For faster navigation, this Iframe is preloading the Wikiwand page for တောင်ငူမြို့.

တောင်ငူမြို့

တောင်ငူမြို့
ကေတုမတီ
Skyline of တောင်ငူမြို့
တောင်ငူမြို့ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
တောင်ငူမြို့
တောင်ငူမြို့
မြန်မာနိုင်ငံတွင်း တည်နေရာ
ကိုဩဒိနိတ်: 18°56′N 96°26′E / 18.933°N 96.433°E / 18.933; 96.433ကိုဩဒိနိတ်: 18°56′N 96°26′E / 18.933°N 96.433°E / 18.933; 96.433
နိုင်ငံ မြန်မာ
တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီး
ခရိုင်တောင်ငူခရိုင်
မြို့နယ်တောင်ငူမြို့နယ်
တည်ထောင်၁၇ ဧပြီ ၁၂၇၉
လူဦးရေ (၂၀၁၀)၁၂၁၀၀၀
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)

တောင်ငူမြို့ သည် ပဲခူးတိုင်းဒေသကြီး၏ အရှေ့မြောက်ဘက်အစွန်း စစ်တောင်းမြစ်နံဘေးတွင် တည်ရှိသော မြို့ဖြစ်သည်။ တောင်ငူခရိုင်၏ ရုံးစိုက်ရာမြို့ဖြစ်သည်။ အမှတ်(၁) ရန်ကုန်-မန္တလေး ကားလမ်းဘေးတွင်တည်ရှိ၍ ကရင်ပြည်နယ် သံတောင်မြို့နှင့် ကယားပြည်နယ် လွိုင်ကော်မြို့သို့ ကားလမ်းဆက်သွယ်ရာမြို့ဖြစ်သည်။ ပဲခူးရိုးမကို ဖြတ်၍ ပြည်မြို့သို့လည်း ကားလမ်းဆက်သွယ်ထားသည်။ ယခုအခါ ရန်ကုန်-မန္တလေး အမြန်လမ်းသည် မြို့၏ အနောက်ဘက် ခုနစ်မိုင်အကွာတွင် ဖြတ်သန်းသွားသည်။ ရန်ကုန်မြို့မှနေ၍ ကားလမ်းအားဖြင့် ၁၇၅ မိုင်ကွာဝေးပြီး၊ မီးရထားလမ်းမိုင် ၁၅၀ ကွာဝေးသည်။

ပဲခူးတိုင်းဒေသကြီး၏ ခရိုင်မြို့နယ်တစ်ခုဖြစ်ပြီး ပါဝင်သော မြို့များမှာ

  1. တောင်ငူမြို့
  2. ထန်းတပင်မြို့
  3. အုတ်တွင်းမြို့
  4. ကျောက်ကြီးမြို့
  5. ဖြူးမြို့
  6. ရေတာရှည်မြို့
  7. ကေတုမတီမြို့

တို့ဖြစ်ကြသည်။

တောင်ငူသည် ရှေးမင်းအဆက်ဆက်တို့ စိုးစံခဲ့သော ရှေးဟောင်းမင်းနေပြည်တော်မြို့အဖြစ် မြန်မာ့ရာဇဝင်တွင်ထင်ရှားခဲ့သည်။ ရှေးနာမည်အရ ကေတုမတီဟု နာမည်တွင်ပြီး မြန်မာရာဇဝင်တွင် ခေတ်တစ်ခေတ်အဖြစ်အထင်အရှား ရှိခဲ့သည်။ ကေတုမတီ ခေါ် တောင်ငူမြို့ဟောင်းမှ အုတ်မြို့ရိုး၊ ကျုံးနှင့် ရှေးဟောင်းစေတီ များအား ယခုထက်တိုင်တွေ့ရှိနိုင်သေးသည်။

သမိုင်းအကျဉ်း

[ပြင်ဆင်ရန်]

