For faster navigation, this Iframe is preloading the Wikiwand page for လက်ယက်ကုန်း အစုအပြုံလိုက် သတ်ဖြတ်ခံရမှု.

လက်ယက်ကုန်း အစုအပြုံလိုက် သတ်ဖြတ်ခံရမှု

လက်ယက်ကုန်းရွာ ပစ်ခတ်မှု
မြန်မာ့ပြည်တွင်းပဋိပက္ခများ ၏ တစ်စိတ်တစ်ပိုင်း
နေရာလက်ယက်ကုန်းရွာ၊ ဒီပဲယင်းမြို့နယ်စစ်ကိုင်းတိုင်းဒေသကြီး
ရက်စွဲ၁၆ စက်တင်ဘာ ၂၀၂၂
သေဆုံးသူဦးရေ၁၃ ဦး[၁]
  • ကလေး ၆ ဦး
  • အရပ်သား ၇ ဦး
ဒဏ်ရာရဦးရေ
၂၇ ဦး
  • ကလေး ၁၇ ဦး
  • ဆရာမ ၁ ဦး
  • အရပ်သား ၉ ဦး
ပြစ်မှုကျူးလွန်သူများတပ်မတော်

လက်ယက်ကုန်းရွာ ပစ်ခတ်မှုသည် ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့ နေ့လယ်ပိုင်းတွင် မြန်မာနိုင်ငံစစ်ကိုင်းတိုင်းဒေသကြီးဒီပဲယင်းမြို့နယ်လက်ယက်ကုန်းကျေးရွာတွင် ဖြစ်ပွားခဲ့သည်။ လက်ယက်ကုန်းကျေးရွာ ကိုယ်ထူကိုယ်ထစာသင်ကျောင်း (ဘုန်းကြီးကျောင်း)ကို တပ်မတော် (လေ)၏ တိုက်ခိုက်ရေး ရဟတ်ယာဉ် Mi 35 နှစ်စီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ကျောင်းသားကျောင်းသူ ၆ ဦးအပါအဝင် ၁၃ ဦးသေဆုံးခဲ့ကာ ၂၇ ဦး ဒဏ်ရာရရှိခဲ့သည်။[၃][၄] ထို့အပြင် ကျောင်းအတွင်းရှိ ဒဏ်ရာရ ကျောင်းသားကျောင်းသူ ကလေးများနှင့် ဆရာ၊ဆရာမများ အပါအဝင် လူ ၂၀ ဦးကျော်အား ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်။[၅]

ဖြစ်ပွားမှု

စက်တင်ဘာ ၁၆ ရက်နေ့ နေ့လယ်ပိုင်း စာသင်ကြားနေချိန်တွင် လေကြောင်းမှ တိုက်ခိုက်ရေး ရဟတ်ယာဉ် Mi 35 နှစ်စီးဖြင့် ပစ်ခတ်မှုများကို ၄၅ မိနစ်ကြာ ပြုလုပ်ခဲ့သည်။ ယင်းသို့ ပစ်ခတ်မှုကြောင့် ကျောင်းသားကျောင်းသူ ၆ ဦး သေဆုံးခဲ့သည်။ ထို့အပြင် အင်ပင်ကျေးရွာမှ တံငါလုပ်ငန်း လုပ်ကိုင်နေသော သားအဖ နှစ်ဦးအနက် သားဖြစ်သူ သေဆုံးခဲ့သည်။ ရွာထိပ်တွင် ရောက်ရှိနေသော ၁၆ နှစ် အရွယ် မောင်အောင်အောင်ဦးသည် လေယာဉ်ဖြင့် ပစ်ခတ်ပျံသန်းနေသောကြောင့် နီးစပ်ရာတံတားအောက်သို့ ဝင်ရောက် ပုန်းခိုနေစဉ် မြေပြင်မှ စစ်ကောင်စီတပ်သားများက ဖမ်းဆီးကာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သည်။[၃]

