For faster navigation, this Iframe is preloading the Wikiwand page for ကချင်လူမျိုး.

ကချင်လူမျိုး

ကချင်
အခြားအမည်များ: Jinghpaw, Jingpho, Singpho, Zaiwa, Tsaiva, Lechi, Theinbaw, Singfo, Chingpaw[၁]
ကချင်ရိုးရာဝတ်စုံ
အများစု နေထိုင်သည့် နေရာ
မြန်မာနိုင်ငံယူနန်ပြည်နယ်
 မြန်မာတစ်သန်း
(ကချင်ပြည်နယ်: ၅၄၀,၇၆၃)[၂][၃]
 တရုတ်အိန္ဒိယနိင်ငံ၁၄၇,၈၂၈
ဘာသာစကား
ဂျိန်းဖော၊ ဇိုင်းဝါး၊ မရူ၊ လေရှီး၊ ရဝမ်နှင့် လီဆူ
ကိုးကွယ်မှု
ခရစ်ယာန်ဘာသာ၊, Animism[၄]

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အတွင်း ကချင် လူမျိုးတို့ နေထိုင်ရာ အချက်အချာဒေသမှာ ချင်းတွင်းမြစ်ဖျားနှင့် ဧရာဝတီမြစ်ဖျားတို့ ဖြတ်သန်း စီးဆင်းရာ ဒေသတဝိုက် ဖြစ်သည်။ မြောက်လတ္တီကျု ၂၃° ၃၇' နှင့် ၂၈°၂၅' အကြား၊ အရှေ့လောင်ဂျီကျု ၉၆°နှင့် ၉၈°၄၇' ကြားဖြစ်သော အာသံပြည် အရှေ့မြောက်ပိုင်းနှင့် မြန်မာနိုင်ငံ မြောက်ပိုင်း တရုတ် - မြန်မာ နယ်စပ်အလွန် ဒေသများတွင် ပျံ့နှံ နေထိုင်ကြသည်။ ၁၉၃၁ မြန်မာနိုင်ငံ သန်းခေါင်စာရင်းအရ ကချင်လူမျိုး ဦးရေမှာ ၁၅၃၀၀ဝ ကျော် ရှိသည်။ ထိုအရေအတွက်တွင် သန်းခေါင်စာရင်း မကောက်ယူနိုင်ခဲ့သော ဒေသများလည်း ရှိခဲ့သည်။

ဦးဖိုးကျား ရေးသော ခေတ်မီ မြန်မာရာဇဝင်အကျဉ်းစာအုပ်မှ

ကချင် အုပ်စုကွဲများ

ဂျင်းဖော (ဂျိန်းဖော/ဂျိန်ဖော့/ဂျိမ်းဖော) ဆိုသော စကားမှာ ယေဘုယျအားဖြင့် ကချင်များကို ခေါ်ဝေါ်သော်လည်း ဒေသအလိုက်ဆိုလျှင် တောင်ဘက် အောက်ဘက်တွင် နေထိုင်ကြသော ကချင်များကို ခနာမ်(Hkap Nam)ဟု ခေါ်၍ အထက်ဘက် (မြစ်ဖျားဘက်) တွင် နေထိုင်သော ကချင်များကို “ ခခူး(Hkap Hku) ” ဟု ခေါ်ကြသည်။ ခခူး ဟူသော ကချင်စကားမှာ မြစ်ဖျားဟု အဓိပ္ပာယ် ရလေသည်။ ကချင်လူမျိုးတို့၏ အစဉ်အလာအားဖြင့် သူတို့သည် “ ဝချက်ဝ ” ဆိုသော ရှေးဦး ဖခင်ကြီးမှ ဆင်းသက် ပေါက်ဖွားလာကြသည်ဟု ယုံကြည်ကြသည်။ ဖခင်ကြီး ဝချက်ဝမှာ သားငါးဦးရှိရာ ထိုသားငါးဦးမှ ကြီးစဉ်ငယ်လိုက် ထင်ရှားသော လူမျိုး အုပ်စုကြီး (၅) ခု ဖြစ်ပေါ်လာသည်ဟု အဆိုရှိသည်။ ထိုသူတို့မှာ