ရာဇဝင်များ၏ အဆိုအရ ဂေါတမမြတ်စွာဘုရားရှိစဉ်ကပင် တောင်ငူမြို့တည်ရှိရာအရပ်ကို ဇေယျာဝဃုနတိုင်း ဟုခေါ်ကြောင်းဖော်ပြကြသည်။ ပုဂံပြည့်ရှင် နရပတိစည်သူမင်းသည် ဇေယျာဝဃုနတိုင်းသို့ ရောက်ရှိလာပြီး မြတ်စောညီနောင်ဘုရားနှင့် ကျောက်ဆောက်ညီနောင်ဘုရားတို့ကို ဖူးမြော်ရစဉ်၊ အခြားပြိုပျက်နေသော ရှေးဟောင်းစေတီများကိုလည်း ဖူးမြော်ခဲ့ရသည်ဟုဆိုသည်။ ထိုရှေးဟောင်းစေတီများကို ပြုပြင်ရန်အတွက် သူရဲကောင်း ရမာန်ငထွေးဟု လူသိများသော အနန္တသူရအမတ်ကြီးအား တာဝန်ပေးအပ်ခဲ့သည်။ ဘုရားပြို၊ ဘုရားပျက်များ ပြင်ဆင်ရန် အနန္တသူရအမတ်ကြီး၏ သားတော် မင်းလှစောနှင့် မြေးတော် သဝန်လက်ျာတို့သည် ကမ္ဘားမြင့်ရွာကို တည်ထောင်ကာ လူသူစုရုံးပြီး နေထိုင်ခဲ့ကြသည်။ တစ်နေ့တစ်ခြား စည်ကားလာသောအခါ သဝန်လကျာ်သည် ကမ္ဘားမြင့်ရွာအား မြို့စားအဖြစ် အုပ်ချုပ်လေသည်။ ကမ္ဘားမြင့်ရွာရှိသောအရပ်မှာ ယခုတောင်ငူမြို့ မြောက်ဘက်ရှိ ဆွာမြို့ တည်ရှိရာအရပ်ဟု ဆိုကြသည်။ နှစ်ပေါင်းများစွာ ကြာပြီးနောက် စည်ကားနေသော ကမ္ဘားမြင့်ရွာကြီးကို မုတ္တမမွန်ဘုရင်က တိုက်ခိုက် ဖျက်ဆီးခဲ့လေသည်။ မြို့စားသဝန်လက်ျာနှင့် သားမယားများအား ဖမ်းဆီးကာ ယခု ဖြူးမြို့ အရပ်တွင်ရှိသော ပျူရွာကြီးတွင် အကျယ်ချုပ် ဖမ်းထားလေသည်။

တောင်ငူငယ် (ပထမ တောင်ငူ)

[ပြင်ဆင်ရန်]

အကျဉ်းချခံရသော မြို့စား သဝန်လက်ျာ ကွယ်လွန်သောအခါ သားများဖြစ်ကြသော သဝန်ကြီးနှင့် သဝန်ငယ်တို့သည် ကမ္ဘားမြင့်ရွာရှိခဲ့မည် ထင်သောနေရာသို့ မှန်း၍ ပြန်လာခဲ့ကြလေသည်။ နေရာအမှတ်မှားသောကြောင့် ခပေါင်းချောင်းအနီးတွင် မြို့ရွာတည်၍ နေထိုင်ခဲ့ကြသည်။ မြို့အမည်ကိုလည်း တောင်ပူစာငူအငယ်ကို အစွဲပြုကာ တောင်ငူဟု နာမည်ပေးခဲ့ကြသည်။ ၎င်းအရပ်သည် ယခုတောင်ငူမြို့၏ အနောက်ဘက် ကြက်ရိုးပင်ခေါ်ရွာအနီးတွင် တည်ရှိပြီး၊ ဒေသခံများက တောင်ငူငယ်ဟု အခေါ်များကြသည်။

တောင်ငူကြီး (ဒုတိယ တောင်ငူ)

[ပြင်ဆင်ရန်]