သေဆုံးခဲ့သည့် ကလေးငယ်များအား မိဘထံ ပြန်လည်ပေးအပ်ခြင်း မရှိသည့်အပြင် စစ်တပ်က ကျောင်းဝန်းကို ပိတ်ဆို့ထားမှုကြောင့် ကျောင်းတွင် ပိတ်မိနေသော ဒဏ်ရာရရှိထားသည့် ကလေးငယ် ၁၂ ဦးနှင့် ဆရာ/ဆရာမ ၂၀ ကျော် ကို စစ်ကောင်စီတပ်၏ မြေပြင် တပ်ဖွဲ့ဝင်များက ကားများဖြင့် ရေဦးမြို့သို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ ယင်းအပြင် လက်ယက်ကုန်းကျေးရွာအတွင်း နေအိမ်များ၊ ပစ္စည်းများ၊ တိရစ္ဆာန်များအား မီးရှို့ခဲ့ပြီး လက်နက်ကြီး၊လက်နက်ငယ်များဖြင့်ဘေးအနီးဝန်းကျင်ကိုဆက်တိုက်ပစ်ခဲ့သည်။[၃]

စက်တင်ဘာ ၂၈ ရက်နေ့အထိ မျက်စိတွင် ပြင်းထန်ဒဏ်ရာရသော ကလေးငယ်သာ ၁ ဦးသာ ပြန်လွှတ်ပေးကာ ကျန်သူများအား မိသားစုများနှင့် တွေ့ဆုံခွင့်မပေးဘဲ ဆက်လက် ထိန်းသိမ်းထားခဲ့သည်။[၆] စစ်ကောင်စီတပ်ဖွဲ့များက လက်ယက်ကုန်းရွာမှ သယ်ယူသွားသည့် အလောင်းများကို ရေဦးမြို့နယ် မီးသင်္ဂြိုဟ်စက်တွင် စက်တင်ဘာ ၁၇ ရက် နံနက် ၆ နာရီခန့်က ယောက်ျားလေး ၄ ဦး၊ မိန်းကလေး ၂ ဦးအပြင် ကျား/မ မခွဲခြားနိုင်သော ကိုယ်အင်္ဂါ အစိတ်အပိုင်းများကို ပီနံအိတ်ဖြင့် ထည့်ထားသူ ၁ ဦး၊ ညနေပိုင်းတွင် ယောက်ျားလေး ၂ ဦးကို သင်္ဂြိုဟ်ခဲ့ရာ စုစုပေါင်း အလောင်း ၉ လောင်းအထိ ရှိနေပြီဖြစ်ကြောင်း မြို့နယ်ဒေသခံကာကွယ်ရေး တပ်ဖွဲ့က ဆိုသော်လည်း လက်ယက်ကုန်းဒေသခံများနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၏ အတည်ပြုချက်အရ စာသင်ကျောင်းတွင် သေဆုံးခဲ့သူ ၅ ဦးသာရှိနေခဲ့ပြီး ကျန်သေဆုံးသူများမှာ မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုချက် မရသေးပေ။[၇][၈]

အဆိုပါ ပစ်ခတ်မှုကြောင့် ဒီပဲယင်းမြို့နယ် အရှေ့ခြမ်းကျေးရွာအများအပြားသည် အရေးပေါ် အခြေအနေသို့ ရောက်ရှိနေခဲ့ကာ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရသည်။[၅]

အောက်တိုဘာလ ၂၃ ရက်နေ့တွင် ဖမ်းဆီးခံထားရသည့် ကလေးများအနက် ၄ ဦးနှင့် စေတနာ့ဝန်ထမ်း ဆရာ၊ ဆရာမ ၃ ဦးကို ပြန်လွှတ်ပေးခဲ့သည်။ ကလေး ၂ ဦးအား ပြန်မလွှတ်မီ လေကြောင်းတိုက်ခိုက်မှု ဖုံးကွယ်ထားသည့် အသင့်ရေးသားထားသော စာရွက်ကို ဖတ်ခိုင်းကာ ရုပ်သံရိုက်ကူး ဝါဒဖြန့်ရန် စစ်ကောင်စီက ကြိုးပမ်းမှုများ ပေါ်ထွက်လာခဲ့သည်။[၉]

ထိခိုက်သေဆုံးသူများ

စဉ် အမည် အသက် နေရပ် မှတ်ချက်
သေဆုံးသူများ
မောင်ဘုန်းတေဇ ၇ နှစ် လက်ယက်ကုန်းရွာ ကျောင်းသား/ကျောင်းသူ
မစုရတီလှိုင် ၇ နှစ်
ဖိုးသား ၁၄ နှစ်
မဝင်းဝင်းခိုင် ၁၁ နှစ်
မဇင်နွယ်ဖြိုး ၉ နှစ်
မသိရှိရ မသိရှိရ
ဦးကျော်ထွန်း ၄၉ နှစ်
ဦးအောင်စောထွေး ၃၄ နှစ်
ဦးတင်စိုးခိုင် ၃၁ နှစ်
၁၀ မယု ၃၇ နှစ်
၁၁ မောင်အောင်အောင်ဦး ၁၆ နှစ်
၁၂ မောင်အောင်ချစ်မိုး ၂၂ နှစ်
၁၃ မောင်စောမင်းဦး ၁၃ နှစ် အင်ပင်ရွာ

