ဤသည်မှာ မြန်မာ့သမိုင်း တစ်လျှောက် အဓိကဖြစ်ရပ်များကို ရက်စွဲများဖြင့် စုစည်းဖော်ပြထားသော အချိန်ဇယားဖြစ်သည်။ အဆိုပါအဖြစ်ရပ်များ၏ နောက်ခံအကြောင်းများအတွက် မြန်မာ့သမိုင်း ကိုကြည့်ပါ။ မြန်မာနိုင်ငံ၏ အုပ်ချုပ်သူများ စာရင်း ကိုလည်း ကြည့်ပါ။
ခုနှစ်
ရက်စွဲ
ဖြစ်ရပ်
၁၅၀၀ ဘီစီ
ဧရာဝတီမြစ်ဝှမ်းရှိ ကြေးနီနှင့် ကြေးဝါလက်ရာများ၊ စပါးစိုက်ပျိုးခြင်း၊ ကြက်နှင့် ဝက်မွေးမြူခြင်းဆိုင်ရာများ၏ အစောဆုံးအထောက်အထားများ
ခုနှစ်
ရက်စွဲ
ဖြစ်ရပ်
၅၀၀ ဘီစီ
ယနေ့ခေတ် မန္တလေး တောင်ဘက်ရှိ သံထည်လုပ်ငန်းများ အခြေချနေထိုင်မှု
ခုနှစ်
ရက်စွဲ
ဖြစ်ရပ်
၉၈၀ ခန့်
ပုဂံမြို့ရိုး၏ အစောဆုံး အထောက်အထား
ခုနှစ်
ရက်စွဲ
ဖြစ်ရပ်
၁၀၀၄
ပုဂံပြည်မှ စုန့်မင်းဆက်တရုတ်ပြည်သို့ သံအမတ်စေလွှတ်
၁၀၃၅
အစောဆုံး မြန်မာအက္ခရာ အထောက်အထား
၁၀၄၄
၁၁ ဩဂုတ်
အနော်ရထာ နန်းတက်
၁၀၅၀
အနော်ရထာမှ ပုဂံပြည်ကိုချဲ့ထွင်
၁၀၅၆
အနော်ရထာသည် ရှင်အရဟံ ကြောင့် ထေရဝါဒဗုဒ္ဓဘာသာ သို့ ကူးပြောင်းခဲ့
၁၀၅၇
၁၇ မေ
ပုဂံပြည်သည် သထုံ ကိုသိမ်းပိုက်
၁၀၇၁
အနော်ရထာသည် သီဟိုဠ်ကျွန်းတွင် ထေရဝါဒဗုဒ္ဓဘာသာကို ပြန်လည်ဖော်ဆောင်ရန်ကူညီခဲ့
၁၀၈၂–၁၀၈၄
ငရမန်ကန်း ၏ အောက်မြန်မာပြည်၌ ပုန်ကန်မှု
၁၀၈၄
၂၁ ဧပြီ
ကျန်စစ်သား နန်းတက်
၁၀၉၀
ကျန်စစ်သားမင်း အာနန္ဒာဘုရား တည်ခဲ့
ခုနှစ်
ရက်စွဲ
ဖြစ်ရပ်
၁၁၀၂
"မရမ္မ" ဟူသောစကားလုံး မွန်ဘာသာ တွင် ပထမဆုံးတွေ့ရှိမှု
၁၁၀၆
စုန့်မင်းဆက်တရုတ်ပြည်နှင့် သံတမန်ဆက်ဆံရေး
၁၁၁၃
သက္ကရာဇ်အခိုင်အမာပါရှိသော အစောဆုံးကျောက်စာဖြစ်သည့် မြစေတီကျောက်စာ ရေးထိုး
၁၁၁၈
ပုဂံပြည်မှ လက်ယာမင်းနန်ကို မြောက်ဘက်ရခိုင်ထီးနန်းသို့ ပြန်လည်ပေးအပ်
၁၁၄၄
အလောင်းစည်သူ မင်း သဗ္ဗညုဘုရား တည်ခဲ့
၁၁၇၀
ပုဂံတွင်မြန်မာတို့၏ ခေါင်းဆောင်မှု- မွန်နှင့်ပျူဘာသာတို့ကို အစားထိုး၍ မြန်မာဘာသာသည် အဓိကဘာသာစကားဖြစ်လာ