တောင်ငူငယ်သည် တဖြည်းဖြည်း စည်ပင်ဝပြောလာသောအခါ မြို့ကွင်းမြို့ကွက်များ ကျဉ်းမြောင်းလာသည်။ ထိုအခါ ထောင်မှူးကရင်ဘ၏ အကူအညီဖြင့် ခပေါင်းချောင်းဖျား မြောက်ဘက်အရပ်သို့ ရွှေ့ပြောင်းကာ မြို့ရွာ တည်ထောင် ကြပြန်သည်။ မြို့အမည်ကို တောင်ငူကြီးဟု ခေါ်တွင်ကြသည်။ ထောင်မှူးကရင်ဘသည် နောင်အခါတွင် တောင်ငူမင်းဆက်၏ စတုတ္တမြောက်ဘုရင် ဖြစ်လာသည်။ အေဒီ ၁၂၈၂ မှစ၍ တောင်ငူကြီးမြို့တွင် မင်းဆက်ပေါင်း ၂၉ ဆက်စိုးစံခဲ့သည်။ ပထမဆုံးသောမင်းမှာ သဝန်ကြီးဖြစ်သည်ဟု ရှေးရာဇဝင်များတွင် ဖော်ပြကြသည်။

ဒွါရာဝတီ

[ပြင်ဆင်ရန်]

အေဒီ ၁၄၈၅ တွင် နန်းတက်ခဲ့သော တောင်ငူကြီးမင်းဆက်မှ ၂၉ ဆက်မြောက် မင်းကြီးညို လက်ထက်တွင် တောင်ငူကြီးမှ ပဲပုတ်ချောင်းအနီးသို့ ပြောင်းကာ မြဝတီမြို့ဟု အမည်သမုတ်ခဲ့ပြန်သည်။ မြဝတီမှ ပေါင်းလောင်းမြစ်နှင့် ခပေါင်းချောင်း ဆုံရာအရပ်သို့ ထပ်မံပြောင်းရွှေ့ကာ မြို့အမည်အား ဒွါရာဝတီမြို့ဟု နာမည်ပေးခဲ့သည်။ ဒွါရာဝတီမြို့နေရာသည် ယခုအခါ လောကုတ္တရာဟုခေါ်သော အရပ်တွင် တည်ရှိသည်။ ဒွါရဝတီမြို့ကို အေဒီ ၁၄၉၁ တွင်တည်ထောင်၍ နှစ်ပေါင်း ၂၀ စိုးစံခဲ့သည်။

ကေတုမတီ

[ပြင်ဆင်ရန်]

အေဒီ ၁၄၉၁ တွင် မင်းကြီးညိုသည် ပေါင်းလောင်းမြစ်(ယခု စစ်တောင်းမြစ်) အနောက်ဘက်တွင် ကေတုမတီဟူသော မြို့အမည်ဖြင့် မြို့သစ်၊ နန်းသစ်ကို တည်ထောင်ခဲ့သည်။ ကေတုမတီမြို့ကို တည်ထောင်သောအခါမှ ယခု တောင်ငူမြို့အတွင်းရှိ ကန်တော်ကြီးသည် မြို့တွင်းသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ မြို့တစ်မျက်နှာတွင် တံခါး ငါးခုစီနှင့် လေးမျက်နှာပတ်လည်တွင် စုစုပေါင်း တံခါး ၂၀ ပါဝင်ဖွဲ့စည်းထားသည်။ တံခါးမုခ်ပေါက် တခုစီမှ ထွက်ရာ အဝတိုင်းတွင်လည်း သိမ်တဆောင်ကျစီ ဆောက်လုပ်ထားသည်။ မြို့ပတ်ဝန်းကျင် အရပ်တို့တွင်လည်း တီ အမည်ပါသော မြို့ငယ်ကိုးမြို့နှင့် ကုန်းအမည်ပါသော ကျေးရွာငယ် ကိုးရွာကို တည်ဆောက်ခဲ့သည်ဟု အဆိုရှိကြသည်။ မြို့တော်ဝန်းကျင်အရပ်တို့တွင် ထန်းပင် အမြောက်အမြား စိုက်ပျိုးစေခဲ့သည်။ ထို့ကြောင့် ယခုထက်တိုင် တောင်ငူမြို့တွင် တပင်ရွှေထီးထန်းတောဟူသော နာမည်ရ ထန်းတောများကို တွေ့ရှိနိုင်သည်။ မင်းကြီးညိုလက်ထက်တွင် တောင်ငူသည် တန်ခိုးအင်အား ကြီးမားလာသောကြောင့် သီးခြားလွတ်လပ်သော မင်းနေပြည်အဖြစ် ထင်ရှားလာပေသည်။ ဒုတိယမြန်မာနိုင်ငံတော် တည်ထောင်ရန်အတွက် ထင်ရှားသော အုတ်မြစ်များကို စစ်တောင်းမြစ်ဝှမ်းဒေသတွင် ချနိုင်ခဲ့ခြင်းလည်းဖြစ်သည်။