တုံ့ပြန်မှုများ

ပြည်တွင်း

စက်တင်ဘာ ၂၀ ရက်က ပြုလုပ်ခဲ့သည့် စစ်ကောင်စီ၏ သတင်းစာရှင်းလင်းပွဲတွင် ထိုသို့ ကလေးငယ်နှင့် ဒေသခံ အများအပြား သေဆုံးခဲ့သည့် ဖြစ်စဉ်ကို ထည့်သွင်း ပြောဆိုခြင်း မရှိဘဲ ကလေးငယ်၂ ဦးသာ ဒဏ်ရာ ပြင်း ထန်ကြောင်းကို စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောခဲ့သည်။[၁၀][၇][၁၁] လက်ယက်ကုန်းရွာအတွင်း ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တို့ ရှိနေသည့် သတင်းကြောင့် စစ်ကောင်စီတပ်က ဝင်ရောက် ရှင်းလင်းခဲ့ရာ ၂ ဖက် တိုက်ပွဲဖြစ်ပွားချိန်တွင် KIA ၊ PDF တို့က ဒေသခံများကို လူသားဒိုင်း အဖြစ် ဘုန်းကြီးကျောင်းထဲကို ခေါ်ဆောင်ကြောင်း ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောဆိုခဲ့သော်လည်း ရွာအတွင်း KIA များလည်း မရှိသကဲ့သို့ ထိုနေ့က ပစ်ခတ်မှုများမှာ တဖက်သတ် တိုက်ခိုက်မှုသာ ဖြစ်ကြောင်း ဒေသခံများက ဆိုထားသည်။

မြဝတီရုပ်မြင်သံကြားနှင့် တပ်မတော်သတင်းမှန်ပြန်ကြားရေးတို့က လက်ယက်ကုန်းရွာမှတဆင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် PDF တို့က လက်နက်ခဲယမ်းများ သယ်ယူပို့ဆောင်မည် ဖြစ်ကြောင်းနှင့် ရွာဘုန်းကြီးကျောင်းတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ထောက်ခံသူများ၊ PDF များ ခိုအောင်းနေထိုင်လျက် ရှိပြီး ဒေသခံများနှင့် ခရီးသွား ပြည်သူများကို အဓမ္မဆက်ကြေး တောင်းခံခြင်းများ ပြုလုပ်နေကြောင်း သတင်းပေး တိုင်ကြားချက်ကြောင့် ဝင်ရောက် စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း ကြေညာခဲ့သည်။[၈][၁၂]

နိုင်ငံတကာ

လက်ယက်ကုန်းရွာ ပစ်ခတ်တိုက်ခိုက်မှုအပေါ် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီရို ဂူတာရက်စ်က စက်တင်ဘာ ၂၀ ရက်တွင် ပြင်းထန်စွာ ပြစ်တင်ရှုတ်ချကြောင်း ပြောဆိုခဲ့သည်။[၁၃]

ယူနီဆက်ဖ် နှင့် Save The Children မြန်မာတို့သည် စစ်ကောင်စီ၏ အကြမ်းဖက်တိုက်ခိုက်မှုအပြီး ၃ ရက်အကြာမှ ကလေးများနှင့် စာသင်ကျောင်းအား တိုက်ခိုက်မှုအပေါ် ကန့်ကွက်ရှုတ်ချကြောင်းနှင့် ဖမ်းဆီးသွားသူများအား ပြန်လွှတ်ပေးရန် တောင်းဆိုကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သော်လည်း စစ်ကောင်စီ၏ အမည်ကို ထည့်သွင်းဖော်ပြထားခြင်း မရှိသဖြင့် ပြည်သူလူထုက ပြစ်တင်ဝေဖန်ခဲ့သည်။[၆]