  • မရစ်
  • လထော်
  • လဖိုင်
  • အင်ခွမ် နှင့်
  • မရန် တို့ ဖြစ်ကြသည်။ အစ်ကို အကြီးဆုံးမှ ပေါက်ဖွား ဆင်းသက်လာကြသော မရစ်အုပ်စုမှာ ၎င်းတို့ လူမျိုးစုထဲတွင် ဝါအရင့်ဆုံး ဖြစ်၍ လဖိုင်အုပ်စုမှာ အင်အား အကြီးဆုံး ဖြစ်သည်။ ဤလူမျိုးအုပ်စု (၅) စုတို့သည် ရှေးယခင်အခါက လူမျိုးချင်း ရောယှက်ကာ အတူတကွ နေထိုင်လေ့ ရှိခဲ့ကြသည်။ အဆိုပါ အုပ်စုကြီး (၅) ခုအပြင် ဖခင်ကြီး ဝချက်ဝ၏ ညီငယ်(၇) ဦးမှ ဆင်းသက် ပေါက်ဖွားလာကြသည်ဆိုသော အခြား လူမျိုးအုပ်စု (၁၅) လည်း ရှိသေးသော်လည်း ထင်ရှားခြင်း မရှိကြချေ။

ကချင်တို့၏ မူလဇစ်မြစ်

ကချင်လူမျိုးတို့မှာ တိဗက်အနွယ်ဝင်များ ဖြစ်ကြသည်။ သူတို့၏ မူရင်းဒေသမှာ မဂျွိုင်းရှင်ရာဘွန်( Majoi Shingra Bum) ဖြစ်သည်ဟု မိရိုးဖလာ မှတ်သားထားကြသည်။ ထိုစကား၏ အဓိပ္ပာယ်မှာ သဘာဝအားဖြင့် ပြန့်ပြူးနေသော တောင်ထိပ်ဖြစ်သည်။ ဤပြန့်ပြူးနေသော တောင်ထိပ်မှာ တိဗက်ပြည် အရှေ့ဘက်နှင့် စီချွန်နယ်(မကြာမှီက ငလျင်အပြင်းအထန်လှုပ်ခဲ့သည့်ဒေသ) အကြားရှိ ကုန်းမြင့်ဒေသပင် ဖြစ်ဟန်တူပေသည်။

