ကံဇော် (ဒေါက်တာ)
ကံဇော် | |
---|---|
ရင်းနှီးမြှပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီး | |
တာဝန်ထမ်းဆောင်ဆဲ | |
တာဝန် စတင် ၁၉ ဩဂုတ် ၂၀၂၂ | |
သမ္မတ | ဦးမြင့်ဆွေ (ယာယီ) |
ခေါင်းဆောင် | ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် |
ပြည်ထောင်စုစာရင်းစစ်ချုပ် | |
တာဝန်သက်တမ်း ၁ ဖေဖော်ဝါရီ ၂၀၂၁ – ၁၉ ဩဂုတ် ၂၀၂၂ | |
ယခင်လူ | ဦးမော်သန်း |
ဆက်ခံသူ | ဦးတင်ဦး |
အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန ဝန်ကြီး | |
တာဝန်သက်တမ်း စက်တင်ဘာ ၂၀၁၂ – ၃၀ မတ် ၂၀၁၆ | |
အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန ဒုဝန်ကြီး | |
တာဝန်သက်တမ်း မတ် ၂၀၁၁ – စက်တင်ဘာ ၂၀၁၂ | |
ဆက်ခံသူ | ဆက်အောင်၊ ခင်စန်းရီ၊ လဲ့လဲ့သိန်း |
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | စလင်းမြို့ ဆင်ဖြူကျွန်းမြို့နယ် မြန်မာနိုင်ငံ | အောက်တိုဘာ ၁၁၊ ၁၉၅၄
လူမျိုး | မြန်မာ |
နိုင်ငံရေးပါတီ | ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ |
မိခင်ကျောင်း | ရန်ကုန် စီးပွားရေး တက္ကသိုလ်၊ International Institute of Social Studies |
အလုပ်အကိုင် | စီးပွားရေးပညာရှင် |
ဒေါက်တာ ကံဇော် (၁၁ အောက်တိုဘာ ၁၉၅၄ မွေးဖွား[၁]) သည် ရင်းနှီးမြှပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ၏ လက်ရှိ ဝန်ကြီး[၂] ဖြစ်သည်။ ၂၀၂၂ ခုနှစ် ဩဂုတ်လ ၁၉ ရက် မှစပြီး တာဝန်ထမ်းဆောင်နေသူဖြစ်သည်။ ၎င်းသည် ထိုတာဝန်မထမ်းဆောင်ခင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်အဖြစ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ တာဝန်ပေးအပ်ခြင်း ခံရသည်။ ပြည်ထောင်စုစာရင်းစစ်ချုပ်အဖြစ် ၂၀၂၁ခုနှစ်ဖေဖော်ဝါရီ ၁ရက် မှ ၂၀၂၂ခုနှစ် ဩဂုတ်လ ၁၉ရက် အထိ တာဝန်ထမ်းဆောင်သည်။
ငယ်ဘဝနှင့် ပညာရေး
[ပြင်ဆင်ရန်]ဇာတိမှာ မကွေးတိုင်းဒေသကြီး၊မင်းဘူးခရိုင်၊စလင်း မြို့ ဖြစ်သည်။သူသည် ရန်ကုန် စီးပွားရေး တက္ကသိုလ်မှ စီးပွားရေးဘွဲ့ရရှိခဲ့ပြီး[၁] ၁၉၈၄ ခုနှစ်တွင် International Institute of Social Studies မှ ဒေသဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအထူးပြုဖြင့် မဟာဘွဲ့ရရှိခဲ့သည်။ပါရဂူဘွဲ့ (စီးပွားရေး)၊စီမံခန့်ခွဲမှုပညာပါရဂူဘွဲ့စသည်တို့ကို ရရှိခဲ့သည်။[၃]သူသည် စာပေဆိုင်ရာ ဒေါက်တာဘွဲ့ရရှိထားသူလည်း ဖြစ်သည်။[၁]ဒေါက်တာကံဇော်သည် ရန်ကုန် စီးပွားရေးတက္ကသိုလ်နှင့် မုံရွာစီးပွားရေးတက္ကသိုလ်တို့တွင် ပါမောက္ခ၊ ဌာနမှူးနှင့် ပါမောက္ခချုပ်တာဝန်များကိုလည်း ထမ်းဆောင်ခဲ့သည်။[၁]
နိုင်ငံရေးသမားဖြစ်လာခြင်း
[ပြင်ဆင်ရန်]ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဝင်တစ်ဦးဖြစ်သည်။ သမ္မတဦးသိန်းစိန် အစိုးရအဖွဲ့ တွင် မြန်မာနိုင်ငံ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန၏ဒုတိယဝန်ကြီးအဖြစ်၂၀၁၁ ခုနှစ် မတ်လမှ ၂၀၁၂ ခုနှစ် စက်တင်ဘာလအထိ လည်းကောင်း၊ ဝန်ကြီးအဖြစ် ၂၀၁၂ ခုနှစ် စက်တင်ဘာလမှ ၂၀၁၆ မတ်လ ၃၀ ရက်နေ့အထိ လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။[၄] အထွေထွေရွေးကောက်ပွဲ၂၀၂၀ တွင် စလင်းမြို့မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်ပါဝင်ယှဉ်ပြိုင်ခဲ့သည်။[၅]အနိုင်မရ ရှုံးနိမ့်သည်။
ပိတ်ဆို့အရေးယူခံရမှုများ
