For faster navigation, this Iframe is preloading the Wikiwand page for ကာကွယ်ရေးဝန်ကြီးဌာန.

ကာကွယ်ရေးဝန်ကြီးဌာန

Ministry of Defence
မြန်မာအစိုးရအဖွဲ့အစည်း
ကာကွယ်ရေးဝန်ကြီးဌာန
ကာကွယ်ရေးဝန်ကြီးဌာနမှအသုံးပြုသောအမှတ်တံဆိပ်
ကာကွယ်​ရေးဝန်ကြီးဌာနအလံ
ဝန်ကြီးဌာန အကျဉ်းချုပ်
ဖွဲ့စည်းသည့်အချိန်
  • ၁ ဧပြီ ၁၉၃၇(ကာကွယ်ရေးဌာန)
  • ၈ မေ ၁၉၄၈(စစ်ရုံး)
  • ၁ ဇန်နဝါရီ ၁၉၅၆; ၆၈ နှစ် အကြာက (၁၉၅၆-၀၁-01)(ဝန်ကြီးဌာန)
အဖွဲ့အစည်းအမျိုးအစားဝန်ကြီးဌာန
ဌာနချုပ်ရုံးအမှတ် (၂၄)၊နေပြည်တော်
နှစ်စဉ်ဘက်ဂျက်US$၂.၂၈၉ billion (၂၀၁၃)
ဝန်ကြီးများဗိုလ်ချုပ်ကြီး တင်အောင်စန်း
ဒုတိယဝန်ကြီးများဗိုလ်ချုပ် အောင်လင်းထွန်း
ဗိုလ်ချုပ် ကိုလေး
ဌာနခွဲများMyanmar Economic Corporation
Union of Myanmar Economic Holdings
ဝက်ဘ်ဆိုက်mod.gov.mm

မြန်မာနိုင်ငံရှိ ဝန်ကြီးဌာနများတွင် ကာကွယ်ရေးနှင့်ပက်သက်၍ ကာကွယ်ရေးဝန်ကြီးဌာနထားရှိသည်။ လက်ရှိ ပြည်ထောင်စုဝန်ကြီးမှာ ဗိုလ်ချုပ်ကြီး တင်အောင်စန်း ဖြစ်သည်။[၁] လက်ရှိ ကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်မှာ ဗိုလ်မှူးချုပ် မျိုးမင်း ဖြစ်သည်။[၂][၃]

သမိုင်းကြောင်း

၁၉၃၅ ခု ဩဂုတ်လ ၂ ရက် နေ့တွင် ၁၉၃၅ ခုနှစ် မြန်မာပြည်အက်ဥပဒေကို ဗြိတိသျှ အစိုးရက အတည်ပြုထုတ်ပြန်ခဲ့သည်။ အထူးအရေးကြီးသော ဌာနများကို အိန္ဒိယနိုင်ငံဘုရင်ခံချုပ် ကိုယ်တိုင်ကြပ်မတ်အုပ်ချုပ်စေရန် အာဏာအခွင့်အရေးများကို အပ်နှင်းခဲ့သော်လည်း၊ ထိုဥပဒေအပိုဒ် ရ (၁)အရ မြန်မာပြည်ဘုရင်ခံသည် မြန်မာပြည်ကို အိန္ဒိယပြည်အုပ်ချုပ်ရေး နယ်ပယ်ထဲမှ ခွဲထုတ်လိုက်သော ၁၉၃၇ ခုဧပြီလ ၁ ရက်နေ့မှစ၍ တာဝန်ခံ အုပ်ချုပ်ခဲ့လေသည်။ ထိုနေ့၌ပင် ကာကွယ်ရေးဌာနကို အတွင်းဝန်များရုံးတွင် ဖွင့်လှစ်ခဲ့သည်။

အခြားဌာနများတွင် မြန်မာအမျိုးသားများကို ဝန်ကြီးများ ခန့်အပ်၍ ကြီးကြပ်စီမံ ခန့်ခွဲစေခဲ့သော်လည်း အရေးကြီးသော ကာကွယ်ရေးဌာနတွင်မူ မြန်မာအမျိုးသားဝန်ကြီး မခန့်ဘဲ၊ ဘုရင်ခံ အတိုင်ပင်ခံအရာရှိ များကို မြန်မာပြည်အက် ဥပဒေ အပိုဒ် ရ (၂)အရ၊ ၃ ယောက်ထက် မများခန့်၍ ဘုရင်ခံ ကိုယ်တိုင် စီမံခန့်ခွဲအုပ်ချုပ်ခဲ့လေသည်။ ဘုရင်ခံက ခန့်ထားသော ထိုအတိုင်ပင်ခံအရာရှိကြီးများမှာ များသောအားဖြင့် ဗြိတိသျှအစိုးရ၏ သစ္စာတော်ကို အထူးကာကွယ် စောင့်ရှောက်သော အိန္ဒိယပဋိညာဉ်ခံဝန်ထမ်းအဖွဲ့ဝင် အိုင်စီအက်(စ)အရာရှိကြီး များသာ ဖြစ်၏။