၁၁၇၄
နရပတိစည်သူ သည် မြန်မာဘုရင့်တပ်မတော် ကို တည်ထောင်
၁၁၈၀
သီဟိုဠ်ကျွန်းမှ ပုသိမ် သို့ ဝင်ရောက်စီးနင်းမှု
မြန်မာဗုဒ္ဓဘာသာဝင်များတွင်ဂိုဏ်းကွဲ၊ သံဃာအများစုသည် မဟာဝိဟာရကျောင်းသို့ ပြောင်းရွှေ့
၁၁၉၀
"မရမ္မ" ဟူသောစကားလုံး မြန်မာဘာသာတွင် ပထမဆုံးတွေ့ရှိမှု
၁၂၀၀
ဓမ္မသတ်ဥပဒေပြုစု
ခုနှစ်
ရက်စွဲ
ဖြစ်ရပ်
၁၂၁၀
ကျောက်ဆည်ရေလှောင်တမံ တည်ဆောက်ခဲ့
၁၂၁၁
၁၈ ဩဂုတ်
နရပတိစည်သူ နတ်ရွာစံ၊ ထီးလိုမင်းလို မင်းနန်းတက်
၁၂၁၈
ထီးလိုမင်းလိုမင်းမှ ထီးလိုမင်းလိုဘုရား တည်ခဲ့
၁၂၃၅
၁၉ ဇူလိုင်
ကျစွာမင်း နန်းတက်
၁၂၅၆
၆ မေ
နရသီဟပတေ့ မင်းနန်းတက်
၁၂၇၃
"မြန်" (緬/မြန်မာ) ဟူသောစကားလုံး တရုတ်ဘာသာတွင် ပထမဆုံးတွေ့ရှိမှု
၁၂၇၇
ဧပြီ
မွန်ဂိုကျူးကျော်စစ် စတင်
၁၂၇၉
၁၇ ဧပြီ
သဝန်ကြီးနှင့် သဝန်ငယ်တို့ တောင်ငူမြို့ ကိုတည်တောင်
၁၂၈၃
၂၂ စက်တင်ဘာ
ဒုတိယ မွန်ဂိုစစ်ဆင်ရေး စတင်
၁၂၈၅
၁၁ ဇန်နဝါရီခန့်
ဝါရီရူးမင်း မှ မုတ္တမမြို့ကိုသိမ်းပိုက်
၁၂၈၆
၃ မတ်
ပုဂံနှင့်မွန်ဂိုတို့က အပစ်အခတ်ရပ်စဲရေး သဘောတူ
ဇွန်
ရှင်ဒိသာပါမောက် ဦးဆောင်သော မြန်မာသံအဖွဲ့သည် ပေကျင်းမြို့သို့ ထွက်ခွာခဲ့
၁၂၈၇
ဇန်နဝါရီ
ပုဂံအင်ပါယာသည် မွန်ဂိုအင်ပါယာ၏ အုပ်စိုးမှုကို အသိအမှတ်ပြု
၃၀ ဇန်နဝါရီ
ဝါရီရူးမင်း မှ ရာမညတိုင်း ကို တည်ထောင်
၁ ဇူလိုင်
နရသီဟပတေ့ မင်းလုပ်ကြံခံရ
၁၂၈၉
၃၀ မေ
ကျော်စွာမင်း နန်းတက်
၁၂၉၃
ဝါရီရူးမင်းသည် သုခေါဒယပြည် ၏ဘုရင်ခံအဖြစ် အသိအမှတ်ပြုခံရ
၁၂၉၆
ဝါရီရူးနှင့်တရဖျား တို့သည် ပုဂံပြည်၏ကျူးကျော်မှုကို တိုက်ထုတ်
၁၂၉၇
၂၀ မတ်
ကျော်စွာမင်း ကို မွန်ဂိုဧကရာဇ်မှ မွန်ဂိုဘုရင်ခံအဖြစ် အသိအမှတ်ပြု
၁၇ ဒီဇင်ဘာ
ကျော်စွာမင်းကိုဖြုတ်ချ၍ မြင်စိုင်းပြည် ကို တည်ထောင်ခဲ့
၁၂၉၈
ဇွန်/ဇူလိုင်
ရာမညတိုင်းကို မွန်ဂို ၏ ပဏ္ဏာဆက်နိုင်ငံအဖြစ် အသိအမှတ်ပြု
၁၂၉၉
၈ မေ