ရွှေ့ပြောင်းနေထိုင်လာပုံ

ကချင်မျိုးနွယ်တို့သည် တိဗက် အနွယ်ဝင်များအနက် မြန်မာနိုင်ငံ နယ်နိမိတ်အတွင်းသို့ နောက်အကျဆုံး ဝင်ရောက်လာသည့် လူမျိုးစုဖြစ်သည်ဟုခန့်မှန်းရသည်။ ထိုသို့ဝင်ရောက်ရာတွင် မြန်မာ(ဗမာ)အများစုကဲ့သို့ အရှေ့ဘက် ရှမ်းပြည်နယ် မြောက်ပိုင်း နှင့် အနောက်ဘက် စစ်ကိုင်းတိုင်း အနောက်ဘက် ဒေသများမှ ဝင်ရောက်လာခြင်းမျိုး မဟုတ်ပဲ မြောက်ဘက်စူစူးမှ ဝင်ရောက်လာသည်ဟုဆိုကြသည်။ ထိုဒေသမှာ တောတောင်ထူထပ်သည့်အတွက် အုပ်စုများအကြား အချင်းချင်း ဆက်သွယ်မှု နည်းပါးခဲ့ကြသည့်အတွက် လူမျိုးစုများ၊ ဘာသာအယူအဆများ နှင့် ယဉ်ကျေးမှုဆိုင်ရာများ ပါ အနည်းနှင့်အများ ဆိုသလိုကွဲပြားခဲ့ကြရသည်။ ကချင်မျိုးနွယ်စုများအတွင်း လူဦးရေအများဆုံးမှာ ဂျိန်ဖော် ဖြစ်သည်။ တောင်ဘက် ဒေသများသို့ ရွှေ့ပြောင်းလာကြရာတွင် ကချင်တို့သည် တရုတ်၊ မြန်မာ၊ တိဗက်နှင့် အာသံပြည်တို့၏ နယ်စပ်များ ဆုံရာ တောတောင် ထူထပ်လှသော ဒေသတဝိုက်သို့ ရောက်ရှိလာပြီးနောက် ထိုဒေသမှ အခွင့်သာလျှင်သာသည့်အလျှောက်တောင်ဘက် မြန်မာနိုင်ငံအတွင်းသို့ တဖြည်းဖြည်း ရွှေ့ပြောင်းလာခဲ့ကြဟန်တူသည်။ မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်ခဲ့ပြီးနောက် တြိဂံနယ်မြေ (မေခနှင့် မေလိခ မြစ်နှစ်သွယ် စပ်ကြားရှိ သုံးထောင့်ဒေသ) သို့ ရောက်သောအခါတွင် ရှေ့သို့ ဆက်လက် ရွှေ့ပြောင်းခြင်း မပြုပဲ ကာလအတန်ကြာ အခြေစိုက်ခဲ့ကြဟန်တူသည်။ မြန်မာနိုင်ငံအတွင်းသို့ ရောက်ရှိပြီးနောက် တောင်တန်းများတလျှောက် တောင်ဘက် ဆွမ်ပရာဘွမ်သို့၊ ဆွမ်ပရာဘွမ်မှသည် တောင်ဘက် တောင်ရိုးအတိုင်း၎င်း၊ အနောက်တောင်ဘက် ဒရုချက်သို့၎င်း၊ ထပ်မံခွဲသွားသည့် လမ်းတစ်သွယ်၊ တြိဂံနယ်အတွင်းရှိ တောင်တန်းအတိုင်း ဆက်လာ၍ မေခမြစ်ရိုးတစ်လျှောက် တောင်ဘက်သို့ ဆင်းလာသည့် လမ်းတစ်သွယ် ဤသို့ လမ်းနှစ်သွယ် ကွဲပြားကာ ရွှေ့ပြောင်း ပျံ့နှံ့ခဲ့ကြသည်ဟု ယူဆကြလေသည်။

အမည်

ကချင်ဟူသော ဝေါဟာရမှာ အမှန်စင်စစ် မြန်မာတို့ခေါ်သော ဝေါဟာရသာ ဖြစ်သည်။ ကချင်လူမျိုးတို့၏ ဝေါဟာရ မဟုတ်ချေ။ ကချင်လူမျိုးများသည် မိမိတို့ကိုယ် မိမိ “ ဂျိန်းဖောလူမျိုး ” ဟုသာ ခေါ်ဝေါ်ကြသည်။ တရုတ်တို့ကမူ ကချင်တို့ကို “ ဂျင်ဖော့ဆူ ” ဟု ခေါ်ကြသည်။ အဓိပ္ပာယ်မှာ “ ဂျိန်းဖော့လူမျိူး” ဟု ရရှိသည်။ တောင်ထိပ်သား ဟု အဓိပ္ပာယ်ရသည်။ အလွန်ရှေးကျသော မြန်မာ ကျောက်စာများတွင် ကချင် ဆိုသောစကား သုံးနှုန်းထားသည်ကို မတွေ့ရပေ။ သက္ကရာဇ် (၈၀၄) ခုတွင် ရေးထိုးသော ညောင်ဦး ရွှေစည်းခုံ ဥညံနဝ ကျောက်စာတွင် “ကခြင်” ဟု ရေးထိုးထားသည်ကို ပထမဦးဆုံး တွေ့ရှိရသည်။