[ပြင်ဆင်ရန်]ဥရောပသမဂ္ဂ (EU) က ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၈ ရက် တိုးချဲ့ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုထဲ ဒေါက်တာကံဇော်လည်းပါဝင်ခဲ့သည်။[၆]
၂၀၂၃ ခုနှစ် အောက်တိုဘာ ၃၁ ရက်နေ့တွင် ၎င်းအား အမေရိကန်၊ ဗြိတိန် နှင့် ကနေဒါ နိုင်ငံတို့က ပူးပေါင်းပြီး ထပ်တိုး ပိတ်ဆို့အရေးယူမှုပြုလုပ်သည်။ [၇]
မိသားစုဘဝ
[ပြင်ဆင်ရန်]ဒေါက်တာကံဇော်သည် အိမ်ထောင်သည်တစ်ဦးဖြစ်သည်။၎င်း၏ ဇနီးမှာ ဒေါ်နန္ဒာမွန်းဖြစ်ပြီး ရန်ကုန်တက္ကသိုလ်အင်္ဂလိပ်စာဌာန ထိုမှတဆင့် ယဉ်ကျေးမှုဝန်ကြီးဌာနသို့ရောက်ကာ ညွှန်ကြားရေးမှူးချုပ် ယင်းနောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ရာထူးစသည်ဖြင့် အဆင့်ဆင့်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ ၎င်းတို့၏ သမီးကြီးဖြစ်သူ ခိုင်ငွေနှင်းဇော် မှာ အမေရိကန်ပြည်ထောင်စု ပင်ဆယ်ဗေးနီးယားပြည်နယ်တွင် နေထိုင်သည်။ [၈]
ရရှိခဲ့သော ဆုများ
[ပြင်ဆင်ရန်]၂၀၀၄ ခုနှစ်တွင် စီမံ ထူးချွန်တံဆိပ် (ပထမအဆင့်)၊၂၀၁၅ ခုနှစ်တွင် နိုင်ငံတော်သမ္မတ၏ ထူးချွန်ဆု၊၂၀၁၆ ခုနှစ်တွင် နိုင်ငံတော်မှ ချီးမြှင့်သော သီရိပျံချီဘွဲ့ ရရှိထားသည့် ပုဂ္ဂိုလ်တစ်ဦးလည်းဖြစ်သည်။[၉]
ကိုးကား
[ပြင်ဆင်ရန်]- ↑ ၁.၀ ၁.၁ ၁.၂ ၁.၃ Speakers' Profiles - Dr. Kan Zaw။ Hong Kong Summit။ 22 February 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 17 February 2014 တွင် ပြန်စစ်ပြီး။
- ↑ ပြည်ထောင်စု ဝန်ကြီးအချို့အား ဌာနပြောင်းရွှေ့မှုများပြုလုပ်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့အား ပြင်ဆင်ဖွဲ့စည်း။ Eleven Media (၁၉ ဩဂုတ် ၂၀၂၂)။ ၂ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ "Alumnus Kan Zaw (Myanmar) visits ISS"၊ International Institute of Social Studies in The Hague၊ 5 March 2013။ 17 February 2014 တွင် ပြန်စစ်ပြီး။ Archived from the original on 22 February 2014။
- ↑ Win Ko Ko Latt။ "Hluttaw approves cabinet reshuffle"၊ Myanmar Times။ 17 February 2014 တွင် ပြန်စစ်ပြီး။ Archived from the original on 22 February 2014။
- ↑ ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်း ဝန်ကြီးဟောင်းများပိုင်ဆိုင်သည့် ကုမ္ပဏီများ။ Myanmar Now (၂၃ စက်တင်ဘာ ၂၀၂၀)။ ၂ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ စစ်ကောင်စီအဖွဲ့နဲ့ ပုဂ္ဂိုလ် ၁၉ ဦးကို ဥရောပသမဂ္ဂ ဒဏ်ခတ်အရေးယူ။ RFA (၈ နိုဝင်ဘာ ၂၀၂၂)။ ၂ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ MOGE အပါအဝင် လူပုဂ္ဂိုလ်နဲ့အဖွဲ့အစည်းတွေကို အမေရိကန်၊ ဗြိတိန်၊ ကနေဒါ ထပ်တိုးအရေးယူ။ RFA (၃၁ အောက်တိုဘာ ၂၀၂၃)။ ၂ နိုဝင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ ဒေါက်တာကံဇော်။ နွေဦးမြန်မာ၂၀၂၁ တော်လှန်ရေး (၁၈ ဖေဖော်ဝါရီ ၂၀၂၁)။ 12 December 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ Cabinet။ Alternative Asean Network on Burma (21 November 2013)။ 20 May 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 17 February 2014 တွင် ပြန်စစ်ပြီး။
Text is available under the CC BY-SA 4.0 license; additional terms may apply.
Images, videos and audio are available under their respective licenses.