For faster navigation, this Iframe is preloading the Wikiwand page for ပယ်ဆောက်ချိန်.

ပယ်ဆောက်ချိန်

ဦးပယ်ဆောက်ချိန်
白所成
အမျိုးသားလွှတ်တော် ကိုယ်စားလှယ်
တာဝန်သက်တမ်း
၃၁ ဇန်နဝါရီ ၂၀၁၁ – ၃၁ မတ် ၂၀၁၆
ယခင်လူဖွဲ့စည်းပုံ စတင်
မဲဆန္ဒနယ်လောက်ကိုင်မြို့နယ် မဲဆန္ဒနယ် ၂
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ
တာဝန်သက်တမ်း
၂၀ ဩဂုတ် ၂၀၁၀ – ၃၁ မတ် ၂၀၁၆
လက်ထောက်မြီရှောက်ချန်း
ယခင်လူရာထူးစတင်
ဆက်ခံသူကျောက်တယ်ချန်[၁]
ရှမ်းပြည်နယ် အထူးဒေသ ၁ ဥက္ကဋ္ဌ (ယာယီ)
တာဝန်သက်တမ်း
ဩဂုတ် ၂၀၀၉ – ၂၀ ဩဂုတ် ၂၀၁၀
လက်ထောက်Liu Guoxi[၂]
ယခင်လူဖုန်ကြားရှင်
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (1950-04-01) ၁ ဧပြီ၊ ၁၉၅၀ (အသက် ၇၄)
ကိုးကန့်၊ ရှမ်းပြည်နယ်။
နိုင်ငံရေးပါတီပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ
အခြား
နိုင်ငံရေးလွှမ်းမိုးမှု
စစ်မှုထမ်းခြင်း
သစ္စာခံနိုင်ငံ
  • ပြည်သူ့တပ်မတော် (၁၉၆၇–၁၉၈၉)
  • MNDAA (၁၉၈၉–၂၀၀၉)
  • တပ်မတော် (၂၀၀၉–လက်ရှိ)
အမှုထမ်းကာလ၁၉၆၇–လက်ရှိ

ဦးပယ်ဆောက်ချိန် သို့မဟုတ် ဦးဘေဆော်ချိန် (တရုတ်: 白所成; ပင်ယင်: Bái Suǒchéng) သည် မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်ရှိ ကိုးကန့်နိုင်ငံရေးသမားတစ်ဦး ဖြစ်သည်။သူ့ကို တရုတ်နိုင်ငံက မြန်မာနိုင်ငံမြောက်ပိုင်း ကိုးကန့်ဒေသ အွန်လိုင်းလိမ်လည်မှု အဖွဲ့ အဓိကခေါင်းဆောင် အဖြစ် သတ်မှတ်သည်။ [၃]

အတ္ထုပ္ပတ္တိ

၁၉၉၂ ခုနှစ်တွင် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) မှ ရန်မိုးလျံအား ထုတ်ပယ်ရာတွင် ဖုန်ကြားရှင်အား ပယ်ဆောက်ချိန်က ကူညီပေးခဲ့သည်။ သို့သော်လည်း နောက်ပိုင်းတွင် မြန်မာနိုင်ငံ အစိုးရ၏ အထောက်အပံ့ဖြင့် ဖုန်ကြားရှင်အား ဖယ်ရှားရန် ကြိုးပမ်းခဲ့သည်။[၄]၂၀၀၉ ခုနှစ်တွင် ဖြစ်ပွားခဲ့သော သုံးရက်ကြာ ကိုးကန့်အရေးအခင်းတွင် ဖုန်ကြားရှင်အား ဖယ်ရှားရန် တပ်မတော်နှင့် မဟာမိတ်ပြုခဲ့သည်။ ကြွင်းကျန်သော MNDAA အဖွဲ့အား ပယ်ဆောက်ချိန်၏ ဦးစီးမှုအောက်တွင် နယ်ခြားစောင့်တပ်ဖွဲ့ အဖြစ် အသိအမှတ်ပြုခဲ့သည်။[၅]

