For faster navigation, this Iframe is preloading the Wikiwand page for လွတ်လပ်ရေး ကြိုးပမ်းမှုကာလ (၁၉၄၁–၁၉၄၇).

လွတ်လပ်ရေး ကြိုးပမ်းမှုကာလ (၁၉၄၁–၁၉၄၇)

တို့ဗမာအစည်းအရုံး မှ ဦးဆောင်၍ မျိုးချစ်လူငယ်များက အင်္ဂလိပ်အစိုးရကို တော်လှန်ရန်ကြိုးစားခဲ့သည်။ တို့ဗမာအစည်းအရုံး သည် မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုကာလတွင် ထင်ရှားသည်။ ပြည်ပအကူညီယူ၍ ဂျပန်၌ စစ်ပညာသင်ကြားခဲ့ကြသည်။ ထိုစစ်ပညာသင်များကို “ရဲဘော်သုံးကျိပ်”ဟုခေါ်ခဲ့ကြသည်။၁၉၄၀ ခုနှစ်တွင် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သည့် ရဲဘော်သုံးကျိပ်အဖွဲ့ဝင်တို့သည် ဗမာ့လွတ်မြောက်ရေးတပ်မတော် (ဘီအိုင်အေ) ကို တည်ထောင်ခဲ့ကြသည်။[][] ရဲဘော်သုံးကျိပ်သည် ဂျပန်နိုင်ငံ တွင် စစ်သင်တန်းများတက်ရောက်ခဲ့ကြသည်။[]

၁၉၄၀ ခုနှစ် ဩဂုတ်လ (၈) ရက်တွင် ​ေ[သခင်အောင်ဆန်း]]နှင့် သခင်လှမြိုင် (နောင်အခါ ဗိုလ်ရန်အောင် ဟုထင်ရှားသူ) တို့ မြန်မာပြည်မှ နော်ဝေးနိုင်ငံပိုင် ဟိုင်လီအမည်ရှိ သင်္ဘောနှင့် ထွက်ခွာခဲ့ရာ တရုတ်နိုင်ငံ အမွိုင်မြို့ရှိ ‘အပြည်ပြည်ဆိုင်ရာဒေသ’ ဖြစ်သော ကူလန်စုသို့ ရောက်သွားကြသည်။ ထိုနေရာ၌ သူတို့နှစ်ဦး လအနည်းငယ်မျှ သောင်တင်နေပြီး တရုတ်ကွန်မြူနစ်များနှင့် ဆက်သွယ်ရန် ကြိုးစားချက်များလည်း အောင်မြင်ခြင်းမရှိခဲ့ပါ။ တရုတ်ကွန်မြူနစ်များနှင့် အဆက်အသွယ် မလုပ်နိုင်ခဲ့သော်လည်း ဂျပန်ကိုယ်စားလှယ် တစ်ဦးက သူတို့အား ချဉ်းကပ်ပြီး ဂျပန်တပ်မတော် အရာရှိတစ်ဦးဖြစ်သူ ကာနယ်ဆူဇူကီးကေအီဂျီ နှင့် တွေ့ရန် တိုကျိုသို့ လေယာဉ်နှင့်ပို့လိုက်ပါသည်။ တိုကျိုမြို့၌ နှင့် ကာနယ်ဆူဇူကီးနှင့်တွေ့ဆုံ၍ မြန်မာလူငယ်များအား စစ်ပညာသင်ကြားရေးကိစ္စ ဆွေးနွေးသည်။ ထို ဗိုလ်မှူးကြီးဆူဇူကီးသည် နောင်အခါ၌ ‘မြန်မာပြည်လွတ်လပ်ရေးကို ကူညီရန်နှင့် တရုတ်မြန်မာလမ်းမကြီးကို ပိတ်ဆို့ရန်’ ရည်ရွယ်ချက်များ နှင့် တည်ထောင်သော မီနာမီကီကန် လျှို့ဝှက်အသင်း၏ ခေါင်းဆောင်အဖြစ် ထင်ရှားမည့်သူဖြစ်သည်။

၁၉၄၁ ခုနှစ် ဖေဖော်ဝါရီလတွင် သခင်အောင်ဆန်းသည် တရုတ်သင်္ဘောသားအသွင်ဖြင့် မြန်မာပြည်သို့ ပြန်ရောက်လာလေသည်။ သူမှတဆင့် ဂျပန်တို့ကမ်းလှမ်းလိုက်သည့် သဘောတူညီချက်အရ၊ တော်လှန်ပုန်ကန်ရန် လက်နက်များနှင့် ငွေကြေး ထောက်ပံ့မည်ဟု မြန်မာတို့ကနားလည်ခဲ့၏။ ထို့အပြင် လက်ရွေးစင်လူငယ်တစု ကို စစ်သင်တန်းပေးမည်။ ထိုလူငယ်များကို မြန်မာနိုင်ငံမှ ခိုးထုတ်သွားရန် လိုပေမည်။ သခင်အောင်ဆန်း မြန်မာပြည်၌ ကြာမြင့်စွာမနေပါ။

ပထမအသုတ် အနေဖြင့် ၁၉၄၁ ခုနှစ် မတ်လ (၁၀) ရက်နေ့တွင် ဂျပန်သို့ သခင်အောင်ဆန်း၊ သခင်လှဖေ၊ သခင်ဗဂျမ်း၊ သခင်အေးမောင်၊ သမဂ္ဂကိုထွန်းရှိန် တို့နှင့်အတူ ပြန်သွားသည်။ ထို အုပ်စုမှာ ‘ရဲဘော်သုံးကျိပ်’ ၏ ရှေ့ပြေးတပ်ဦး ဖြစ်သည်။

