးစီးသည်။ ငွေငါးသိန်းခန့် ကုန်ကျခဲ့သည်။ ပန်းကန်စက် လုပ်ငန်းကို ဦးသော် တာဝန်ယူခဲ့သည်။ သို့သော် နည်းပညာ အခက်အခဲကြောင့် အောင်မြင်မှု မရခဲ့ချေ။ နောက်ဆုံးတွင် ဦးသော်ကိုယ်တိုင် လူမျိုးခြားပိုင် ဆန်စက်တွင် တလလျှင် လခ ၂၅ဝ ကျပ်ဖြင့် မန်နေဂျာ ဝင်လုပ်ခဲ့ရသည်။

၁၉၃၁ ခုနှစ်တွင်သူဌေး ဦးသော်၏ ပန်းကန်စက်မှ မြေစိုက်ပန်းအိုးနှင့် လက်ဖက်ရည်ကရားများ စတင် ထုတ်လုပ်နိုင်ခဲ့သည်။ ၁၉၃၄ ခုနှစ်တွင် အင်္ဂလန်၌ ပန်းကန်စက်ပညာ သင်ခဲ့သော ဦးကျင်၏ အကူအညီဖြင့် ခေါင်းပွကြွေထည်များ ထုတ်လုပ်နိုင်၍ အောင်မြင်မှု စတင် ရရှိလာခဲ့သည်။ ၁၉၃၈ ခုနှစ်တွင် ဒေါက်တာဘမော် နန်းရင်းဝန် အဖြစ် ဆောင်ရွက်စဉ် ဘဏ္ဍရေးဝန်ကြီး ဒေါက်တာသိန်းမောင် (၉၁ ဌာနခေတ် ဝန်ကြီး၊ ဂျပန်ခေတ်ဝန်ကြီးနှင့် ပထမဆုံး ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံ အမတ်ကြီးဖြစ်သော ဒေါက်တာသိန်းမောင် (၁၈၉၁ ခုနှစ် ဇန်နဝါရီ ၂ – ၁၉၄၆ ခုနှစ် မေ ၂၃))[][၁၀]၏ အကူအညီဖြင့် အစိုးရချေးငွေ တစ်သိန်းရခဲ့သဖြင့် အင်္ဂလန်မှ ပန်းကန်ပြားစက် အသစ်မှာယူကာ လုပ်ငန်းကို တိုးချဲ့သည်။

၁၉၄၀ ပြည့်နှစ်တွင် ပန်းကန်ချောများ အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့ပြီး တစ်လလျှင် ပန်းကန်ပြား ဒါဇင်ပေါင်း တသောင်းကျော် ထုတ်လုပ်နိုင်ခဲ့သည်။ သို့သော် ဒါဇင် ငါးထောင်ခန့်သာ ဈေးကွက်ရှိသည်။ ထိုစဉ်က ဦးသော်၏ ပန်းကန်ပြားများသည် ဂျပန် ပန်းကန်ပြားများကို အသာရခဲ့သည်။

သမိုင်းရှိ ဦးသော်၏ ပန်းကန်စက်သည် ကိုလိုနီခေတ်တွင် တစ်ခုတည်းသော ဗမာတိုင်းရင်းသားပိုင် ပန်းကန်စက်ဖြစ်သည်။ ဦးသော်ပန်းကန်စက် တည်နေရာမှာ ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ သမိုင်းမြို့သစ် မီးရထားဘူတာရုံအနီး ဖြစ်သည်။ ဦးသော်ပန်းကန်စက်တွင် လုပ်ငန်းများတွင် ဂျပန်များက အဓမ္မဝင်ရောက်ဦးစီးလုပ်ကိုင်သည်။ သို့ရာတွင် ဦးသော်ပန်းကန်စက်တွင်လည်း ဂျပန်များက အစုစပ်အဖြစ်ပါဝင်၍ ဦးစီးလုပ်ကိုင်သည်ဟု ဂျပန်အလိုတော်ရိများက မဟုတ်မမှန် ဝါဒဖြန့်ချိခဲ့သည်။