အမည်အားဖြင့် ကာကွယ်ရေးဌာနဟု ခေါ်သော်လည်း ထိုဌာနတွင် စီမံခန့်ခွဲခဲ့သော လုပ်ငန်းများမှာ တိုင်းပြည်ကာကွယ်ရေး၊ ခရစ်ယန်ဂိုဏ်းများအုပ်ချုပ်ရေး၊ ရှမ်းစော်ဘွားများနယ်ပယ်၊ ရခိုင်တောင်ရိုးဒေသ၊ ချင်းတောင်များဒေသ၊ ကချင်တောင်တန်းဒေသများ၊ ဆွန်မာရဒေသ၊ တြိဂံနယ်ဒေသ၊ အထက်ချင်းတွင်းမြောက်ဘက် ဟူးကောင်းတောင်ကြားဒေသ၊ သံလွင်နယ်တို့နှင့် အခြား မဖွံ့ဖြိုးသေးသော လူမျိုးများ နေထိုင်သော ဒေသများအုပ်ချုပ်ရေး၊ ငွေရေးကြေးရေ၊ ဒင်္ဂါးနှင့် ငွေစက္ကူများ ထုတ်လုပ်ရေး၊ နိုင်ငံရေးနှင့် မြန်မာနိုင်ငံ အတွင်းရှိ မြန်မာပြည် အစိုးရက အုပ်ချုပ်ခြင်းမပြုနိုင်သေးသော ဒေသများနှင့် ဆက်ဆံရေးများ ပါဝင်လေသည်။

ဗြိတိသျှအင်ပိုင်ယာဝင် တိုင်းပြည်အသီးသီးနှင့် ဆက်ဆံရေး၊ လွတ်လပ်သော အခြားတိုင်းပြည်များနှင့် ဆက်ဆံရေး အာဏာ များကိုမူ ဗြိတိသျှဘုရင့်အစိုးရက တိုက်ရိုက်စီမံခန့်ခွဲလေသည်။ အထက်ပါ ဖော်ပြခဲ့သည့် အရေးကြီးသော လုပ်ငန်းများကို ဘုရင်ခံကိုယ်တိုင် စီမံခန့်ခွဲအုပ်ချုပ်ရမည်ဟု မြန်မာပြည် အက်ဥပဒေ အပိုဒ် (၁)အရ ပြဋ္ဌာန်းထားခဲ့သော်လည်း၊ အရေးကြီးသော ကိစ္စဟူသရွေ့တွင် မြန်မာပြည်ဆိုင်ရာ အတွင်းဝန်ထံမှတစ်ဆင့် အမိန့်တောင်းယူပြီးမှသာ ဆုံးဖြတ်ချက်များအတိုင်း လိုက်နာဆောင်ရွက်ရလေသည်။ မြန်မာပြည်တွင်းရေးနှင့်သာ လုံးဝသက်ဆိုင်သော ကိစ္စအဝဝတို့တွင် ဘုရင်ခံနှင့် သူ၏အတိုင်ပင်ခံအရာရှိများ၏ ထောက်ခံချက်များကို ဘုရင့်အစိုးရက များသောအားဖြင့် လိုက်လျောခဲ့သည်။ အင်ပိုင်ယာ နိုင်ငံများနှင့် အိမ်နီးချင်းတိုင်းပြည်များသို့ ဂယက်ရိုက်စေမည့် ကိစ္စများတွင်မူ ဘုရင့်အစိုးရသဘော အတိုင်း စီမံခန့်ခွဲခဲ့သည်။

ကာကွယ်ရေးဌာနဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက် အဆိုများကို ဘုရင်ခံထံ ကြိုတင်အမိန့်မခံဘဲ လွှတ်တော် (၂)ရပ်လုံးတွင် ဆွေးနွေးပြုလုပ်နိုင်ခွင့် မရှိချေ။

မြန်မာပြည်ကာကွယ်ရေးဌာနကို ၁၉၃၇ ခု ဧပြီလ (၁)ရက်နေ့မှ စတင်ဖွင့်လှစ်ခဲ့သောအချိန်၌ မြန်မာပြည် (ကြည်း)တပ်မတော်တွင် ခြေလျင်တပ်ရင်း ၄ ခု၊ အရံတပ် ၂ခု၊ နယ်စောင့်အရံ တပ် ၂ခု၊ အရာရှိအရံတပ်ဖွဲ့ ၁ခု၊ နယ်ခြားတပ် အနည်းငယ်နှင့် မြို့စောင့်တပ်တို့ ရှိခဲ့သည်။

အထက်ပါ တပ်များအနက် ခြေလျင်တပ်ရင်းများ၊ အရံတပ်များနှင့် အရာရှိအရံတပ်ဖွဲ့များတွင် ဝင်ရောက် အမှုထမ်းသော အရာရှိ၊ အရာခံ၊ တပ်သားများမှာ အရေးရှိက မြန်မာပြည် နယ်နမိတ်ကို ကျော်လွန်၍ တိုင်းတစ်ပါးသို့ သွားရောက် အမှုထမ်း တိုက်ခိုက်ရန် တာဝန်ယူ လက်မှတ်ရေးထိုးကြရသည်။ နယ်စောင့်အရံ တပ်၊ နယ်ခြားတပ်များနှင့် မြို့စောင့်တပ်များ ကိုမူ နယ်စပ်ကိုကျော်လွန်၍ တိုက်ခိုက်ရန် အမိန့်ပေး နိုင်ခွင့် မရှိချေ။