ဒုတိယအသုတ် အနေဖြင့် ၁၉၄၁ ခုနှစ် မတ်လ(၁၃)ရက်နေ့တွင် သခင်စိုး၊ သခင်စောလွင်၊ သခင်သန်းတင်၊ ကိုရွှေ၊ သခင်တင်အေး၊ သခင်အောင်သိန်း၊ သခင်ထွန်းရွှေ တို့သည် ကိုင်ရှိုမာရူး (Kaisho Maru) သင်္ဘောဖြင့် မြန်မာပြည်မှ ထွက်ခွာသွားကြသည်။ ၎င်းတို့သည် ဧပြီ (၂၈) ရက်နေ့တွင် ဂျပန်ပြည် အိုစကာမြို့သို့ ရောက်ရှိသည်။

တတိယအသုတ် အနေဖြင့် ၁၉၄၁ ခုနှစ် မတ်လတွင် သခင်လှမောင်၊ သခင်စံမြ၊ သခင်ခင်မောင်ဦး တို့သည် ကိုင်ရှိုမာရူး (KaishoMaru) သင်္ဘောဖြင့် မြန်မာပြည်မှ ထွက်ခွာသွားကြသည်။ ၎င်းတို့သည် မေလကုန်တွင် ဂျပန်ပြည်သို့ ရောက်ရှိသည်။

စတုတ္ထအသုတ် အနေဖြင့် ၁၉၄၁ ခုနှစ် ဇွန်လ (၈) ရက်နေ့တွင် သခင်ထွန်းအုပ်(အဖွဲ့ခေါင်းဆောင်)၊ သခင်ရှုမောင်၊ သခင်စံလှိုင်၊ သခင်ထွန်းခင်၊ ကိုလှ၊ သခင်သန်းညွန့်၊ သခင်ကျော်စိန်၊ သခင်မောင်မောင်၊ သခင်သစ်၊ သခင်ငွေ၊ သခင်ထွန်းလွင်တို့သည် ကိုင်ရှိုမာရူး (KaishoMaru) သင်္ဘောဖြင့် မြန်မာပြည်မှ ထွက်ခွာသွားကြသည်။ (၂၄.၇.၄၁) တွင် ဂျပန်ပြည် ကျူရှုးကျွန်းရှိ `ယိုတိုဆူက´ရေတပ်စခန်းသို့ ရောက်ရှိသည်။ []

ထိုသို့ မြန်မာလူငယ် ၃၀ တို့သည် ဂျပန်နိုင်ငံသို့ လျှို့ဝှက်ထွက်ခွာသွားကြပြီးနောက်တွင် သခင်ထွန်းအုပ်တစ်ယောက်သာ အုပ်ချုပ်ရေး အတတ်ပညာများကို ဆည်းပူး၍ ကျန်လူငယ်များမှာ စစ်ပညာများကို သင်ယူကြသည်။ Dအစက ဂျပန် အုပ်ချုပ်မှုအောက်တွင် ရှိသည့် ထိုင်ဝမ်ကျွန်းတွင် အခြေချသင်တန်းတက်ကြပြီးနောက်ပိုင်းတွင် ဟိုင်နန်ကျွန်းသို့ရွေ့ပြောင်း ကြရသည်။ ထိုမှ ထိုင်းနိုင်ငံသို့ ပြောင်းရွေ့ကြကာ အင်္ဂလိပ်နယ်ချဲ့တော်လှန်ရေးကို စတင်ရန်အားထုတ်ကြသည်။C ထိုသို့ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ရှိနေစဉ် သခင်လှမောင် (ဗိုလ်ဇေယျ) က အကယ်၍ တော်လှန်ရေးလုပ်သောအခါ အမည်မှန်များအတိုင်း လုပ်ကြလျှင် မြန်မာနိုင်ငံအတွင်း ကျန်နေခဲ့ကြသည့် မိသားစုများအား အင်္ဂလိပ်တို့မှ ရန်ပြုမည်ကို စိုးရိမ်ရကြောင်း၊ ဂျပန်နာမည်များဖြင့်လည်း တော်လှန်ရေးမလုပ်လိုကြောင်း၊ ထို့ကြောင့် အမည်ဝှက်များဖြင့် လှုပ်ရှားစေလျှင် ပိုမိုကောင်းမွန်မည့်အကြောင်းကို သခင်အောင်ဆန်းအား ပြောရာ သခင်အောင်ဆန်းနှင့် ကျန်အဖွဲ့သားများအားလုံးက သဘောတူကြသည်။ သို့ဖြင့် ဘန်ကောက်မြို့၊ တနွမ်းစပ်ထုံလမ်းရှိ ဘော်နီယိုကုမ္ပဏီဝင်း အတွင်း စခန်းချ နေစဉ် ဗိုလ်ဘွဲ့အမည်များခံယူကြသည်။

၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာ ၂၆ ရက်နေ့တွင် အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း နှင့် ရဲဘော်သုံးကျိပ် ဦးဆောင်သည့် ဗမာ့လွတ်လပ်ရေး တပ်မတော် (BIA) ကိုဖွဲ့စည်းကာ ဂျပန်တပ်မတော်၏ အကူအညီဖြင့် ဗြိတိသျှနယ်ချဲ့အား မြန်မာ့မြေမှ မောင်းထုတ်ခဲ့သည်။

ရဲဘော်သုံးကျိပ်ဝင်အမည်များ

[ပြင်ဆင်ရန်]