အမှန်စင်စစ်အားဖြင့် ၁၉၄၂ ခုနှစ်မှ ၁၉၄၅ ခုနှစ် ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်စစ်သားတို့သည် ဦးသော်ပန်းကန်စက်ကို အတင်းအဓမ္မသိမ်းယူလိုက်ခြင်းဖြစ်သည်။ ဂျပန်စစ်တပ်အတွက် လိုအပ်သော ပစ္စည်းများ၊ ဟင်းချိုသောက် မြေပန်းကန်များ၊ အခြားကြွေထည်အသေးအဖွဲများနှင့် စစ်မြေပြင်သုံးကြွေသီးများ သိန်းသန်းချီ၍ ထုတ်လုပ်ကြသည်။ စက်ရုံဝင်းအတွင်း၌ လက်ပစ်ဗုံးများလည်း ထုတ်လုပ်သည်။ စက်ရုံပိုင်ရှင်ဦးသော်သည် အမည်ခံသာဖြစ်၍ ပန်းကန်စက်မှာ ဂျပန်စစ်သားများ၏ အတင်းအဓမ္မကြီးစိုးပိုင်ဆိုင်မှုအောက်တွင် ရှိခဲ့သည်။ နောက်ပိုင်းတွင် မဟာမိတ်တို့၏ ဗုံးကြဲတိုက်ခိုက်မှုကိုခံရ၍ လုပ်ငန်းရပ်ဆိုင်းသွားသည်။ ၁၉၄၅ ခုနှစ်တွင် ဂျပန်တို့အရေးနိမ့်၍ စစ်ဆုတ်ရသောအခါ ဦးသော်ပိုင်သော သမိုင်းပန်းကန်စက်ရုံရှိစက်များကို ဂျပန်စစ်သားများကမီးရှို့ဖျက်ဆီးခဲ့ကြသည်။[၁၁] [၁၂] [၁၃] [၁၄]

ဦးသော်၏ထပ်မံငွေစိုက်ထုတ်ကြိုးစားမှုကြောင့် ၁၉၄၇-၄၈ ခုနှစ်တွင် ဦးသော်၏ ပန်းကန်လုပ်ငန်း တစ်ဖန်ပြန်လည်အောင်မြင်လာသည်။ သို့ရာတွင် ၁၉၄၉ ခုနှစ်တွင် ပြည်တွင်းစစ်ဒဏ်ကြောင့် ဦးသော်၏ ပန်းကန်စက်မှာ ထပ်မံ အဖျက်အဆီးခံရပြန်သည်။ လွတ်လပ်ရေးရပြီးကာစ ၁၉၄၉ ခုနှစ် ဖေဖော်ဝါရီလမှ မေလအတွင်း ပြည်တွင်းသောင်းကျန်းမှု တိုက်ပွဲများ မြန်မာပြည်အနှံ့ ဖြစ်ပွားလျက်ရှိရာ ရန်ကုန်မြို့မှအပ မြန်မာနိုင်ငံတစ်နိုင်ငံလုံးနီးပါး KNDO (The Karen National Defense Organization) များ လက်ဝယ်သို့ ကျရောက်နေသောအချိန်ဖြစ်သည်။