ခြေလျင်တပ်ရင်းများတွင် တောင်တန်းဒေသသားများကို အရာခံဗိုလ်များနှင့် စစ်သားများအဖြစ် ခန့်အပ်၍ မြန်မာလူမျိုး တစ်စုံတစ်ယောက်ကိုမှ ခန့်အပ်ခြင်း မပြုခဲ့ချေ။ သူတို့ အကြောင်းပြချက်မှာ မြန်မာ လူမျိုးများသည် ပျင်းရိခြင်း၊ စိတ်မြန်ခြင်းတို့ကြောင့် စစ်သားမပီသနိုင်ဟု ဆိုထားလေသည်။ နိုင်ငံရေး အခြေအနေအရ ၁၉၃၉ ခုနှစ်တွင် ခြေလျင်တပ်ရင်းများတွင် မြန်မာလူမျိုးများကိုလည်း ဝင်ခွင့်ပေးမည်ဟု ဆုံးဖြတ်ခဲ့၏။ သို့သော် ၁၉၄ဝ ပြည့်နှစ်လောက်တွင်မှ မြန်မာလူမျိုးများထဲမှ ဆာမောင်ကြီးကို အတိုင်ပင်ခံ အရာရှိကြီးအဖြစ် ခန့်ထားပြီးလျှင်၊ မြန်မာစစ်သားများသာ ပါဝင်သော မြန်မာတပ်စိပ်တစ်ခုလောက်ကို ပြန်လည်ဖွင့်လှစ်ရန် ဆုံးဖြတ်ခဲ့၍ ထိုသူများကို အခြားတပ်ရင်းများတွင်လည်း အနည်းငယ်စီခွဲ၍ သွတ်သွင်း စမ်းသပ်ထားရန် မူအားဖြင့် သဘောတူသည်။ သို့ရာတွင် ထိုအချိန်နှင့် မရှေးမနှောင်း၌ပင် အရှေ့ဖျားမှ ဂျပန့်ရန်သည် နီးသည်ထက်နီးလာသဖြင့် ကြည်းတပ်မတော်ကို အပြင်းတိုးချဲ့ရန် ဆုံးဖြတ်ပြီးနောက် စစ်ရဲတပ်များ၊ နယ်ခြားတပ်များကို တပ်မတော် ခြေလျင်တပ်ရင်းများဖွဲ့၍ ရရှိနိုင်သမျှသော အရာရှိအရံ တပ်ဖွဲ့ ဝင်များကို ခေါ်ယူပြီးလျှင် ထိုတပ်များတွင် အရာရှိများ ခန့်ထားကာ တနင်္သာရီတိုင်းမှ ဂျပန့်ရန်ကို ခုခံစေခဲ့သည်။

မြန်မာလူမျိုးတစ်ဦးကို ဘုရင်ခံ၏ အတိုင်ပင်ခံအရာရှိကြီးအဖြစ် ခန့်အပ်သည့်နှစ်၌ပင် မြန်မာပြည် အပျော်တမ်း ရေတပ် အဖွဲ့နှင့် အပျော်တမ်းလေတပ်အဖွဲ့တို့ကို စတင်ဖွဲ့စည်းခဲ့သည်။ သို့သော် လေတပ်အဖွဲ့တွင် လေယာဉ်ပျံဟူ၍ ကိုယ်ပိုင်မရှိသေးဘဲ ရေတပ်အဖွဲ့တွင်သာ ကမ်းစောင့်သင်္ဘောငယ်ကလေး အနည်းငယ် လောက်နှင့် စတင်တည်ထောင်ခဲ့လေသည်။ ဂျပန်တပ်မတော်နှင့် ပူးတွဲ၍ ဗမာ့လွတ်လပ်ရေး တပ်မတော် သည် ယိုးဒယားနိုင်ငံကိုဖြတ်ကာ တနင်္သာရီမှ ဒလကြမ်း ဝင်လာသောကြောင့် ရန်ကုန်နေပြည်တော်ရှိ ကာကွယ်ရေးဌာနနှင့်တကွ ကာကွယ်ရေးတပ်ဖွဲ့ အသီးအသီးတို့ကို ၁၉၄၂ ခု ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် မေမြို့မှတစ်ဆင့် အိန္ဒိယသို့ ပြောင်းရွေ့ သွားလေသည်။ ထိုဌာနအောက်ရှိ တပ်ဖွဲ့အသီးသီးတို့ လည်း ဖရိုဖရဲ ပြိုကွဲပြီးသော် အချို့တပ်သားများ တပ်ဗိုလ် များမှာ အိန္ဒိယသို့ ပါသွားကြ၍ အချို့မှာ မိမိတို့နေရပ်များသို့ ပြန်သွားနေထိုင်ကြသည်။