စဉ် | အမည် | ဗိုလ်ဘွဲ့အမည် | ဂျပန်အမည်

  1. သခင်အောင်ဆန်း = ဗိုလ်တေဇ = Omoda Monji
  2. သခင်လှဖေ = ဗိုလ်လက်ျာ = Tani Kiyoshi
  3. သခင်ရှုမောင် =ဗိုလ်နေဝင်း = Takasugi Susumu
  4. သခင်လှမောင် = ဗိုလ်ဇေယျ = Kaga Masashi
  5. ကိုထွန်းရှိန် = ဗိုလ်ရန်နိုင် = Yamashita Teruo
  6. သခင်လှမြိုင် = ဗိုလ်ရန်အောင် = Itoda Tei-ichi
  7. ကိုရွှေ = ဗိုလ်ကျော်ဇော = Taniguchi Shin-ichi
  8. သခင်စံလှိုင် = ဗိုလ်မှူးအောင် = Omura Tabashi
  9. ကိုဆောင်း = ဗိုလ်ထိန်ဝင်း = Monya Hiroshi
  10. သခင်ထွန်းရွှေ = ဗိုလ်လင်းယုန် = Utsumi Susumu
  11. သခင်အောင်သိန်း =ဗိုလ်ရဲထွဋ် = Hayashi
  12. သခင်ဗဂျမ်း = ဗိုလ်လရောင် = Baba Takeshi
  13. သခင်တင်အေး = ဗိုလ်ဘုန်းမြင့် = Chinda Seiji
  14. သခင်ထွန်းခင် = ဗိုလ်မြင့်ဆွေ = Nakamura Hitoshi
  15. သခင်သန်းတင် = ------ = Yamada A
  16. သခင်ထွန်းအုပ် = ------B
  17. သခင်အောင်သန်း = ဗိုလ်စကြာ = Hirata Masao
  18. သခင်စိုး = ဗိုလ်မြင့်အောင် = Kono
  19. သခင်စံမြ = ဗိုလ်တောက်ထိန် = Nakagawa Ichiro
  20. ကိုလှ = ဗိုလ်မင်းရောင် = Ito Hitochi
  21. သခင်စောလွင် = ဗိုလ်မင်းခေါင် = Yamaoka Kiyoshi
  22. သခင်ကျော်စိန် = ဗိုလ်မိုးညို = Takahashi
  23. သခင်သစ် = ဗိုလ်စောနောင် = Osawa
  24. သခင်ခင်မောင်ဦး = ဗိုလ်တာရာ = Monya Masaru
  25. သခင်ထွန်းလွင် = ဗိုလ်ဗလ = Otani Hiroshi
  26. သခင်သန်းညွန့် = ဗိုလ်ဇင်ယော် = Okawa
  27. သခင်အေးမောင် = ဗိုလ်မိုး = Mizuno Saburo
  28. သခင်မောင်မောင် = ဗိုလ်ဉာဏ = Tsuchiya
  29. သခင်ငွေ = ဗိုလ်စောအောင် = Katsura
  30. သခင်သန်းတင် = ဗိုလ်မြဒင်(အုတ်ဖို) []

ဒုတိယကမ္ဘာစစ် ကာလ မြန်မာနိုင်ငံသည် အရှေ့တောင်အာရှစစ်မျက်နှာတွင် အရေးပါသည့် အခန်းကမှ ပါဝင်ခဲ့သည်။ စစ်ပွဲ၏ ကနဦးပိုင်း မြန်မာပြည်စစ်ဆင်ရေးတွင် ဂျပန်ဦးဆောင်မှုသည် အောင်မြင်မှုများ ရရှိခဲ့ပြီး ဗြိတိသျှများအား မြန်မာပြည်အနှံ့မှ တိုက်ထုတ်နိုင်ခဲ့သည်။ ဂျပန်ခေတ်ကား အထင်အမြင်ကြီးခဲ့သမျှ ပြိုကွဲရပြီး မသေချမရေရာမှုများနှင့် ဒုက္ခပေါင်းစုံဖြစ်နေသော ကာလ ဖြစ်သည်။ ဗြိတိသျှတို့ထံမှ လွတ်လပ်ရေးရမည်ဟု မျှော်မှန်းခဲ့သူများသည် အာရှတိုက်သားချင်း၏ ဖနောင့် အောက်သာ ရောက်ရကြောင်း သိလာသောအခါ အကြေကွဲကြီး ကြေကွဲခဲ့ရ၏။ အများက လွတ်လပ်ရေးပေး မည့် ကယ်တင်ရှင်များအဖြစ် ကြိုဆိုခဲ့သော နိပွန်စစ်သားများသည် လူကြိုက်မများသော ဗြိတိသျှတို့ထက်ပင် ဆိုးဝါးသည်ကို တွေ့ရတော့၏။ တနေ့တခြား စက်ဆုပ်ဖွယ်ရာဖြစ်ရပ်များ တိုးပွားလာလေသည်။ ကင်ပေတိုင် စစ်ပုလိပ်(Kempeitai) ဟူသော အမည်သည် ကြောက်မက်ဖွယ်ရာ ဝေါဟာရဖြစ်လာသည်။ လူများ အစအနမကျန် ပျောက်သွားခြင်း၊ အနှိပ်စက်အညှင်းဆဲခံရခြင်း၊ ချွေးတပ်ဆွဲခံရခြင်း စသည်တို့မှာ နိစ္စဓူဝကိစ္စမျှသာဖြစ်သော လောကကြီးတွင် နေတတ်အောင်နေကြရလေသည်။