မင်းကြီးညို နတ်ရွာစံပြီးနောက် အေဒီ ၁၅၃၀ တွင် တောင်ငူခေတ်တွင် ထင်ရှားသော တပင်ရွှေထီး နန်းတက်သည်။ တပင်ရွှေထီး လက်ထက်တွင် ဟံသာဝတီ (ပဲခူး) အား တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီးနောက် မင်းနေပြည်ကို ဟံသာဝတီသို့ ရွှေ့ပြောင်းခဲ့သည်။ တပင်ရွှေထီး လွန်ပြီးနောက် ဘုရင့်နောင် လက်ထက်တွင် တောင်ငူခေတ်သည် မြန်မာ့သမိုင်းတွင် အထွဋ်အထိပ်သို့ ရောက်ရှိခဲ့သော ကာလဖြစ်သည်။ ဘုရင့်နောင် နန်းသက်အတွင်းတွင် မြန်မာနိုင်ငံ၏ စစ်ရေး၊ နိုင်ငံရေး၊၊အုပ်ချုပ်ရေး၊ စီးပွားရေးနှင့် ယဉ်ကျေးမှုဆိုင်ရာများတွင် ကြီးမားသော ပြောင်းလဲမှုများ ပြုလုပ်နိုင်ခဲ့သည်။ ထို့ကြောင့် ဒုတိယမြန်မာနိုင်ငံကို စည်းလုံးသောကာလအဖြစ် သမိုင်းဆရာများက သတ်မှတ်ခဲ့ခြင်းလည်းဖြစ်သည်။ တောင်ငူမှ အခြေချ၍ ဒုတိယမြန်မာနိုင်ငံကို တည်ထောင်နိုင်ခဲ့သောကြောင့် တောင်ငူခေတ်၏ အမြင့်မားဆုံး ဂုဏ်သတင်းလည်း ဖြစ်ပေသည်။ ထိုကာလတွင် နှစ်ရှည်လများ အငြင်းပွားခဲ့သော မွန်-မြန်မာ ပဋိပက္ခများကိုလည်း ချုပ်ငြိမ်းစေကာ၊ ငြိမ်းချမ်းသောကာလ တခုကို တည်ဆောက်ပေးနိုင်ခဲ့သည်။ ဘုရင့်နောင် ဟံသာဝတီကို သိမ်းပိုက်ပြီးနောက်တွင် မိမိ၏ မူလအရပ်ဖြစ်သည့် တောင်ငူတွင် ညီဖြစ်သူ မင်းခေါင်အား ဘုရင်ခံအဖြစ် နန်းတင်ပေးခဲ့သည်။