၁၉၄၂ ခု ဇွန်လအလယ်လောက်တွင် ကာကွယ်ရေးဌာနကို အိန္ဒိယပြည် ဆင်းမလားမြို့တွင် ပြန်လည် ဖွဲ့စည်းရုံးထိုင်လေသည်။ ပြိုကွဲပျက်စီးလာသော ကြည်းတပ်ဖွဲ့ အသီးအသီးကိုလည်း ပြန်လည်စုဆောင်း ပြီးသော် မြန်မာပြည်သို့ ပြန်လည် ဝင်တိုက်ခိုက်ရန် ကြိုးစားကြပြန်သည်။ ရေတပ်နှင့် လေတပ်အဖွဲ့ဝင် အရာရှိအရာခံများကိုမူ၊ အိန္ဒိယရေတပ်နှင့် ဗြိတိသျှဘုရင့်လေတပ်မတော်တို့တွင် အသီးအသီး ထည့်သွင်းပေးခဲ့လေသည်။

၁၉၄၅ ခု မတ်လတွင် ရန်ကုန်ကို ဗြိတိသျှတပ်များ ပြန်လည်သိမ်းပိုက်ပြီးနောက် စစ်အုပ်ချုပ်ရေးက အုပ်ချုပ်နေခဲ့သောကြောင့် ကာကွယ်ရေးဌာနကို ၁၉၄၅ ခု နိုဝင်ဘာလ ၂၃ ရက်နေ့တွင် မှသာ ဆင်းမလားမြို့မှ ရန်ကုန် သို့ ပြောင်းရွှေ့ခဲ့လေသည်။

မြန်မာပြည်သို့ ပြန်လည်သိမ်းပိုက်ပြီးနောက် ၁၉၄၆ ခု စက်တင်ဘာလ ၂၈ ရက်နေ့တွင် နိုင်ငံရေးအခြေအနေမှာ အထူးလှုပ်ရှားလျက်ရှိသောကြောင့် ဗိုလ်ချုပ်အောင်ဆန်းအား ပထမအကြိမ် မြန်မာလူမျိုး ဘုရင်ခံ၊ အတိုင်ပင်ခံအရာရှိကြီးအဖြစ် ကာကွယ်ရေးဌာနတွင် ခန့်အပ်ခဲ့လေသည်။ ဗိုလ်ချုပ်အောင်ဆန်း ကာကွယ်ရေး အတိုင်ပင်ခံ အရာရှိကြီးအဖြစ် ဆောင်ရွက်နေစဉ် နိုင်ငံခြားရေးဌာနကို ခွဲထုတ်ရန် အစီအစဉ်များ ပြုလုပ်ခဲ့သည်။

ဒင်္ဂါးနှင့်ငွေစက္ကူများ ထုတ်လုပ်ရေးကိုမူ ဘဏ္ဍာရေးနှင့် အခွန်တော်ဝန်ကြီးဌာနသို့ ပြောင်းပြီးသားဖြစ်၍ ရှမ်းပြည်နယ်တောင်တန်းဒေသများ၊ မဖွံ့ဖြိုးသေးသော နယ်ပယ်များ အုပ်ချုပ်ရေးကိစ္စများကိုမူ တောင်တန်း ဒေသဆိုင်ရာ အုပ်ချုပ်ရေးဌာနသို့ လွှဲအပ်ပြီး ဖြစ်လေသည်။

ကာကွယ်ရေး ဝန်ကြီးဌာန ပါလီမန် အတွင်းဝန် ဗိုလ်မှူး စိန်မှန် (၁၉၄၇)

ကာကွယ်ရေးဌာနသည် ထိုအချိန်မှစ၍ တိုင်းပြည်ကာကွယ် ရေးကိစ္စများကို လုံးလုံးလျားလျား တာဝန်ယူပြီးလျှင် အနည်းငယ်ရှိသော ခရစ်ယန်ဂိုဏ်း အုပ်ချုပ်ရေးကိစ္စများကို ဆက်လက် လုပ်ကိုင်ခဲ့သည်။ ၁၉၄၇ ခု ဇူလိုင်လ ၁၉ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခြင်းခံရ၍ ဗိုလ်မှူးချုပ်လက်ျာကို အတိုင်ပင်ခံ အရာရှိကြီးအဖြစ် ခန့်အပ်ထားလေသည်။ ၁၉၄၇ ခု ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် မြန်မာပြည် အပျော်တမ်းလေတပ်နှင့် အပျော်တမ်းရေတပ် အဖွဲ့အစည်းများကို မြန်မာလေတပ်မတော်နှင့် မြန်မာရေတပ်မတော်အဖြစ်သို့ ပြောင်း ပြီးလျှင် ကိုယ်ပိုင် စစ်လေယာဉ်ပျံများနှင့် သင်္ဘောများကို ဝယ်ယူကာ စတင်ဖွဲ့စည်းခဲ့လေသည်။ ရေတပ်မတော်တွင် ပထမဆုံး အလံတင်သင်္ဘောမှာ ယူဗီအက်(စ) မေယုသင်္ဘော ဖြစ်သည်။