ဗိုလ်ချုပ်အောင်ဆန်းသည် ဂျပန်များပြောသည့် လွတ်လပ်ရေးဆိုသည်ကို သံသယဝင်လာသည်။ ဗမာလူမျိုးများအပေါ်ဂျပန်တပ်များ၏ကြောက်မက်ဖွယ်ဆက်ဆံရေးကိုလည်း မနှစ်မြို့ပေ။ ဂျပန်တပ်များမဝင်ရောက်မီကပင် ဖက်ဆစ်တို့၏ အန္တာရာယ်ကို ကြိုတင်သတိပေးခဲ့သည့် ကွန်မြူနစ်ခေါင်းဆောင်များဖြစ်သော သခင်သန်းထွန်း နှင့် သခင်စိုး တို့၏ အကူအညီဖြင့် ဗိုလ်ချုပ်အောင်ဆန်းသည် ဂျပန်များအား တိုက်ထုတ်ရန် အိန္ဒိယပြည်ရှိ ဗြိတိသျှအာဏာပိုင်များနှင့် တိတ်တဆိတ် ဆက်သွယ်ခဲ့ပြီး လျှို့ဝှက်အစီအစဉ်များကို ရေးဆွဲခဲ့သည်။ ဤသို့လျှင် မြန်မာပြည်၌ ဂျပန်စစ်လက်‌အောက်ခံ အစိုးရတို့ အုပ်ချုပ်‌နေရာမှ၊ ၁၉၄၃ ခု၊ ဩဂုတ်လ ၁ ရက်‌နေ့သို့ ‌ရောက်‌သောအခါ ဂျပန်က မြန်မာပြည်အား လွတ်လပ်‌ရေးကို ကမ္ဘာသိ‌ကြေညာ‌ပေးအပ်သဖြင့် မြန်မာပြည်သည် လွတ်လပ်‌သော အချုပ်အခြာ အာဏာပိုင်တိုင်းပြည် ဖြစ်လာ‌လေသည်။ ထိုလွတ် လပ်‌သော မြန်မာပြည်အုပ်ချုပ်‌ရေးတွင် ‌ဒေါက်တာဘ‌မော်အား နိုင်ငံ‌တော်အဓိပတိ တင်‌မြှောက်၍ အဖွဲ့အသီးသီးမှ ကိုယ်စား လှယ်များပါဝင်‌သော အစိုးရအဖွဲ့ကို ဖွဲ့စည်း‌လေသည်။ ထို အစိုးရအဖွဲ့တွင် သခင်ထွန်းအုပ်နှင့် သခင်ဗစိန်တို့ မပါဘဲရှိ သဖြင့် တို့ဗမာအစည်းအရုံးဝင် အချို့သည် မ‌ကျေမနပ်ရှိကြ‌လေ ကုန်၏။ ‌နောက်ဆုံးတွင် ယင်းတို့နှစ်‌ယောက်မှာ ရှိုနန်‌ခေါ် စင်္ကာပူမြို့သို့ ‌ရောက်သွားကြ‌လေသည်။ လွတ်လပ်‌ရေးကို ကမ္ဘာသိ‌ကြေညာ၍ ‌ပေးအပ်‌စေကာမူ ဂျပန်တို့၏ ရက်စက်ကြမ်း ကြုတ်‌သော ဖက်ဆစ်အပြုအမူတို့ကို ကျိတ်မှိတ်ခံ‌နေကြရသော မြန်မာတို့မှာ အချိန်‌ကောင်းကို ‌စောင့်‌မျှော်လျက်ရှိကြ၏။

၁၉၄၅ ခုနှစ်သို့အ‌ရောက်တွင်မူ ဂျပန် တို့စစ်‌ရေးနှိမ့်ကာ မဟာ မိတ်တပ်တို့သည် မြန်မာပြည်သို့ပြန်လည်တိုက်ခိုက် ဝင်‌ရောက် လာကြ‌လေသည်။ ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်တွင် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်တေဇ ၊ ဗိုလ်‌နေဝင်း၊ သခင် သန်းထွန်း၊ သခင်စိုး၊ သခင်ဗဟိန်း၊ သခင်ဗိုလ်စ‌သော လူငယ် များသည် ဘီအင်အေတပ်ကို ဦးဆောင်၍ ဂျပန်ကျူးကျော်သူများအား မဟာမိတ်တို့နှင့် ပူးပေါင်းကာ တိုက်ထုတ်ခဲ့လေသည်။ ၁၉၄၅ ခုနှစ် ဇူလိုင်တွင် မဟာမိတ်များက ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။ မြန်မာတို့သည် နှစ်ဘက်စလုံးမှ ပါဝင်ခဲ့ကြသည်။ မြန်မာများသည် အစပိုင်းတွင် ဂျပန်တို့ဘက်မှ ပါဝင်ခဲ့ကြသော်လည်း မြန်မာအချို့တို့သည် ၁၉၄၁-၁၉၄၂ ခုနှစ်များတွင် အင်္ဂလိပ်တို့ဘက်မှ ပါဝင်တိုက်ခိုက်ခဲ့ကြသည်။

၁၉၄၃ ခုနှစ်တွင် ချင်းတပ်နှင့် ကချင်တပ်များကို ဗြိတိသျှတို့ ထိန်းချုပ်သည့် နယ်စပ်ဒေသများတွင် ဖွဲ့စည်းခဲ့ကြသည်။ ဗမာ့သေနတ်ကိုင်တပ်ရင်းများသည် ၁၉၄၃-၁၉၄၅ ခုနှစ်တွင် ဗိုလ်ချုပ်အော့်ဝင်းဂိတ်၏ လက်အောက်၌ ချင်းဒစ်တပ်ဖွဲ့များအဖြစ်ပါဝင်တိုက်ခိုက်ခဲ့ကြသည်။ နောက်ပိုင်းတွင် အမေရိကန်များကန်-ကချင်အထူးတပ်များအားဖွဲ့စည်းခဲ့ပြီး မဟာမိတ်တို့အောက်တွင် ပါဝင်တိုက်ခိုက်ခဲ့ကြသည်။ အခြားများစွာသော တပ်ဖွဲ့များမှာ ဗြိတိသျှအထူးစစ်ဆင်ရေးအဖွဲ့များ အောက်တွင် ပါဝင်ခဲ့ကြသည်။ ဗမာ့လွတ်လပ်ရေးတပ်မတော်ကို ဗမာ့ကာကွယ်ရေးတပ်မတော်အဖြစ် ပြန်လည်ဖွဲ့စည်းလိုက်ပြီး ဗိုလ်ချုပ်အောင်ဆန်းသည် ဗိုလ်မှူးကြီးရာထူးနှင့် စစ် သေနာပတိဖြစ်လာသည်။ ဗမာ့လွတ်မြောက်ရေး တပ်မတော်သည် ဗိုလ်ချုပ်အောင်ဆန်း၏ ဦးဆောင်မှုအောက်တွင် ရခိုင်အမျိုးသားတပ်မတော်နှင့် အတူဂျပန်တို့ဘက်မှ ပါဝင်၍ ၁၉၄၂-၁၉၄၄ ခုနှစ်များတွင် ပါဝင်တိုက်ပွဲဝင်ခဲ့ကြပြီး ၁၉၄၅ ခုနှစ်တွင် ဂျပန်တို့အား ပြန်လှန်တွန်းလှန်ခဲ့ကြလေသည်။