မြန်မာ့တပ်မတော်နှင့် ကေအင်ဒီအိုအဖွဲ့တို့ အပြန်အလှန်တိုက်ပွဲများ အကြိမ်ကြိမ်ဖြစ်ခဲ့ရာ အင်းစိန် ခဝဲခြံနှင့် လွန်စွာ နီးကပ်လျက်ရှိသော ဦးသော်၏ ပန်းကန်စက် (ယခု-မရမ်းကုန်းမြို့နယ်သမိုင်းမြို့သစ် မီးရထားဘူတာရုံအနီး) မှာ မြန်မာ့တပ်မတော် (ရေ) ၏ ဘိုဖာအမြှောက်[၁၅] နှင့် ဗုံးဒဏ်များကြောင့် ရစရာမရှိအောင် ပျက်စီးသွားခဲ့သည်။[၁၅] ဦးသော်၏ ပန်းကန်စက်အဖျက်အဆီးခံရခြင်းနှင့်စပ်လျဉ်း၍ ထိုစဉ်က နေ့စဉ်ထုတ်သတင်းစာများတွင် အထင်အရှား ပါရှိပြီးဖြစ်သည်။ ဦးသော်ကိုယ်တိုင် ထပ်မံငွေစိုက်ထုတ်ကြိုးစားဦးစီး၍ စက်ကို ပြန်လည် လည်ပတ်ခဲ့သည်။ ၁၉၅၁ ခုနှစ်တိုင် လုပ်ငန်း အောင်မြင်လာခဲ့သည်။ ၁၉၅၂ ခုနှစ်တွင် ထိုစဉ်က အစိုးရ၏ အခွန်ကောက်နှုန်းများကြောင့် ဂျပန် ပန်းကန်ပြားများကို မယှဉ်ပြိုင်နိုင်တော့ချေ။ နောက်ဆုံး ၁၉၅၂ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့တွင် စက်ရုံ ရပ်နားခဲ့ရသည်။ ၁၉၅၆-၅၇ တွင် ရင်းနှီးသော မိတ်ဆွေ သင်္ဂဟများနှင့်အတူ ပြန်လည် လုပ်ကိုင်နိုင်ခဲ့သည်။

လူမှုရေးနှင့် နိုင်ငံရေး

[ပြင်ဆင်ရန်]

သူဌေးဦးသော်သည် ငယ်ရွယ်စဉ် ဟင်္သာတ၊ ဇီးကုန်း၊ ရန်ကုန် (သမိုင်း) တွင် နေစဉ်ကပင် လူမှုရေး၊ နယ်ချဲ့ဆန့်ကျင်ရေး အမျိုးသားရေးစိတ်ဓာတ် လုပ်ငန်းများကို ဦးဆောင်ပါဝင်ခဲ့သည်။ အမျိုးသားကျောင်းများ တည်ထောင်ရေးတွင်လည်း ငွေကြေးမတည် လှူဒါန်းခဲ့သည်။ ၁၉၂ဝ ပြည့်နှစ်တွင် ရန်ကုန် မြို့မအမျိုးသားကျောင်းကို စတင်တည်ထောင်ခဲ့သူများအနက် ပန်းကန်စက် ဦးသော်လည်း တစ်ဦးအပါအဝင်ဖြစ်သည်။ ဇီးကုန်း အမျိုးသားကျောင်းကို ငွေတစ်ထောင် မတည်၍ လှူဒါန်းခဲ့သည်။ ၁၉၁၈ ခုနှစ် အသက် ၂၅ နှစ် အရွယ်တွင် ပြည်သူလူထုတစ်ရပ်လုံး၏ ထောက်ခံဆန္ဒမဲဖြင့် သမာဓိမြို့ဝန် (Chief Magistrate) အဖြစ် ရွေးချယ်တင်မြှောက်ခံခဲ့ရသည်။ သခင်ကိုယ်တော်မှိုင်းရဲတပ်ဗိုလ်ချုပ် ဆာမောင်ကြီးဆာဦးသွင်မြို့မ ဦးဘလွင်၊ တရားဝန်ကြီးချုပ် ဦးသိမ်းမောင် (ဖိနပ်-သိမ်းမောင်)၊ မြို့မကျောင်းအုပ်ဆရာကြီး ဒေါက်တာသိန်းမောင် တို့နှင့် ရင်းနှီးသည်။ ၁၉၂၃ ခုနှစ်တွင် မိတ်ဆွေဖြစ်သူ ဦးဘစီကို အကြောင်းပြု၍ ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင်မြောက်ပိုင်း မဲဆန္ဒနယ်တွင် ရွေးကောက်ပွဲဝင်ကာ လွှတ်တော်အမတ်၊ ဒိုင်အာခီခေတ် ဥပဒေပြုကောင်စီဝင်အမတ်၊ နိုင်ငံတော်အစိုးရ ရာဇဝတ်တရားသူကြီး (first class) အဖြစ် ဆောင်ရွက်ခဲ့သည်။ ရန်ကုန် မြို့မအထက်တန်းကျောင်း ကျောင်းအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌအဖြစ်လည်း နှစ်ပေါင်းများစွာ ဆောင်ရွက်ခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံ မီးရထားဘုတ်အဖွဲ့ဝင် လူကြီး၊ ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း နာယက၊ ပေါင်းတည်၊ ပြည်ခရိုင်အသင်းများ၏ နာယက၊ အမျိုးသားနေ့ ရွှေရတုသဘင် ကျင်းပရေး ကော်မတီ နာယက စသည့် တာဝန် အမျိုးမျိုးကို ထမ်းဆောင်ခဲ့သည်။ ဂျီစီဘီအေ ခေါင်းဆောင် သမာဓိမြို့ဝန် ပန်းကန်စက် ဦးသော် ၏အတ္ထုပ္ပတ္တိဆောင်းပါးကို ဦးသော်၏မြေးအရင်း မြန်မာ့သမိုင်းပညာရှင် မြို့မ-မြင့်ကြွယ် ကိုယ်တိုင်စတင်ရေးသားပြုစုခဲ့သည်။ တိုင်းသူပြည်သားတို့၏ အားထားယုံကြည်ခြင်းကိုခံယူရရှိခြင်း၊ အမျိုးသားရေး စိတ်ဓာတ်ရှိခြင်း၊ ရိုးသားဖြောင့်မတ်ခြင်း၊ သစ္စာသမာဓိနှင့်ပြည့်စုံခြင်း၊ အဂတိတရားလေးပါး မလိုက်စားခြင်း စသည့်ဂုဏ်ပုဒ်များ ထင်ရှားလေသည်။