ရိုးရာဓလေ့နှင့်ယဉ်‌‌ေေေေ

ရိုးရာဓလေ့နှင့်ယဉ်‌ျေးမှု


ကျေးရွာတိုင်း ကျေးရွာတိုင်းတွင် ဆလန်(salang) ဟုခေါ်သော ကျေးရွာလူကြီးများ ရှိသည်။ ဆလန် ကို ပေါမှိုင်းဟု အခေါ်များသည်။ ထိုသူတို့သည် မိမိကျေးရွာအတွင်း အမှုအခင်း၊ သာရေးနာရေး ကိစ္စများ၌ ဦးဆောင်ကြလေသည်။ ဒူဝါဟုခေါ်သော အကြီးအကဲများမှာ ကျေးရွာပေါင်း (၂၀) မှ (၁၀၀) အထိ အသီးသီး အုပ်ချုပ်ကြသည်။ ကိုလိုနီခေတ်တွင် တောင်အုပ် ဆိုသူများကိုလည်း ခန့်ထားလေသည်။ တောင်အုပ်မှာ ဆလန် နှင့် ဒူဝါတို့ ကြားတွင် ရှိလေသည်။ တောင်အုပ်၏ တာဝန်ဝတ္တရားမှာ အုပ်ချုပ်မှုတွင် ပြေပြစ်လွယ်ကူစေရန် ကျေးရွာလူထုနှင့် ဒူဝါ တို့ကို ဆက်သွယ်ပေးရသူ ဖြစ်သည်။ ခရစ်ယာန် သာသနာပြု ဆရာကြီး ဒေါက်တာအိုလာဟန်းဆန် ဆိုသူမှ ရောမအက္ခရာများဖြင့် ကချင်စာကို တီထွင်ပေးခဲ့သည်။ ကချင်လူမျိုးတို့သည် မိမိတို့ ဘာသာစကားဖြင့် ပြော၍ မဖြစ်သောအခေါ်အဝေါ်များကို ရှမ်းစကားဖြင့်၎င်း တရုတ်စကားဖြင့်၎င်း‌ ခေါ်‌ကြသည်။

မနောပွဲ

မနောပွဲတော်ကို မြန်မာပြည်တွင် မှီတင်းနေထိုင်သည့် လူမျိုးများစွာမှ လူမျိုးတစ်မျိုးဖြစ်သာ ကချင်လူမျိုးများ နှင့် ယှဉ်တွဲသိရှိကြသည်။ အဆိုပါ မနောပွဲသည် ထင်ရှားသော ပွဲတော်တစ်ခုဖြစ်သည်။ ပွဲတော်ကို နှစ်စဉ် ကချင်ပြည်နယ်တစ်ခုလုံးကျင်းပလေ့ရှိသည်။ ပွဲတော်ကျင်းပရခြင်းရည်ရွယ်ချက် (၃) ခုရှိသည်။ နှစ်သစ်ကူးအထိမ်းအမှတ်အဖြစ် ကျင်းပခြင်း၊ တိုက်ပွဲများကိုအောင်နိုင်ခြင်းနှင့် လူမျိုးစုပြန်လည် စည်းလုံးညီညွတ်ရေးအတွက် ကျင်းပခြင်းဟူ၍ ဖြစ်သည်။ မနောပွဲတော်ကို ကျယ်ဝန်းသော ကွင်းပြင်အလယ်တွင် မနောတိုင်ထောင်ထား၍ကျင်းပသည်။ အဆိုပါ မနောတိုင်ထောင်ထားရာကွင်းလယ်သို့ ရိုးရာဝတ်စုံများ ဝတ်ဆင်ထားသော ကချင်အမျိုးသားအမျိုးသမီးတို့သည် သံစဉ်အလိုက် စီးမျေားလှည့်ပတ်ကခုန်ကြသည့် ပျော်ရွှင်ဖွယ်ရာ ပွဲတော်တစ်ခုဖြစ်ပေသည်။