၁၉၄၆ ခုနစ် ၊ စက်တင်ဘာလ အထွေထွေ သပိတ်ကြီးသည် မြန်မာနိုင်ငံသို့ ဆာဟူးဘတ်ရန့်စ် ရောက်ရှိပြီးနောက် ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။ ဦးအေး၊ ဦးစိုးရှိန်၊ ဦးဝမ်းမောင်၊ မြို့မ-ဦးသန်းကြွယ်၊ စာတိုက်ဦးထွန်းတို့ ခေါင်းဆောင်သည့် ပုလိပ်သပိတ်၊ ကျောင်းသားသပိတ်၊ စာတိုက်အလုပ်သမားများ သပိတ်၊ သမဂ္ဂပေါင်းစုံ သပိတ်များဖြင့် သပိတ်တိုက်ပွဲများ ဆက်တိုက်ဖြစ်ပေါ်ခဲ့ပြီး ဗြိတိသျှအစိုးရ၏ အုပ်ချုပ်ရေး ယန္တရားကြီးတစ်ခုလုံး ရပ်ဆိုင်းလုနီးပါးဖြစ်ခဲ့သည်။ ဗြိတိသျှအစိုးရသည် ဘုရင်ခံ ဆာရယ် ဂျီနယ် ‌ဒေါ်မန်စမစ်အား ပြန်၍‌ခေါ်ရလေ‌တော့သည်။ ယင်း၏ ‌နေရာတွင် ဘုရင်ခံအဖြစ် ဆာဟင်နရီနိုက် ‌ခေတ္တ‌ရောက်ရှိလာ ပြီးမကြာမီပင်လျှင် ဘုရင်ခံ ဆာဟူးဘတ်ရန့်စ် ‌ရောက်လာ‌လေ ‌တော့၏။

ဆားဟူးဘတ်ရန့်စ် ‌ရောက်ရှိလာပြီး မကြာမတင်ပင် (ဖ၊ ဆ၊ ပ၊ လ)နှင့်‌စေ့စပ်၍ ဗိုလ်ချုပ်‌အောင်ဆန်းအား အစိုးရအဖွဲ့ ဖွဲ့ရန် လွှဲအပ်‌လေသည်။ ဗိုလ်ချုပ်‌အောင်ဆန်း အစိုးရဖွဲ့‌သော အခါ တို့ဗမာအစည်းအရုံး၏ ကိုယ်စားလှယ်အဖြစ် ဂျာဗားမှ ပြန်လည်‌ရောက်ရှိလာ‌သော သခင်ဗစိန်အား ဝန်ကြီးအဖွဲ့တွင် ထည့်သွင်း ခန့်ထား‌လေသည်။ ထိုအချိန်တွင် တို့ဗမာအစည်း အရုံးကြီး၏ အာ‌ဘော်ဖြစ်‌သော ‌နေ့စဉ်ထုတ် သခင်သတင်းစာ ကို သခင်‌အေးနှင့် သခင်ထွန်းအုပ်တို့က တာဝန်ယူထုတ်‌ဝေကာ အ‌ရေးကြီး‌သော နိုင်ငံ‌ရေးကိစ္စ အဝဝတို့ကို ပြင်းပြင်းထန်ထန် ‌ဝေဖန်‌ရေးသားလျက်ရှိ‌လေသည်။ ‌

အဆိုပါ ၁၉၄၆ ခုနစ် အထွေထွေ သပိတ် တွင်ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ သမဂ္ဂတက္ကသိုလ် ကျောင်းသားများ သမဂ္ဂရန်ကုန်ခရိုင် ကျောင်းသားများ သမဂ္ဂရန်ကုန်မြို့ မြို့မ အထက်တန်းကျောင်း ကျောင်းသားများပါဝင်ခဲ့သည်။ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသပိတ်မှောက်ကောင်စီ ဒုတိယ ဥက္ကဋ္ဌ မြို့မ-ဦးသန်းကြွယ် သည် အတွင်းဝန်ရုံးအပြင်ဘက်တွင်သာမက အတွင်းဝန်ရုံးအတွင်း ဝင်၍ အရေးဆိုခဲ့ရာတွင် မြန်မာနိုင်ငံကျောင်းသားထု တစ်ရပ်လုံးအား ဦးဆောင်ခဲ့သည်။ သူရိယဦးသန်းမောင်လင်းယုန်မောင်မောင် ဦးသာထွန်း (ရှေ့နေချုပ်)၊ ဦးသန်းဆွေ (သံအမတ်ကြီး ဦးသန်းဆွေ)၊ ဦးမျိုးမြင့် ( O.T.S အပတ်စဉ် ၈၊ လူထု ပညာရေးမှူး)၊ ဦးမျိုးသန့် (ပါလီမန်ဒီမိုကရေစီ ဝန်ကြီးချုပ် ဦးနု အစိုးရ၏ သတင်း ပြန်ကြားရေးမှူး၊ မန်းနေးဂျင်း ဒါရိုက်တာ ဘီအိုစီ)၊ ဦးရဲမြင့် (ဗိုလ်ကြီးရဲမြင့်အောင်)၊ လင်းယုန်နီ၊ ဒေါက်တာသန်းထွန်း (သမိုင်းပါမောက္ခ)၊ ဦးညွန့်လွင် (ဗိုလ်မှူးညွန့်လွင်)၊ သံမဏိ ဦးကျင်လှိုင် (ဆောက်လုပ်ရေး ဒုတိယ ဝန်ကြီး)၊ ဦးရန်ဝေး၊ ဒေါက်တာ မောင်မောင်ကျော်၊ ဦးစိန်လှ၊ ဦးရွှေတင် (ရေကြောင်းသိပ္ပံကျောင်းအုပ်ကြီး Captain ရွှေတင်) စသော ကျောင်းသားခေါင်းဆောင် များသည်လည်း တက်ကြွစွာ ပါဝင်ခဲ့ကြသည်။ ဆာပေါ်ထွန်းခေါင်းဆောင်သော ရုပ်သေးအစိုးရ ပြုတ်ကျခဲ့သည်။ ဘုရင်ခံဆာဟူးဘတ်ရန့်စ်က အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော ဖဆပလအဖွဲ့ချုပ်မှ ကိုယ်စားလှယ်များကို ဖိတ်ခေါ်ပြီး ဘုရင်ခံအလုပ်အမှုဆောင်(ဝန်ကြီး)အဖွဲ့ကို ဖွဲ့စည်းရန် မေတ္တာရပ်ခံခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သောမျိုးချစ်ပုဂ္ဂိုလ်များ ဘုရင်ခံ အလုပ်အမှုဆောင်အဖွဲ့တွင် ပါဝင်နိုင်ခဲ့သည်။