၁၉၄၈ ခု ဇန္နဝါရီ ၄ရက် တနင်္ဂနွေနေ့တွင် နိုင်ငံတော် အလံကို လွှင့်တင်ပြီးနောက် လွတ်လပ်ရေး ကျေညာသည့် နေ့မှစ၍ ၁၉၃၅ ခုနှစ် မြန်မာပြည်အက်ဥပဒေသည် သက်တမ်းကုန်ဆုံး ခဲ့ပြီးလျှင် နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေများကို ပြဋ္ဌာန်းကျေညာခဲ့လေသည်။

ထိုနေ့မှစ၍ ကာကွယ်ရေးဌာနတွင် နိုင်ငံတော် ကာကွယ်ရေးကိစ္စ တစ်ခုတည်းကိုသာ စီမံခန့်ခွဲခဲ့လေသည်။ မြန်မာ ကြည်း တပ်မတော်၊ မြန်မာရေတပ်မတော်၊ မြန်မာလေတပ်မတော်များ သည် ပွင့်သစ်စပန်းများကဲ့သို့ ငွားငွားစွင့်စွင့် ကိုယ့်အလံ ကိုယ်တံဆိပ်များဖြင့် တလူလူ ပေါ်ထွက်လာတော့သည်။ မြန်မာ့ကာကွယ်ရေး တပ်မတော် အသီးသီး တို့ကိုလည်း မြန်မာ့သားကောင်းရတနာများ ဦးစီးပြီးလျှင် နိုင်ငံတော် ကာကွယ်ရေး၊ တိုးတက်ရေး၊ ဖွံ့ဖြိုးရေး၊ သာယာရေးပန်းတိုင်များသို့ ရောက်အောင် မြန်မာ့အလိုအတိုင်း ပြုပြင် ချဲ့ထွင်ကြ နိုင်ပေတော့ သည်။ မြန်မာ့သားကောင်းရတနာများသည်လည်း ရှေးရှေးကကဲ့သို့ ဗြိတိသျှဘုရင့်အစိုးရ၏ အကျိုးကိုသာ ရှေးရှု၍ ကာကွယ်ရေးဝန်ကြီးဌာန ကာကွယ်ရခြင်း ကိစ္စများမှ ကျွတ်လွတ် ပြီးဖြစ်ရကား ဇာတိသွေး ဇာတိမာန် တက်လျှမ်းကာ အမျိုး၊ ဘာသာ၊ သာသနာများကို စောင့်ရှောက် ရန်တည်းဟူသော မွန်မြတ်သော ဝတ္တရားများကို ထမ်းဆောင်ကြရတော့သည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေအရ ကာကွယ်ရေးဝန်ကြီးဌာနအတွက် လိုအပ်သော ဥပဒေများကိုပါလီမန်လွှတ်တော် ၂ရပ်တွင် အများဆန္ဒအရ ရေးဆွဲ လျက် စီမံခန့်ခွဲသည်။ အရေးကြီးသော ကိစ္စအရပ်ရပ်များကို တစ်ဦးတည်းသောဘုရင်ခံ အမိန့်အစား အစိုးရဝန်ကြီး အဖွဲ့သို့ တင်၍ အမိန့်များကို နာခံကြသည်။

ကာကွယ်ရေးဌာနအတွက် စီမံခန့်ခွဲရန် ကာကွယ်ရေး အတိုင်ပင်ခံအရာရှိအစား ကာကွယ်ရေးဝန်ကြီးဟူ၍ ပထမအကြိမ် ပေါ်ပေါက်ခဲ့သည်။ ယင်းဌာနအောက်တွင် ကြည်းတပ်မတော် ဌာနချုပ်ရုံး၊ ရေတပ်မတော်ဌာနချုပ်ရုံး၊ လေတပ်မတော်ရုံးများ ထားရှိလေသည်။

၁၉၄၈ ခု ဧပြီလ ၈ ရက်နေ့တွင် မြန်မာနိုင်ငံစစ်ရုံး၊ ကာကွယ်ရေးဌာန အောက်တွင်ရှိသော ဌာနအသီး အသီးတို့ကိုနေသားတကျ အကောင်အထည်ဖော်ပြီးလျှင် စစ်ရုံးအမြဲတမ်း အတွင်းဝန်ဌာနဟူ၍ အမည်ပြောင်း ခဲ့လေသည်။ [၄]

ကာကွယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး ဖွင့်လှစ်ခဲ့သည့် နေရာများ

၁၉၄၈ ခုနှစ်၊ မေလ ၈ ရက်တွင် ကာကွယ်ရေးဌာန၊ မြန်မာ့တပ်မတော်စစ်ဌာနချုပ်၊ မြန်မာ့ရေတပ်မတော်ဌာနချုပ်နှင့် မြန်မာ့လေတပ်မတော်ဌာနချုပ်တို့ကို စုစည်း၍ စစ်ရုံးကို ဖွဲ့စည်းခဲ့ပြီးနောက် ဗိုလ်လက်ျာက ဝန်ကြီးအဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့သည်။ ဝန်ကြီးရုံးနှင့် အမြဲတမ်းအတွင်းဝန်ရုံး တို့သည် ရန်ကုန်မြို့၊ အလံပြဘုရားလမ်း၊ အမှတ် (၇၇)၊ စစ်ရုံးဝင်းတွင် ပြောင်းရွှေ့ဖွင့်လှစ်ခဲ့သည်။