ပန်းကန်စက်ဦးသော်သည် ပန်းကန်စက်တည်ထောင်ခြင်း၊ အမျိုးသားကျောင်းများဖွင့်လှစ်ခြင်း စသော ကိစ္စများသာမက မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှု အမျိုးသားရေးကိစ္စများတွင်လည်း လျှို့ဝှက်ဆောင်ရွက်ပေးခဲ့ဖူးသည်။ ၁၉၄၀ ပြည့်နှစ် ဇွန်လတွင် သခင်အောင်ဆန်းအား ကာကွယ်ရေးဥပဒေနှင့် ဖမ်းဆီးရန် ဟင်္သာတရာဇဝတ်ဝန် ဇေဗီးယား (Xavier) က ဖမ်းဝရမ်းထုတ်ခဲ့ရာ သခင်အောင်ဆန်းသည် ဗြိတိသျှအစိုးရ၏အဖမ်းမခံလိုပဲ ပုန်းလျှိုးဝှက်လျှိုးနေခဲ့ရသည်။ သခင်အောင်ဆန်းအား ပန်းကန်စက်ဦးသော်က သူ၏ရန်ကုန်မြို့ သမိုင်း (မရမ်းကုန်းမြို့နယ်) ပန်းကန်စက်ဝင်းနှင့်နေအိမ်တွင် လျှို့ဝှက်စွာနေထိုင်ခိုလုံခွင့်ပြုခဲ့သည်။ စားရေးသောက်ရေး နေထိုင်ရေးအတွက် အစအလယ်ဆုံး စီစဉ်ပေးခဲ့ရဖူးသည်။ ၁၉၄၀ ပြည့်နှစ် ဩဂုတ်လ ၈ ရက် တရုတ်နိုင်ငံ Amoy မြို့ (ယခု Xiamen မြို့) Kulangsu Island သို့ ဟိုင်လီ (Hai Lee) သင်္ဘောဖြင့် ထွက်ခွာသည့်အချိန်အထိ ကူညီပေးခဲ့ခြင်းဖြစ်သည်။[၁၆] ထိုစဉ်က သခင်အောင်ဆန်းမှာ ကျောင်းသားခေါင်းဆောင်တစ်ဦးသာဖြစ်၍ ဗိုလ်ချုပ်ရာထူးမရသေးပါ။ မြန်မာ့တပ်မတော်၊ ရဲဘော်သုံးကျိပ်လည်း ဖွဲ့စည်းတည်ထောင်ခြင်း မရှိသေးသော အချိန်ကာလဖြစ်သည်။ တရုတ်ပြည် အမွိုင်မြို့တွင် သောင်တင်နေသော သခင်အောင်ဆန်းနှင့် သခင်လှမြိုင်တို့ကို ဂျပန်ပြည်သို့သွားရောက်နိုင်ရေးအတွက် ဗိုလ်မှူးကြီး ဆူဇူကီးနှင့် ဆက်သွယ်ပေးရာတွင်လည်းကောင်း၊ သခင်အောင်ဆန်းဦးဆောင်သော မြန်မာလူငယ်များ (နောင်အခါ ရဲဘော်သုံးကျိပ်ဝင်များ) ဂျပန်ပြည်သို့ သွားရောက်စစ်ပညာသင်ယူရေးကိစ္စတွင်လည်းကောင်း မြို့မဆရာကြီး ဒေါက်တာသိန်းမောင်လည်း အဓိကနေရာမှ ဆောင်ရွက်ပေးခဲ့ဖူးသည်။ (သခင်အောင်ဆန်း အတွက်သာမက တပ်မတော်တည်ထောင်ရေးရဲဘော်သုံးကျိပ် ဖွဲ့စည်းရေးတွင်လည်း ပန်းကန်စက်ဦးသော်၊ ဆရာကြီးဒေါက်တာသိန်းမောင် စသော မြို့မဟောင်းများက အတတ်နိုင်ဆုံး ကူညီပေးခဲ့ဖူးသည်။)