အဆိုပါ ၁၉၄၆ ခုနစ်၊ စက်တင်ဘာလ အထွေထွေ သပိတ်ကြီး သည် မြန်မာနိုင်ငံသို့ ဗြိတိသျှဘုရင်ခံအသစ် ဆာဟူးဘတ်ရန့်စ် (Major General Sir Hubert Rance) ရောက်ရှိပြီးနောက် ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။ ဦးအေး၊ ဦးစိုးရှိန်၊ ဦးဝမ်းမောင်၊ မြို့မ-ဦးသန်းကြွယ်၊ စာတိုက်ဦးထွန်းတို့ ခေါင်းဆောင်သည့် (ပုလိပ်သပိတ်၊ ကျောင်းသားသပိတ်၊ စာတိုက်အလုပ်သမားများ သပိတ်၊ သမဂ္ဂပေါင်းစုံသပိတ်) အထွေထွေသပိတ်များဖြင့် သပိတ်တိုက်ပွဲများ ဆက်တိုက်ဖြစ်ပေါ်ခဲ့ပြီး ဗြိတိသျှအစိုးရ၏ အုပ်ချုပ်ရေး ယန္တရားကြီးတစ်ခုလုံး ရပ်ဆိုင်းလုနီးပါးဖြစ်ခဲ့သည်။ အထွေထွေသပိတ်ကြောင့် ဆာပေါ်ထွန်းခေါင်းဆောင်သော ရုပ်သေးအစိုးရ ပြုတ်ကျခဲ့သည်။ ဘုရင်ခံဆာဟူးဘတ်ရန့်စ် က ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော ဖဆပလအဖွဲ့ချုပ်မှ ကိုယ်စားလှယ်များကို ဖိတ်ခေါ်ပြီး ဘုရင်ခံအလုပ်အမှုဆောင်(ဝန်ကြီး) အဖွဲ့ကို ဖွဲ့စည်းရန် မေတ္တာရပ်ခံခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော မျိုးချစ် ပုဂ္ဂိုလ်များ ဘုရင်ခံ အလုပ်အမှုဆောင်အဖွဲ့တွင် ပါဝင်နိုင်ခဲ့သည်။ အရှေ့တောင်အာရှအတွက် မဟာမိတ် စစ်သေနာပတိ ဗိုလ်ချုပ် လော့မောင့် ဗက်တန် က ပင် ဖဆပလအဖွဲ့ကြီးသည် ဂျပန်ကို တော်လှန်သော အင်အားစုမျှသာမက အမျိုးသားတပ်ဦးကြီးတစ်ခုအဖြစ် တည်ရှိနေကြောင်း ယင်းအဖွဲ့ခေါင်းဆောင်များသည် မျိုးချစ်စိတ်ထက်သန်၍ ထထကြွကြွဆောင်ရွက်နိုင်သူများဖြစ်ကြောင်း၊ မြန်မာနိုင်ငံအစိုးရသစ် ဖွဲ့စည်းသည့်အခါ ဖဆပလမှ ကိုယ်စားလှယ်များကိုလည်း ထည့်သွင်းသင့်ကြောင်း လန်ဒန်မြို့ ရှိ မဟာမိတ်စစ်ဦးစီးအဖွဲ့သို့ အကြံပေးခဲ့သည်အထိ ဖဆပလ ၏ ဂုဏ်သတင်းသည် ပျံ့သင်းကျော်စောခဲ့သည်။ နောက်များမကြာမီ ၁၉၄ရ ခုနှစ်တွင်၊ ဗမာ့လွတ်လပ်‌ရေးကိစ္စအတွက် ‌ဆွေး‌နွေးရန် ဗြိတိသျှ အစိုးရက ဖိတ်‌ခေါ်‌လေရာ ဗိုလ်ချုပ်‌အောင်ဆန်း၊ ဦးဘ‌ဖေ၊ ဂဠုန်ဦး‌စော၊ ဦးတင်ထွဋ်တို့နှင့်အတူ တို့ဗမာအစည်းအရုံး၏ ကိုယ်စားလှယ်အဖြစ် သခင်ဗစိန်လည်း လိုက်ပါသွား၇‌လေသည်။