စောနစ် ကို မြင်စိုင်း၏ ရုပ်သေးပုဂံဘုရင်အဖြစ် ခန့်အပ်ခဲ့
ခုနှစ်
ရက်စွဲ
ဖြစ်ရပ်
၁၅၀၁
၇ ဧပြီ
ရွှေနန်းကြော့ရှင် နရပတိ အင်ဝဘုရင်ဖြစ်လာ
၁၅၀၂
အင်းဝသည် ကျောက်ဆည်နှင့်တောင်ငူကို ခွဲထုတ်၊ ရွှေဘိုခရိုင် ကို မိုးညှင်းသို့ပေးအပ်
၁၅၁၀
၁၆ အောက်တိုဘာ
တောင်ငူသည် အင်းဝပြည်မှ လွတ်လပ်ရေးကြေညာ
၁၅၂၇
၁၃ မတ်
ရှမ်းပြည် မှ အင်းဝကိုသိမ်းပိုက်၊ သိုဟန်ဘွား ကို ဘုရင်အဖြစ်ခန့်အပ်
၁၅၃၀
၂၄ နိုဝင်ဘာ
တပင်ရွှေထီး တောင်ငူဘုရင်ဖြစ်လာ
၁၅၃၄
နိုဝင်ဘာခန့်
တောင်ငူ–ဟံသာဝတီ စစ်ပွဲစတင်
၁၅၃၈
နိုဝင်ဘာခန့်
တောင်ငူတပ်များ ပဲခူးကိုသိမ်းပိုက်၊ တောင်ငူ–အင်းဝ စစ်ပွဲစတင်
၁၅၃၉
၃၁ မတ်ခန့်
ပဲခူးမြို့ကို တောင်ငူ၏ မြို့တော်အဖြစ်သတ်မှတ်
၁၅၄၁
မေ
တောင်ငူတပ်များ မုတ္တမမြို့ ကိုသိမ်းပိုက်
၁၅၄၅
၁၂ အောက်တိုဘာ
တောင်ငူ–မြောက်ဦး စစ်ပွဲစတင်
၁၅၄၇
၃၀ ဇန်နဝါရီ
မင်းဗာဘုရင် နှင့်တပင်ရွှေထီးတို့ တိုက်ခိုက်ရေးရပ်ဆဲ
၁၅၄၇
နိုဝင်ဘာ
မြန်မာသည် ယိုးဒယားကို ပထမအကြိမ်ကျူးကျော်ခဲ့
၁၅၄၉
ဖေဖော်ဝါရီ
မြန်မာနှင့်ယိုးဒယားတို့ အပစ်အခတ်ရပ်စဲရေး သဘောတူ
၁၅၅၀
၃၀ ဧပြီ
တပင်ရွှေထီး လုပ်ကြံခံရ
၁၅၅၁
၁၁ ဇန်နဝါရီ
ဘုရင့်နောင် တောင်ငူဘုရင်ဖြစ်လာ
၁၅၅၅
၂၂ ဇန်နဝါရီ
ဘုရင့်နောင်သည် အင်းဝနှင့် အထက်မြန်မာပြည်ကို သိမ်းပိုက်
၁၅၅၇
ဇန်နဝါရီ–မတ်
ဘုရင့်နောင်သည် ရှမ်းပြည် ကိုသိမ်းပိုက်၊ ပုပ္ပားတောင် ရှိ တိရိစ္ဆာန်ပူဇော်ပွဲနဲ့ ရှမ်းရိုးမ ရှိ လူသားပူဇော်ပွဲများကိုပိတ်ပင်
၁၅၅၈
၂ ဧပြီ
ဘုရင့်နောင်သည် လန်းနပြည်ကိုသိမ်းပိုက်
၁၅၆၃
ဧပြီ
ဘုရင့်နောင်သည် ကျိုင်းတုံနှင့် ရှမ်းတရုတ်ပြည်တို့ကိုသိမ်းပိုက်
၁၅၆၄
၁၈ ဖေဖော်ဝါရီ
ယိုးဒယား–မြန်မာ စစ်ပွဲ (၁၅၆၃–၁၅၆၄)အပြီး အယုဒ္ဓယသည် မြန်မာ၏ဩဇာခံနိုင်ငံဖြစ်လာ
၁၅၆၅
၂ ဇန်နဝါရီ
မြန်မာတပ်များ လင်းဇင်းပြည် မြို့တော် ဗီယင်ကျန်းမြို့ ကိုသိမ်းပိုက်
၁၅၆၈
၁၂ မေ
ပဲခူးသည် ယိုးဒယားပုန်ကန်မှုကို လေ့လာ