အဆိုအကနှင့် တူရိယာများ

ကချင်လူမျိုးများသည် ကခုန်ခြင်း(ကချင် အကကို... ကိုယ်ရည်သွေးအကဟုလည်း ခေါ်ဆိုနိုင်ပေသည်။ ပြည်အက။ ၁၃၇။)၊ သီဆိုခြင်းများတွင် အထူး ဝါသနာထုံသော လူမျိုးများ ဖြစ်ကြသည်။ မင်္ဂလာပွဲများတွင်၎င်း၊ အသုဘကြုံသည့်အခါတွင်၎င်း၊ အခြားနတ်ပွဲများတွင်၎င်း အစုလိုက် အပြုံလိုက် သီဆိုကခုန်လေ့ ရှိကြသည်။ တစ်ယောက်တည်း ကခုန်ခြင်းကား နည်းပါးလှသည်။ ယောက်ျားနှင့်မိန်းမ တွဲဖက်၍ ကကြသော်လည်း တစ်ဦးကိုတစ်ဦး ကိုင်တွယ်ခြင်း မရှိကြချေ။ တစ်ဦးကိုတစ်ဦး သားမွေးယပ်တောင်များဖြင့်သာ ဆက်သွယ်လေ့ ရှိကြသည်။ ကချင်ပြည်နယ်တွင် ထင်ရှားကျော်ကြားလှသော ပွဲတော်ကြီးတစ်ခုမှာ မနောပွဲ(Manau)ခေါ် နတ်ပူဇော်ပွဲကြီးပင် ဖြစ်သည်။ ကချင်လူမျိုးတို့သည် မိရိုးဖလာအားဖြင့် မောင်း(Bau)၊ လင်းကွင်း(Shuksheng)၊ ဗုံရှည်(Htawng)နှင့် ပလွေ[ထူရန်(Htu Ren),ပေါင်(Pau),ဒွန်ဘာ(Dumba),ပီးလန်(Pilang)တို့ကို တီးမှုတ်လေ့ရှိသည်။

ကချင်အမျိုးသားတို့၏ ယဉ်ကျေးမှုတွင် ကချင်ဓါးနှင့်မောင်းသည် အလွန်အရေးပါသော အိမ်ထောင်ပစ္စည်းတစ်ခု ဖြစ်သည်။ ကချင်မနောပွဲတွင် မောင်းသည် ကချင်အမျိုးသားတို့၏ ခြေလှမ်းညီအောင် စိတ်ထားတူအောင် ညီညွတ်ရေး စည်းကမ်းသင်ကြားပေးသကဲ့သို့ ကချင်အမျိုးသမီး၊ အမျိုးသားတို့ ထိမ်းမြားမင်္ဂလာ လက်ထပ်ရာတွင်လည်း မောင်းသည် လက်ဆောင်လက်ဖွဲ့ကောင်း တစ်ခုအဖြစ် ပါဝင်သည်။ [၅]

ဘာသာအယူဝါဒနှင့် စာပေ

ဘာသာ

ကချင်မျိုးနွယ်စုအသီးသီးတွင် ယခင်က(လွန်ခဲ့သော နှစ် ၁၀ဝကျော်) ဘာသာစကားတို့သာရှိခဲ့ပြီး စာပေမှာမူမရှိခဲ့ပေ။ ကိုးကွယ်မှုဆိုင်ရာ အနေဖြင့် ခရစ်ယာန်သာဿနာပြုများမရောက်မှီအချိန်အထိ နတ်ကိုးခြင်းသည်သာ အဓိက ကိုးကွယ်မှုဖြစ်ခဲ့ကြသည်။ ထို့ကြောင့် ခရစ်ယာန်ဘာသာဝင်များ ဖြစ်လာကြသည့်တိုင် မနောတိုင်မှာ ထင်ရှားသည့် ရိုးရာအမှတ်အသားအဖြစ် ကျန်ရှိနေဆဲဖြစ်သည်။

အယူဝါဒ

ကချင်လူမျိုးများ သေလျှင် သူတို့ သင်္ချိုင်း ပတ်ပတ်လည်တွင် ကျုံးသဖွယ် မြောင်းများ တူးထားပြီးလျှင် သင်္ချိုင်းပေါ်တွင် ခိုင်ခန့်သော တင်းကုတ်များ ဆောက်လုပ်ကာ အမိုးမိုး၍ ထားတတ်ကြသည်။ သူတို့သေပြီးနောက် ဝိညာဉ်များမှာ ရှေးအဘိုးအဘွားများ၏ ဝိညာဉ်များ ရှိရာသို့ သွားရောက် ပူးပေါင်းကြသည်ဟု အယူရှိကြသည်။ ကချင်တစ်ဦးသေလျှင် သူနေ့စဉ် သုံးလေ့သုံးထရှိသော ဓား၊ လှံ၊ သေနတ်နှင့် အဝတ်အစားများကို သူနှင့်အတူ မြှုပ်နှံလေ့ရှိသည်။