အောင်ဆန်း-အက်တလီ စာချုပ် သည် တနှစ် အတွင်း မြန်မာ နိုင်ငံကို လွတ်လပ်ရေး ပေးရန် မြန်မာ အမျိုးသားခေါင်းဆောင် များနှင့် ဗြိတိသျှ အစိုးရ တို့၏ သဘော တူညီချက်များ ပါသည့် စာချုပ် ဖြစ်သည်။ ဗြိတိသျှ အစိုးရနှင့် မြန်မာ ခေါင်းဆောင်များ မြန်မာ့ လွတ်လပ်ရေး အတွက် ပထမဆုံး ချုပ်ဆိုသည့် စာချုပ်ဟု ဆိုနိုင်သည်။ စာချုပ်ကို ၁၉၄၇ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့တွင် လန်ဒန်မြို့ ဒေါင်းနင်းလမ်း အမှတ် ၁ဝ ၌ လက်မှတ် ရေးထိုး ကြသည်။ စာချုပ်ကို မြန်မာတို့ ဘက်မှ ဗိုလ်ချုပ် အောင်ဆန်းက ခေါင်းဆောင်၍ လည်းကောင်း၊ ဗြိတိသျှ အစိုးရ ဘက်မှ ဗြိတိသျှ ဝန်ကြီးချုပ် ကလီးမင့် ရစ်ချတ် အက်တလီ (Clement Attlee) က ခေါင်းဆောင်၍ လည်းကောင်း ဆွေးနွေးပြီး သဘောတူ လက်မှတ် ထိုးကြ သောကြောင့် အောင်ဆန်း-အက်တလီ စာချုပ် ဟု ခေါ်သည်။ စာချုပ်တွင် အချက်ကြီး ၁ဝ ချက် ပါဝင်သည်။ အောင်ဆန်း - အက်တလီစာချုပ်ကို ၁၉၄၇ ခု၊ ဇန်နဝါရီလ ၂၇ ရက်နေ့တွင်၊ နှစ်ဦးနှစ်ဖက် ခေါင်းဆောင်ကြီး များသည် လက်မှတ် ရေးထိုး ကြလေသည်။ ထိုသို့ လက်မှတ် ရေးထိုး ရာတွင် မြန်မာ နိုင်ငံမှ တက်ရောက် ကြသော ကိုယ်စားလှယ် များတွင် အပါအဝင် ဖြစ်သည့် ဂဠုန် ဦးစော နှင့် သခင်ဗစိန် တို့သည် လက်မှတ် ရေးထိုးခြင်း မပြုကြချေ။

၁၉၄၇ ခုနှစ်တွင် ဗိုလ်ချုပ်အောင်ဆန်းသည် ကြားဖြတ်အစိုးရအဖွဲ့၊ မြန်မာနိုင်ငံအမှုဆောင်ကောင်စီအဖွဲ့၏ ဒုတိယဥက္ကဋ္ဌ ဖြစ်ခဲ့သည်။ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင်အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် ဆာမောင်ကြီးဗိုလ်မှူးအောင် ဦးအောင်ဇံဝေဦးတင်ထွဋ်(အိုင်စီအက်စ်)ဗိုလ် ခင်မောင်ကလေးမြို့မ-ဦးသန်းကြွယ်သခင်ဝတင် နှင့် အခြားတိုင်းရင်းသား ခေါင်းဆောင်များနှင့် အတူပင်လုံညီလာခံ တွင် တက်ရောက်ခဲ့ပြီး၊ စည်းလုံးညီညွတ်ရေးဖော်ဆောင်သည့် ပင်လုံစာချုပ် လက်မှတ်ရေးထိုးခဲ့သည်။ သို့သော် ၁၉၄၇ ဇူလိုင်တွင် နိုင်ငံရေးပြိုင်ဘက်များက ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကက်ဘိနက်အဖွဲ့ဝင်အချို့ ကို လုပ်ကြံသတ်ဖြတ်ခဲ့ကြသည်။[] [] []ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ပြည်ထောင်စုနေ့ သည် မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်း တွင် အရေးပါ အရာရောက်သော နေ့ထူးနေ့မြတ် ဖြစ်သည်။

၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက်တွင် စစ်ရေး၊ နိုင်ငံရေးခေါင်းဆောင် ဗိုလ်ချူပ်အောင်ဆန်းနှင့် တကွ ကက်ဘိနက်အဖွဲ့ဝင်များ လုပ်ကြံခြင်းခံရပြီးနောက် ၁၉၄၇ ခုနှစ် အောက်တိုဘာလတွင် ဗြိတိသျှဝန်ကြီးချူပ် ကလဲမင့်အက်တလီနှင့် အတူ လွတ်လပ်ရေးသဘောတူညီမှုစာချူပ် (နု-အက်တလီ စာချူပ်) ကို ဦးနု ဦးဆောင်သည့် ဖဆပလအဖွဲ့ကြီးက လက်မှတ်ရေးထိုးခဲ့သည်။ နယ်ချဲ့ဆန့်ကျင်ရေး၊ မြန်မာပြည် လွတ်လပ်ရေး ကြိုးပမ်းမှု လှုပ်ရှားမှု ခေတ်အတွင်း ထင်ရှားခဲ့ကြသောဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ ခေါင်းဆောင်များတွင် ဗိုလ်ချုပ်အောင်ဆန်းဦးနုကိုဗဟိန်းဦးဗဆွေဦးကျော်ငြိမ်းမြို့မ-ဦးသန်းကြွယ်သူရိယဦးသန်းမောင်၊ ဒေါက်တာသန်းထွန်း၊ အာဏာရှင် လှရွှေ၊လင်းယုန်မောင်မောင်လင်းယုန်နီ၊....တို့ပါဝင်ကြသည်။