စစ်ရုံး၊ အမြဲတမ်းအတွင်းဝန်ဌာနသည် ၁၉၅၂ ခုနှစ်တွင် စစ်ရုံးမှ ကာကွယ်ရေးဌာန၊ အတွင်းဝန်ရုံး အဖြစ် ဆက်လက်ရပ်တည်ခဲ့သည်။ အတွင်းဝန်ရုံးတွင် ဌာနစု ၁၇ ခုဖြင့် ဖွဲ့စည်းထားပြီး အရာထမ်း ၁၀ ဦး၊ အမှုထမ်း ၁၃၅ ဦး၊ စုစုပေါင်းအင်အား ၁၄၅ ဦးဖြင့် ရုံးလုပ်ငန်းတာဝန်များကို ထမ်းဆောင်ခဲ့သည်။

၁၉၅၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်တွင် စစ်ရုံးမှ ကာကွယ်ရေးဝန်ကြီးဌာနအဖြစ်သို့ ပြောင်းလဲပြင်ဆင် ဖွဲ့စည်းခဲ့သည်။ ထိုစဉ်က ကာကွယ်ရေးဝန်ကြီးမှာ ဦးဗဆွေ ဖြစ်၏။ ထိုသို့ ပြန်လည်ဖွဲ့စည်းလိုက်သော ကာကွယ်ရေးဝန်ကြီးဌာနတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး၊ စစ်ရေးချုပ်ရုံး၊ စစ်ထောက်ချုပ်ရုံး၊ အတွင်းဝန်ရုံး(ကာကွယ်ရေး)၊ စစ်ရာထူးခန့် အတွင်းဝန်ရုံး၊ တပ်မတော်စစ်ဆေးရေးအရာရှိချုပ်ရုံး၊ ငွေစာရင်းရုံး(ကာကွယ်ရေး)များ ပါဝင်သည်။

၁၉၅၈ ခုနှစ်၊ စက်တင်ဘာလမှ ၁၉၆၀ ပြည့်နှစ်၊ မတ်လထိ အိမ်စောင့်အစိုးရကာလတွင် ဗိုလ်ချုပ်ကြီး နေဝင်းက ဝန်ကြီးချုပ်တာဝန်နှင့် ကာကွယ်ရေးဝန်ကြီးတာဝန်ကို ပူးတွဲထမ်းဆောင်ခဲ့သည်။ ၁၉၆၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် အနိုင်ရရှိသော ပြည်ထောင်စုပါတီ အစိုးရလက်ထက်တွင်လည်း ဝန်ကြီးချုပ် ဦးနုက ကာကွယ်ရေးဝန်ကြီးတာဝန်ကို ပူးတွဲထမ်းဆောင်ခဲ့သည်။

၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်တွင် ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်သော တော်လှန်ရေးကောင်စီအစိုးရ တက်လာပြီးနောက် တော်လှန်ရေးကောင်စီဥက္ကဋ္ဌကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး နေဝင်းက ကာကွယ်ရေးဝန်ကြီး တာဝန်ကို ပူးတွဲထမ်းဆောင်ခဲ့သည်။

၁၉၇၂ ခုနှစ်၊ မတ်လ ၁၅ ရက်စွဲပါ ပြည်ထောင်စုမြန်မာနိုင်ငံတော်လှန်ရေးကောင်စီကြေညာချက် အမှတ် ၉၇ အရ အုပ်ချုပ်ရေးစနစ်သစ်ကိုဖော်ထုတ်ခဲ့ရာ ကာကွယ်ရေးဌာန၊ အတွင်းဝန်ရုံးကို ၁၉၇၂ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့ မွန်းလွဲပိုင်းမှစ၍ ရုပ်သိမ်းလိုက်ပြီး ကာကွယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးအဖြစ် အဖွဲ့ခွဲ(၃)ခုဖြင့်ဖွဲ့စည်း၍ ရုံးလုပ်ငန်းတာဝန်များကို ထမ်းဆောင် ခဲ့သည်။

ကာကွယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးသည် ၁၉၄၈ ခုနှစ်မှ ၁၉၇၈ ခုနှစ်၊ မေလ ၂၂ ရက်အထိ ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ အလံပြဘုရားလမ်း၊ အမှတ် ၇၇ ၊ ကာကွယ်ရေးဝန်ကြီးဌာနဝင်းအတွင်း တည်ရှိခဲ့ပြီး ၁၉၇၈ ခုနှစ်၊ မေလ ၂၃ ရက်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ အလံပြဘုရားလမ်း၊ အမှတ် ၄၄ ရှိ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်နေရာဟောင်း အဆောက်အဦ (ယခု ယုဇနဂါးဒင်းဟိုတယ်)နေရာသို့ ရုံးနေရာပြောင်းရွေ့ခဲ့သည်။