၁၅၆၉
၂ ဩဂုတ်
ယိုးဒယား–မြန်မာ စစ်ပွဲ (၁၅၆၈–၁၅၆၉)အပြီး ယိုးဒယားကို မြန်မာတို့ ဆက်လက်အုပ်ချုပ်နိုင်
၁၅၇၄
၆ ဒီဇင်ဘာ
မြန်မာတပ်များ ဗီယင်ကျန်းမြို့ ကိုသိမ်းပိုက်
၁၅၈၁
၁၀ အောက်တိုဘာ
ဘုရင့်နောင်နတ်ရွာစံ၊ နန္ဒဘုရင် နန်းတက်
၁၅၈၄
၃ မေ
ယိုးဒယားက လွတ်လပ်ရေးကြေငြာ
၁၅၈၄–၉၅
ယိုးဒယား–မြန်မာ စစ်ပွဲ (၁၅၈၄–၁၅၉၃) တွင် မြန်မာတို့ အရေးနိမ့်၊ ယိုးဒယားတို့ မော်လမြိုင်အထိ အုပ်ချုပ်နိုင်ခဲ့
၁၅၉၇
တစ်တိုင်းပြည်လုံး ပုန်ကန်မှုစတင်
၁၅၉၉
ပထမတောင်ငူအင်ပါယာကျဆုံး။ ယိုဒယားသည် မုတ္တမအထိ တနင်္သာရီကမ်းရိုးတန်းတစ်ခုလုံး သိမ်းပိုက်။ ရခိုင်တို့သည် မြစ်ဝကျွန်းပေါ် ဆိပ်ကမ်းများကို သိမ်းပိုက်၊ ပေါ်တူဂီလူမျိုးစစ်သား ဒီဘရစ်တို အား သန်လျင်မြို့စားအဖြစ် ခန့်အပ်
၁၆၀၀
ညောင်ရမ်းမင်း သည် တောင်ငူပြည်ကို ပြန်လည်တည်ဆောက်
ခုနှစ်
ရက်စွဲ
ဖြစ်ရပ်
၁၆၀၃
သန်လျင်၌ ဒီဘရစ်တိုသည် ရခိုင်ပြည်မှလွတ်လပ်ရေးကြေညာ၊ ရခိုင်တို့၏ တိုက်ခိုက်မှုများကို တွန်းလှန်ခဲ့
၁၆၀၉
ပေါ်တူဂီကြေးစား ဆေဘက်စတီရန် ဂွန်စာလေစ် တီဘောင် (Sebastian Gonzales Tibao) သည် ရခိုင်မြောက်ဘက်စွန်းရှိ ရွှန်ဒစ်ပ်ကျွန်းကို သိမ်းပိုက်
၁၆၁၃
၂၉ မတ်
အနောက်ဖက်လွန်မင်း သည် ပေါ်တူဂီလက်အောက် သန်လျင်မြို့ကိုသိမ်းပိုက်
၁၆၁၄
ဒီဇင်ဘာ
အနောက်ဖက်လွန်မင်းသည် ထားဝယ်အထိ တနင်္သာရီကမ်းရိုးတန်းနှင့် လန်းနပြည်ကို ပြန်လည်သိမ်းပိုက်ခဲ့
၁၆၁၇
မင်းခမောင်း မှ ရွှန်ဒစ်ပ်ကျွန်းကို ပြန်လည်သိမ်းယူ၊ ဒါကာမြို့ ကို ဝင်ရောက်စီးနင်း
၁၆၁၉
အင်္ဂလိပ်အရှေ့အိန္ဒိယကုမ္ပဏီ မှ ပဲခူးသို့ ကိုယ်စားလှယ်တစ်ဦးစေလွှတ်
၁၆၂၅
ရခိုင်များ ဒါကာမြို့ ကိုသိမ်းယူ
၁၆၂၇
အင်္ဂလိပ်နှင့် ဒတ်ခ်ျအရှေ့အိန္ဒိယကုမ္ပဏီ များသည် မြန်မာနိုင်ငံရှိ ရုံးခွဲများဖွင့်လှစ်
၁၆၃၅
မြို့တော်ကို ပဲခူးမှ အင်းဝသို့ ပြောင်းရွှေ့ခဲ့
၁၆၃၈