စာပေ

ကချင်စာပေသည်လည်း အချို့သော တိုင်းရင်းသားစာပေတို့နည်းတူပင် (ဥပမာ ချင်းစာပေ) သာသနာပြုရောက်ရှိလာသော ဆရာကြီးများက ရိုးရာအသံထွက်စနစ်ကိုရေးသားနိုင်ရန် အင်္ဂလိပ်အက္ခရာများအသုံးပြုပြီး တီထွင်ဖော်ထုတ်ပေးခဲ့ခြင်းဖြစ်သည်။ ကချင်စာပေ နှစ်ရာပြည့်ပွဲကို မကြာမြင့်မီက မန္တလေးမြို့တွင်စုရုံး၍ ကချင်ရိုးရာ မနောအက ထောင်ကာအကများပါဝင်ပြီး ကြီးကျယ်စွာကျင်းပခဲ့သည်။

မြစ်ကြီးနားမြို့တွင် ဒေါက်တာ အိုလာဟန်ဆင်း အားဂုဏ်ပြုမှည့်ခေါ်ထားသော ဟန်ဆင်းပရက်စ် အမည်ဖြင့်ပုံနှိပ်တိုက်လည်းတည်ရှိသည်။

ထင်ရှားသော ကချင်လူမျိုးများ

  • ဆရာကြီး‌မရန်ရော်ဘင် အဂ်လိပ်ခေတ်ပညာဝန်။ကချင်လွတ်လပ်ရေးတောင်းဆိုခဲ့သူ။
  • ပန်မူဒူဝါ လဖိုင်ဇော်တူး၊ အဂ်လိပ်ထံ ကချင်လွတ်လပ်ရေးတောင်းဆိုခဲ့သူ။
  • ဆမားဒူးဝါး ဆင်ဝါးနော် - သမိုင်းဝင် [[ပင်လုံစာချုပ်လက်မှတ်ရေးထိုးရာတွင် ပါဝင်ခဲ့သော ခေါင်းဆောင် ကချင်ခေါင်းဆောင်ကြီး ဝန်ကြီး
  • |ဦးဒိန်ရတန်- သမိုင်းဝင် ပင်လုံစာချုပ်လက်မှတ်ရေးထိုးရာတွင် ပါဝင်ခဲ့သော ခေါင်းဆောင် ကချင်ခေါင်းဆောင်ကြီး
  • ဖော်ယူးခါး - ဖက်ဆစ်ဂျပန်တော်လှန်ရေးတွင် ပါဝင်ခဲ့သော နိုင်ငံ့ဂုဏ်ရည် (ပထမဆင့်)ရ မြန်မာ့တပ်မတော်အရာရှိ၊ကချငါပြည်နယ်ဥက္ကဋ္ဌ‌
  • Brigadier Lazum Tang Ji, World War II
  • Howa Duwa ဦးခွန်ဖုန်း ပင်လုံစာချုပ်လက်မှတ်ရေးထိုးသူ၊ Kachin Substate လူထုခေါင်းဆောင်။
  • ဗိုလ်မှူးကြီးခွန်နောင်၊ မေမြို့စစ်တက္ကသိုလ်ကျောင်းအုပ်ဟောင်း။နိုင်ငံ့ဂုဏ်ရည်၊နိုင်ငံတော်ကောင်စီဝင်။
  • ဗိုလ်မှူးချုပ်အယ်ကွန်ဖန်၊ မြောက်ပိုင်းတိုင်းစစ်တိုင်းမှူး။
  • မိတုန်နော်၊မာရသွန် အရှေ့တောင်အာရှချန်ပီယံ