စက်တင်ဘာလ ၂၇ ရက်နေ့တွင် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) က လက်ယက်ကုန်းရွာ စာသင်ကျောင်းတိုက်ခိုက်မှုအား စစ်ရာဇဝတ်မှု မြောက်၊ မမြောက် စစ်ဆေးနိုင်ရန်အတွက် အချက်အလက်တွေ စုဆောင်းနေကြောင်း စက်တင်ဘာလ ၂၇ ရက် ဒီကနေ့ ကြေညာချက် ထုတ်ပြန်ခဲ့သည်။[၁၄][၁၅][၁၆]

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီး တစ်နှစ်ခွဲကာလအတွင်း သတ်ဖြတ်ခံရသော သို့မဟုတ် မစွမ်းမသန် ဖြစ်လောက်အောင် ထိခိုက်ဒဏ်ရာရသော ကလေးငယ် အနည်းဆုံး ၃၈၂ ဦး၊ အငြင်းပွားဖွယ် ဖမ်းဆီးခံသူ ၁,၄၀၀ ကျော်၊ ညှဉ်းပန်းနှိပ်စက်ခံရသူ ၁၄၂ ဦးရှိသည်ဟု မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ ကုလသမဂ္ဂ အထူးအစီရင်ခံစာတင်သွင်းသူက ဇွန်လတွင် တင်သွင်းသည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။[၁၇]