အေဒီ ၁၅၈၄ တွင် နန်းတက်သော မင်းရဲသီဟသူသည် ကေတုမတီ တောင်ငူနန်းမြို့အား အသစ်တဖန် တည်ထောင်ခဲ့သည်။ ထို့ကြောင့် မင်းရဲသီဟသူအား တောင်ငူရွှေနန်းတည်မင်းဟုလည်း ခေါ်ကြသည်။ ပေါင်းလောင်းမြစ် အနောက်ဘက်ရှိ ယခု ဆင်ဆိပ်ရွာတွင် ဆင်ကျုံးကို တည်ဆောက်စေပြီး ဆင်ရိုင်းများကို ဖမ်းယူစေခဲ့သည်။ နှစ်စဉ် ဆင်ခင်း၊ မြင်းခင်းသဘင်များကိုလည်း ကျင်းပစေခဲ့ကြောင်း ရာဇဝင်များတွင် ဖော်ပြထားသည်။ ကျင်းပသော ပွဲလမ်းသဘင်များတွင် မင်းညီမင်းသားများ ကစားကြသော ဂူလီပွဲ မှာလည်း ထင်ရှားသည်။ အနောက်နိုင်ငံများတွင် ပိုလိုကစားပွဲဟု ခေါ်သော ကစားနည်းမျိုးပင်ဖြစ်သည်။ ထိုဂူလီကစားပွဲများအတွက် ယခုတောင်ငူမြို့ရှိ ကန်လမ်းနေရာတွင် ဂူလီရိုက်ကွင်းကို တည်ဆောက်ပေးခဲ့သည်။ မြို့ကိုလည်း ပိုမိုစနစ်ကျအောင် အကွက်ချ၍၊ နေရာချထားပေးနိုင်ခဲ့သည်။ ယခု ယိုးဒယားတန်းဟု ခေါ်သောနေရာတွင် ခမည်းတော် တောင်ငူမင်းခေါင် လက်ထက်က ယိုးဒယားမှ ခေါ်ဆောင်လာသော အတတ်ပညာရှင်များနှင့် သုံ့ပန်းတို့အား အကွက်ရိုက်၍ နေရာချထားပေးခဲ့သည်။ ပန်းပဲအတတ်ပညာရှင်များကိုလည်း တသီးတခြား ရပ်ကွက်ဖွဲ့၍ နေရာချထားပေးခဲ့သည်။

မင်းရဲသီဟသူသည် အေဒီ ၁၆၀၉ တွင်နတ်ရွာစံသောအခါ သားတော်ကြီးဖြစ်သူ နတ်သျှင်နောင် တောင်ငူထီးနန်းကို စိုးစံခဲ့သည်။ နတ်သျှင်နောင်သည် တောင်ငူခေတ် စာပေလောကတွင် ထင်ရှားသော ရတုဘုရင်လည်း ဖြစ်ပေသည်။ ဘုရင့်နောင်မင်းကြီး၏ သမီးတော် ရာဇဓာတုကလျာ ကို အကြောင်းပြုကာ စပ်ဆိုခဲ့သော ကဗျာ၊ လင်္ကာများမှာ ထင်ရှားလှပေသည်။ နန်းတက်ပြီး တနှစ်အကြာတွင် အင်းဝဘုရင် မဟာဓမ္မရာဇာ (အနောက်ဘက်လွန်မင်း) ၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။ တောင်ငူနန်းကိုလည်း မှန်ကင်းချကာ၊ နတ်သျှင်နောင်ကို ပဒေသရာဇ် ဘုရင်ငယ်အဖြစ်သာ အသိအမှတ် ပြုတော့သည်။ ဤသို့သောအခြေအနေတွင် နတ်သျှင်နောင်သည် ပေါ်တူဂီလူမျိုး သန်လျင်စား ငစင်ကာ (ငဇင်ကာ) နှင့် ပူးပေါင်းမိရာမှ အေဒီ ၁၆၁၂ တွင် သန်လျင်မြို့တွင် အနောက်ဘက်လွန်မင်း၏ ကွပ်မျက်ခြင်းကို ခံခဲ့ရသည်။ မည်သို့ပင်ဖြစ်စေ နတ်သျှင်နောင်သည် မြန်မာစာပေသမိုင်းတွင် ထင်ရှားသော စာဆိုပညာရှင်အဖြစ် နေရာယူထားနိုင်ခဲ့သည်။

နတ်သျှင်နောင် ကွယ်လွန်ပြီးသော အချိန်မှစ၍ တောင်ငူမြို့သည်လည်း မင်းနေပြည်တော်အဖြစ်မှ ကျဆင်းရပ်ဆဲသည်။ ပဒေသရာဇ် ခေတ်နှောင်းကာလ၊ ကုန်းဘောင်ခေတ်တွင် အလောင်းဘုရားက သူ၏ ညီအရင်းတော်စပ်ပြီး ကုန်းဘောင်ဆက်တည်ထောင်မှုတွင် ပါဝင်ခဲ့သော သတိုးသင်္ခသူ(ဦးရွှေကြူ)ကို ဘုရင်အဖြစ် ထား၍ တောင်ငူဘုရင်အဖြစ် အုပ်ချုပ်စေခဲ့သည်။