၂၀၁၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် ပယ်ဆောက်ချိန်သည် ကိုးကန့်မဲဆန္ဒနယ် အမှတ် ၂ ကိုယ်စားပြု၍ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခြင်းခံရသည်။[၆] ယင်းနောက်ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။ သူ၏ အုပ်ချုပ်မှုအောက်တွင် ကိုးကန့်ဒေသသည် မူးယစ်ဆေးနှင့် လက်နက် ရောင်းဝယ်မှုများကြောင့် ထင်ရှားလာခဲ့သည်။[၇] သူသည် လူသိရှင်ကြား နေထိုင်လေ့မရှိဘဲ ၂၀၁၂ ခုနှစ် မတ်လတွင် လုပ်ကြံရန် ကြိုးပမ်းမှုမှ လွတ်မြောက်ခဲ့သည်။[၈]

ပယ်ဆောက်ချိန်၏ လက်ထောက်ဖြစ်သူ Liu Gaoxi သည်လည်း ၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင်ရွေးကောက်ခံရပြီး ယခင်က မူးယစ်ဆေးဝါးအမှုများတွင် ပါဝင်ခဲ့သူ ဖြစ်သည်။[၉]

သူသည် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ အဖြစ် ၂၀၁၆ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ တာဝန်ထမ်းဆောင်သည်။ယင်းနောက် သူသည် နိုင်ငံရေးရာထူးမှ စွန့်ခွာပြီး သားဖြစ်သူတို့၏ နိုင်ငံရေးရာထူး နှင့် လက်နက်ကိုင်အဖွဲ့တို့၏ နောက်ကွယ်တွင် ဆက်ရှိနေခဲ့သည်။[၁၀]

၂၀၂၁ နောက်ပိုင်းဖြစ်ရပ်များ

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီး မကြာမီ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်ဟောင်း ဦးမြင့်ဆွေကို ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခဲ့သည်။[၁၁]

၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၆ ရက်တွင်  ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဆွေအား တာဝန်မှရပ်စဲလိုက်ပြီး အရှေ့ မြောက်တိုင်းစစ်ဌာနချုပ်တိုင်းစစ် ဦးစီးချုပ် ဗိုလ်မှူးချုပ် ထွန်းထွန်းမြင့် နှင့် အစားထိုးခန့်အပ်သည်။

၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက် တွင် စတင်ခဲ့သော ညီနောင်မဟာမိတ်သုံးဖွဲ့၁၀၂၇ စစ်ဆင်ရေး ဖြစ်ပွားနေစဉ်အတွင်း ၎င်း အပါအဝင် မိသားစုဝင်များ ကိုးကန့်ဒေသမှ ထွက်ပြေးခဲ့ရသည်။[၁၂]

တရုတ်အစိုးရက ၎င်းအား ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက် တွင်  ကျားဖြန့်လောင်းကစားသံသယဖြင့်  ဖမ်းဝရမ်းထုတ်သည်။[၁၃] [၁၄]

၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၃၀ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က ဦးပယ်ဆောက်ချိန် အပါအဝင် ပယ်ရင်ချန်၊ ဝေ့ဟွိုင်ရန်၊ လျိုကျန့်ရှန်၊ လျိုကျန့်မောက်၊ ရွှီလောက်ဖာ နှင့် အခြားအရေးကြီး ပြစ်မှုကျူးလွန်သူဟု သံသယရှိသူ လေးဦးအား တရုတ်အစိုးရ ထံ လွှဲပြောင်းသည်။ [၁၅]

