ဘားအံမြို့
ဘားအံမြို့ ဖအင် ဝေင်ꩻတန်ဖအန်ႏ | |
---|---|
ပြည်နယ်မြို့တော် | |
မြို့တည်နေရာပြ မြန်မာနိုင်ငံမြေပုံ | |
ကိုဩဒိနိတ်: 16°52′N 97°38′E / 16.867°N 97.633°Eကိုဩဒိနိတ်: 16°52′N 97°38′E / 16.867°N 97.633°E | |
နိုင်ငံအမည် | မြန်မာ |
ပြည်နယ် | ကရင်ပြည်နယ် |
ခရိုင် | ဘားအံခရိုင် |
မြို့နယ် | ဘားအံမြို့နယ် |
လူဦးရေ (၂၀၁၄) | ၄၂၁, ၅၂၅ |
အချိန်ဇုန် | မြန်မာ စံတော်ချိန် (UTC+ ၆ နာရီ ၃၀ မိနစ်) |
ဘားအံမြို့ (အင်္ဂလိပ်: Hpa-an) သည် မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်၏ မြို့တော်ဖြစ်သည်။ လွန်ခဲ့သောနှစ်ပေါင်း(၁၀၀၀)ကျော်က သံလွင်မြစ် ကမ်းနဖူးတွင် စုစုပေါင်းအိမ်ခြေ (၂၀၀)ခန့်ရှိ ရွာလေးတစ်ရွာသာ ဖြစ်ခဲ့သည်။ ရွာကလေးတည်ရာ သံလွင်မြစ်၏ကမ်းစွယ်တွင် အဓိကရ ကျောက်စွန်းကြီးတစ်ခု ရှိသည်။ ထိုစွန်းကို ယိုးဒယား၊ ရှမ်းဘာသာဖြင့်ဖား အမ်း(ကျောက်+အစွယ်)ဟု ခေါ်ခဲ့သည်။ ဖားအမ်းမှတစ်ဆင့် အသံအနည်းငယ်ပြောင်း၍ ဘားအံဟု အမည်တွင်လာသည်။ ၁၉၀၇ ခုနှစ်တွင် မြို့ကွက် ရိုက်ခဲ့သည်။ ဘားအံမြို့နယ်တွင် ထင်ရှားသောတောင်သည် ဇွဲကပင်တောင် ဖြစ်သည်။ တောင်ပေါ်တွင် ဇွဲကပင် ဆုတောင်းပြည့်စေတီတော် တည်ရှိသည်။ ဘားအံမြို့မှ သံလွင်မြစ်ညာ ရှစ်မိုင်ခန့် အကွာ ကော့ဂွန်းတောင်၏ အရှေ့ဘက်၌ ကော့ဂွန်းဂူရှိသည်။ ဘားအံ၏ အနောက်ဘက်(၁၂) မိုင်ကွာအရပ်၌ ဘုရင်ဂျီဂူ (ဘုရင့်ညီဂူ) ရှိသည်။ ဂူ၏အောက်ခြေတွင် ရေပူစမ်းအိုင်ရှိသည်။ ရေပူစမ်း၊ ရေအေး စမ်းနှစ်ခုယှဉ်လျက် စီးဆင်းလျက်ရှိသော်လည်း ရေပူနှင့်ရေအေး ပေါင်းစပ်ခြင်းမရှိကြောင်း တွေ့ရသည်။ ဘားအံသည် မြန်မာနိုင်ငံတွင် ပဉ္စမမြောက် အကြီးဆုံးမြို့ဖြစ်သည်။ ဇွဲကပင်တောင်၊ကြာအင်းတောအရှေ့ဘက်တွင် ထိုင်းနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသည်။င်၊တောင်ဝိုင်းတောင်၊ဖားပုတောင်တို့သည် ၂၀၁၇ ခုနှစ်ကုန်ပိုင်းတွင် ဘားအံမြို့၏ ထင်ရှားသော ခရီးသွားတို့၏ဆွဲဆောင်ရာနေရာဒေသတစ်ခုဖြစ်ခဲ့ပြီး ပြည်တွင်းပြည်ပခရီးသွားအများစုစိတ်ဝင်စားမှုရှိနေသည့် ဒေသတစ်ခုဖြစ်သည်။
လမ်းပန်းဆက်သွယ်ရေး
[ပြင်ဆင်ရန်]- ဘားအံလေဆိပ်
- အဝေးပြေးကားများ
- ရေကြောင်းခရီး
ကိုးကွယ်ယုံကြည်မှု
[ပြင်ဆင်ရန်]အဓိက ကိုးကွယ်သည့် ဘာသာ မှာ ဗုဒ္ဓဘာသာ ဖြစ်ပြီး ဒုတိယမှာ ခရစ်ယာန်ဘာသာကို ကိုးကွယ်ကြသည်။ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာ နှင့် နတ်ကိုးကွယ်သူများလည်း ရှိသည်။
ကျန်းမာရေး
[ပြင်ဆင်ရန်]- ဘားအံ အထွေထွေရောဂါကု ဆေးရုံကြီး
- တောင်ကလေး စစ်ဆေးရုံ
အားကစား
[ပြင်ဆင်ရန်]ဘားအံ အောင်သံလွင် အားကစားကွင်းသည် ဘက်စုံသုံးအားကစားကွင်း တစ်ခုဖြစ်ပြီး ဘားအံမြို့ တွင် တည်ရှိသည်။ ဇွဲကပင် ယူနိုက်တက် ဘောလုံးအသင်း သည်ဘားအံမြို့၏ မြို့ခံအသင်းတစ်သင်း ဖြစ်သည်။
ပညာရေး
[ပြင်ဆင်ရန်]- ကွန်ပျူတာတက္ကသိုလ်(ဘားအံ)
- ဘားအံပညာရေးကောလိပ်
- ဘားအံတက္ကသိုလ်
- နည်းပညာတက္ကသိုလ်(ဘားအံ)
- ဘားအံ သူနာပြု လေ့ကျင့်ရေးကျောင်း
ပြခန်း
[ပြင်ဆင်ရန်]-
ဘားအံမြို့လည်ဘုရား
-
ကန်သာယာတံတား
ကိုးကား
[ပြင်ဆင်ရန်]မြို့တော်: ဘားအံမြို့ မြို့နယ်ပေါင်း : (၇) မြို့နယ် | ||
ခရိုင်ရုံးစိုက်ရာမြို့များ | ||
ကော့ကရိတ်ခရိုင် (၁) မြို့နယ် | ||
ကြာအင်းဆိပ်ကြီးခရိုင် (၁) မြို့နယ် | ||
ဖာပွန်ခရိုင် (၁) မြို့နယ် | ||
ဘားအံခရိုင် (၂) မြို့နယ် | ||
မြဝတီခရိုင် (၁) မြို့နယ် | ||
သံတောင်ကြီးခရိုင် (၁) မြို့နယ် | ||
မြို့များ |
ပြည်နယ်များ | ||
---|---|---|
တိုင်းဒေသကြီးများ | ||
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ | ||
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း | ||
ပြည်ထောင်စုနယ်မြေ |
Text is available under the CC BY-SA 4.0 license; additional terms may apply.
Images, videos and audio are available under their respective licenses.