ကိုလိုနီခေတ် တောင်ငူ

[ပြင်ဆင်ရန်]

အင်္ဂလိပ်တို့၏ ဒုတိယအကြိမ် ကျူးကျော်စစ်ပွဲအပြီးတွင် တောင်ငူမြို့သည် ကိုလိုနီနယ်ချဲ့သမားများ၏ လက်အောက်သို့ကျရောက် ခဲ့ရသည်။ မုတ္တမ၊ သထုံ၊ ရွှေကျင်စစ်ကြောင်းမှ ၁၈၅၃ ခုနှစ်တွင် တောင်ငူမြို့ကိုသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။ အင်္ဂလိပ်တို့ သိမ်းပိုက်ကာစတွင် ပဲခူးတိုင်း၏ လက်အောက်ခံခရိုင်မြို့အဖြစ်တည်ရှိရာမှ ၁၈၇၀ တွင် တနင်္သာရီတိုင်း လက်အောက်သို့ ပြောင်းရွှေ့ပေးခြင်းခံခဲ့ရသည်။ တတိယကျူးကျော်စစ်အပြီး တစ်နိုင်ငံလုံးသိမ်းပိုက်ပြီးသော အခါတွင် တောင်ငူသည် အင်္ဂလိပ် စစ်တပ်များ ထူထပ်စွာစခန်းချထားသော မြို့အဖြစ် ၁၈၉၃ ခုနှစ်အထိတည်ရှိခဲ့သည်။ တောင်ငူမြို့၏ မြူနီစပါယ်အဖွဲ့အား ၁၈၇၄ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည်။ တောင်ငူခရိုင်တွင် လူဦးရေအလိုက် ပထမအများ ဆုံးနေထိုင်သူများမှာ မြန်မာလူမျိုးဖြစ်ပြီး၊ ဒုတိယအများဆုံးမှာ ကရင်လူမျိုးများဖြစ်ကြသည်။ ၁၈၈၅ ခုနှစ် ရန်ကုန်-တောင်ငူ မီးရထားလမ်းဖေါက်ပြီးသည့် နောက်တွင် တောင်ငူမြို့သည် သိသိသာသာ စည်ကားတိုးတက်လာသည်။ လမ်းပန်းဆက်သွယ် ရေးကောင်းမွန်လာသောကြောင့် အရောင်းအဝယ်ကောင်းကာ စည်ကားလာခဲ့ခြင်းလည်းဖြစ်သည်။ ခရစ်ယာန်သာသနာပြုများ ၏ အဓိကအချက်အချာဒေသလည်းဖြစ်လာသည်။ S.P.G သာသနာပြုအဖွဲ့သည် ၁၈၇၃ တွင်စတင်တည် ထောင်ခဲ့ပြီး၊ ဘုရားရှိခိုးကျောင်းပေါင်း ၈၉ ကျောင်း နှင့် စာသင်ကျောင်းပေါင်း ၈၈ ကျောင်းကိုတည်ဆောက်ခဲ့သည်။ ရိုမန်ကတ်သလစ် သာသနာပြုအဖွဲ့များသည် ဘုရားရှိခိုးကျောင်း ၁၄၉ ကျောင်းတည်ထောင်နိုင်ခဲ့သည်။ အမေရိကန် ဘက်(ပ်)တစ်သာသနာပြုအဖွဲ့သည် ဘုရားရှိခိုးကျောင်း(၁၅၈) ကျောင်းနှင့် စာသင်ကျောင်းပေါင်း (၇၅) ကျောင်းတည်ဆောက်နိုင်ခဲ့သည်အထိ သာသနာပြုလုပ်ငန်းများ ဖွံ့ဖြိုးခဲ့သည်။