၁၉၉၅ ခုနှစ်၊ မတ်လတွင် အဆိုပါရုံးနေရာမှ ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ မော်ကွန်းတိုက်လမ်းနှင့် မင်းကျောင်းလမ်းထောင့်ရှိ ခြံအမှတ် ၂၄ ပြန်လည်နေရာချထားရေးညွှန်ကြားရေးမှူးရုံး နေရာဟောင်း အဆောက်အဦသို့ ရုံးနေရာပြောင်းရွှေ့ခဲ့ပြီး အဆိုပါနေရာမှ ၂၀၀၂ ခုနှစ်၊ ဧပြီလ ၁၈ ရက်တွင် ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးစေတီလမ်း၊ နဝဒေးဝင်းသို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့သည်။

ထို့နောက် ၂၀၀၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်၌ နေပြည်တော် ရုံးအမှတ် ၂၀ သို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပြီး ၂၀၁၀ ပြည့်နှစ်၊ ဇူလိုင်လ ၂၃ ရက်တွင် ရုံးအမှတ် ၂၄ သို့ ထပ်မံပြောင်းရွှေ့ ရုံးစိုက်ခဲ့သည်။[၅]

ဝန်ကြီးများ

စဉ် အမည် ကာလ
မှ ထိ
ဗိုလ်လက်ျာ ၁-၈-၁၉၄၇ ၁၃-၉-၁၉၄၈
ဦးနု ၁၄-၉-၁၉၄၈ ၃-၄-၁၉၄၉
ဗိုလ်ချုပ် နေဝင်း ၄-၄-၁၉၄၉ ၉-၉-၁၉၅၀
ဦးဝင်း ၁၈-၉-၁၉၅၀ ၁၅-၃-၁၉၅၂
ဦးဗဆွေ ၁၆-၃-၁၉၅၂ ၄-၆-၁၉၅၈
ဗိုလ်မှူး အောင် ၉-၆-၁၉၅၈ ၂၈-၉-၁၉၅၈
ဗိုလ်ချုပ်ကြီး နေဝင်း ၂၉-၉-၁၉၅၈ ၁၅-၃-၁၉၆၀
ဦးနု ၁၆-၃-၁၉၆၀ ၂-၃-၁၉၆၂
ဗိုလ်ချုပ်ကြီး နေဝင်း ၃-၃-၁၉၆၂ ၂၀-၄-၁၉၇၂
၁၀ ဗိုလ်ချုပ်ကြီး စန်းယု ၂၁-၄-၁၉၇၂ ၇-၃-၁၉၇၄
၁၁ ဗိုလ်ချုပ်ကြီး တင်ဦး ၈-၃-၁၉၇၄ ၆-၃-၁၉၇၆
၁၂ ဗိုလ်ချုပ်ကြီး သူရကျော်ထင် ၇-၃-၁၉၇၆ ၂၇-၇-၁၉၈၈
၁၃ ဗိုလ်ချုပ်မှူးကြီး စောမောင် ၂၈-၇-၁၉၈၈ ၁၉-၃-၁၉၉၂
၁၄ ဗိုလ်ချုပ်ကြီး သန်းရွှေ (​နောင်တွင် ဗိုလ်ချုပ်မှူးကြီ) ၂၀-၃-၁၉၉၂ ၂၉-၃-၂၀၁၁
၁၅ ဒုတိယဗိုလ်ချုပ်ကြီး လှမင်း ၃၀-၃-၂၀၁၁ ၇-၉-၂၀၁၂
၁၆ ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင် ၈-၉-၂၀၁၂ ၁၂-၈-၂၀၁၅
၁၇ ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း ၂၅-၈-၂၀၁၅ ၁-၂-၂၀၂၁
၁၈ ဗိုလ်ချုပ်ကြီးမြထွန်းဦး ၁-၂-၂၀၂၁ ၃-၈-၂၀၂၃
၁၉ ဗိုလ်ချုပ်ကြီး တင်အောင်စန်း ၃-၈-၂၀၂၃ ယနေ့ထိ

ကာကွယ်ရေးဦးစီးချုပ် / တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန်နှင့် ကာကွယ်ရေးဝန်ကြီး တာဝန် ပူးတွဲထမ်းဆောင်ခဲ့သည့်သူများ

ဗိုလ်ချုပ်ကြီးနေဝင်းမှ ဗိုလ်ချုပ်မှူးကြီးသန်းရွှေအထိ ကာကွယ်ရေးဦးစီးချုပ်/တပ်မတော် ကာကွယ်ရေးဦးစီးချုပ် တာဝန်ထမ်းဆောင်ခဲ့ကြသူ ၆ ဦးရှိပြီး ယင်း ၆ ဦးမှာ ကာကွယ်ရေးဝန်ကြီး တာဝန်ကို ပူးတွဲထမ်းဆောင်ခဲ့ကြသည်။ ဖော်ပြပါကာကွယ်ရေးဝန်ကြီးတာဝန်ကို ပူးတွဲထမ်းဆောင်ခဲ့ကြသူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ၆ ဦး၏ တာဝန်ထမ်းဆောင်ခဲ့သည့် ကာလများမှာ အောက်ပါအတိုင်းဖြစ်သည်-[၅]