နု - အက်တလီ စာချုပ်မှာ ဗြိတိသျှအစိုးရက မြန်မာနိုင်ငံ ကြားဖြတ် အစိုးရသို့ နိုင်ငံ၏ အချုပ်အခြာ အာဏာ လွှဲပြောင်း ပေးရန် သဘောတူကြောင်း ချုပ်ဆိုသည့် စာချုပ် ဖြစ်သည်။ စာချုပ်ကို မြန်မာနိုင်ငံ ကြားဖြတ် အစိုးရ ကိုယ်စား ထိုစဉ်က ဝန်ကြီးချုပ် ဦးနုနှင့် ဗြိတိသျှ အစိုးရ ကိုယ်စား ဝန်ကြီးချုပ် ကလီမင့် အက်တလီ (Clement Attlee) တို့က လက်မှတ် ရေးထိုး ကြသောကြောင့် နု - အက်တလီ စာချုပ်ဟု ခေါ်သည်။ စာချုပ်ကို ၁၉၄၇ ခု အောက်တိုဘာလ ၁၇ ရက်နေ့တွင် လန်ဒန်မြို့ ၌ ချုပ်ဆို ကြသည်။

စာချုပ်တွင် ဗြိတိသျှ အစိုးရက ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံအား လုံးဝ လွတ်လပ်သော အချုပ်အခြာ အာဏာပိုင် နိုင်ငံဟု အသိအမှတ် ပြုကြောင်း ဖော်ပြ ထားပြီး ထိုသို့ အချုပ်အခြာ အာဏာပိုင် လွတ်လပ်သော နိုင်ငံ အဖြစ် လွဲပြောင်း ပေးရာ၌ ပေါ်ပေါက် လာမည့် အပြောင်းအလဲများ အတွက် လိုအပ်သော အစီအစဉ်များကို အသေးစိတ် ဖော်ပြ ထားသည့် အချက် ၁၅ ချက် ပါဝင်သည်။ စာချုပ်ပါ အကြောင်းအရာ များမှာ မြန်မာ နိုင်ငံနှင့် အင်္ဂလန် နိုင်ငံတို့ သံတမန် လှယ်ရေး ကိစ္စ၊ အစိုးရ စာတမ်းများ ကိစ္စ၊ နိုင်ငံသား ဖြစ်မှု ကိစ္စ၊ ကာကွယ်ရေးကိစ္စ၊ ငွေကြေး ကိစ္စ၊ အစိုးရ အမှုထမ်း များ၏ ပင်စင်နှင့် ဆုငွေ ကိစ္စ၊ အင်္ဂလန် နိုင်ငံနှင့် မြန်မာ နိုင်ငံတို့ ကူးသန်း ရောင်းဝယ်ရေးနှင့် ရေကြောင်း ခရီး သွားလာရေး ကိစ္စ၊ လေကြောင်း သွားလာရေး ကိစ္စနှင့် မြန်မာ နိုင်ငံ ပြန်လည် ထူထောင်ရေး ကိစ္စများ ဖြစ်သည်။ ဤစာချုပ် အရ ၁၉၄၈ ခု ဇန်နဝါရီလ ၄ ရက်နေ့တွင် လွတ်လပ်၍ အချုပ်အခြာ အာဏာပိုင်သော ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ပေါ်ထွန်း လာသည်။ ထို့ကြောင့် မြန်မာ့ လွတ်လပ်ရေး စာချုပ် ဟုလည်း ခေါ်ကြသည်။ ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် ဗြိတိန်နိုင်ငံ မှ လွတ်လပ်ရေးရရှိပြီးနောက် ဦးနု သည် မြန်မာနိုင်ငံ၏ ဝန်ကြီးချူပ် ဖြစ်လာပါသည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. ၁.၀ ၁.၁ ၁.၂ ၁.၃ Houtman၊ Gustaaf (1999)။ Mental Culture in Burmese Crisis Politics: Aung San Suu Kyi and the National League for DemocracyISBN 4-87297-748-3
  2. ၂၀ရာစု မြန်မာ့သမိုင်း သန်းဝင်းလှိုင်၊ ၂ဝဝ၉ ခု၊ မေလ၊ ကံကော်ဝတ်ရည် စာပေ။
  3. ကျော်ငြိမ်း ၏ ရဲဘော်သုံးကျိပ် အတ္ထုပ္ပတ္တိ
  4. ၁၉၇၂ ခုနှစ်ပထမအကြိမ် ပုံနှိပ်ထုတ်ဝေသော ပင်လုံညီလာခံ သမိုင်းစဉ်စာမျက်နှာ ၁၃၈
  5. ၁၉၈၀မေမြို့ချစ်ဆွေ ရေးသား ပြုစုခဲ့သော ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေး ကြိုးပမ်းမှု လစဉ်မှတ်တမ်း
{{bottomLinkPreText}} {{bottomLinkText}}
လွတ်လပ်ရေး ကြိုးပမ်းမှုကာလ (၁၉၄၁–၁၉၄၇)
Listen to this article

This browser is not supported by Wikiwand :(
Wikiwand requires a browser with modern capabilities in order to provide you with the best reading experience.
Please download and use one of the following browsers:

This article was just edited, click to reload
This article has been deleted on Wikipedia (Why?)

Back to homepage

Please click Add in the dialog above
Please click Allow in the top-left corner,
then click Install Now in the dialog
Please click Open in the download dialog,
then click Install
Please click the "Downloads" icon in the Safari toolbar, open the first download in the list,
then click Install
{{::$root.activation.text}}

Install Wikiwand

Install on Chrome Install on Firefox
Don't forget to rate us

Tell your friends about Wikiwand!

Gmail Facebook Twitter Link

Enjoying Wikiwand?

Tell your friends and spread the love:
Share on Gmail Share on Facebook Share on Twitter Share on Buffer

Our magic isn't perfect

You can help our automatic cover photo selection by reporting an unsuitable photo.

This photo is visually disturbing This photo is not a good choice

Thank you for helping!


Your input will affect cover photo selection, along with input from other users.

X

Get ready for Wikiwand 2.0 🎉! the new version arrives on September 1st! Don't want to wait?