ကိုလိုနီနယ်ချဲ့ဆန့်ကျင့်ရေးအနေဖြင့် ဦးစိုးသိန်း ဂျီ-စီ-ဘီ-အေ ၏ (၁၆) ကြိမ်မြောက်ကွန်ဖရင့်ကို ၁၉၂၉၊မတ်လ၂၄ မှ ၂၇ ရက်နေ့အထိ တောင်ငူမြို့တွင် ကျင်းပခဲ့သည်။ အင်္ဂလိပ်တို့အား အပြီးအပိုင်မောင်းထုတ်လိုသောအဖွဲ့ နှင့် စေ့စပ်လိုသော အဖွဲ့များအား ညှိနိုင်းနိုင်ရန်ကျင်းပခဲ့ခြင်းဖြစ်သည်။ သို့သော် နှစ်ဘက်အင်အားစုများကို စေ့စပ်၍ မရနိုင်ပဲ၊ အစဉ်အဆက်ဦးဆောင် ခဲ့သော ခေါင်းဆောင်များသည်လည်း အစိတ်စိတ်အမြွှာမြွှာ ဂိုဏ်းကွဲသွားကြလေသည်။ တို့ဗမာအစည်းအရုံး ခေါင်းဆောင်သော လွတ်လပ်ရေးတိုက်ပွဲကာလ တစ်လျှောက်တွင်၊ လူငယ်သခင်များသည် တောင်ငူမြို့လူထု အားစည်းရုံးနိုင်ခဲ့သည်။ မျိုးချစ်လူငယ်များကို စည်းရုံးသိမ်းသွင်းကာ မြန်မာ့လွတ်လပ်ရေး လှုပ်ရှားမှုများတွင် ပါဝင်စေခဲ့ပေသည်။

ထင်ရှားသော နေရာများ

[ပြင်ဆင်ရန်]
၂၀၁၄ခုနှစ်က​တွေ့ရ​သော ​တောင်ငူမြို့

တောင်ငူမြို့ရှိထင်ရှားသော နေရာများမှာ-

  1. ရွှေဆံတော် စေတီ
  2. ရှင်ပင် ကျောက်ဆောက် ဘုရား
  3. မြတ်စောညီနောင် ဘုရား
  4. ကန်တော်ကြီး
  5. ပသိချောင်း အပန်းဖြေစခန်း
  6. တောင်ငူ ကွန်ပျူတာတက္ကသိုလ်
  7. တောင်ငူ နည်းပညာ တက္ကသိုလ်
  8. တောင်ငူပညာရေးကောလိပ်
  9. တောင်ငူတက္ကသိုလ်
  10. မြလိန္ဒာဘုရား
  11. ICON shopping center

အကိုးအကား

[ပြင်ဆင်ရန်]
  1. မှတ်တမ်းသမိုင်း ပဲခူး-မကွေး၊ရေးသားသူ လွင်မောင်၊ ထုတ်ဝေသည့်နှစ် ၁၉၇၅
{{bottomLinkPreText}} {{bottomLinkText}}
တောင်ငူမြို့
Listen to this article

This browser is not supported by Wikiwand :(
Wikiwand requires a browser with modern capabilities in order to provide you with the best reading experience.
Please download and use one of the following browsers:

This article was just edited, click to reload
This article has been deleted on Wikipedia (Why?)

Back to homepage

Please click Add in the dialog above
Please click Allow in the top-left corner,
then click Install Now in the dialog
Please click Open in the download dialog,
then click Install
Please click the "Downloads" icon in the Safari toolbar, open the first download in the list,
then click Install
{{::$root.activation.text}}

Install Wikiwand

Install on Chrome Install on Firefox
Don't forget to rate us

Tell your friends about Wikiwand!

Gmail Facebook Twitter Link

Enjoying Wikiwand?

Tell your friends and spread the love:
Share on Gmail Share on Facebook Share on Twitter Share on Buffer

Our magic isn't perfect

You can help our automatic cover photo selection by reporting an unsuitable photo.

This photo is visually disturbing This photo is not a good choice

Thank you for helping!


Your input will affect cover photo selection, along with input from other users.

X

Get ready for Wikiwand 2.0 🎉! the new version arrives on September 1st! Don't want to wait?