ဘွဲ့တံဆိပ်များ

[ပြင်ဆင်ရန်]

၁၉၄၀ ပြည့်နှစ်တွင် အင်္ဂလိပ်အစိုးရက တိုင်းကျိုးပြည်ကျိုးဆောင်ဘွဲ့ (တီ၊ ပီ၊ အက်စ်)၊ ၁၉၈ဝ ပြည့်နှစ်တွင် နိုင်ငံတော် အစိုးရက နိုင်ငံ့ဂုဏ်ရည်ဘွဲ့ (ပထမဆင့်) များ ချီးမြှင့်ခဲ့သည်။

ကွယ်လွန်ခြင်း

[ပြင်ဆင်ရန်]

ဦးသော်သည် ၁၉၈၀ ပြည့်နှစ်၊ ဇွန်လ ၂၅ ရက်တွင် ရန်ကုန်မြို့၊ အင်းလျားလမ်း အမှတ် ၇၄ (စီ) နေအိမ်၌ ကွယ်လွန်ခဲ့သည်။[၁၇]

ဆက်စပ်လေ့လာရန်

[ပြင်ဆင်ရန်]

မှတ်စုများ

[ပြင်ဆင်ရန်]
  1. ဦးသော်၏ ဘ-ဘိုး-ဘေး-ဘီ-ဘင်-ဘောင်-ဘော ancestors စာရင်း ဖော်ပြမည်ဆိုလျှင်- ဟူ၍ဖြစ်ကြသည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. ၁.၀ ၁.၁ ၁.၂ ပန်းကန်စက်ဦးသော် (14 October 1974)။ မြန်မာနိုင်ငံ ကြွေပန်းကန်အစ ဦးသော် က။ ၁၂၄-ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ရန်ကုန်မြို့ (၅၈၃/၇၄): နယူးစာပုံနှိပ်တိုက်။CS1 maint: location (link)
  2. E၊ Harvey G. (2000)။ History of Burma (အင်္ဂလိပ်ဘာသာစကားဖြင့်)။ New Delhi: Asian Educational Services။ p. 257။ ISBN 9788120613652
  3. မြို့မ-မြင့်ကြွယ် (ဇွန် ၂၆-ဇူလိုင် ၂ ၂၀၁၆). "အမျိုးသားစီးပွားရေးရှေ့ဆောင် ပန်းကန်စက်ဦးသော်". The Dhamma Thandawsint မဂ္ဂဇင်းစာစောင် အမှတ် ၂၉. 
  4. တရုတ် - မြန်မာ ချစ်ကြည်ရေး
  5. မြို့မ-မြင့်ကြွယ် (၁၉၈၁)။ ကျွန်တော်သိသောဖိုးဖိုးသော်။ ရတနာမွန်မဂ္ဂဇင်း။
  6. Avalanche Press
  7. FeedFury RSS feed directory။ 30 March 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 29 June 2016 တွင် ပြန်စစ်ပြီး။
  8. ၈.၀ ၈.၁ မြို့မ-မြင့်ကြွယ် (၃ မေလ ၂၀၁၉). "သမာဓိမြို့ဝန် ပန်းကန်စက်ဦးသော်" (ဆောင်းပါး). မြန်မာတိုင်းမ်နေ့စဉ်: စာမျက်နှာ ၁၂-၁၃-၁၄. 
  9. သမိုင်းတကွေ့မှ အတိုက်အခံနိုင်ငံရေးခေါင်းဆောင် ဗိုလ်ချုပ်အစ်ကို ဦးအောင်သန်း သန်းဝင်းလှိုင် | အတ္တကင်းစင် ဒီမိုကရေစီ လွင်ပြင်
  10. Google Groups
  11. ကိုလိုနီခေတ် စက်မှုလက်မှုလုပ်ငန်းသမိုင်း၊ အပိုင်း(၂) (February 1989)။ "အခန်း ၄ ဂျပန်ခေတ် စက်မှုလက်မှု လုပ်ငန်း"။ မြန်မာနိုင်ငံစက်မှုလက်မှုလုပ်ငန်းသမိုင်း။ အမှတ် (၁)စက်မှုဝန်ကြီးဌာန။ p. ၂၂၉။
  12. မြန်မာ့အလင်းသတင်းစာ ၁၉ ဧပြီလ ၁၉၄၄၊ စာ - ၃