သာလွန်မင်း မှ ဝင်ငွေဆိုင်ရာကို စစ်မေးခဲ့
၁၆၆၀
ရခိုင်များ ဒင်္ဂါးငွေစသုံး
၁၆၅၈
မင်မင်းဆက်တရုတ်ပြည်ဧကရာဇ် ယုန်လီဧကရာဇ်စစ်ကိုင်းတွင်ခိုလှုံခဲ့
၁၆၅၉–၁၆၆၁
မင်တပ်များ နီးစပ်ရာရှမ်းပြည်ဒေသကို သိမ်းပိုက်ပြီး အင်းဝကိုတိုက်ခိုက်
၁၆၆၂
၁၅ ဇန်နဝါရီ
ယုန်လီဧကရာဇ်သည် မန်ချူးချင်း တပ်ဖွဲ့များသို့ လက်နက်ချ
လန်းနပြည်နှင့် တနင်္သာရီတို့ကို ယိုးဒယားကျူးကျော်မှု
၁၆၆၆
ဇန်နဝါရီ
မဂိုအင်ပါယာ ရခိုင်တို့ကိုအနိုင်ရ၊ စစ်တကောင်းကိုသိမ်းပိုက်
၁၆၇၇
အင်္ဂလိပ်နှင့် ဒတ်ခ်ျအရှေ့အိန္ဒိယကုမ္ပဏီများသည် မြန်မာနိုင်ငံရှိ ရုံးခွဲများကိုပိတ်ခဲ့ကြ
၁၆၈၃
ဒတ်ခ်ျအရှေ့အိန္ဒိယကုမ္ပဏီ သည် ရခိုင်ပြည်တွင် ၎င်း၏ရုံးခွဲကိုပိတ်ခဲ့
၁၆၈၈
ပြင်သစ်အရှေ့အိန္ဒိယကုမ္ပဏီ သန်လျင်၌ ရုံးခွဲဖွင့်လှစ်
ခုနှစ်
ရက်စွဲ
ဖြစ်ရပ်
၁၇၀၉
အင်္ဂလိပ်အရှေ့အိန္ဒိယကုမ္ပဏီ သန်လျင်၌ ရုံးခွဲဖွင့်လှစ်
၁၇၂၄
ကသည်းများ အထက်မြန်မာပြည်ကို ဝင်ရောက်စီးနင်း
၁၇၂၇
အောက်တိုဘာ
လန်နပြည်၏ပုန်ကန်မှု၊ အင်းဝ၏တိုက်ခိုက်မှု (၁၇၂၇–၁၇၂၈) နှင့် (၁၇၃၁–၁၇၃၂) တို့ကို အနိုင်ယူခဲ့
၁၇၃၅
မန်ချူးတရုတ်က ရှမ်းပြည်မြောက်ပိုင်းကိုသိမ်းယူ
၁၇၄၀
၂၉ နိုဝင်ဘာ
မွန်တို့သည် မြန်မာနိုင်ငံအောက်ပိုင်းမှ ခွဲထွက်၍ ဟံသာဝတီနိုင်ငံကို ပြန်လည်တည်ထောင်ခဲ့
ဟံသာဝတီသည် အင်းဝကို သိမ်းပိုက်ကာ တောင်ငူမင်းဆက်ကို ချုပ်ငြိမ်းစေခဲ့။ ယိုးဒယားများ တနင်္သာရီအထိတိုးချဲ့လာ
၁၇၅၂
၂၉ ဖေဖော်ဝါရီ
အလောင်းမင်းတရား ကုန်းဘောင်ပြည် ကိုတည်ထောင်
၂၃ မတ်
တောင်ငူမင်းဆက်ပြီးဆုံး
၂၀ ဧပြီ
ကုန်းဘောင်–ဟံသာဝတီ စစ်ပွဲစတင်
၁၇၅၃
၂၆ ဧပြီ
အင်္ဂလိပ်တို့က နဂရစ်အငူ ကို သိမ်းပိုက်
၁၇၅၅
၅ မေ
အလောင်းမင်းတရား ဒဂုံ ကိုသိမ်းပိုက်
၁၇၅၆
၂၆ ဇူလိုင်
အလောင်းမင်းတရားသည် ပြင်သစ်မှထောက်ပံ့ထားသော သန်လျင်ကိုသိမ်းပိုက်
အလောင်းမင်းတရားသည် မဏိပူရသို့ တိုက်ခိုက်ရန်စေလွှတ်