"ရှင်ဗွေဂမ် မာရသွန် အရှေ့တောင်အာရှချန်ပီယံ အားဖူ မာရသွန် မြန်မာ့ ချန်ပီယံ။

  • ကော့ဂျာ၊ ကမ္ဘာ့အိုလံပစ် အမျိုးသမီးဘော်လုံးဒိုင်
  • အောင်လအန်ဆန်@အင်ဆန်အောင်လ]] - MMAမစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ
  • တီခွန်မြတ်၊ ဦး|ဦးတီခွန်မြတ် - ပြည်ထောင်စုလွှတ်တော် နာယက
  • ဒေးဗစ်ထန် (ဘောလုံးသမား)|ဒေးဗစ်ထန် - မြန်မာ လက်ရွေးစင် ဘောလုံးသမား
  • ကွတ်ခိုင်ကျော်မောင်၊စတူဒီယိုအဆိုတော်။
  • အင်ဘန်လ-‌KIA/KIO ဥက္ကဋ္ဌ
  • ဆွမ်လွတ်ဂွန်မော်-KIAဒုစစ်ဦးစီးချုပ်
  • L ခွန်းရီ - အမျိုးသမီးအဆိုတော်
  • L ဆိုင်းဇီ - အမျိုးသမီးအဆိုတော်
  • L လွန်းဝါ -အမျိုးသားအဆိုတော်
  • ကေဂျာနူး- အမျိုးသမီးအဆိုတော်
  • Grace Dumdaw - actress, Model and Singer(Hollywood)
  • JZဒေါင်လွဏ်း- စွယ်စုံးရအနုပညာရှင်
  • မရန်ဆိုင်းနော် - အ‌ဆိုတော်၊ M entertainment ပဲ့ကိုင်ရှင်
  • Z‌အဘောက်-သရုပ်ဆောင်
  • May Sabal Hpyu - အမျိုးသမီးအရးတက်ကြွလုပ်ရှာသူ(ရေဗက္ကာဝင်း အမ)
  • ရေဗက္ကာဝင်း-အမျိုးသမီးအဆိုတော်
  • နောနော်-အမျိုးသားအဆိုတော်
  • အဆိုတော်မွန်းအောင် (Dennis)
  • နေနော် - သရုပ်ဆောင်
  • လဖိုင်ဆိုင်းရော် is the founder of Myanmar's largest civil society group, Metta Development Foundation တည်ထောင်သူ. she was awarded a Ramon Magsaysay Award ဆုရှင်.
  • B Esther Ze Naw - Kachin Social Activist

[၆]

ကိုးကား

  1. Leach၊ E. R. (2004) [1959]။ "The Categories Shan and Kachin and their Subdivisions"။ Political Systems of Highland Burma: A Study of Kachin Social Structure (2004 ed.)။ Oxford, UK: Berg။ p. 4120 August 2010 တွင် ပြန်စစ်ပြီး
  2. Myanmar Gov't။ 18 September 2006 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 26 January 2016 တွင် ပြန်စစ်ပြီး။
  3. (Kachin National Organisation)။ 8 January 2007 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 26 January 2016 တွင် ပြန်စစ်ပြီး။
  4. china.org.cn - The Jingpo Ethnic Group
  5. မင်းသုဝဏ် ရေး နှင်းတောင်ပေါ်က ယဉ်ကျေးမှု ဆောင်းပါး၊ ဒို့ကျောင်းသား၊ အတွဲ-၄၊ အမှတ်-၆ (ဇွန် ၁၉၆၈)
  6. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ (၁) အပိုင်း (က)
{{bottomLinkPreText}} {{bottomLinkText}}
ကချင်လူမျိုး
Listen to this article

This browser is not supported by Wikiwand :(
Wikiwand requires a browser with modern capabilities in order to provide you with the best reading experience.
Please download and use one of the following browsers:

This article was just edited, click to reload
This article has been deleted on Wikipedia (Why?)

Back to homepage

Please click Add in the dialog above
Please click Allow in the top-left corner,
then click Install Now in the dialog
Please click Open in the download dialog,
then click Install
Please click the "Downloads" icon in the Safari toolbar, open the first download in the list,
then click Install
{{::$root.activation.text}}

Install Wikiwand

Install on Chrome Install on Firefox
Don't forget to rate us

Tell your friends about Wikiwand!

Gmail Facebook Twitter Link

Enjoying Wikiwand?

Tell your friends and spread the love:
Share on Gmail Share on Facebook Share on Twitter Share on Buffer

Our magic isn't perfect

You can help our automatic cover photo selection by reporting an unsuitable photo.

This photo is visually disturbing This photo is not a good choice

Thank you for helping!


Your input will affect cover photo selection, along with input from other users.

X

Get ready for Wikiwand 2.0 🎉! the new version arrives on September 1st! Don't want to wait?