ဆက်စပ်ဖတ်ရှုရန်

ကိုးကား

  1. 赵德强担任果敢自治区领导委员会主席 (in Chinese)။ Kokang News။ 2016-04-19 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2016-04-10 တွင် ပြန်စစ်ပြီး။
  2. 自治区领导委员会率地区各级机关单位、部门共同吊唁刘国玺老领导 (in Chinese) (2020-01-17)။ 2023-11-15 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  3. China issues warrants for 10 people in Myanmar’s Kokang regionRFA (11 December 2023)။ 31 January 2024 တွင် ပြန်စစ်ပြီး။
  4. Interview on Kokang။ 24 February 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 February 2015 တွင် ပြန်စစ်ပြီး။
  5. Why civil war in northern Myanmar matters to China။ 24 February 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 February 2015 တွင် ပြန်စစ်ပြီး။
  6. Does the junta use drugs as a weapon in Burma’s politics?။ 23 July 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 27 February 2015 တွင် ပြန်စစ်ပြီး။
  7. Tens of thousands flee war, airstrikes in Kokang region။ Democratic Voice of Burma။ 24 February 2015 တွင် ပြန်စစ်ပြီး။
  8. Bai Xuoqian, head of the Kokang Self-Administered။ Shan Herald။ 24 February 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 February 2015 တွင် ပြန်စစ်ပြီး။
  9. Heroin traffickers elected in Burma။ Sydney Morning Herald။ 24 February 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 February 2015 တွင် ပြန်စစ်ပြီး။
  10. ကိုးကန့် ဘီလီယံနာမိသားစုတွေ သောကပွေချိန်BBC Burmese (၂၁ နိုဝင်ဘာ ၂၀၂၃)။ ၃၁ ဇန်နဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  11. Self-administered Division & Zones: Chairman of Self-administered Division and Zones Appointed (in en)။ Myanmar International TV (3 February 2021)။ 18 November 2023 တွင် ပြန်စစ်ပြီး။
  12. 缅北“四大家族”之首头目白所成出逃时被拦 (in zh-cn)။ Yangcheng Evening News (2023-11-17)။
  13. လက်ကျန် ကိုးကန့်သစ္စာခံများကို ဖမ်းပေးရန် တရုတ်က စစ်ကောင်စီကို ရာဇသံပေးMyanmar Now (၁၂ ဒီဇင်ဘာ ၂၀၂၃)။ ၃၁ ဇန်နဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  14. ရှမ်းပြည်နယ် ကိုးကန့်ဒေသ၌ ဆက်သွယ်ရေးလိမ်လည်မှုဖြင့် ကိုးကန့်ဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌဟောင်း ဦးပယ်ဆောက်ချိန်အပါအဝင် ၁၀ ဦးကို တရုတ်အစိုးရက ဖမ်းဝရမ်းထုတ်Eleven Media Group (၁၁ ဒီဇင်ဘာ ၂၀၂၃)။ ၃၁ ဒီဇင်ဘာ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  15. ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ကိုးကန့်ခေါင်းဆောင်တွေကို တရုတ်ဆီ စစ်ကောင်စီလွှဲပြောင်းRFA Burmese (၃၀ ဇန်နဝါရီ ၂၀၂၄)။ ၃၁ ဇန်နဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
{{bottomLinkPreText}} {{bottomLinkText}}
ပယ်ဆောက်ချိန်
Listen to this article

This browser is not supported by Wikiwand :(
Wikiwand requires a browser with modern capabilities in order to provide you with the best reading experience.
Please download and use one of the following browsers:

This article was just edited, click to reload
This article has been deleted on Wikipedia (Why?)

Back to homepage

Please click Add in the dialog above
Please click Allow in the top-left corner,
then click Install Now in the dialog
Please click Open in the download dialog,
then click Install
Please click the "Downloads" icon in the Safari toolbar, open the first download in the list,
then click Install
{{::$root.activation.text}}

Install Wikiwand

Install on Chrome Install on Firefox
Don't forget to rate us

Tell your friends about Wikiwand!

Gmail Facebook Twitter Link

Enjoying Wikiwand?

Tell your friends and spread the love:
Share on Gmail Share on Facebook Share on Twitter Share on Buffer

Our magic isn't perfect

You can help our automatic cover photo selection by reporting an unsuitable photo.

This photo is visually disturbing This photo is not a good choice

Thank you for helping!


Your input will affect cover photo selection, along with input from other users.

X

Get ready for Wikiwand 2.0 🎉! the new version arrives on September 1st! Don't want to wait?