၁၇၅၇
၆ မေ
ပဲခူးမြို့သိမ်းပိုက်ခံရ၊ ဟံသာဝတီနေပြည်တော်သစ်ပြီးဆုံး
၁၇၅၈
နိုဝင်ဘာ
မဏိပူရကို ကုန်းဘောင်တပ်များ သိမ်းပိုက်၊ ရှမ်းပြည်မြောက်ဘက်တွင် မြန်မာတို့၏ အုပ်ချုပ်ရေးအာဏာစက် ပြန်လည်သက်ရောက်စေခဲ့
၁၇၅၉
၆ အောက်တိုဘာ
အင်္ဂလိပ်တို့နဂရစ်မှဆုတ်ခွာ
၁၇၆၀
မေ
ယိုးဒယား–မြန်မာ စစ်ပွဲ (၁၇၅၉–၁၇၆၀) အပြီး မြန်မာတို့ တနင်္သာရီကမ်းရိုးတန်းကိုပြန်ရရှိ
၁၇၆၃
ဇန်နဝါရီ
လန်နပြည်၏ပုန်ကန်မှု အဆုံးသတ်
၁၇၆၅
ဇန်နဝါရီ–မတ်
ဗီယင်ကျန်းဘုရင့်နိုင်ငံ နှင့် လွမ်ပရာဘွမ်ဘုရင့်နိုင်ငံ တို့ကို မြန်မာတပ်များသိမ်းပိုက်
မတ်
ဆင်ဖြူရှင်မင်း မဏိပူရတွင် ပုန်ကန်မှုကို ဖြိုခွင်း
၂၃ ဇူလိုင်
မြို့တော်ကို အင်းဝသို့ ပြောင်းရွှေ့ခဲ့
၂၃ ဩဂုတ်
ယိုးဒယား–မြန်မာ စစ်ပွဲ (၁၇၆၅–၁၇၆၇) စတင်
ဒီဇင်ဘာ
မန်ချူးတရုတ်ကျူးကျော်မှု
၁၇၆၇
၇ ဧပြီ
မြန်မာတပ်က အယုဒ္ဓယ ကို ဖြုတ်ချ၊ အယုဒ္ဓယမင်းဆက်ပြီးဆုံး
၁၇၆၈
ဇန်နဝါရီ–မတ်
မြန်မာတပ်များ ယိုးဒယားမှဆုတ်ခွာပြီး တရုတ်ဘက်သို့တပ်စွဲ၊ ယိုးဒယားသည် တနင်္သာရီမှလွဲ၍ ၎င်း၏နယ်မြေအားလုံးကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့
၁၇၆၉
၂၂ ဒီဇင်ဘာ
တရုတ်မြန်မာစစ်ပွဲပြီးဆုံး
၁၇၇၀
ဇန်နဝါရီ
မဏိပူရတွင် ပုန်ကန်မှုကို ဖြိုခွင်း
၁၇၇၅
၁၅ ဇန်နဝါရီ
လန်နပြည်ပုန်ကန်၍ ယိုးဒယားထံအကူအညီတောင်း
ဧပြီ
ဆင်ဖြူရှင်မင်း ရွှေတိဂုံစေတီ၏ ဉာဏ်တော်ကို လက်ရှိအမြင့်အထိ မြှင့်တင်ခဲ့
နိုဝင်ဘာ
မြန်မာတို့ကယိုးဒယားကိုကျူးကျော်၊ စစ်ရှုံးသဖြင့် လန်နပြည်သည် ယိုးဒယား၏နယ်မြေဖြစ်လာ
၁၇၇၉
ဒီဇင်ဘာ
လာအိုနိုင်ငံများ (ဗီယင်ကျန်းနှင့် လွမ်ပရာဘွမ်) ထိုင်းဘက်သို့ဩဇာခံ
၁၇၈၃
၁၃ မေ
မြို့တော်ကို အမရပူရ သို့ ပြောင်းရွှေ့ခဲ့
၁၇၈၅
၂ ဇန်နဝါရီ
ကုန်းဘောင်တပ်များ မြောက်ဦး ကို သိမ်းပိုက်
ဘိုးတော်ဘုရား ၏ ထိုင်းနိုင်ငံကိုကျူးကျော်မှု မအောင်မြင်
၁၇၈၈