  13. Burmese Economic Life, p. 158
  14. ပန်းကန်စက်ရုံအမှတ် (၂) သာယာဝတီစက်မှုလုပ်ငန်းသမိုင်း၊ စာ - ၈
  15. ၁၅.၀ ၁၅.၁ ရန်ပိုင် (၁၀ ဖေဖော်ဝါရီ ၂၀၁၄)။ အင်းစိန်တိုက်ပွဲထဲက တံမြက်စည်း။ ဧရာဝတီဘလော့ဂ်။ ၂၅ ဩဂုတ် ၂၀၁၆ တွင် ပြန်စစ်ပြီး။
  16. မြို့မ-မြင့်ကြွယ် (2007)။ ၂၀၀၃ စာပေဗိမာန်စာမူဆု စာပဒေသာပထမဆုရ မြို့မဆရာကြီး ဦးဘလွင် (သို့မဟုတ်) အမျိုးသားပညာရေးနိဒါန်းအစ။ ရန်ကုန်မြို့: ပြန်ကြားရေး ဝန်ကြီးဌာန စာပေဗိမာန်
  17. မောင်ဇေယျာ (မတ် ၂၀၁၀)။ မြန်မာလူကျော် ၁ဝဝ (ပထမအုပ်) စာအုပ်။ UNITY စာပေ။
{{bottomLinkPreText}} {{bottomLinkText}}
သော်၊ ဦး (ပန်းကန်စက်)
Listen to this article

This browser is not supported by Wikiwand :(
Wikiwand requires a browser with modern capabilities in order to provide you with the best reading experience.
Please download and use one of the following browsers:

This article was just edited, click to reload
This article has been deleted on Wikipedia (Why?)

Back to homepage

Please click Add in the dialog above
Please click Allow in the top-left corner,
then click Install Now in the dialog
Please click Open in the download dialog,
then click Install
Please click the "Downloads" icon in the Safari toolbar, open the first download in the list,
then click Install
{{::$root.activation.text}}

Install Wikiwand

Install on Chrome Install on Firefox
Don't forget to rate us

Tell your friends about Wikiwand!

Gmail Facebook Twitter Link

Enjoying Wikiwand?

Tell your friends and spread the love:
Share on Gmail Share on Facebook Share on Twitter Share on Buffer

Our magic isn't perfect

You can help our automatic cover photo selection by reporting an unsuitable photo.

This photo is visually disturbing This photo is not a good choice

Thank you for helping!


Your input will affect cover photo selection, along with input from other users.

X

Get ready for Wikiwand 2.0 🎉! the new version arrives on September 1st! Don't want to wait?