စဉ် အမည် ကာလ
မှ ထိ
ဗိုလ်ချုပ်ကြီး နေဝင်း ၂ - ၃ - ၁၉၆၂ ၂၀ - ၄ - ၁၉၇၂
ဗိုလ်ချုပ်ကြီး စန်းယု ၂၁ - ၄ - ၁၉၇၂ ၇ - ၃ - ၁၉၇၄
ဗိုလ်ချုပ်ကြီး တင်ဦး ၈ - ၃ - ၁၉၇၄ ၆ - ၃ - ၁၉၇၆
ဗိုလ်ချုပ်ကြီး သူရကျော်ထင် ၇ - ၃ - ၁၉၇၆ ၂၇ - ၇ - ၁၉၈၈
ဗိုလ်ချုပ်မှူးကြီး စောမောင် ၂၈ - ၇ - ၁၉၈၈ ၁၉ - ၃ - ၁၉၉၂
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၂၀ - ၃ - ၁၉၉၂ ၂၉ - ၃ - ၂၀၁၁

ဖွဲ့စည်းပုံ

ကာကွယ်ရေးဝန်ကြီးဌာနသည် အခြားသောဝန်ကြီးဌာနများနှင့် ဖွဲ့စည်းပုံချင်းမတူဘဲ ကွဲပြားခြားနားလေသည်။ အခြားသောဝန်ကြီးဌာနများသည် ၎င်းတို့၏လက်အောက်ရှိ ဦးစီးဌာန၊ ကော်ပိုရေးရှင်း၊ ဘုတ်အဖွဲ့များကို ဝန်ကြီးဌာန၏ လက်အောက်တွင်ထားရှိပြီး ဝန်ကြီးဌာနမှ တိုက်ရိုက်ကွပ်ကဲအုပ်ချုပ်သည်။

ကာကွယ်ရေးဝန်ကြီးဌာနမှာမူ ဝန်ကြီးရုံး၊ ကြည်း၊ ရေ၊ လေ၊ ရေး၊ ထောက် စသည့် ဦးစီးရုံးများနှင့် လက်ရုံးဝန်ထမ်းညွှန်ကြားရေးမှူးရုံးများ ပူးပေါင်းပါဝင်ဖွဲ့စည်းထားသည့် ပေါင်းစည်းဝန်ကြီးဌာနဖြစ်သည်။ ထို့အပြင် ဝန်ကြီးဌာနအတွင်းရှိ ဦးစီးရုံးများမှ လုပ်ငန်းတာဝန်ဆောင်ရွက်ရာတွင်လည်း ရုံးအချင်းချင်း ညှိနှိုင်းဆောင်ရွက်ကြလေသည်။[၅]

၂၀၁၁ ခုနှစ်မှ စတင်ပြီး တပ်မတော် ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ လက်အောက်တွင် တိုက်ရိုက်ထားရှိပြီး ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် အစိုးရအဖွဲ့နှင့်ပတ်သက်သော တပ်ပိုင်းဆိုင်ရာ စီမံခန့်ခွဲမှုများ ပြုလုပ်ရသည်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တပ်မတော်သည် လွတ်လပ်သော စီမံခန့်ခွဲမှုရှိသော်လည်း နိုင်ငံတော်သမ္မတ ဦးဆောင်သော အဖွဲ့ဝင် ၁၁ ဦးပါဝင်သည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ လက်အောက်တွင် မူဝါဒအရ ကွပ်ကဲမှုကိုခံယူရသည်။

အခြားလေ့လာရန်


ကိုးကား

{{bottomLinkPreText}} {{bottomLinkText}}
ကာကွယ်ရေးဝန်ကြီးဌာန
Listen to this article

This browser is not supported by Wikiwand :(
Wikiwand requires a browser with modern capabilities in order to provide you with the best reading experience.
Please download and use one of the following browsers:

This article was just edited, click to reload
This article has been deleted on Wikipedia (Why?)

Back to homepage

Please click Add in the dialog above
Please click Allow in the top-left corner,
then click Install Now in the dialog
Please click Open in the download dialog,
then click Install
Please click the "Downloads" icon in the Safari toolbar, open the first download in the list,
then click Install
{{::$root.activation.text}}

Install Wikiwand

Install on Chrome Install on Firefox
Don't forget to rate us

Tell your friends about Wikiwand!

Gmail Facebook Twitter Link

Enjoying Wikiwand?

Tell your friends and spread the love:
Share on Gmail Share on Facebook Share on Twitter Share on Buffer

Our magic isn't perfect

You can help our automatic cover photo selection by reporting an unsuitable photo.

This photo is visually disturbing This photo is not a good choice

Thank you for helping!


Your input will affect cover photo selection, along with input from other users.

X

Get ready for Wikiwand 2.0 🎉! the new version arrives on September 1st! Don't want to wait?