ယိုးဒယား၏ တနင်္သာရီကိုကျူးကျော်မှုကို ကာကွယ်နိုင်ခဲ့
၁၇၉၀
တရုတ်နိုင်ငံနှင့် သံတမန်ဆက်ဆံရေး ပြန်လည်စတင်ခဲ့
၁၇၉၂
ဒုတိယအကြိမ် ယိုးဒယား၏ တနင်္သာရီကျူးကျော်မှုကို ကာကွယ်နိုင်ခဲ့
၁၇၉၇
လန်နပြည်နှင့် လွမ်ပရာဘွမ်ကို မြန်မာကျူးကျော်မှု မအောင်မြင်
ခုနှစ်
ရက်စွဲ
ဖြစ်ရပ်
၁၈၀၂
သီဟိုဠ်ဘုန်းကြီးများသည် အမရပူရသို့ ခန့်အပ်မှုအတွက်ရောက်ရှိ
၁၈၀၃
ယိုးဒယား၏ ကျိုင်းတုံကိုကျူးကျော်မှု မအောင်မြင်
၁၈၀၉
မြန်မာ၏ဖူးခက်ကိုကျူးကျော်မှု မအောင်မြင်
၁၈၁၄
ဖေဖော်ဝါရီ
မြန်မာနိုင်ငံသည် မဏိပူရ ကိုသိမ်းပိုက်
၁၈၁၇
အာသံ သည် မြန်မာနိုင်ငံသို့ ပဏ္ဏာဆက်ဒေသဖြစ်လာ
၁၈၁၉
အာသံနှင့်မဏိပူရရှိပုန်ကန်မှုများကို မြန်မာတို့ရှင်းလင်း
၁၈၂၂
၃ ဇွန်
အာသံရှိနောက်ထပ်ပုန်ကန်မှုများကို မြန်မာတို့ရှင်းလင်း၊ အာသံနယ်ကို မြန်မာ၏ပြည်နယ်အဖြစ်သတ်မှတ်
၁၈၂၄
၅ မတ်
ပထမ အင်္ဂလိပ် - မြန်မာစစ် စတင်
၁၈၂၆
၂၄ ဖေဖော်ဝါရီ
ပထမ အင်္ဂလိပ် - မြန်မာစစ် ပြီးဆုံး၊ ရခိုင်၊ အာသံ၊ မဏိပူရနှင့် တနင်္သာရီဒေသများကို လွဲလိုက်ရ
ဒီဇင်ဘာ ၉
မြန်မာအလံ ၏ အစောဆုံးအထောက်အထား[ ၁]
၁၈၄၉
ယိုးဒယား၏ ကျိုင်းတုံကိုကျူးကျော်မှုကို ကာကွယ်နိုင်ခဲ့
၁၈၅၂
ဒုတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲ ၊ ဗြိတိသျှတို့ မြန်မာပြည်အောက်ပိုင်းကိုရရှိ
၁၈၅၃
ဗြိတိသျှတို့သည် ရန်ကုန်ကိုတိုးချဲ့
၁၈၅၉
၂၃ မေ
မင်းတုန်းမင်း သည် မြို့တော်ကို မန္တလေး သို့ ပြောင်းရွှေ့ခဲ့
၁၈၆၆
ပြုပြင်ပြောင်းလဲရေးတွင် ဦးဆောင်သူ ကနောင်မင်းသား လုပ်ကြံခံရ
၁၈၇၁
ပဉ္စမအကြိမ် သင်္ဂါယနာတင်ခြင်း
၁၈၇၅
မတ်
မင်းတုန်းမင်းသည် ကရင်နီပြည်နယ်များ ကို မြန်မာမှခွဲထုတ်
၁၈၇၈
ရန်ကုန်ကောလိပ် တည်ထောင်
၁၈၈၅
၂၉ နိုဝင်ဘာ
တတိယ အင်္ဂလိပ် - မြန်မာစစ် ၊ မြန်မာဘုရင်စနစ်ချုပ်ငြိမ်း
၁၈၈၆
၁ ဇန်နဝါရီ
မြန်မာနိုင်ငံသည် ဗြိတိသျှပိုင်ကိုလိုနီဖြစ်ကြောင်းကြေငြာ
