ဖရက်ဒရစ် ဖရိုင်ယာ
ဆာ ဖရက်ဒရစ် ဝီလီယမ် ရစ်ချက် ဖရိုင်ယာ KCSI | |
---|---|
မြန်မာနိုင်ငံ၏ ဒုတိယဘုရင်ခံ | |
တာဝန်သက်တမ်း 1 May 1897 – 4 April 1903 | |
ယခင်လူ | ရာထူးစတင်ခဲ့ |
ဆက်ခံသူ | ဟျူ ရှိတ်စပီးယား ဘန်း |
မြန်မာနိုင်ငံ၏ မဟာဝန်ရှင်တော်မင်းကြီး | |
တာဝန်သက်တမ်း 3 April 1895 – 1 May 1897 | |
ယခင်လူ | ဆာ အလက်ဇန္ဒား မက္ကင်ဇီ |
ဆက်ခံသူ | ရာထူးဖျက်သိမ်းခဲ့ |
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | ၁၈၄၅ |
ကွယ်လွန် | 1922 | (အသက် ၇၇)
လူမျိုး | ဗြိတိသျှ |
အလုပ်အကိုင် | အုပ်ချုပ်ရေး အရာရှိ |
ဆာ ဖရက်ဒရစ် ဝီလီယမ် ရစ်ချက် ဖရိုင်ယာ (ကေစီအက်စ်အိုင်) (၁၈၄၅ - ၁၉၂၂ ဖေဖော်ဝါရီ ၂၀) သည် ၁၈၉၇ ခုနှစ် မေလ မှ ၁၉၀၃ ခုနှစ် ဧပြီလအထိ မြန်မာနိုင်ငံတွင် ဒုတိယ ဘုရင်ခံ အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ [၁]
ငယ်ဘဝ နှင့် ပညာရေး
[ပြင်ဆင်ရန်]ဖရက်ဒရစ် ဖရိုင်ယာအား အင်္ဂလန်နိုင်ငံ၊ ဒေါဆက်ကောင်တီ၊ ဝက်စ်မိုးတွင် မွေးဖွားခဲ့သည်။ သူ၏ ဖခင်မှာ အက်ဖ် ဒဗလျူ ဖရိုင်ယာ ဖြစ်ပြီး မိခင်ဘက်မှ အဖိုးမှာ ဗစ်တိုးရီးယား အလယ်ခေတ်က ကျော်ကြားသော လွှတ်တော်အမတ်တစ်ဦး ဖြစ်ခဲ့သူ ဂျွန် ရစ်ချက် ဖြစ်သည်။ သူသည် နိုင်ငံခြားကျောင်းမှားနှင့် ဘရွမ်း ဂရုဗ် ဂရမ်မာကျောင်းတို့တွင် ပညာသင်ကြားခဲ့သည်။[၂]
အိန္ဒိယနိုင်ငံ ဝန်ထမ်းဘဝ
[ပြင်ဆင်ရန်]သူသည် အိန္ဒိယ ဝန်ထမ်းစာမေးပွဲကို ၁၈၆၃ ခုနှစ်တွင် အောင်မြင်ခဲ့သည်။ ၁၈၇၆ ခုနှစ်တွင် တရားသူကြီး မစ္စတာ ဒဗလျူ စီ အယ်လ် ဘက်ရှော့၏ သမီးနှင့် လက်ဆက်ခဲ့သည်။ သူသည် ပထမဆုံး ပန်ဂျပ်ပြည်နယ်တွင် တာဝန်ကျခဲ့ပြီးနောက် ၁၈၇၈ နှင့် ၁၈၇၉ အာဖဂန်စစ်ပွဲ ကာလအတွင်း ကွက်တာတပ် နှင့် အတူ အထူးတာဝန်ကို ထမ်းဆောင်ခဲ့သည်။ ထို့နောက်တွင် ကာပါသာလာပြည်နယ်တွင် အုပ်ချုပ်ရေးမှူး အဖြစ်လည်းကောင်း၊ ဒါဆာ ဂါဇီ ခန် တွင် နေရာချထားရေး အရာရှိ အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ပြီး နိုင်ငံရေး အတွေ့အကြုံများ ရလာခဲ့သည်။ [၂]
မြန်မာနိုင်ငံ
[ပြင်ဆင်ရန်]အင်္ဂလိပ်တို့ မြန်မာနိုင်ငံ အထက်ပိုင်းကို သိမ်းပိုက်ပြီးနောက်တွင် သူသည် အင်္ဂလိပ်အစိုးရမှ ရွေးချယ်ခံရသော အရာရှိတစ်ဦး ဖြစ်လာခဲ့ပြီး အလယ်ပိုင်းဒေသများ၏ ဝန်ရှင်တော်မင်းကြီး အဖြစ် ခန့်အပ်ခြင်း ခံရသည်။ အင်္ဂလိပ်တို့၏ အမြင်အရ သူသည် သီပေါမင်းက ကောင်းမွန်စွာ အုပ်ချုပ်ခြင်း မပြုခဲ့သော တိုင်းပြည်သို့ တည်ငြိမ်အောင် ထိန်းသိမ်းပေးခြင်းဖြင့် အလွန် အဖိုးတန်သော တာဝန်ထမ်းဆောင်မှု ပြုခဲ့သူဟု ဆိုကြသည်။ ၁၈၈၈ ခုနှစ်တွင် သူသည် မဟာဝန်ရှင်တော်မင်းကြီးထက် တဆင့်သာ နိမ့်သော ဘဏ္ဍာရေး ဝန်ရှင်တော်မင်းကြီး အဖြစ် ခန့်အပ်တာဝန်ပေးခြင်း ခံရသည်။ ၁၈၉၁ မတ်လတွင် သူသည် အိန္ဒိယနိုင်ငံ ပန်ဂျပ်ပြည်နယ်သို့ ပြန်သွားခဲ့ပြီး ထိုအချိန်တွင် အလက်ဇန္ဒား မက္ကင်ဇီ အား မြန်မာပြည်၏ အကြီးအမှူးအဖြစ် ၁၈၉၂ မေလမှ စတင်ခန့်အပ်ခဲ့သည်။ ပန်ဂျပ်သို့ ဘဏ္ဍာရေး ဝန်ရှင်တော်မင်းကြီး အဖြစ် ပြန်သွားခဲ့ပြီး ဥပဒေပြုလွှတ်တော်တွင် အမတ်အဖြစ် ဆောင်ရွက်ပြီးနောက် ၁၈၉၅ ခုနှစ် ဧပြီလတွင် သူ့အား မြန်မာနိုင်ငံအတွက် မဟာဝန်ရှင်တော်မင်းကြီး အဖြစ် ခန့်အပ်တာဝန်ပေးခြင်း ခံရသည်။ [၂]
သူ၏ ပထမဆုံး အလုပ်မှာ တောင်ကြီးတွင် ကျင်းပသော ဒါဘာပွဲ၌ ရှမ်းစော်ဘွားတို့အား အင်္ဂလိပ်တို့၏ အုပ်ချုပ်မှုသည် တည်မြဲသွားပြီဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း ပြောကြားသတိပေး၍ ရှမ်းတို့ ဦးဆောင်သော အင်းဝမင်းဆက် ပြန်လည်တည်ထောင်ရန်မှာ မဖြစ်နိုင်ကြောင်း ကြောင်း အသိပေးခြင်း ဖြစ်သည်။ သူ့အနေနှင့် မြန်မာနိုင်ငံသည် ရုပ်ဝတ္ထုအားဖြင့် အလျှင်အမြန် တိုးတက်လာသည်ကို တွေ့မြင်ခဲ့ပြီး လော့ဒ်အယ်လ်ဂျင်က ဒုတိယဘုရင်ခံ အုပ်ချုပ်သော ပြည်နယ်အဆင့်သို့ မြှင့်တင်ရန် ဆုံးဖြတ်ခဲ့သော အခါတွင် အလွန်ပင် ကျေးဇူးတင်ခဲ့သည်။ သူသည် မြန်မာနိုင်ငံ၏ ပထမဆုံး ဒုတိယ ဘုရင်ခံ ဖြစ်လာခဲ့ပြီး ထိုရာထူးတွင် ၆ နှစ်ကြာမျှ တာဝန်ထမ်းဆောင်ခဲ့သည်။ လော့ဒ်ခရူဇုန်က သူသည် မြန်မာနိုင်ငံအား ကလေးဘဝမှ အရွယ်ရောက်သည် အထိ ပျိုးထောင်ပေးခဲ့သည်ဟု ပြောကြားခဲ့သည်။[၂]
အငြိမ်းစားယူခြင်း
[ပြင်ဆင်ရန်]ဖရိုင်ယာသည် ၁၉၀၃ ခုနှစ် အငြိမ်းစားယူပြီးသည့်တိုင်အောင် မြန်မာနိုင်ငံ၏ အကျိုးကို စိတ်ဝင်တစား ဆောင်ရွက်ခဲ့သည်။ သူ့အား အင်္ဂလိပ်-ဗမာ ကပြားများနှင့် ဗမာလူမျိုးများက သဘောကျ လေးစားကြပြီး ဘာမားကလပ်တွင် ဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်ခဲ့ကာ အင်္ဂလန်တွင် ပညာသင်သော မြန်မာများအတွက် အမြဲတမ်း မိတ်ဆွေ ဖြစ်ခဲ့သည်။ သူသည် တိုင်းမ်သတင်းစာသို့ အိန္ဒိယနိုင်ငံ အကြောင်း အထူးသဖြင့် မြန်မာနိုင်ငံအကြောင်း ပေးစာများ မကြာခဏ ဆိုသလိုပင် ရေးသားပေးပို့လေ့ ရှိသည်။ သူ၏ ဇနီးသည် မစ္စက် ဖရိုင်ယာသည် ၁၉၂၀ တွင် ကွယ်လွန်ခဲ့သည်။
ဖရိုင်ယာသည် ၁၉၂၂ ဖေဖော်ဝါရီ ၂၀ တွင် လန်ဒန်မြို့တွင် ကွယ်လွန်ခဲ့ပြီး ၁၉၂၂ ဖေဖော်ဝါရီ ၂၄တွင် လန်ဒန်မြို့ ဂိုးဒါးဂရင်း သုဿန်တွင် သင်္ဂြိုဟ်ခဲ့သည်။ သားတစ်ယောက် ကျန်ရစ်သည်။ [၂]
ကိုးကား
[ပြင်ဆင်ရန်]ကိုလိုနီခေတ် (အေဒီ ၁၈၆၂-၁၉၃၅) | |
---|---|
မဟာဝန်ရှင်တော် မင်းကြီးများ (၁၈၆၂-၁၈၉၇) |
|
ဒုတိယ ဘုရင်ခံများ (၁၈၉၇-၁၉၂၂) |
|
ဘုရင်ခံများ (၁၉၂၃-၁၉၃၅) |
|
ပုဂ္ဂိုလ်ကြီးများ | |
အကြောင်းအရာများ |
|
Text is available under the CC BY-SA 4.0 license; additional terms may apply.
Images, videos and audio are available under their respective licenses.