ဆက်စပ်ဖတ်ရှုရန်

ကိုးကား

  1. Myanmar’s junta denies deadliest attack on school after 13 found dead (in en)။ The Independent (၂၁ စက်တင်ဘာ ၂၀၂၂)။ 25 September 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 29 September 2022 တွင် ပြန်စစ်ပြီး။
  2. လက်ယက်ကုန်း ပစ်ခတ်မှုကို ခမရ ၃၆၈ တပ်ရင်း ကျူးလွန်ဟု NUG ဆို။ ဧရာဝတီ သတင်းဌာန (၂၆ စက်တင်ဘာ ၂၀၂၂)။ 29 September 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 29 September 2022 တွင် ပြန်စစ်ပြီး။
  3. ၃.၀ ၃.၁ ၃.၂ အကြမ်းဖက်စစ်တပ်၏ ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းရွာကို မြေပြင်၊ လေကြောင်းတို့မှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှု ဖြစ်စဉ်အကျဉ်း – လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန။ လူ့အခွင့်အရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ။ 29 September 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 29 September 2022 တွင် ပြန်စစ်ပြီး။
  4. Teachers recount carnage of Myanmar school helicopter attack။ The Japan Times (၂၂ စက်တင်ဘာ ၂၀၂၂)။ 24 September 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 29 September 2022 တွင် ပြန်စစ်ပြီး။
  5. ၅.၀ ၅.၁ လက်ယက်ကုန်းရွာက ဒဏ်ရာရကလေး ၁ ဦး ထပ်မံသေဆုံး၊ နိုင်ငံတဝန်း စစ်တပ်သတ်ဖြတ်ခဲ့သည့် ကလေးသူငယ်ပေါင်း ၂၃၄ ဦးရှိလာ (in my)။ ဒီဗွီဘီ (၂၇ စက်တင်ဘာ ၂၀၂၂)။ 27 September 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 29 September 2022 တွင် ပြန်စစ်ပြီး။
  6. ၆.၀ ၆.၁ လက်ယက်ကုန်းမှ ကလေးငယ်များ လွတ်မြောက်ရေး အကူအညီမဲ့နေ။ ဧရာဝတီ သတင်းဌာန (၂၈ စက်တင်ဘာ ၂၀၂၂)။ 29 September 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 29 September 2022 တွင် ပြန်စစ်ပြီး။
  7. ၇.၀ ၇.၁ လက်ယက်ကုန်း ပစ်ခတ်မှုကို ခမရ ၃၆၈ တပ်ရင်း ကျူးလွန်ဟု NUG ဆို။ ဧရာဝတီ သတင်းဌာန (၂၆ စက်တင်ဘာ ၂၀၂၂)။ 29 September 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 29 September 2022 တွင် ပြန်စစ်ပြီး။
  8. ၈.၀ ၈.၁ ဒီပဲယင်းက ကလေး ၉ဦး ကို စစ်တပ်က ရေဦး၌သင်္ဂြိုဟ်ကာ အလောင်းဖျောက်။ ဧရာဝတီ သတင်းဌာန (၁၈ စက်တင်ဘာ ၂၀၂၂)။ 23 September 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 29 September 2022 တွင် ပြန်စစ်ပြီး။
  9. "လက်ယက်ကုန်းရွာမှ အဖမ်းခံရသော ကလေးများ ဝါဒဖြန့်ရာတွင် အသုံးချခံနေရ" (in my)၊ Myanmar NOW၊ ၂၇ အောက်တိုဘာ ၂၀၂၂။ 
  10. In Myanmar, Grief and Fury After an Attack on a School။ The New York Times (၂၃ စက်တင်ဘာ ၂၀၂၂)။ 26 September 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 29 September 2022 တွင် ပြန်စစ်ပြီး။
  11. နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ အကြိမ် (၂၀) မြောက် သတင်းစာရှင်းလင်းပွဲ။ 29 September 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 29 September 2022 တွင် ပြန်စစ်ပြီး။
  12. မော်ကွန်းတင်ပြီးမိတ္တူ။ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ (၁၆ စက်တင်ဘာ ၂၀၂၂)။ 29 September 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 29 September 2022 တွင် ပြန်စစ်ပြီး။
  13. ကလေးငယ် ၁၁ ဦး သေဆုံးခဲ့သည့် ဒီပဲယင်း စာသင်ကျောင်း တိုက်ခိုက်မှု ကုလအတွင်းရေးမှူးချုပ် အပြင်းအထန် ရှုတ်ချ (in en)။ မဇ္ဈိမ သတင်းဌာန (၂၁ စက်တင်ဘာ ၂၀၂၂)။ 21 September 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 29 September 2022 တွင် ပြန်စစ်ပြီး။
  14. လက်ယက်ကုန်းရွာစာသင်ကျောင်းတိုက်ခိုက်မှု စစ်ရာဇဝတ်မှု မြောက်၊ မမြောက် IIMM စဉ်းစားမည် (in my)။ Radio Free Asia (၂၇ စက်တင်ဘာ ၂၀၂၂)။ 27 September 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 29 September 2022 တွင် ပြန်စစ်ပြီး။
  15. လက်ယက်ကုန်းကျေးရွာ စာသင်ကျောင်း တိုက်ခိုက်မှုကိုတပ်မှူးများတွင် ရာဇဝတ်မှုဆိုင်ရာ တာဝန်ရှိသော စစ်ရာဇဝတ်ကျူးလွန်မှု အဖြစ်ယူဆနိုင်သည် – မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ် သော စုံစမ်းစစ်ဆေးမှု ယန္တရား | IIMM (in my-MY)။ မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား (၂၇ စက်တင်ဘာ ၂၀၂၂)။ ၂၉ စက်တင်ဘာ ၂၀၂၂ တွင် ပြန်စစ်ပြီး။
  16. School attack in Let Yet Kone village may be considered a war crime with commanders criminally liable – Independent Investigative Mechanism for Myanmar - Myanmar | ReliefWeb (in en)။ 29 September 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 29 September 2022 တွင် ပြန်စစ်ပြီး။
  17. Editorial | The World Must Act to Stop More Myanmar Children From Being Killed (in en) (၂၀ စက်တင်ဘာ ၂၀၂၂)။ 27 September 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 29 September 2022 တွင် ပြန်စစ်ပြီး။
{{bottomLinkPreText}} {{bottomLinkText}}
လက်ယက်ကုန်း အစုအပြုံလိုက် သတ်ဖြတ်ခံရမှု
Listen to this article

This browser is not supported by Wikiwand :(
Wikiwand requires a browser with modern capabilities in order to provide you with the best reading experience.
Please download and use one of the following browsers:

This article was just edited, click to reload
This article has been deleted on Wikipedia (Why?)

Back to homepage

Please click Add in the dialog above
Please click Allow in the top-left corner,
then click Install Now in the dialog
Please click Open in the download dialog,
then click Install
Please click the "Downloads" icon in the Safari toolbar, open the first download in the list,
then click Install
{{::$root.activation.text}}

Install Wikiwand

Install on Chrome Install on Firefox
Don't forget to rate us

Tell your friends about Wikiwand!

Gmail Facebook Twitter Link

Enjoying Wikiwand?

Tell your friends and spread the love:
Share on Gmail Share on Facebook Share on Twitter Share on Buffer

Our magic isn't perfect

You can help our automatic cover photo selection by reporting an unsuitable photo.

This photo is visually disturbing This photo is not a good choice

Thank you for helping!


Your input will affect cover photo selection, along with input from other users.

X

Get ready for Wikiwand 2.0 🎉! the new version arrives on September 1st! Don't want to wait?