ဖေဖော်ဝါရီ
မြန်မာနိုင်ငံကို အိန္ဒိယ၏ပြည်နယ်အဖြစ်သတ်မှတ်
မြန်မာပြည်အနှံ့ လက်နက်စွဲကိုင်တော်လှန်မှုများစတင်လာ
↑ ဘုန်းကျော်၊ နတ်မောက် (၁၉၆၇)။ ရှေးခေတ်မြန်မာ့တပ်မတော်မှတ်စုများ ။ p. ၅၂။
Aung-Thwin၊ Michael (2005)။ The mists of Rāmañña: The Legend that was Lower Burma (illustrated ed.)။ Honolulu: University of Hawai'i Press။ ISBN 9780824828868 ။
Charney၊ Michael W. (2006)။ Powerful Learning: Buddhist Literati and the Throne in Burma's Last Dynasty, 1752–1885 ။ Ann Arbor: University of Michigan။
Hall၊ D.G.E. (1960)။ Burma (3rd ed.)။ Hutchinson University Library။ ISBN 978-1-4067-3503-1 ။
Harvey၊ G. E. (1925)။ History of Burma: From the Earliest Times to 10 March 1824 ။ London: Frank Cass & Co. Ltd။
Htin Aung၊ Maung (1967)။ A History of Burma ။ New York and London: Cambridge University Press။
Kala၊ U (1720)။ Maha Yazawin Gyi ။ 1–3 (2006, 4th printing ed.)။ Yangon: Ya-Pyei Publishing။
Kyaw Thet (1962)။ History of Burma ။ Yangon: Yangon University Press။
Myat Soe, ed. (1964)။ Myanma Swezon Kyan ။ 9 (1 ed.)။ Yangon: Sarpay Beikman ။
Myint-U၊ Thant (2006)။ The River of Lost Footsteps—Histories of Burma ။ Farrar, Straus and Giroux။ ISBN 978-0-374-16342-6 ။
Pan Hla၊ Nai (1968)။ Razadarit Ayedawbon (8th printing, 2004 ed.)။ Yangon: Armanthit Sarpay။
Royal Historical Commission of Burma (1832)။ Hmannan Yazawin ။ 1–3 (2003 ed.)။ Yangon: Ministry of Information, Myanmar။
Than Tun (December 1959). "History of Burma: A.D. 1300–1400". Journal of Burma Research Society XLII .